Bundesliga La Liga Premier League

နံပါတ္ခုနစ္ အက်ႌတစ္ထည္နဲ႔ ကစားသမားေတြကို ဆြဲေဆာင္သြားမယ့္ မန္ခ်က္စတာယူႏိုက္တက္

UNICODE: လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ကျော်ကြားလှတဲ့ နံပါတ် ၇ အင်္ကျီနဲ့ နာမည်ကြီး ကစားသမားတွေကို ဆွဲဆောင်ခေါ်ယူသွားဖို့ ရှိနေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၀၀ ကျော် သုံးစွဲဖို့ ခွင့်ပြုထားချိန်မှာ ငွေထုပ်ပိုက်ပြီး လိုက်နိုင်မယ့်သဘောလည်း ရှိနေပါတယ်။

အသင်းရဲ့ ဂန္ထဝင်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ ကစားသမားတွေဖြစ်ခဲ့ကြတဲ့ ဂျော့ချ်ဘက်စ်၊ အဲရစ် ကန်တိုနာ၊ ဒေးဗစ် ဘက်ခမ်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ဝတ်ဆင်ခဲ့ကြတဲ့ ဒီအင်္ကျီကို လက်ရှိအချိန်အထိတော့ လျှမ်းလျှမ်းတောက်အောင်မြင်မယ့် အတက်ပိုင်းကို ရောက်နေတဲ့ ကစားသမားမျိုးကို ပေးအပ်ရခြင်းမရှိသေးဘဲ မိုက်ကယ် အိုဝင်နဲ့ အန်တိုနီယို ဗလင်စီယာတို့ကတော့ စိတ်ကျေနပ်စရာမဖြစ်နိုင်ခဲ့တာပါ။

ဒီအင်္ကျီကို ပေးအပ်ဖို့ ယူနိုက်တက်ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး အိုးလ်ထရက်ဖို့ဒ်ရဲ့ နံပါတ် ၇ အသစ်အဖြစ် အမြင်ချင်ဆုံးလူကတော့ ဂျေဒန် ဆန်ချိုဖြစ်နေပြီး သူ့ကိုတော့ ဘက်ခမ်းနဲ့ ရော်နယ်လ်ဒိုကို ဆက်ခံဖို့ တစ်ညီတစ်ညွတ်တည်း မျှော်လင့်နေကြသလို ဒေါ့မွန်ကလည်း ပေါင်သန်း ၁၂၀ ရရှိရင် ရောင်းချမယ်လို့ ဆိုထားလို့ ဈေးနှုန်းညှိနှိုင်းဖို့ပဲ လိုအပ်တော့တာဖြစ်ပါတယ်။

ဒီနေရာအတွက် နောက်ထပ်ရေပန်းစားသူကတော့ ဘာစီလိုနာအသင်းက ရောင်းချချင်တဲ့ တောင်ပံနဲ့ နောက်ချန်တိုက်စစ်မှူး အွန်ထွာ ဂရစ်ဇ်မန်းဖြစ်ပြီး ပရီးမီးယားလိဂ်ကို လာဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်သားကိုတော့ ကာတာလန်ကလပ်ဘက်က ပေါင် ၉၇ သန်းလို့ သတ်မှတ်ထားလို့ ဒုတိယဦးစားပေးအစီအစဉ်အဖြစ် တိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို ခေါ်မခေါ်နဲ့အတူ စောင့်ကြည့်ရဖို့ ရှိပါတယ်။

ငွေထုပ်ပိုက်ပြီး ပွဲကြမ်းဖို့ ကြံနေတဲ့ ဆိုးလ်ရှားအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ တစ်ပတ်ကို ပေါင်နှစ်သိန်းကျော်ရရှိပြီး နောက်ဆုံးစာချုပ်သစ်အတွက် သဘောတူညီမှု မရတဲ့ ပေါင် ၁၃၅ သန်းတန် လျော်ကြေးနဲ့ ဆာအူးလ် ညီးရက်ဇ်ကိုလည်း ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေပြီး လာမယ့် ၂၀၂၀-၂၁ ရာသီမှာ ယူနိုက်တက်တို့ရဲ့ ကျော်ကြားလှတဲ့ နံပါတ် ၇ နဲ့ သူတို့သုံးဦးထဲက ဘယ်သူ့ကို မြင်ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: CAUGHT OFFISDE & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္အေျပာင္းအေရႊ႕ေဈးကြက္မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေက်ာ္ၾကားလွတဲ့ နံပါတ္ ၇ အက်ႌနဲ႔ နာမည္ႀကီး ကစားသမားေတြကို ဆြဲေဆာင္ေခၚယူသြားဖို႔ ရွိေနၿပီး နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအတြက္ အေျပာင္းအေရႊ႕အသုံးစရိတ္ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲဖို႔ ခြင့္ျပဳထားခ်ိန္မွာ ေငြထုပ္ပုိက္ၿပီး လုိက္ႏုိင္မယ့္သေဘာလည္း ရွိေနပါတယ္။

