Premier League

အာဆင်နယ်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆွဲတင်နိုင်တဲ့ပွဲ ချဲလ်ဆီး 0-1 အာဆင်နယ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7ချက်

၁၀ နှစ်ကြာ လာဘ်တိတ်ခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်အောင်ပွဲ
အာဆင်နယ်အသင်းက မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့အိမ်ကွင်းမှာ ၁၀ နှစ်ကြာ အနိုင်မရခဲ့တဲ့စံချိန်ကို အဆုံးသတ်နိုင်ခဲ့ပြီး ဇွဲသန်သန်နဲ့ ဒီနေ့အောင်ပွဲကို ဖော်ဆောင်သွားခဲ့သလို ချယ်လ်ဆီးကို ဒီရာသီ နှစ်ကျော့စလုံး အလဲထိုးခဲ့တာပါ။


စမစ်ရိုးရဲ့ ဂိုးဟာ ဒီပွဲအနိုင်ရခဲ့တဲ့ အာဆင်နယ်ရဲ့ ဂုဏ်သိက္ခာအတွက် အရမ်းအရေးပါခဲ့တာလည်းဖြစ်ပါတယ်။

ငှက်ပစ်ခဲ့တဲ့ ခိုင်ဟာဗတ်ဇ်ကြောင့်
ပွဲအစ ၁၀ မိနစ်မှာပဲ ပါဘလို မာရီရဲ့အမှားကနေတဆင့် ချယ်လ်ဆီးရရှိခဲ့တဲ့ အပိုင်အခွင့်အရေးကို ခိုင်ဟာဗတ်ဇ်က မိုးပေါ်ထောင်ကန်ခဲ့ပြီး ဂိုးနစ်နာခဲ့ရတာက ဒီပွဲရဲ့အဆုံးအဖြတ်လို့တောင် ဆိုရမှာဖြစ်ပြီး ဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာ ငှက်ပစ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ခိုင်ဟာလည်း တီမို ဗာနာနဲ့ နင်လားငါလားထင်ရလောက်တဲ့ ညံ့ကွက်ကို ပြသခဲ့တာပါ။

ဂျော်ဂျင်ဟိုရဲ့ မေတ္တာလက်ဆောင်
ခိုင်ဟာဗတ်ဇ်ရဲ့ ဂိုးပေါက်လွဲချော်မှုလိုပဲ ချယ်လ်ဆီးရဲ့ ရှူံးပွဲကို ထပ်ပြီးအတည်ပြုပေးသွားခဲ့တာက ဂျော်ဂျင်ဟိုရဲ့ နောက်ပြန်ပေးမှုအမှားတချက်ဖြစ်ခဲ့ပြီး ဒီအမှားကနေ ဦးဆောင်ဂိုးရခဲ့တဲ့ အာဆင်နယ်က နိုင်ပွဲဖြစ်လာအောင် စနစ်တကျထိန်းသိမ်းမှုနဲ့ ကောင်းကောင်းအသုံးချခဲ့ပြီး ချယ်လ်ဆီးကတော့ ကိုယ်စိုက်ပျိုးသမျှ ရိတ်သိမ်းသွားခဲ့ရတာပါ။

မိုးလွန်မှ ထွန်ချတဲ့ အာဆင်နယ်
တကယ်တမ်းမှာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးကို အခွင့်အရေးတွေ တပုံတခေါင်းကြီးနဲ့ ခေါင်းကုတ်စိတ်ညစ်ပြီး အဖြေရှာမရအောင်အထိ ဇွဲသန်သန်နဲ့ စွမ်းဆောင်သွားခဲ့တဲ့ အာဆင်နယ်ခံစစ်က လိုချင်တဲ့ရလဒ်ကို အမိအရယူသွားခဲ့တာဖြစ်ပြီး ဥရောပဝင်ခွင့်အတွက် ထူးပြီးသက်ရောက်မှုမရှိတော့တဲ့ အာတီတာအနေနဲ့ ဒီရာသီမှာ အခုလို လိုတဲ့ပွဲသာ နိုင်အောင်ကစားခဲ့ရင်လို တွေးတောနေရင်း မိုးလွန်မှ ထွန်ချမိခဲ့တဲ့အဖြစ်ကြောင့် နောင်တတွေကတော့ စောင့်ကြိုနေမှာပါ။

