Premier League

လီဗာပူးလ္အသင္းကို ခ်န္ပီယံဆုေပးသင့္ေၾကာင္း မန္စီးတီးကြင္းလယ္လူ ေထာက္ခံသြား

ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳေၾကာင့္ ရပ္နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ္ကို ဒီရာသီမွာ တစ္ဖန္ျပန္ၿပီး မစတင္ႏုိင္ေတာ့ရင္ အနည္းဆုံး လီဗာပူးလ္အသင္းကိုေတာ့ ခ်န္ပီယံဆု ေပးအပ္ခ်ီးျမႇင့္သင့္တယ္လို႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္က ေျပာၾကားလိုက္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဂ်ာမန္ကြင္းလယ္လူက လီဗာပူးလ္အသင္းအေနနဲ႔ ဇယားထိပ္မွာ ရမွတ္ ၂၅ မွတ္ျဖတ္ၿပီး ဦးေဆာင္ေနတာဟာ အသိအမွတ္ျပဳ ေလးစားရမယ့္ အေနအထားလည္းျဖစ္ၿပီး တျခားအသင္းနဲ႔ ကစားသမားေတြအေနနဲ႔ အားကစားစိတ္ဓာတ္ျပည့္ဝစြာနဲ႔ ခ်န္ပီယံအျဖစ္ သေဘာတူသင့္ေၾကာင္းလည္း ဆုိပါတယ္။

“ဒါက ကၽြန္ေတာ့္အတြက္ေတာ့ လုံးဝ အဆင္ေျပပါတယ္။ သူတုိ႔လီဗာပူးလ္အသင္းအေနနဲ႔ ခ်န္ပီယံဆုလႊဲအပ္ခံရဖို႔ ထုိက္တန္ၿပီး ကၽြန္ေတာ္တို႔ အေနနဲ႔ အားကစားစိတ္ဓာတ္အျပည့္နဲ႔ပဲ လက္ခံႏုိင္မယ္လို႔ ထင္ပါတယ္”လို႔ ဂြန္ဒုိးဝမ္က Goal.com ဝက္ဘ္ဆုိက္ကို ေျပာၾကားလုိက္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တူရကီႏြယ္ဖြား ဂ်ာမန္ကြင္းလယ္လူက လက္ရွိအေနအထားရဲ႕ ခက္ခဲပုံကိုေတာ့ စိတ္ပ်က္ေၾကာင္းဆုိခဲ့ၿပီး မိမိတုိ႔လို ပရီးမီးယားလိဂ္ကစားသမားေတြနဲ႔ အသင္းေတြ ဒီေလာက္ ႐ုန္းကန္ေနရခ်ိန္မွာ ေအာက္တန္းလိဂ္ၿပဳိင္ပြဲေတြအတြက္ေတာ့ ေတြးေတာင္ မေတြးခ်င္ေတာ့ဘူးလုိ႔လည္း ဆုိပါတယ္။

ဒါ့အျပင္ သူ႕အေနနဲ႔ ေဘာလုံးပြဲေတြကို ျပန္လည္စတင္ဖို႔ ဘယ္ေလာက္ခက္ခဲမယ္ဆုိတာကိုလည္း သေဘာေပါက္ထားတယ္လို႔ ဆုိခဲ့ၿပီး ဆယ္မိနစ္၊ ဆယ့္ငါးမိနစ္ေလာက္ေတာင္ အျပင္မွာ ေနဖို႔ မယုံမရဲျဖစ္ေနခ်ိန္မွာ စိတ္ခ်ရတဲ့ အေနအထားကို ေရာက္ဖို႔ေတာ့ အခ်ိန္ၾကာႏုိင္ေသးေၾကာင္းလည္း ခန္႔မွန္းသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို ဒီရာသီမှာ တစ်ဖန်ပြန်ပြီး မစတင်နိုင်တော့ရင် အနည်းဆုံး လီဗာပူးလ်အသင်းကိုတော့ ချန်ပီယံဆု ပေးအပ်ချီးမြှင့်သင့်တယ်လို့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်က ပြောကြားလိုက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ဂျာမန်ကွင်းလယ်လူက လီဗာပူးလ်အသင်းအနေနဲ့ ဇယားထိပ်မှာ ရမှတ် ၂၅ မှတ်ဖြတ်ပြီး ဦးဆောင်နေတာဟာ အသိအမှတ်ပြု လေးစားရမယ့် အနေအထားလည်းဖြစ်ပြီး တခြားအသင်းနဲ့ ကစားသမားတွေအနေနဲ့ အားကစားစိတ်ဓာတ်ပြည့်ဝစွာနဲ့ ချန်ပီယံအဖြစ် သဘောတူသင့်ကြောင်းလည်း ဆိုပါတယ်။

“ဒါက ကျွန်တော့်အတွက်တော့ လုံးဝ အဆင်ပြေပါတယ်။ သူတို့လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံဆုလွှဲအပ်ခံရဖို့ ထိုက်တန်ပြီး ကျွန်တော်တို့ အနေနဲ့ အားကစားစိတ်ဓာတ်အပြည့်နဲ့ပဲ လက်ခံနိုင်မယ်လို့ ထင်ပါတယ်”လို့ ဂွန်ဒိုးဝမ်က Goal.com ဝက်ဘ်ဆိုက်ကို ပြောကြားလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် တူရကီနွယ်ဖွား ဂျာမန်ကွင်းလယ်လူက လက်ရှိအနေအထားရဲ့ ခက်ခဲပုံကိုတော့ စိတ်ပျက်ကြောင်းဆိုခဲ့ပြီး မိမိတို့လို ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ အသင်းတွေ ဒီလောက် ရုန်းကန်နေရချိန်မှာ အောက်တန်းလိဂ်ပြိုင်ပွဲတွေအတွက်တော့ တွေးတောင် မတွေးချင်တော့ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ဘောလုံးပွဲတွေကို ပြန်လည်စတင်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာကိုလည်း သဘောပေါက်ထားတယ်လို့ ဆိုခဲ့ပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်တောင် အပြင်မှာ နေဖို့ မယုံမရဲဖြစ်နေချိန်မှာ စိတ်ချရတဲ့ အနေအထားကို ရောက်ဖို့တော့ အချိန်ကြာနိုင်သေးကြောင်းလည်း ခန့်မှန်းသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.