Premier League Transfer News

13 May နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေပြီး လာလီဂါ ပွဲ ၁၀၀ ကျော် ကစားပေးထားခဲ့တဲ့ ကွင်းလယ်လူ မော်ရို အာရမ်ဘာရီကို ခေါ်ယူလိုနေပြီး တိုက်စစ်မှူး ကာဗာနီနဲ့ တစ်မြို့တည်းသားတွေဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင်ကို ယူရို သန်း ၃၀ နဲ့ ရနိုင်ဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ စပိန်လာလီဂါကလပ် အလာဗက်စ်ကို အငှားချထားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီကို နောက်ထပ်တစ်ရာသီ ဆက်လက်အငှားချသွားဖို့ ရှိနေပြီး ဥရုဂွေးသားအနေနဲ့ ရာသီဝက်အတွင်း လာလီဂါမှာ ၁၁ ပွဲ ကစားခွင့်ရထားခဲ့ပြီးကြောင်း သိရ။

– အက်ဒင်ဆန် ကာဗာနီကို တစ်နှစ်စာချုပ် သက်တမ်းတိုးနိုင်ခဲ့အပြီးမှာ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဆက်လက်ထိန်းသိမ်းပြီး စာချုပ်သစ် ချုပ်ဆိုသွားနိုင်ဖို့က နောက်ထပ် ဦးစားပေး အစီအစဉ်တစ်ရပ်အဖြစ် ထွက်ပေါ်လာပြီး အက်ဒ် ဝုဒ်ဝဒ် မလုပ်နိုင်တဲ့ ကိစ္စကို ဖလက်ချာနဲ့ မာတပ်ဖ်တို့ လုပ်ပြနိုင်မလား စောင့်ကြည့်ရဖွယ်ရှိနေ။

– ဂျူဗင်တပ်စ်ကနေ ဒီလစ်ချ်ကြောင့် အတ္တလန်တာကို အငှားနဲ့ လွင့်လာခဲ့ပြီး ခြေစွမ်းပြနေတဲ့ နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးကို ခေါ်ယူဖို့ ယူနိုက်တက်တို့ စိတ်ဝင်စားနေပြီး အာမက် ဂျယ်လိုရဲ့ အသင်းဖော်ဟောင်းအတွက် ပေါင် ၃၄ သန်း ကျသင့်ဖွယ်ရှိနေသလို ဘာဂါမို အခြေစိုက် ကလပ်အနေနဲ့ သူ့ကို တူရင်ကလပ်ဆီက ပေါင် ၂၁.၅ သန်းနဲ့ ခေါ်ပြီးမှ ပြန်ရောင်းဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကျန်အတွက် အသင်းရဲ့ ကစားသမားသုံးဦး လွဲချော်ဦးမယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အတည်ပြုလိုက်ပြီး နောက်ခံလူ ဟာရီ မက်ဂွိုင်းယား၊ တောင်ပံကစားသမား ဒန်ဂျိမ်းစ်နဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်တို့ဖြစ်ကြောင်း သိရ။

– တစ်ချိန်တည်းမှာပဲ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမယ့် ပွဲစဉ်အတွက် ခေါင်းကိုက်နေရပြီး နောက်ခံလူ အိုဇန် ကာဘက်ခ်နဲ့ ဘန်ဒေးဗီးစ်၊ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဂျိမ်းစ် မီလ်နာနဲ့ နာဘီ ကီးတားတို့ လွဲချော်မယ်လို့ အသင်းဘက် ထုတ်ပြန်ထားခဲ့။

– မန်ချက်စတာယူနိုက်တက်ကို သူ့အနေနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ဖူးကြောင်း ဘိုင်ယန်မြူးနစ်ကို ပြောင်းတော့မယ့် RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုက ထုတ်ဖော်လိုက်ပြီး ငွေကြေးအရ ကမ်းလှမ်းမှု နည်းခဲ့သလို သူ့မိဘတွေကလည်း သင့်တော်မှန်ကန်တဲ့ တိုးတက်မှု ရရှိနိုင်မယ့်အသင်းလို့ မထင်ခဲ့တာကြောင့် ဆာ့လ်ဇ်ဘတ်ကတစ်ဆင့် ဘွန်ဒက်စ်လီဂါဘက်ကို ရောက်ခဲ့တာလို့ ဝန်ခံသွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အက်စ်တန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ဂျူဗင်တပ်စ် အသင်းနဲ့အပြိုင် ကြိုးစားဖို့ ရှိနေပြီး အာဆင်နယ်နည်းပြ အာတီတာတစ်ယောက် ဘယ်လောက်တောင် ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်နဲ့ သူ့ကို ရောင်းခဲ့တယ်ဆိုတာကို တန်ဖိုးထားမှုနဲ့အတူ သက်သေပြ ခေါ်ယူဖို့ရှိနေ။

