Premier League

ဘောလုံးကမ္ဘာမှ အကောင်းဆုံး မန်နေဂျာနှင့် ကစားသမားတို့ကြား ဆက်ဆံရေး ၅ ခု

မော်ရင်ညိုနဲ့ ဒရော့ဘာ – ချယ်လ်ဆီး

” မစ္စတာမိုဗစ်ချ်…. ခင်ဗျားစကားများမနေနဲ့။ အခု ငွေပုံပေးပြီး ဒရော့ဘာကို အခုခေါ်ပေးဗျာ ” …. ဒီစကားက ချယ်လ်ဆီးကို မော်ရင်ညိုရောက်ရှိလာစဥ်က လူဝယ်စာရင်းမှာ ဒိတ်ဒိတ်ကြဲတွေကို ကျော်ပြီး ဒရော့ဘာကို တောင်းဆိုခဲ့တဲ့ မော်ရင်ညိုရဲ့ သမိုင်းဝင်စကားပါ။

၂၀၀၄ ခုနှစ်မှာ ပေါင် ၂၄ သန်းနဲ့ ချယ်လ်ဆီးက အမှန်တကယ်ဝယ်ယူခဲ့ပြီး ဒရော့ဘာနဲ့ မော်ရင်ညိုရဲ့ ပေါင်းစည်းမှုက ပရီးမီးယားလိဂ်တခေတ်ကို ဖြစ်စေခဲ့တယ်။ ချယ်လ်ဆီးကို မော်ရင်ညို နောက်တကြိမ်ထပ်နည်းပြတော့လည်း ဒရောဘာကိုပဲ ထပ်ခေါ်ခဲ့သလို အိုင်ဗရီကို့စ်သားက အပြာရောင်လန်ဒန်မှာ ပရီးမီးယားလိဂ်ဖလား ၄ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၁ လုံး အောင်မြင်ခဲ့တယ်။

အာဆင်ဝင်းဂါးနဲ့ အွန်နရီ – အာဆင်နယ်

အဖေနဲ့သားတွေလို သိပ်ချစ်ခဲ့ကြတဲ့ ဆရာတပည့်နှစ်ဦးဖြစ်ပြီး အွန်နရီရဲ့အဆိုအရ အာဆင်ဝင်းဂါးဟာ သူ့ရဲ့ဘောလုံးဦးနှောက်ကို နောက်တဆင့်​မြင့်စေခဲ့ပြီး ဘောလုံးမှာ ဦးနှောက်ကို နှိုးဆွနိုင်ခြင်းက ဘယ်လောက်အလုပ်ဖြစ်စေသလဲဆိုတာကို အလင်းဖွင့်ပေးသူလို့ ညွှန်းထားရတဲ့အထိပါ။

အာဆင်ဝင်းဂါးဟာ ကစားသမားတိုင်းရဲ့ လမ်းညွှန်ဆရာဖြစ်ခဲ့ခြင်းဟာ အွန်နရီနဲ့ပတ်သက်ရင်တော့ အထူးတလည်သက်ရောက်မှု ရှိခဲ့ပြီး တနိုင်ငံတည်းသားချင်းလည်းဖြစ်နေတဲ့ သံယောဇဥ်တွေက ထင်ရှားခဲ့သလို ပြင်သစ်တိုက်စစ်မှူးဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ ထာဝရအကြီးကျယ်ဆုံးကစားသမားအဖြစ် Hall of Fame မှာ အသိအမှတ်ပြုခံထားရတာလည်းဖြစ်ပါတယ်။

ဖာဂူဆန်နဲ့ ရော်နယ်လ်ဒို – ယူနိုက်တက်

ဘောလုံးလောကမှာ သူ့ရဲ့ဖခင်က ဖာဂူဆန်ပဲလို့ ရော်နယ်လ်ဒိုက အတိအလင်းထုတ်ပြောဖူးသလို သူက ဖာဂူဆန်ရဲ့ နည်းပြဘဝမှာ ထာဝရအကောင်းဆုံး ခေါ်ယူမှုအဖြစ်လည်း သတ်မှတ်ခံထားရတယ်။

