Premier League

ရိန်းဂျားနည်းပြအဖြစ် အောင်မြင်ခဲ့တာ ဖာဂူဆန်ကြောင့်ဆိုတဲ့ လျှို့ဝှက်ချက်ကို ဝန်ခံခဲ့တဲ့ ဂျရတ်

လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးစတီဗင် ဂျရတ်ဟာ ကျောင်းတော်ကရန်စရှိတဲ့ မဟာပြိုင်ဘက် ယူနိုက်တက်နည်းပြဆာအဲလက်စ် ဖာဂူဆန်နဲ့ အာဃတတွေကို ဘေးချိတ်ကာ ဆရာတင်ပြီး အကြံဥာဏ်တောင်းခဲ့လို့ ဒီရာသီမှာ ရိန်းဂျားနည်းပြအဖြစ် အောင်မြင်ခဲ့ကြောင်း အတိအလင်းဝန်ခံသွားခဲ့ပါတယ်။

ရိန်းဂျားနဲ့အတူ စကော့တလန်ပရီးမီးယားလိဂ်ဖလားကို နည်းပြဘဝ တာထွက်ရာသီမှာ ဆွတ်ခူးထားတဲ့ ဂျရတ်ဟာ စကော့တလန်ဘောလုံးကလောင်ရှင်များအသင်းရဲ့ တနှစ်တာအကောင်းဆုံးနည်းပြဆုကို လက်ခံခဲ့တဲ့ အခမ်းအနားအပြီး တဆက်တည်းမှာ သူ့အောင်မြင်မှုရဲ့လျှို့ဝှက်ချ​က်ကို ထုတ်ဖော်သွားခဲ့တာပါ။

” ခင်ဗျားတို့ကို ကျွန်​တော်လျှို့ဝှက်ချက်တခု ပြောပြမယ်။ ယူနိုက်တက်ဘော့စ် ဖာဂူဆန်နဲ့ မကြာခဏဖုန်းပြောပြီး ရိန်းဂျားစ်အသင်းကို ဘယ်လိုကိုင်တွယ်နည်းပြရမလဲဆိုတဲ့ အကြံဥာဏ်တွေ ယူခဲ့ရတယ်။ ကစားသမားဘဝက အနားယူပြီးကတည်းက ကျွန်တော်တို့နှစ်ဦးကြားက အာဃတအငြှိုးတွေကို ဘေးချိတ်နိုင်ခဲ့ပြီးပါပြီ ”

” သူက ကျွန်တော့်မေးခွန်းတွေကို ပညာရှိကဝိတဆူလိုပဲ ဖြေကြားခဲ့တယ်။ တချိန်ကျရင်တော့ သူနဲ့ကျွန်တော် ကော်ဖီအတူသောက်ချင်ပါသေးတယ်။ သူကလည်း သဘောတူပါတယ်။ တကယ်ဆို ကျွန်တော်တို့က ပြိုင်ဘက်တွေလေ။ သူ့ဘက်ကကြည့်ရင်တော့ ကော်ဖီသောက်ဖို့ အချိန်ပေးစရာတောင် မလိုတဲ့အရာပါ။ ”

” ဒါကိုသဘောတူခဲ့တာကို ခင်ဗျားတို့မြင်ရင် သူဟာ ဘယ်လိုခမ်းနားကြီးကျယ်ပြီး သဘောထားပြည့်ဝတဲ့နည်းပြလဲဆိုတာ နားလည်နိုင်မှာပါ” လို့ ဂျရတ်က သူနဲ့ဖာဂူဆန်ကြားက သိမ်မွေ့တဲ့ဆက်ဆံရေးအကြောင်းကို လူသိရှင်ကြား ဖော်ထုတ်ခဲ့ပါတယ်။

ဒီရာသီမှာ ရိန်းဂျားစ်နည်းပြအဖြစ် စကော့တလန်အမှတ်ပေးဖလားကို သိမ်းပိုက်ခဲ့လို့ လက်ခုပ်သံတွေ သိမ်းကျုံးနိုင်ခဲ့တဲ့ ဂျရတ်ဟာ ဆဲလ်တစ်အသင်းရဲ့ ၁၀ နှစ်ဆက်ချန်ပီယံဖြစ်လာမယ့် ကြီးစိုးမှုကို နန်းချခဲ့တာလည်းဖြစ်ပြီး တရာသီတွင်း ရှုံးပွဲမရှိချန်ပီယံ Invincible ဖြစ်လာဖို့လည်း လက်ကျန် ၂ ပွဲသာ ကစားရမယ့်အခြေအနေမှာ အတော့်ကိုနီးစပ်နေတာပါ။