– လာဇီယိုအသင်းမှာ ပွဲထွက် ၃ ပွဲသာ ကစားခွင့်ရခဲ့ပြီး ၂၁ ပွဲ လူစားဝင်အဖြစ် ကစားခဲ့ရပေမယ့် ကွင်းလယ်လူ အန်းဒရီးယက်စ် ပါရဲရား အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာဖို့ စိတ်မဝင်စားဘဲ မွေးရပ်မြေ ဘယ်လ်ဂျီယမ်ဘက်က ကမ်းလှမ်းမှုတွေမှာ အန်ဒါလက်ချ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်မယ်လို့ အရိပ်အမြွက်ဆိုနေ။

– ဖျက်ထုတ်မှုကောင်းတွေ ပြုလုပ်နိုင်ရုံနဲ့ ကျေနပ်နေရပြီး တိုက်စစ်လိုက်ပါမှု အားနည်းတဲ့ နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာရဲ့ နေရာအတွက် နွေရာသီမှာ ယူနိုက်တက်တို့အနေနဲ့ ပစ်မှတ်တွေဖြစ်တဲ့ ကီရန် ထရစ်ပီယာနဲ့ မက်စ် အာရွန်စ်တို့နှစ်ဦးအနက်က တစ်ဦးကို ခေါ်ယူသွားဖွယ်ရှိနေ။

– ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အစားထိုးဖို့ အစီအစဉ်အဖြစ် ဝီဂန်အသင်းဆီကနေ အားကိုးတကြီး ခေါ်ယူခဲ့ပြီး နောက်ပိုင်းမှာ ညာနောက်ခံလူတစ်ဦးဖြစ်သွားခဲ့တဲ့ အီကွေဒေါလက်ရွေးစင်ဟောင်း အန်တိုနီယို ဗလင်စီယာအနေနဲ့ အသက် ၃5 နှစ်အရွယ်မှာ ကစားသမားဘဝက အနားယူ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဂီတာေဖးအသင္းမွာ ေျခစြမ္းျပေနၿပီး လာလီဂါ ပြဲ ၁၀၀ ေက်ာ္ ကစားေပးထားခဲ့တဲ့ ကြင္းလယ္လူ ေမာ္႐ို အာရမ္ဘာရီကို ေခၚယူလိုေနၿပီး တိုက္စစ္မႉး ကာဗာနီနဲ႔ တစ္ၿမိဳ႕တည္းသားေတြျဖစ္တဲ့ ဥ႐ုေဂြးလက္ေ႐ြးစင္ကို ယူ႐ို သန္း ၃၀ နဲ႔ ရႏိုင္ဖြယ္ရွိေန။

– ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ စပိန္လာလီဂါကလပ္ အလာဗက္စ္ကို အငွားခ်ထားခဲ့တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီကို ေနာက္ထပ္တစ္ရာသီ ဆက္လက္အငွားခ်သြားဖို႔ ရွိေနၿပီး ဥ႐ုေဂြးသားအေနနဲ႔ ရာသီဝက္အတြင္း လာလီဂါမွာ ၁၁ ပြဲ ကစားခြင့္ရထားခဲ့ၿပီးေၾကာင္း သိရ။

– အက္ဒင္ဆန္ ကာဗာနီကို တစ္ႏွစ္စာခ်ဳပ္ သက္တမ္းတိုးႏိုင္ခဲ့အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ဆက္လက္ထိန္းသိမ္းၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားႏိုင္ဖို႔က ေနာက္ထပ္ ဦးစားေပး အစီအစဥ္တစ္ရပ္အျဖစ္ ထြက္ေပၚလာၿပီး အက္ဒ္ ဝုဒ္ဝဒ္ မလုပ္ႏိုင္တဲ့ ကိစၥကို ဖလက္ခ်ာနဲ႔ မာတပ္ဖ္တို႔ လုပ္ျပႏိုင္မလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– ဂ်ဴဗင္တပ္စ္ကေန ဒီလစ္ခ်္ေၾကာင့္ အတၱလန္တာကို အငွားနဲ႔ လြင့္လာခဲ့ၿပီး ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးကို ေခၚယူဖို႔ ယူႏိုက္တက္တို႔ စိတ္ဝင္စားေနၿပီး အာမက္ ဂ်ယ္လိုရဲ႕ အသင္းေဖာ္ေဟာင္းအတြက္ ေပါင္ ၃၄ သန္း က်သင့္ဖြယ္ရွိေနသလို ဘာဂါမို အေျခစိုက္ ကလပ္အေနနဲ႔ သူ႔ကို တူရင္ကလပ္ဆီက ေပါင္ ၂၁.၅ သန္းနဲ႔ ေခၚၿပီးမွ ျပန္ေရာင္းဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲက်န္အတြက္ အသင္းရဲ႕ ကစားသမားသုံးဦး လြဲေခ်ာ္ဦးမယ္လို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားက အတည္ျပဳလိုက္ၿပီး ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယား၊ ေတာင္ပံကစားသမား ဒန္ဂ်ိမ္းစ္နဲ႔ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္တို႔ျဖစ္ေၾကာင္း သိရ။

