Premier League

အာတီတာဟာ အာဆင်နယ်အတွက် အသင့်တော်အမှန်ကန်ဆုံး နည်းပြဆက်ဖြစ်နေရခြင်း ၅ ချက်

လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှု

အာဆင်ဝင်းဂါးရဲ့ ရိုးရာအစဥ်အလာအတိုင်း အာဆင်နယ်ပရိသတ်တွေ ငတ်မွတ်တောင့်တနေတာက လူငယ်ကစားသမားတွေကို ​မြေတောင်မြှောက်ပေးဖို့ပါ။ မီခေးလ် အာတီတာက ဒီအလုပ်ကို ကောင်းကောင်းလုပ်ခဲ့တယ်လို့ ဆိုရပါမယ်။

ဘူကာယို ဆာကာ၊ စမစ်သ်ရိုးနဲ့ မာတီနယ်လီတို့ ဖူးပွင့်လာခြင်းက သွေးသစ်လူငယ်တွေအတွက် အားတခုဖြစ်ခဲ့တယ်။ သူတို့ ၃ ဦးပေါင်း ဒီရာသီမှာ မိနစ် ၄၁၃၀ အထိ ကစားခွင့်ရခဲ့သလို တီ​ယာနေးနဲ့ ဂါဘရီယယ်လ်တို့ကို ပုံအပ်ပြီး ဒီရာသီမှာ ၂၃ ပွဲအထိ ပွဲထွက်ကစားစေခဲ့တာက ငြင်းမရတဲ့ အချက်အလက်ဖြစ်နေပါတယ်။

တာလုံနေတဲ့ ခံစစ်
အာတီတာမရောက်ခင်က အာဆင်နယ်ဟာ ဂိုးတွေကို လွယ်လွယ်နဲ့ ဒလဟောပေးခဲ့ရတဲ့ အသင်းမျိုးပါ။ ခံစစ်မှာ ဘယ်သူ့ကိုမှ ယုံကြည်မရတဲ့ အခြေအနေဖြစ်ခဲ့တယ်။ အာတီတာက ဒါကို ပြောင်းပြန်လှန်ခဲ့တယ်။

စုစည်းကျစ်လျစ်မှုကို အားပြုထားတဲ့ ခံစစ်တည်ဆောက်ပုံကို ဖော်ဆောင်ခဲ့ပြီး ၁၃ ပွဲမှာ ၁၉ ဂိုးပေးခဲ့ရတဲ့ အမ်မရီထက် ၂၁ ပွဲမှာ ၂၁ ဂိုးသာပေးခဲ့ရတာက အာတီတာရဲ့ ပြုပြင်နိုင်စွမ်းပါ။ အမ်မရီရဲ့ တာထွက်ရာသီမှာ ၅၁ ဂိုးထိ ပေးခဲ့ရတဲ့ ဂန်းနားတို့က ဒီရာသီ အာတီတာလက်အောက်မှာ ၃၇ ဂိုးသာပေးခဲ့ရတာက သေချာပေါက် အသိအမှတ်ပြုရမှာပါ။

ကြီး ၆ ကြီးကို ဘာမထီတဲ့ စပိန်သား
အာဆင်ဝင်းဂါးနဲ့ အမ်မရီလက်ထဲမှာ ပရိသတ်တွေရဲ့ အားမရဆုံးအချက်က ကြီး ၆ ကြီးအသင်းတွေကို မယှဥ်နိုင်ခဲခြင်းက အဓိကဖြစ်တယ်။ ချယ်လ်ဆီးကို ၆ ဂိုးပြတ်နဲ့ ရှုံးတယ်။ ယူနိုက်တက်ကို ၈ ဂိုး၊ လီဗာပူးလ်ကို ၅ ဂိုး၊ မန်စီးတီးကို ဒါဇင်ဝက်ဂိုးတွေ ပေးခဲ့ရတာတွေကို အာတီတာက ၁၈ လအတွင်း မြေလှန်ခဲ့တယ်။

