Match Report Premier League

အပြန်အလှန်ဂိုးများတဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ တောရက်စ်ဟက်ထရစ်နဲ့ ၁၂ ပွဲဆက်နိုင်တဲ့ စီးတီး

စိန့်ဂျိမ်းစ်ပါ့ခ်မှာ လက်ခုပ်တီးကြိုဆိုခံခဲ့ရတဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ တတိယဂိုးသမား စကော့ ကာဆန်ကို ပွဲထုတ်ခဲ့ပြီး ကျန်တဲ့ ပထမကစားသမားတွေထဲက ခံစစ်သုံးလေးဦးလောက်ကိုပဲ ချန်လှပ်ခဲ့ချိန်မှာ နယူးကာဆယ်လ်အသင်းရဲ့ ဘောလုံးရတာနဲ့ တိုက်စစ်ဆင်တဲ့ ပုံစံကြောင့် ကြည့်လို့ကောင်းပြီး သွင်းဂိုးလည်း များတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ပွဲစပြီး မကြာခင်မှာပဲ မန်စီးတီးတို့ ဖိကစားပြီး ဂိုးရှေ့မှာ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အိမ်ရှင် နယူးကာဆယ်လ်တို့ကပဲ စတင်ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ ရှယ်လ်ဗီရဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ခရတ်ဖ်က အာကေနဲ့ ကန်ဆယ်လိုတို့နှစ်ဦးကြားကနေ ခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ရှယ်လ်ဗီရဲ့ ဖရီးကစ် ဘားထိထွက်ခဲ့တာက အိမ်ရှင်တွေ နစ်နာခဲ့ရပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ ရိုဒရီ ပြန်ချပေးတဲ့ ဘောလုံးကို ကန်ဆယ်လိုက ဂိုးဧရိယာအပြင်ကနေ ကန်သွင်းခဲ့ရာမှာ တားဆီးတဲ့ မာဖီနဲ့ထိပြီး လမ်းကြောင်းအနည်းငယ် ပြောင်းသွားခဲ့လို့ ဂိုးသမား ဒူဘရက်ဗ်ကာ မကာကွယ်နိုင်ခဲ့ဘဲ မန်စီးတီးတို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဧည့်သည်စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဂွန်ဒိုးဝမ်ရဲ့ ဘယ်ခြမ်းက ဖရီးကစ်ကို ဖယ်ရန် တောရက်စ်က နောက်ပြန်ကန်ချက်နဲ့ ကန်သွင်းယူခဲ့ရာမှာ နယူးကာဆယ်လ်ဂိုးသမား ဒူဘရက်ဗ်ကာ လောကြီးပြီး နေရာယူပုံ ညံ့ခဲ့လို့ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

နှစ်ဂိုး-တစ်ဂိုးနဲ့ ပထမပိုင်းပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၆ မိနစ်ထဲ အရောက်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆွဲပြေးပြီး ဂိုးဧရိယာထဲမှာ ပြန်ခေါက်ဖို့ ကြိုးစားတဲ့ ဂျိုလင်တန်ကို အာကေက ခြေထောက်ကို ဖျက်ထုတ်မိတာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ဘရာဇီးလ်တိုက်စစ်မှူးက သူကိုယ်တိုင်ပဲ အားပါတဲ့ ကန်ချက်နဲ့ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နယူးကာဆယ်လ်ရဲ့ တည်ကန်ဘော ကာကွယ်ပုံတွေ ညံ့ဖျင်းတာက ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးမိသဖြစ်ခဲ့ပြီး စီးတီးတို့ အသုံးမချနိုင်ခဲ့လို့သာ သက်သာခဲ့ရသလို ပွဲချိန် ၆၂ မိနစ်မှာတော့ ဝေါ်လ်ကာရဲ့ အမှားက ပေးခဲ့ရတဲ့ ပင်နယ်တီကို ရယူခဲ့တဲ့ ဝီလော့ခ်က ကိုယ်တိုင်ကန်ရာမှာ ဂိုးသမား ကာဆန် ကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးသွင်းစိပ်နေတဲ့ ကွင်းလယ်လူက ထပ်မံပိတ်သွင်းသွားနိုင်ခဲ့လို့ အိမ်ရှင်တွေ ပြန်လည် ဦးဆောင်နေခဲ့ပါတယ်။