ကျောက်ရိုင်းတုံးရော်နယ်လ်ဒိုကို ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံးနဲ့အတူ ဘယ်လွန်ဒေါဆုကိုပါ ရရှိစေခဲ့ပြီး အသွေးအမွေးသစ်ကို ဖန်တီးပေးခဲ့တဲ့ ဖာဂူဆန်က ဒီနေ့ရော်နယ်လ်ဒိုရဲ့ အုတ်မြစ်ကို ချခဲ့သူအဖြစ် သူတို့နှစ်ဦးရဲ့ ဆရာတပည့်၊ သားအဖဆက်ဆံရေးကို ဘောလုံလောကမှာ လက်ခံထားရတာပါ။

ဂွာဒီယိုလာနဲ့ မက်ဆီ – ဘာစီလိုနာ

၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာနည်းပြဖြစ်လာတဲ့ ပပ်ဂွာဒီယိုလာရဲ့ ဦးဆောင်မှုအောက်မှာ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့သလို သူ့ရဲ့ ပွဲတပွဲအပေါ်အမြင်တွေဟာ ထူးခြားလွန်းလှတယ်ဆိုတဲ့ မက်ဆီရဲ့ စကားက ပေါ့ပေါ့တန်တန်မဟုတ်ခဲ့ပါဘူး။

ဂွာဒီယိုလာက မက်ဆီကို False 9 နေရာမှာ အသက်သွင်းခဲ့သလို ပြိုင်ဘက်ခံစစ်တိုင်းကို ဒုက္ခအရောက်ဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ကစားဟန်တည်ဆောက်မှုလည်းဖြစ်ခဲ့တယ်။ တရာသီတွင်း ဖလား ၆ လုံးအောင်မြင်မှုအထိ ရောက်ခဲ့တဲ့ ဆရာဟောင်းနဲ့ ပြန်လက်တွဲမယ့် မက်ဆီရဲ့ ေအလားအလာတွေကိုလည်း မြင်နေရပါတယ်။

ရေးနပ်စ် မီရှဲလ်နဲ့ ယိုဟန်ခရိုက်ဖ် – အိုင်းယတ်စ်၊ ဘာစီလိုနာ၊ နယ်သာလန်
ဘောလုံးဒဿနတွေကို ဆန်းသစ်စေခဲ့တဲ့ ဂန္ထဝင်နှစ်ဦးဖြစ်ပြီး အိုင်းယတ်စ်၊ ဘာစီလိုနာနဲ့ နယ်သာလန်အသင်းတွေကို လွှမ်းမိုးခဲ့တဲ့ Total Football ကစားဟန်ရဲ့ ပဲ့ကိုင်ရှင်တွေလို့ဆိုရင် မမှားသလို ခရိုက်ဖ်ကတော့ ကစားသမားအဖြစ် နည်းပြဘဝမှာပါ ထင်ရှားခဲ့တာပါ။

အိုင်းယတ်စ်၊ နဲ့ ဘာစီလိုနာမှာ သူ့လက်ရာတွေက စွဲထင်နေဆဲဖြစ်ပြီး လူငယ်အကယ်ဒမီကစလို့ ကွင်းထဲက ကစားဟန်ကိုပါ လွှမ်းမိုးခဲ့သလို မီရှဲလ်ကတော့ အိုင်းယတ်စ်မှာ ခရိုက်ဖ်နဲ့အတူ အောင်မြင်ခဲ့သလို လက်ရှိနယ်သာလန်ဘောလုံးလောကကို အကျိုးပြုနေဆဲ ဦးဆောင်မှုနဲ့အတူ ထင်ရှားခဲ့ပြီး ခရိုက်ဖ်အလေးစားရဆုံး ဆရာသမားလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေမာ္ရင္ညိဳနဲ႔ ဒေရာ့ဘာ – ခ်ယ္လ္ဆီး