ဒီရာသီမှာ ချယ်လ်ဆီးကို ၂ ကျော့စလုံးနိုင်ခဲ့သလို မန်စီးတီး၊ လီဗာပူးလ်၊ စပါးစ်နဲ့ ယူနိုက်တက်တို့ကို အသာလေးတောက်ချခဲ့တယ်။ ဒဏ်ရာအကျပ်အတည်းမှာတောင် တူဟယ်လ်နဲ့ ဆိုးလ်ရှားတို့ကို မရှုံးခဲ့သူက အာတီတာဖြစ်ပါတယ်။

၅ နှစ်အတွင်း ပိုချက်တီနိုမလုပ်နိုင်တဲ့အရာကို သိမ်းပိုက်ခဲ့သူ
ဘောလုံးကမ္ဘာမှာတော့ ရိုးရှင်းတဲ့အချက်က ကိုယ်အားပေးတဲ့ အသင်းတွေကို ပရိသတ်တွေက အမြဲတမ်းဆုဖလားရစေချင်တာပါပဲ။ ပိုချက်တီနိုက စပါးစ်နဲ့ ၅ နှစ်အတွင်း မလုပ်နိုင်ခဲ့တဲ့အလုပ်ကို အာတီတာက အာဆင်နယ်နဲ့ ၈ လအတွင်း လုပ်ပြခဲ့တယ်။

FA ဖလားကို သိမ်းခဲ့သလို ကွန်မြူနတီဒိုင်းဖလားကို အမ်းမရိတ်စ်မြေဆီ သယ်ဆောင်ခဲ့တာက မေ့လျော့မိန်းမောစေသော အရာဖြစ်သလို မန်စီးတီး၊ လီဗာပူးလ်လ်နဲ့ ချယ်လ်ဆီးတို့ကို ပညာပြပြီး ကျော်ဖြတ်ခဲ့တဲ့ သူ့ရဲ့နည်းဗျူဟာပိုင်နိုင်မှုစွမ်းရည်ကိုလည်း တွေ့ရတယ်။

ဂန်းနားတွေကို အချိန်တခုက ရှင်ပြန်ထမြောက်စေမယ့်သူ
လက်ရှိ ဥရောပဝင်ခွင့်နစ်နာပြီး နောက်ရာသီမှာ ပြည်တွင်းတိုက်ပွဲတွေကိုသာ အာရုံစိုက်ရတော့ဖို့ နီးစပ်နေတဲ့ အာတီကအတွက်တော့ ရောမမြို့ကို တနေ့တည်းနဲ့ တည်ဆောက်လို့မရဘူးဆိုတာကို သူကိုယ်တိုင်က သက်သေပြလာဖို့ အထိခိုက်ခံနိုင်ပြီး အဖိုးထိုက်တန်တဲ့အချိန်တခုက မဖြစ်မနေကို လိုနေတာပါ​။

ချန်ပီယံလိဂ်ကို ၅ နှစ်ဆက် ဆင်နွှဲခွင့်မရခဲ့တဲ့ အသင်းအနေနဲ့ လူသစ် ၅ ဦးကနေ ၆ ဦးအထိ လိုအပ်တယ်လို့ အာတီတာကိုယ်တိုင်က လူသိရှင်ကြားထုတ်ဖော်ပြီး ခရွန်ကီတို့အုပ်စုကို ဖိအားပေးခဲ့သလို ဒီနွေမှာတော့ Trust the process ဆိုတဲ့ သူ့ရဲ့ဟစ်ကြွေးမှုကို အတည်ဖြစ်မဖြစ် စိတ်ဝင်တစား စောင့်ကြည့်ချင်စရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လူငယ္ကစားသမားေတြအေပၚ ယုံၾကည္မႈ

