Premier League

ရာဇဝတ်မှုကို လက်ခံခဲ့ရတဲ့ ဆိုးလ်ရှားကို “အပြစ်မယူ ခွင့်လွှတ်ပေးမှာပါ” ကလော့ပ်

လီဗာပူးလ်နည်းပြကလော့ပ်ဟာ လက်စတာနဲ့ပွဲမှာ တသင်းလုံးနီးပါး အရန်လူစာရင်းကို ပွဲထုတ်ခဲ့တဲ့ ဆိုးလ်ရှားကိုနားလည်ကြောင်းဆိုသွားခဲ့ပြီး ယူနိုက်တက်ရဲ့ရှုံးပွဲဟာ မာဆေးဆိုက်ရဲ့ ချန်ပီယံလိဂ်တနေရာစာကို ရိုက်ခတ်ခဲ့ပေမယ့် သူ့အလုပ်သူလုပ်ခဲ့တဲ့ဆိုးလ်ရှားကို အပြစ်တင်စရာမရှိကြောင်း ပြောသွားခဲ့တာပါ။

ပရီးမီးယားလိဂ်အနေနဲ့ ဒီလအစောပိုင်းက ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အင်္ဂလန်ဒါဘီပွဲစဥ်ကို ပြန်ကစားစေနိုင်ဖို့ ယူနိုက်တက်ကို တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး ၅ ရက်အတွင်း ၃ ပွဲအထိ ကန်ခိုင်းခဲ့ခြင်းဟာ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်းသာဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုံ့ချသွားခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ အရန်လူ ၁၀ ဦးနဲ့ ကစားခဲ့ရတဲ့ လက်စတာနဲ့ပွဲကို ရှုံးခဲ့တာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ရာသီမကုန်ခင် အဖြေပေါ်သွားစေခဲ့သလို ချယ်လ်ဆီးနဲ့ လက်စတာကို အမီလိုက်နေတဲ့ လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုလည်း နစ်နာသွားခဲ့စေပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီနေ့ညကစားမယ့် လီဗာပူးလ်နဲ့ပွဲမှာတော့ သူတို့အသင်းရဲ့ အကောင်းဆုံးလူစာရင်းကိုသာ ပြန်လည်အသုံးပြုမှာဖြစ်ပြီး ကလော့ပ်အနေနဲ့ကတော့ ဆိုးလ်ရှားရဲ့အခုလို ဆုံးဖြတ်ချက်ဟာ လက်စတာကို အသာရစေပြီး မိမိတို့ကို အထိနာစေခဲ့ပေမယ့် ဘယ်နည်းနဲ့မှ အပြစ်တင်စရာမရှိကြောင်း ပြောသွားခဲ့တာပါ။

” ကျွန်တော်ပြောခဲ့ပေါင်းလည်းများပြီ။ အကြိမ် ၅၀၀ လောက်ပြောဆိုရင်လည်း အိုးထရက်ဖို့ဒ်ဆန္ဒပြမှုအခြေအနေကြောင့် ယူနိုက်တက်ကို တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး ၃ ပွဲ၊ ၅ ရက်အတွင်း ကစားခိုင်းခဲ့တာဟာ ရာဇဝတ်မှုကို ကျူးလွန်တာပါ။ ”

” လက်စတာအသင်း အနိုင်ရသွားခဲ့တာက ဝက်စ်ဟမ်းနဲ့ ကျွန်တော်တို့အသင်းကိုလည်း သိသိသာသာ အထိနာစေခဲ့တယ်။ ကျွန်တော်တို့သာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှူံးခဲ့ရရင် ဒါဟာ အိုလေရဲ့အပြစ်မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ရဲ့အပြစ်လို့လည်း မပြောချင်တော့ပါဘူး။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါ အရာအားလုံးကို လက်ခံရမှာပါ။ ”

“အားလုံး ကျွန်တော်တို့အသင်းရဲ့အမှားပါပဲ။ အိုလေရဲ့နေရာမှာ ကျွန်တော်သာဆိုရင်လည်း သူ့အတိုင်းပဲ ကျွန်တော်လည်း လုပ်ရမှာပါ။ အရန်အသင်းကိုသာ ပွဲထွက်ခိုင်းဖြစ်မှာပါ။ ယူရိုပါလိဂ်ဖိုင်နယ်ကစားရဦးမယ့် ယူနိုက်တက်အတွက်တော့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ” လို့ ကလော့ပ်က ယူနိုက်တက်နဲ့ပွဲကြိုမှာ ပြောသွားခဲ့တာပါ။

ဒါ့အပြင် လက်စတာနဲ့ပွဲမှာ အသင်းရဲ့ B အဆင့်သာရှိတဲ့ အရန်လူစာရင်းကို တသင်းလုံးနီးပါး ထုတ်သုံးသွားခဲ့တဲ့ ယူနိုက်တက်ကို ရမှတ် ၆ မှတ်အထိ လျှော့ချပြီး ပြစ်ဒဏ်ပေးသင့်ကြောင်း ဝက်စ်ဟမ်းကစားသမားဟောင်း ဆင်ကလဲယားရဲ့အမြင်မှာရှိနေကြောင်း သိရပြီး ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ စာရင်းသွင်းထားတဲ့ လူစာရင်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်လို့ အပြစ်ဒဏ်ကျခံရဖွယ် မရှိကြောင်းလည်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္နည္းျပကေလာ့ပ္ဟာ လက္စတာနဲ႔ပြဲမွာ တသင္းလုံးနီးပါး အရန္လူစာရင္းကို ပြဲထုတ္ခဲ့တဲ့ ဆိုးလ္ရွားကိုနားလည္ေၾကာင္းဆိုသြားခဲ့ၿပီး ယူႏိုက္တက္ရဲ႕ရႈံးပြဲဟာ မာေဆးဆိုက္ရဲ႕ ခ်န္ပီယံလိဂ္တေနရာစာကို ႐ိုက္ခတ္ခဲ့ေပမယ့္ သူ႔အလုပ္သူလုပ္ခဲ့တဲ့ဆိုးလ္ရွားကို အျပစ္တင္စရာမရွိေၾကာင္း ေျပာသြားခဲ့တာပါ။