– တစ္ခ်ိန္တည္းမွာပဲ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရမယ့္ ပြဲစဥ္အတြက္ ေခါင္းကိုက္ေနရၿပီး ေနာက္ခံလူ အိုဇန္ ကာဘက္ခ္နဲ႔ ဘန္ေဒးဗီးစ္၊ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဂ်ိမ္းစ္ မီလ္နာနဲ႔ နာဘီ ကီးတားတို႔ လြဲေခ်ာ္မယ္လို႔ အသင္းဘက္ ထုတ္ျပန္ထားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္ကို သူ႔အေနနဲ႔ ေရာက္ရွိဖို႔ နီးစပ္ခဲ့ဖူးေၾကာင္း ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေတာ့မယ့္ RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုက ထုတ္ေဖာ္လိုက္ၿပီး ေငြေၾကးအရ ကမ္းလွမ္းမႈ နည္းခဲ့သလို သူ႔မိဘေတြကလည္း သင့္ေတာ္မွန္ကန္တဲ့ တိုးတက္မႈ ရရွိႏိုင္မယ့္အသင္းလို႔ မထင္ခဲ့တာေၾကာင့္ ဆာ့လ္ဇ္ဘတ္ကတစ္ဆင့္ ဘြန္ဒက္စ္လီဂါဘက္ကို ေရာက္ခဲ့တာလို႔ ဝန္ခံသြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အက္စ္တန္ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ဂ်ဴဗင္တပ္စ္ အသင္းနဲ႔အၿပိဳင္ ႀကိဳးစားဖို႔ ရွိေနၿပီး အာဆင္နယ္နည္းျပ အာတီတာတစ္ေယာက္ ဘယ္ေလာက္ေတာင္ ညံ့ဖ်င္းတဲ့ ဆုံးျဖတ္ခ်က္နဲ႔ သူ႔ကို ေရာင္းခဲ့တယ္ဆိုတာကို တန္ဖိုးထားမႈနဲ႔အတူ သက္ေသျပ ေခၚယူဖို႔ရွိေန။

– လာဇီယိုအသင္းမွာ ပြဲထြက္ ၃ ပြဲသာ ကစားခြင့္ရခဲ့ၿပီး ၂၁ ပြဲ လူစားဝင္အျဖစ္ ကစားခဲ့ရေပမယ့္ ကြင္းလယ္လူ အန္းဒရီးယက္စ္ ပါရဲရား အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လာဖို႔ စိတ္မဝင္စားဘဲ ေမြးရပ္ေျမ ဘယ္လ္ဂ်ီယမ္ဘက္က ကမ္းလွမ္းမႈေတြမွာ အန္ဒါလက္ခ်္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္မယ္လို႔ အရိပ္အႁမြက္ဆိုေန။

– ဖ်က္ထုတ္မႈေကာင္းေတြ ျပဳလုပ္ႏိုင္႐ုံနဲ႔ ေက်နပ္ေနရၿပီး တိုက္စစ္လိုက္ပါမႈ အားနည္းတဲ့ ေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာရဲ႕ ေနရာအတြက္ ေႏြရာသီမွာ ယူႏိုက္တက္တို႔အေနနဲ႔ ပစ္မွတ္ေတြျဖစ္တဲ့ ကီရန္ ထရစ္ပီယာနဲ႔ မက္စ္ အာ႐ြန္စ္တို႔ႏွစ္ဦးအနက္က တစ္ဦးကို ေခၚယူသြားဖြယ္ရွိေန။

– ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အစားထိုးဖို႔ အစီအစဥ္အျဖစ္ ဝီဂန္အသင္းဆီကေန အားကိုးတႀကီး ေခၚယူခဲ့ၿပီး ေနာက္ပိုင္းမွာ ညာေနာက္ခံလူတစ္ဦးျဖစ္သြားခဲ့တဲ့ အီေကြေဒါလက္ေ႐ြးစင္ေဟာင္း အန္တိုနီယို ဗလင္စီယာအေနနဲ႔ အသက္ ၃5 ႏွစ္အ႐ြယ္မွာ ကစားသမားဘဝက အနားယူ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.