အာဆင္ဝင္းဂါးရဲ႕ ႐ိုးရာအစဥ္အလာအတိုင္း အာဆင္နယ္ပရိသတ္ေတြ ငတ္မြတ္ေတာင့္တေနတာက လူငယ္ကစားသမားေတြကို ​ေျမေတာင္ေျမႇာက္ေပးဖို႔ပါ။ မီေခးလ္ အာတီတာက ဒီအလုပ္ကို ေကာင္းေကာင္းလုပ္ခဲ့တယ္လို႔ ဆိုရပါမယ္။

ဘူကာယို ဆာကာ၊ စမစ္သ္႐ိုးနဲ႔ မာတီနယ္လီတို႔ ဖူးပြင့္လာျခင္းက ေသြးသစ္လူငယ္ေတြအတြက္ အားတခုျဖစ္ခဲ့တယ္။ သူတို႔ ၃ ဦးေပါင္း ဒီရာသီမွာ မိနစ္ ၄၁၃၀ အထိ ကစားခြင့္ရခဲ့သလို တီ​ယာေနးနဲ႔ ဂါဘရီယယ္လ္တို႔ကို ပုံအပ္ၿပီး ဒီရာသီမွာ ၂၃ ပြဲအထိ ပြဲထြက္ကစားေစခဲ့တာက ျငင္းမရတဲ့ အခ်က္အလက္ျဖစ္ေနပါတယ္။

တာလုံေနတဲ့ ခံစစ္
အာတီတာမေရာက္ခင္က အာဆင္နယ္ဟာ ဂိုးေတြကို လြယ္လြယ္နဲ႔ ဒလေဟာေပးခဲ့ရတဲ့ အသင္းမ်ိဳးပါ။ ခံစစ္မွာ ဘယ္သူ႔ကိုမွ ယုံၾကည္မရတဲ့ အေျခအေနျဖစ္ခဲ့တယ္။ အာတီတာက ဒါကို ေျပာင္းျပန္လွန္ခဲ့တယ္။

စုစည္းက်စ္လ်စ္မႈကို အားျပဳထားတဲ့ ခံစစ္တည္ေဆာက္ပုံကို ေဖာ္ေဆာင္ခဲ့ၿပီး ၁၃ ပြဲမွာ ၁၉ ဂိုးေပးခဲ့ရတဲ့ အမ္မရီထက္ ၂၁ ပြဲမွာ ၂၁ ဂိုးသာေပးခဲ့ရတာက အာတီတာရဲ႕ ျပဳျပင္ႏိုင္စြမ္းပါ။ အမ္မရီရဲ႕ တာထြက္ရာသီမွာ ၅၁ ဂိုးထိ ေပးခဲ့ရတဲ့ ဂန္းနားတို႔က ဒီရာသီ အာတီတာလက္ေအာက္မွာ ၃၇ ဂိုးသာေပးခဲ့ရတာက ေသခ်ာေပါက္ အသိအမွတ္ျပဳရမွာပါ။

ႀကီး ၆ ႀကီးကို ဘာမထီတဲ့ စပိန္သား
အာဆင္ဝင္းဂါးနဲ႔ အမ္မရီလက္ထဲမွာ ပရိသတ္ေတြရဲ႕ အားမရဆုံးအခ်က္က ႀကီး ၆ ႀကီးအသင္းေတြကို မယွဥ္ႏိုင္ခဲျခင္းက အဓိကျဖစ္တယ္။ ခ်ယ္လ္ဆီးကို ၆ ဂိုးျပတ္နဲ႔ ရႈံးတယ္။ ယူႏိုက္တက္ကို ၈ ဂိုး၊ လီဗာပူးလ္ကို ၅ ဂိုး၊ မန္စီးတီးကို ဒါဇင္ဝက္ဂိုးေတြ ေပးခဲ့ရတာေတြကို အာတီတာက ၁၈ လအတြင္း ေျမလွန္ခဲ့တယ္။