ချန်ပီယံလိဂ် တနေရာစာထက် ဆုဖလားကို ပိုမက်မောနေလား တူဟယ်လ်
ဒီပွဲရှူံးခဲ့တာက ဒီည အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်သာ အနိုင်ရသွားခဲ့ရင် တူဟယ်အတွက် ချန်ပီယံလိဂ်တနေရာစာက ခေါင်းကိုက်စရာဖြစ်လာမှာပါ။ လက်စတာ၊ ဗီလာတို့နဲ့ ကစားရမယ့်ပွဲစဥ်တွေက သေချာပေါက်ဖိအားများလာမှာဖြစ်ပြီး တူဟယ်ရဲ့အာရုံကတော့ FA နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်တွေမှာသာ ရှိနေပုံပါ။ ဒီပွဲမှာ လူစာရင်းအပြောင်းအလဲ ၇ နေရာအထိ ပြုလုပ်ခဲ့သလို ကစားပုံကလည်း အတော်လေး အားမရစရာကောင်းခဲ့တယ်။

ဘရူနိုကို အမီလိုက်လာတဲ့ မေဆန်မောင့်
ဒီနေ့ပွဲမှာ မေဆန်မောင့်ရဲ့ အခွင့်အရေးဖန်တီးမှုဟာ ၄ ကြိမ်ရှိခဲ့ပြီး ဒါဘီပွဲထဲက ဘယ်ကစားသမားမှ မပြုလုပ်နိုင်ခဲ့တဲ့ အရေအတွက်ဖြစ်ခဲ့ပြီး အားလုံးထက်သာခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ မောင့်ရဲ့အခွင့်အရေးဖန်တီးမှုက ၈၂ ကြိမ်အထိ ရှိလာခဲ့ပြီး ၉၂ ​ကြိမ်ပြုလုပ်ထားတဲ့ ဘရူနိုပြီးရင်တော့ သူက ဒုတိယလိုက်လာခဲ့ပြီဖြစ်တယ်။

ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်ကို ဝမ်းသာစေခဲ့တဲ့ တူဟယ်လ်ရဲ့အမှား
အာဆင်နယ်ကို ၃ မှတ်ပေးခဲ့ရတဲ့ ချယ်လ်ဆီးက အဆင့် ၄ နေရာမှာ ၆၄ မှတ်နဲ့ ဆက်လက်ရပ်တည်နေဆဲဖြစ်ပေမယ့် ၁ ပွဲလျော့ကစားပြီး ၆ မှတ်အကွာ ဝက်စ်ဟမ်းနဲ့ ၂ ပွဲလျော့ကစားပြီး ၇ မှတ်အကွာ လီဗာပူးလ်တို့ကို ဝမ်းသာစေခဲ့တယ်။

ဒါက သူ့ရဲ့အမှားဖြစ်ကြောင်း ပွဲအပြီးမှာ တူဟယ်လ်ကိုယ်တိုင်က ဝန်ခံသွားခဲ့ရသလို တကယ်လို့သာ ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်သလို အဆင့် ၅ နဲ့သာ အဆုံးသတ်ပြီး မိအေးနှစ်ခါနာခဲ့ရင်တော့ သူ့အတွက် စားသာမှာမဟုတ်ဘူးလို့ ဥာဏ်ကောင်းတဲ့တူဟယ်လ်က ကြိုတင်သိရှိထားပြီးဖြစ်မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၀ ႏွစ္ၾကာ လာဘ္တိတ္ခဲ့တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ေအာင္ပြဲ
အာဆင္နယ္အသင္းက ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ယ္လ္ဆီးရဲ႕အိမ္ကြင္းမွာ ၁၀ ႏွစ္ၾကာ အႏိုင္မရခဲ့တဲ့စံခ်ိန္ကို အဆုံးသတ္ႏိုင္ခဲ့ၿပီး ဇြဲသန္သန္နဲ႔ ဒီေန႔ေအာင္ပြဲကို ေဖာ္ေဆာင္သြားခဲ့သလို ခ်ယ္လ္ဆီးကို ဒီရာသီ ႏွစ္ေက်ာ့စလုံး အလဲထိုးခဲ့တာပါ။