ဒါပေမယ့် ဦးဆောင်မှုက ကြာကြာမခံခဲ့ဘဲ ပွဲချိန် ၆၄ မိနစ်မှာ စီးတီးတို့အတွက် ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး ညာတောင်ပံကနေ ဂျေဆူးစ် ဆွဲပြေးလာပြီး ဂိုးဧရိယာထဲကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဖယ်ရန် တောရက်စ်က သူ့ရဲ့ ဒီနေ့ ဒုတိယဂိုးအဖြစ် ဘယ်ခြေနဲ့ လှမ်းထောက်ပြီး သွင်းယူသွားနိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာမှာတော့ ဖယ်ရန် တောရက်စ်ကပဲ သူ့အတွက် ဟက်ထရစ် ရစေမယ့်ဂိုးကို သွင်းခဲ့ပြီး စီးတီးတို့ကို ပြန်လည်ဦးဆောင်နိုင်စေခဲ့ သလို ပွဲချိန် ၆၆ မိနစ်မှာ ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်လာတဲ့ ကန်ဆယ်လိုရဲ့ ကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို မဆိုင်းမတွ ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး ထပ်မံဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတော့တာကြောင့် စိန့်ဂျိမ်းစ်ပါ့ခ်မှာ လေးဂိုး-သုံးဂိုးနဲ့ စီးတီးတို့ အောင်ပွဲခံနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်သာမက အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ အဆင့်အတန်းအားလုံးရဲ့ စံချိန်သစ်ဖြစ်တဲ့ အဝေးကွင်း ၁၂ ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့ ၂၀၀၈ ခုနှစ်က ချဲလ်ဆီးနဲ့ ၂၀၁၇ ခုနှစ်က သူတို့ရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး ရေးထိုးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ လက္ခုပ္တီးႀကိဳဆိုခံခဲ့ရတဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ တတိယဂိုးသမား စေကာ့ ကာဆန္ကို ပြဲထုတ္ခဲ့ၿပီး က်န္တဲ့ ပထမကစားသမားေတြထဲက ခံစစ္သုံးေလးဦးေလာက္ကိုပဲ ခ်န္လွပ္ခဲ့ခ်ိန္မွာ နယူးကာဆယ္လ္အသင္းရဲ႕ ေဘာလုံးရတာနဲ႔ တိုက္စစ္ဆင္တဲ့ ပုံစံေၾကာင့္ ၾကည့္လို႔ေကာင္းၿပီး သြင္းဂိုးလည္း မ်ားတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။