ဒီရာသီမွာ ခ်ယ္လ္ဆီးကို ၂ ေက်ာ့စလုံးႏိုင္ခဲ့သလို မန္စီးတီး၊ လီဗာပူးလ္၊ စပါးစ္နဲ႔ ယူႏိုက္တက္တို႔ကို အသာေလးေတာက္ခ်ခဲ့တယ္။ ဒဏ္ရာအက်ပ္အတည္းမွာေတာင္ တူဟယ္လ္နဲ႔ ဆိုးလ္ရွားတို႔ကို မရႈံးခဲ့သူက အာတီတာျဖစ္ပါတယ္။

၅ ႏွစ္အတြင္း ပိုခ်က္တီႏိုမလုပ္ႏိုင္တဲ့အရာကို သိမ္းပိုက္ခဲ့သူ
ေဘာလုံးကမာၻမွာေတာ့ ႐ိုးရွင္းတဲ့အခ်က္က ကိုယ္အားေပးတဲ့ အသင္းေတြကို ပရိသတ္ေတြက အၿမဲတမ္းဆုဖလားရေစခ်င္တာပါပဲ။ ပိုခ်က္တီႏိုက စပါးစ္နဲ႔ ၅ ႏွစ္အတြင္း မလုပ္ႏိုင္ခဲ့တဲ့အလုပ္ကို အာတီတာက အာဆင္နယ္နဲ႔ ၈ လအတြင္း လုပ္ျပခဲ့တယ္။

FA ဖလားကို သိမ္းခဲ့သလို ကြန္ျမဴနတီဒိုင္းဖလားကို အမ္းမရိတ္စ္ေျမဆီ သယ္ေဆာင္ခဲ့တာက ေမ့ေလ်ာ့မိန္းေမာေစေသာ အရာျဖစ္သလို မန္စီးတီး၊ လီဗာပူးလ္လ္နဲ႔ ခ်ယ္လ္ဆီးတို႔ကို ပညာျပၿပီး ေက်ာ္ျဖတ္ခဲ့တဲ့ သူ႔ရဲ႕နည္းဗ်ဴဟာပိုင္ႏိုင္မႈစြမ္းရည္ကိုလည္း ေတြ႕ရတယ္။

န္းနားေတြကို အခ်ိန္တခုက ရွင္ျပန္ထေျမာက္ေစမယ့္သူ
လက္ရွိ ဥေရာပဝင္ခြင့္နစ္နာၿပီး ေနာက္ရာသီမွာ ျပည္တြင္းတိုက္ပြဲေတြကိုသာ အာ႐ုံစိုက္ရေတာ့ဖို႔ နီးစပ္ေနတဲ့ အာတီကအတြက္ေတာ့ ေရာမၿမိဳ႕ကို တေန႔တည္းနဲ႔ တည္ေဆာက္လို႔မရဘူးဆိုတာကို သူကိုယ္တိုင္က သက္ေသျပလာဖို႔ အထိခိုက္ခံႏိုင္ၿပီး အဖိုးထိုက္တန္တဲ့အခ်ိန္တခုက မျဖစ္မေနကို လိုေနတာပါ​။

ခ်န္ပီယံလိဂ္ကို ၅ ႏွစ္ဆက္ ဆင္ႏႊဲခြင့္မရခဲ့တဲ့ အသင္းအေနနဲ႔ လူသစ္ ၅ ဦးကေန ၆ ဦးအထိ လိုအပ္တယ္လို႔ အာတီတာကိုယ္တိုင္က လူသိရွင္ၾကားထုတ္ေဖာ္ၿပီး ခ႐ြန္ကီတို႔အုပ္စုကို ဖိအားေပးခဲ့သလို ဒီေႏြမွာေတာ့ Trust the process ဆိုတဲ့ သူ႔ရဲ႕ဟစ္ေႂကြးမႈကို အတည္ျဖစ္မျဖစ္ စိတ္ဝင္တစား ေစာင့္ၾကည့္ခ်င္စရာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.