စမစ္႐ိုးရဲ႕ ဂိုးဟာ ဒီပြဲအႏိုင္ရခဲ့တဲ့ အာဆင္နယ္ရဲ႕ ဂုဏ္သိကၡာအတြက္ အရမ္းအေရးပါခဲ့တာလည္းျဖစ္ပါတယ္။

ငွက္ပစ္ခဲ့တဲ့ ခိုင္ဟာဗတ္ဇ္ေၾကာင့္
ပြဲအစ ၁၀ မိနစ္မွာပဲ ပါဘလို မာရီရဲ႕အမွားကေနတဆင့္ ခ်ယ္လ္ဆီးရရွိခဲ့တဲ့ အပိုင္အခြင့္အေရးကို ခိုင္ဟာဗတ္ဇ္က မိုးေပၚေထာင္ကန္ခဲ့ၿပီး ဂိုးနစ္နာခဲ့ရတာက ဒီပြဲရဲ႕အဆုံးအျဖတ္လို႔ေတာင္ ဆိုရမွာျဖစ္ၿပီး ဂိုးသမားနဲ႔ တေယာက္ခ်င္းအေတြ႕မွာ ငွက္ပစ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ခိုင္ဟာလည္း တီမို ဗာနာနဲ႔ နင္လားငါလားထင္ရေလာက္တဲ့ ညံ့ကြက္ကို ျပသခဲ့တာပါ။

ေဂ်ာ္ဂ်င္ဟိုရဲ႕ ေမတၱာလက္ေဆာင္
ခိုင္ဟာဗတ္ဇ္ရဲ႕ ဂိုးေပါက္လြဲေခ်ာ္မႈလိုပဲ ခ်ယ္လ္ဆီးရဲ႕ ရႉံးပြဲကို ထပ္ၿပီးအတည္ျပဳေပးသြားခဲ့တာက ေဂ်ာ္ဂ်င္ဟိုရဲ႕ ေနာက္ျပန္ေပးမႈအမွားတခ်က္ျဖစ္ခဲ့ၿပီး ဒီအမွားကေန ဦးေဆာင္ဂိုးရခဲ့တဲ့ အာဆင္နယ္က ႏိုင္ပြဲျဖစ္လာေအာင္ စနစ္တက်ထိန္းသိမ္းမႈနဲ႔ ေကာင္းေကာင္းအသုံးခ်ခဲ့ၿပီး ခ်ယ္လ္ဆီးကေတာ့ ကိုယ္စိုက္ပ်ိဳးသမွ် ရိတ္သိမ္းသြားခဲ့ရတာပါ။

မိုးလြန္မွ ထြန္ခ်တဲ့ အာဆင္နယ္
တကယ္တမ္းမွာ ဒီေန႔ပြဲမွာ ခ်ယ္လ္ဆီးကို အခြင့္အေရးေတြ တပုံတေခါင္းႀကီးနဲ႔ ေခါင္းကုတ္စိတ္ညစ္ၿပီး အေျဖရွာမရေအာင္အထိ ဇြဲသန္သန္နဲ႔ စြမ္းေဆာင္သြားခဲ့တဲ့ အာဆင္နယ္ခံစစ္က လိုခ်င္တဲ့ရလဒ္ကို အမိအရယူသြားခဲ့တာျဖစ္ၿပီး ဥေရာပဝင္ခြင့္အတြက္ ထူးၿပီးသက္ေရာက္မႈမရွိေတာ့တဲ့ အာတီတာအေနနဲ႔ ဒီရာသီမွာ အခုလို လိုတဲ့ပြဲသာ ႏိုင္ေအာင္ကစားခဲ့ရင္လို ေတြးေတာေနရင္း မိုးလြန္မွ ထြန္ခ်မိခဲ့တဲ့အျဖစ္ေၾကာင့္ ေနာင္တေတြကေတာ့ ေစာင့္ႀကိဳေနမွာပါ။