” မစၥတာမိုဗစ္ခ်္…. ခင္ဗ်ားစကားမ်ားမေနနဲ႔။ အခု ေငြပုံေပးၿပီး ဒေရာ့ဘာကို အခုေခၚေပးဗ်ာ ” …. ဒီစကားက ခ်ယ္လ္ဆီးကို ေမာ္ရင္ညိဳေရာက္ရွိလာစဥ္က လူဝယ္စာရင္းမွာ ဒိတ္ဒိတ္ႀကဲေတြကို ေက်ာ္ၿပီး ဒေရာ့ဘာကို ေတာင္းဆိုခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ သမိုင္းဝင္စကားပါ။

၂၀၀၄ ခုႏွစ္မွာ ေပါင္ ၂၄ သန္းနဲ႔ ခ်ယ္လ္ဆီးက အမွန္တကယ္ဝယ္ယူခဲ့ၿပီး ဒေရာ့ဘာနဲ႔ ေမာ္ရင္ညိဳရဲ႕ ေပါင္းစည္းမႈက ပရီးမီးယားလိဂ္တေခတ္ကို ျဖစ္ေစခဲ့တယ္။ ခ်ယ္လ္ဆီးကို ေမာ္ရင္ညိဳ ေနာက္တႀကိမ္ထပ္နည္းျပေတာ့လည္း ဒေရာဘာကိုပဲ ထပ္ေခၚခဲ့သလို အိုင္ဗရီကို႔စ္သားက အျပာေရာင္လန္ဒန္မွာ ပရီးမီးယားလိဂ္ဖလား ၄ လုံးနဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ လုံး ေအာင္ျမင္ခဲ့တယ္။

အာဆင္ဝင္းဂါးနဲ႔ အြန္နရီ – အာဆင္နယ္

အေဖနဲ႔သားေတြလို သိပ္ခ်စ္ခဲ့ၾကတဲ့ ဆရာတပည့္ႏွစ္ဦးျဖစ္ၿပီး အြန္နရီရဲ႕အဆိုအရ အာဆင္ဝင္းဂါးဟာ သူ႔ရဲ႕ေဘာလုံးဦးေႏွာက္ကို ေနာက္တဆင့္​ျမင့္ေစခဲ့ၿပီး ေဘာလုံးမွာ ဦးေႏွာက္ကို ႏႈိးဆြႏိုင္ျခင္းက ဘယ္ေလာက္အလုပ္ျဖစ္ေစသလဲဆိုတာကို အလင္းဖြင့္ေပးသူလို႔ ၫႊန္းထားရတဲ့အထိပါ။

အာဆင္ဝင္းဂါးဟာ ကစားသမားတိုင္းရဲ႕ လမ္းၫႊန္ဆရာျဖစ္ခဲ့ျခင္းဟာ အြန္နရီနဲ႔ပတ္သက္ရင္ေတာ့ အထူးတလည္သက္ေရာက္မႈ ရွိခဲ့ၿပီး တႏိုင္ငံတည္းသားခ်င္းလည္းျဖစ္ေနတဲ့ သံေယာဇဥ္ေတြက ထင္ရွားခဲ့သလို ျပင္သစ္တိုက္စစ္မႉးဟာ လက္ရွိပရီးမီးယားလိဂ္ရဲ႕ ထာဝရအႀကီးက်ယ္ဆုံးကစားသမားအျဖစ္ Hall of Fame မွာ အသိအမွတ္ျပဳခံထားရတာလည္းျဖစ္ပါတယ္။

ဖာဂူဆန္နဲ႔ ေရာ္နယ္လ္ဒို – ယူႏိုက္တက္

ေဘာလုံးေလာကမွာ သူ႔ရဲ႕ဖခင္က ဖာဂူဆန္ပဲလို႔ ေရာ္နယ္လ္ဒိုက အတိအလင္းထုတ္ေျပာဖူးသလို သူက ဖာဂူဆန္ရဲ႕ နည္းျပဘဝမွာ ထာဝရအေကာင္းဆုံး ေခၚယူမႈအျဖစ္လည္း သတ္မွတ္ခံထားရတယ္။