ပရီးမီးယားလိဂ္အေနနဲ႔ ဒီလအေစာပိုင္းက ပြဲေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ရဲ႕ အဂၤလန္ဒါဘီပြဲစဥ္ကို ျပန္ကစားေစႏိုင္ဖို႔ ယူႏိုက္တက္ကို တနဂၤေႏြ၊ အဂၤါ၊ ၾကာသာပေတး ၅ ရက္အတြင္း ၃ ပြဲအထိ ကန္ခိုင္းခဲ့ျခင္းဟာ ရာဇဝတ္မႈကို က်ဴးလြန္ခဲ့ျခင္းသာျဖစ္ေၾကာင္း ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်သြားခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ အရန္လူ ၁၀ ဦးနဲ႔ ကစားခဲ့ရတဲ့ လက္စတာနဲ႔ပြဲကို ရႈံးခဲ့တာဟာ မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ရာသီမကုန္ခင္ အေျဖေပၚသြားေစခဲ့သလို ခ်ယ္လ္ဆီးနဲ႔ လက္စတာကို အမီလိုက္ေနတဲ့ လီဗာပူးလ္၊ ဝက္စ္ဟမ္းအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲကိုလည္း နစ္နာသြားခဲ့ေစပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဒီေန႔ညကစားမယ့္ လီဗာပူးလ္နဲ႔ပြဲမွာေတာ့ သူတို႔အသင္းရဲ႕ အေကာင္းဆုံးလူစာရင္းကိုသာ ျပန္လည္အသုံးျပဳမွာျဖစ္ၿပီး ကေလာ့ပ္အေနနဲ႔ကေတာ့ ဆိုးလ္ရွားရဲ႕အခုလို ဆုံးျဖတ္ခ်က္ဟာ လက္စတာကို အသာရေစၿပီး မိမိတို႔ကို အထိနာေစခဲ့ေပမယ့္ ဘယ္နည္းနဲ႔မွ အျပစ္တင္စရာမရွိေၾကာင္း ေျပာသြားခဲ့တာပါ။

” ကြၽန္ေတာ္ေျပာခဲ့ေပါင္းလည္းမ်ားၿပီ။ အႀကိမ္ ၅၀၀ ေလာက္ေျပာဆိုရင္လည္း အိုးထရက္ဖို႔ဒ္ဆႏၵျပမႈအေျခအေနေၾကာင့္ ယူႏိုက္တက္ကို တနဂၤေႏြ၊ အဂၤါ၊ ၾကာသာပေတး ၃ ပြဲ၊ ၅ ရက္အတြင္း ကစားခိုင္းခဲ့တာဟာ ရာဇဝတ္မႈကို က်ဴးလြန္တာပါ။ ”

” လက္စတာအသင္း အႏိုင္ရသြားခဲ့တာက ဝက္စ္ဟမ္းနဲ႔ ကြၽန္ေတာ္တို႔အသင္းကိုလည္း သိသိသာသာ အထိနာေစခဲ့တယ္။ ကြၽန္ေတာ္တို႔သာ ခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႉံးခဲ့ရရင္ ဒါဟာ အိုေလရဲ႕အျပစ္မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ရဲ႕အျပစ္လို႔လည္း မေျပာခ်င္ေတာ့ပါဘူး။ ကိုယ္ျဖစ္ေစခ်င္သလို မျဖစ္တဲ့အခါ အရာအားလုံးကို လက္ခံရမွာပါ။ ”

“အားလုံး ကြၽန္ေတာ္တို႔အသင္းရဲ႕အမွားပါပဲ။ အိုေလရဲ႕ေနရာမွာ ကြၽန္ေတာ္သာဆိုရင္လည္း သူ႔အတိုင္းပဲ ကြၽန္ေတာ္လည္း လုပ္ရမွာပါ။ အရန္အသင္းကိုသာ ပြဲထြက္ခိုင္းျဖစ္မွာပါ။ ယူ႐ိုပါလိဂ္ဖိုင္နယ္ကစားရဦးမယ့္ ယူႏိုက္တက္အတြက္ေတာ့ ေ႐ြးခ်ယ္စရာ မရွိခဲ့ပါဘူး။ ” လို႔ ကေလာ့ပ္က ယူႏိုက္တက္နဲ႔ပြဲႀကိဳမွာ ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ လက္စတာနဲ႔ပြဲမွာ အသင္းရဲ႕ B အဆင့္သာရွိတဲ့ အရန္လူစာရင္းကို တသင္းလုံးနီးပါး ထုတ္သုံးသြားခဲ့တဲ့ ယူႏိုက္တက္ကို ရမွတ္ ၆ မွတ္အထိ ေလွ်ာ့ခ်ၿပီး ျပစ္ဒဏ္ေပးသင့္ေၾကာင္း ဝက္စ္ဟမ္းကစားသမားေဟာင္း ဆင္ကလဲယားရဲ႕အျမင္မွာရွိေနေၾကာင္း သိရၿပီး ယူႏိုက္တက္ကေတာ့ ပရီးမီးယားလိဂ္မွာ စာရင္းသြင္းထားတဲ့ လူစာရင္းကိုသာ အသုံးျပဳခဲ့ျခင္းျဖစ္လို႔ အျပစ္ဒဏ္က်ခံရဖြယ္ မရွိေၾကာင္းလည္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.