ခ်န္ပီယံလိဂ္ တေနရာစာထက္ ဆုဖလားကို ပိုမက္ေမာေနလား တူဟယ္လ္
ဒီပြဲရႉံးခဲ့တာက ဒီည အိုးထရက္ဖို႔ဒ္မွာ လီဗာပူးလ္သာ အႏိုင္ရသြားခဲ့ရင္ တူဟယ္အတြက္ ခ်န္ပီယံလိဂ္တေနရာစာက ေခါင္းကိုက္စရာျဖစ္လာမွာပါ။ လက္စတာ၊ ဗီလာတို႔နဲ႔ ကစားရမယ့္ပြဲစဥ္ေတြက ေသခ်ာေပါက္ဖိအားမ်ားလာမွာျဖစ္ၿပီး တူဟယ္ရဲ႕အာ႐ုံကေတာ့ FA နဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္ေတြမွာသာ ရွိေနပုံပါ။ ဒီပြဲမွာ လူစာရင္းအေျပာင္းအလဲ ၇ ေနရာအထိ ျပဳလုပ္ခဲ့သလို ကစားပုံကလည္း အေတာ္ေလး အားမရစရာေကာင္းခဲ့တယ္။

ဘ႐ူႏိုကို အမီလိုက္လာတဲ့ ေမဆန္ေမာင့္
ဒီေန႔ပြဲမွာ ေမဆန္ေမာင့္ရဲ႕ အခြင့္အေရးဖန္တီးမႈဟာ ၄ ႀကိမ္ရွိခဲ့ၿပီး ဒါဘီပြဲထဲက ဘယ္ကစားသမားမွ မျပဳလုပ္ႏိုင္ခဲ့တဲ့ အေရအတြက္ျဖစ္ခဲ့ၿပီး အားလုံးထက္သာခဲ့တယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေမာင့္ရဲ႕အခြင့္အေရးဖန္တီးမႈက ၈၂ ႀကိမ္အထိ ရွိလာခဲ့ၿပီး ၉၂ ​ႀကိမ္ျပဳလုပ္ထားတဲ့ ဘ႐ူႏိုၿပီးရင္ေတာ့ သူက ဒုတိယလိုက္လာခဲ့ၿပီျဖစ္တယ္။

ဝက္စ္ဟမ္းနဲ႔ လီဗာပူးလ္ကို ဝမ္းသာေစခဲ့တဲ့ တူဟယ္လ္ရဲ႕အမွား
အာဆင္နယ္ကို ၃ မွတ္ေပးခဲ့ရတဲ့ ခ်ယ္လ္ဆီးက အဆင့္ ၄ ေနရာမွာ ၆၄ မွတ္နဲ႔ ဆက္လက္ရပ္တည္ေနဆဲျဖစ္ေပမယ့္ ၁ ပြဲေလ်ာ့ကစားၿပီး ၆ မွတ္အကြာ ဝက္စ္ဟမ္းနဲ႔ ၂ ပြဲေလ်ာ့ကစားၿပီး ၇ မွတ္အကြာ လီဗာပူးလ္တို႔ကို ဝမ္းသာေစခဲ့တယ္။

ဒါက သူ႔ရဲ႕အမွားျဖစ္ေၾကာင္း ပြဲအၿပီးမွာ တူဟယ္လ္ကိုယ္တိုင္က ဝန္ခံသြားခဲ့ရသလို တကယ္လို႔သာ ခ်န္ပီယံလိဂ္ဖလားကို မကိုင္ေျမႇာက္ႏိုင္သလို အဆင့္ ၅ နဲ႔သာ အဆုံးသတ္ၿပီး မိေအးႏွစ္ခါနာခဲ့ရင္ေတာ့ သူ႔အတြက္ စားသာမွာမဟုတ္ဘူးလို႔ ဥာဏ္ေကာင္းတဲ့တူဟယ္လ္က ႀကိဳတင္သိရွိထားၿပီးျဖစ္မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.