ေက်ာက္႐ိုင္းတုံးေရာ္နယ္လ္ဒိုကို ပရီးမီးယားလိဂ္ဖလား ၃ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၁ လုံးနဲ႔အတူ ဘယ္လြန္ေဒါဆုကိုပါ ရရွိေစခဲ့ၿပီး အေသြးအေမြးသစ္ကို ဖန္တီးေပးခဲ့တဲ့ ဖာဂူဆန္က ဒီေန႔ေရာ္နယ္လ္ဒိုရဲ႕ အုတ္ျမစ္ကို ခ်ခဲ့သူအျဖစ္ သူတို႔ႏွစ္ဦးရဲ႕ ဆရာတပည့္၊ သားအဖဆက္ဆံေရးကို ေဘာလုံေလာကမွာ လက္ခံထားရတာပါ။

ဂြာဒီယိုလာနဲ႔ မက္ဆီ – ဘာစီလိုနာ

၂၀၀၈ ခုႏွစ္မွာ ဘာစီလိုနာနည္းျပျဖစ္လာတဲ့ ပပ္ဂြာဒီယိုလာရဲ႕ ဦးေဆာင္မႈေအာက္မွာ မက္ဆီက ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္လာခဲ့သလို သူ႔ရဲ႕ ပြဲတပြဲအေပၚအျမင္ေတြဟာ ထူးျခားလြန္းလွတယ္ဆိုတဲ့ မက္ဆီရဲ႕ စကားက ေပါ့ေပါ့တန္တန္မဟုတ္ခဲ့ပါဘူး။

ဂြာဒီယိုလာက မက္ဆီကို False 9 ေနရာမွာ အသက္သြင္းခဲ့သလို ၿပိဳင္ဘက္ခံစစ္တိုင္းကို ဒုကၡအေရာက္ဆုံးျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တဲ့ ကစားဟန္တည္ေဆာက္မႈလည္းျဖစ္ခဲ့တယ္။ တရာသီတြင္း ဖလား ၆ လုံးေအာင္ျမင္မႈအထိ ေရာက္ခဲ့တဲ့ ဆရာေဟာင္းနဲ႔ ျပန္လက္တြဲမယ့္ မက္ဆီရဲ႕ ေအလားအလာေတြကိုလည္း ျမင္ေနရပါတယ္။

ေရးနပ္စ္ မီရွဲလ္နဲ႔ ယိုဟန္ခ႐ိုက္ဖ္ – အိုင္းယတ္စ္၊ ဘာစီလိုနာ၊ နယ္သာလန္
ေဘာလုံးဒႆနေတြကို ဆန္းသစ္ေစခဲ့တဲ့ ဂႏၴဝင္ႏွစ္ဦးျဖစ္ၿပီး အိုင္းယတ္စ္၊ ဘာစီလိုနာနဲ႔ နယ္သာလန္အသင္းေတြကို လႊမ္းမိုးခဲ့တဲ့ Total Football ကစားဟန္ရဲ႕ ပဲ့ကိုင္ရွင္ေတြလို႔ဆိုရင္ မမွားသလို ခ႐ိုက္ဖ္ကေတာ့ ကစားသမားအျဖစ္ နည္းျပဘဝမွာပါ ထင္ရွားခဲ့တာပါ။

အိုင္းယတ္စ္၊ နဲ႔ ဘာစီလိုနာမွာ သူ႔လက္ရာေတြက စြဲထင္ေနဆဲျဖစ္ၿပီး လူငယ္အကယ္ဒမီကစလို႔ ကြင္းထဲက ကစားဟန္ကိုပါ လႊမ္းမိုးခဲ့သလို မီရွဲလ္ကေတာ့ အိုင္းယတ္စ္မွာ ခ႐ိုက္ဖ္နဲ႔အတူ ေအာင္ျမင္ခဲ့သလို လက္ရွိနယ္သာလန္ေဘာလုံးေလာကကို အက်ိဳးျပဳေနဆဲ ဦးေဆာင္မႈနဲ႔အတူ ထင္ရွားခဲ့ၿပီး ခ႐ိုက္ဖ္အေလးစားရဆုံး ဆရာသမားလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.