ပြဲစၿပီး မၾကာခင္မွာပဲ မန္စီးတီးတို႔ ဖိကစားၿပီး ဂိုးေရွ႕မွာ ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ အိမ္ရွင္ နယူးကာဆယ္လ္တို႔ကပဲ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၅ မိနစ္မွာ ရွယ္လ္ဗီရဲ႕ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ခရတ္ဖ္က အာေကနဲ႔ ကန္ဆယ္လိုတို႔ႏွစ္ဦးၾကားကေန ေခါင္းတိုက္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ရွယ္လ္ဗီရဲ႕ ဖရီးကစ္ ဘားထိထြက္ခဲ့တာက အိမ္ရွင္ေတြ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ႐ိုဒရီ ျပန္ခ်ေပးတဲ့ ေဘာလုံးကို ကန္ဆယ္လိုက ဂိုးဧရိယာအျပင္ကေန ကန္သြင္းခဲ့ရာမွာ တားဆီးတဲ့ မာဖီနဲ႔ထိၿပီး လမ္းေၾကာင္းအနည္းငယ္ ေျပာင္းသြားခဲ့လို႔ ဂိုးသမား ဒူဘရက္ဗ္ကာ မကာကြယ္ႏိုင္ခဲ့ဘဲ မန္စီးတီးတို႔ ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဧည့္သည္စီးတီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဂြန္ဒိုးဝမ္ရဲ႕ ဘယ္ျခမ္းက ဖရီးကစ္ကို ဖယ္ရန္ ေတာရက္စ္က ေနာက္ျပန္ကန္ခ်က္နဲ႔ ကန္သြင္းယူခဲ့ရာမွာ နယူးကာဆယ္လ္ဂိုးသမား ဒူဘရက္ဗ္ကာ ေလာႀကီးၿပီး ေနရာယူပုံ ညံ့ခဲ့လို႔ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ပထမပိုင္းၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၆ မိနစ္ထဲ အေရာက္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဆြဲေျပးၿပီး ဂိုးဧရိယာထဲမွာ ျပန္ေခါက္ဖို႔ ႀကိဳးစားတဲ့ ဂ်ိဳလင္တန္ကို အာေကက ေျခေထာက္ကို ဖ်က္ထုတ္မိတာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ဘရာဇီးလ္တိုက္စစ္မႉးက သူကိုယ္တိုင္ပဲ အားပါတဲ့ ကန္ခ်က္နဲ႔ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း နယူးကာဆယ္လ္ရဲ႕ တည္ကန္ေဘာ ကာကြယ္ပုံေတြ ညံ့ဖ်င္းတာက ၿပိဳင္ဘက္ကို အခြင့္အေရးေတြ ေပးမိသျဖစ္ခဲ့ၿပီး စီးတီးတို႔ အသုံးမခ်ႏိုင္ခဲ့လို႔သာ သက္သာခဲ့ရသလို ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ေဝၚလ္ကာရဲ႕ အမွားက ေပးခဲ့ရတဲ့ ပင္နယ္တီကို ရယူခဲ့တဲ့ ဝီေလာ့ခ္က ကိုယ္တိုင္ကန္ရာမွာ ဂိုးသမား ကာဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းစိပ္ေနတဲ့ ကြင္းလယ္လူက ထပ္မံပိတ္သြင္းသြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ျပန္လည္ ဦးေဆာင္ေနခဲ့ပါတယ္။

ဒါေပမယ့္ ဦးေဆာင္မႈက ၾကာၾကာမခံခဲ့ဘဲ ပြဲခ်ိန္ ၆၄ မိနစ္မွာ စီးတီးတို႔အတြက္ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ၿပီး ညာေတာင္ပံကေန ေဂ်ဆူးစ္ ဆြဲေျပးလာၿပီး ဂိုးဧရိယာထဲကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ဖယ္ရန္ ေတာရက္စ္က သူ႔ရဲ႕ ဒီေန႔ ဒုတိယဂိုးအျဖစ္ ဘယ္ေျခနဲ႔ လွမ္းေထာက္ၿပီး သြင္းယူသြားႏိုင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာမွာေတာ့ ဖယ္ရန္ ေတာရက္စ္ကပဲ သူ႔အတြက္ ဟက္ထရစ္ ရေစမယ့္ဂိုးကို သြင္းခဲ့ၿပီး စီးတီးတို႔ကို ျပန္လည္ဦးေဆာင္ႏိုင္ေစခဲ့ သလို ပြဲခ်ိန္ ၆၆ မိနစ္မွာ ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္လာတဲ့ ကန္ဆယ္လိုရဲ႕ ကန္ခ်က္ တိုင္ထိၿပီး ျပန္ထြက္လာတာကို မဆိုင္းမတြ ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္သင္းစလုံး ထပ္မံဂိုးသြင္းႏိုင္ခဲ့ျခင္း မရွိေတာ့တာေၾကာင့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ေလးဂိုး-သုံးဂိုးနဲ႔ စီးတီးတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္သစ္သာမက အဂၤလန္အမွတ္ေပးၿပိဳင္ပြဲ အဆင့္အတန္းအားလုံးရဲ႕ စံခ်ိန္သစ္ျဖစ္တဲ့ အေဝးကြင္း ၁၂ ပြဲဆက္တိုက္ အႏိုင္ရရွိမႈနဲ႔ ၂၀၀၈ ခုႏွစ္က ခ်ဲလ္ဆီးနဲ႔ ၂၀၁၇ ခုႏွစ္က သူတို႔ရဲ႕ စံခ်ိန္ေဟာင္းကို ေက်ာ္ျဖတ္ၿပီး ေရးထိုးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.