အသင္းရဲ႕ ဂႏၴဝင္ေတြနဲ႔ ထင္ရွားေက်ာ္ၾကားတဲ့ ကစားသမားေတြျဖစ္ခဲ့ၾကတဲ့ ေဂ်ာ့ခ်္ဘက္စ္၊ အဲရစ္ ကန္တိုနာ၊ ေဒးဗစ္ ဘက္ခမ္းနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတုိ႔ ဝတ္ဆင္ခဲ့ၾကတဲ့ ဒီအက်ႌကို လက္ရွိအခ်ိန္အထိေတာ့ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မယ့္ အတက္ပုိင္းကို ေရာက္ေနတဲ့ ကစားသမားမ်ဳိးကို ေပးအပ္ရျခင္းမရွိေသးဘဲ မုိက္ကယ္ အုိဝင္နဲ႔ အန္တိုနီယို ဗလင္စီယာတုိ႔ကေတာ့ စိတ္ေက်နပ္စရာမျဖစ္ႏုိင္ခဲ့တာပါ။

ဒီအက်ႌကို ေပးအပ္ဖို႔ ယူႏုိက္တက္ပရိသတ္ေတြၾကားမွာ ေရပန္းစားေနၿပီး အိုးလ္ထရက္ဖို႔ဒ္ရဲ႕ နံပါတ္ ၇ အသစ္အျဖစ္ အျမင္ခ်င္ဆုံးလူကေတာ့ ေဂ်ဒန္ ဆန္ခ်ဳိျဖစ္ေနၿပီး သူ႕ကိုေတာ့ ဘက္ခမ္းနဲ႔ ေရာ္နယ္လ္ဒိုကို ဆက္ခံဖို႔ တစ္ညီတစ္ညြတ္တည္း ေမွ်ာ္လင့္ေနၾကသလို ေဒါ့မြန္ကလည္း ေပါင္သန္း ၁၂၀ ရရွိရင္ ေရာင္းခ်မယ္လုိ႔ ဆုိထားလို႔ ေဈးႏွဳန္းညႇိႏွဳိင္းဖို႔ပဲ လိုအပ္ေတာ့တာျဖစ္ပါတယ္။

ဒီေနရာအတြက္ ေနာက္ထပ္ေရပန္းစားသူကေတာ့ ဘာစီလိုနာအသင္းက ေရာင္းခ်ခ်င္တဲ့ ေတာင္ပံနဲ႔ ေနာက္ခ်န္တုိက္စစ္မွဴး အြန္ထြာ ဂရစ္ဇ္မန္းျဖစ္ၿပီး ပရီးမီးယားလိဂ္ကို လာဖို႔ စိတ္ဝင္စားေနတဲ့ ျပင္သစ္သားကိုေတာ့ ကာတာလန္ကလပ္ဘက္က ေပါင္ ၉၇ သန္းလုိ႔ သတ္မွတ္ထားလို႔ ဒုတိယဦးစားေပးအစီအစဥ္အျဖစ္ တိုက္စစ္မွဴး အိုဒီယြန္ အီဂါလိုကို ေခၚမေခၚနဲ႔အတူ ေစာင့္ၾကည့္ရဖို႔ ရွိပါတယ္။

ေငြထုပ္ပိုက္ၿပီး ပြဲၾကမ္းဖို႔ ႀကံေနတဲ့ ဆုိးလ္ရွားအေနနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းမွာ တစ္ပတ္ကို ေပါင္ႏွစ္သိန္းေက်ာ္ရရွိၿပီး ေနာက္ဆုံးစာခ်ဳပ္သစ္အတြက္ သေဘာတူညီမွဳ မရတဲ့ ေပါင္ ၁၃၅ သန္းတန္ ေလ်ာ္ေၾကးနဲ႔ ဆာအူးလ္ ညီးရက္ဇ္ကိုလည္း ေခၚယူသြားႏုိင္ဖို႔ ႀကဳိးစားေနၿပီး လာမယ့္ ၂၀၂၀-၂၁ ရာသီမွာ ယူႏိုက္တက္တုိ႔ရဲ႕ ေက်ာ္ၾကားလွတဲ့ နံပါတ္ ၇ နဲ႔ သူတုိ႔သုံးဦးထဲက ဘယ္သူ႕ကို ျမင္ရမလဲဆုိတာကေတာ့ စိတ္ဝင္စားစရာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: CAUGHT OFFISDE & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.