ဒါ့အပြင် ဖာဂူဆန်အနေနဲ့ကလည်း ရိန်းဂျားစ်အသင်းရဲ့ ကစားသမားဟောင်းတဦးဖြစ်ခဲ့ဖူးပြီး သူ့အသင်းဟောင်းကို အောင်​မြင်မှုဆွတ်ခူးပေးခဲ့တဲ့ ဂျရတ်ရဲ့အလုပ်ကြိုးစားမှုဟာ အံ့မခန်းဖြစ်ကြောင်း ချီးကျူးခဲ့သလို သူဟာ သိပ်ကို တည်ကြည်မှုအပြည့်ရှိသလို ဆုံးဖြတ်ချက်တွေ တည်ငြိမ်သလို အနုပညာတရပ်လို ထိပ်တန်းနည်းပြဖြစ်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္ကစားသမားႀကီးစတီဗင္ ဂ်ရတ္ဟာ ေက်ာင္းေတာ္ကရန္စရွိတဲ့ မဟာၿပိဳင္ဘက္ ယူႏိုက္တက္နည္းျပဆာအဲလက္စ္ ဖာဂူဆန္နဲ႔ အာဃတေတြကို ေဘးခ်ိတ္ကာ ဆရာတင္ၿပီး အႀကံဥာဏ္ေတာင္းခဲ့လို႔ ဒီရာသီမွာ ရိန္းဂ်ားနည္းျပအျဖစ္ ေအာင္ျမင္ခဲ့ေၾကာင္း အတိအလင္းဝန္ခံသြားခဲ့ပါတယ္။

ရိန္းဂ်ားနဲ႔အတူ စေကာ့တလန္ပရီးမီးယားလိဂ္ဖလားကို နည္းျပဘဝ တာထြက္ရာသီမွာ ဆြတ္ခူးထားတဲ့ ဂ်ရတ္ဟာ စေကာ့တလန္ေဘာလုံးကေလာင္ရွင္မ်ားအသင္းရဲ႕ တႏွစ္တာအေကာင္းဆုံးနည္းျပဆုကို လက္ခံခဲ့တဲ့ အခမ္းအနားအၿပီး တဆက္တည္းမွာ သူ႔ေအာင္ျမင္မႈရဲ႕လွ်ိဳ႕ဝွက္ခ်​က္ကို ထုတ္ေဖာ္သြားခဲ့တာပါ။

” ခင္ဗ်ားတို႔ကို ကြၽန္​ေတာ္လွ်ိဳ႕ဝွက္ခ်က္တခု ေျပာျပမယ္။ ယူႏိုက္တက္ေဘာ့စ္ ဖာဂူဆန္နဲ႔ မၾကာခဏဖုန္းေျပာၿပီး ရိန္းဂ်ားစ္အသင္းကို ဘယ္လိုကိုင္တြယ္နည္းျပရမလဲဆိုတဲ့ အႀကံဥာဏ္ေတြ ယူခဲ့ရတယ္။ ကစားသမားဘဝက အနားယူၿပီးကတည္းက ကြၽန္ေတာ္တို႔ႏွစ္ဦးၾကားက အာဃတအျငႇိဳးေတြကို ေဘးခ်ိတ္ႏိုင္ခဲ့ၿပီးပါၿပီ ”

” သူက ကြၽန္ေတာ့္ေမးခြန္းေတြကို ပညာရွိကဝိတဆူလိုပဲ ေျဖၾကားခဲ့တယ္။ တခ်ိန္က်ရင္ေတာ့ သူနဲ႔ကြၽန္ေတာ္ ေကာ္ဖီအတူေသာက္ခ်င္ပါေသးတယ္။ သူကလည္း သေဘာတူပါတယ္။ တကယ္ဆို ကြၽန္ေတာ္တို႔က ၿပိဳင္ဘက္ေတြေလ။ သူ႔ဘက္ကၾကည့္ရင္ေတာ့ ေကာ္ဖီေသာက္ဖို႔ အခ်ိန္ေပးစရာေတာင္ မလိုတဲ့အရာပါ။ ”

” ဒါကိုသေဘာတူခဲ့တာကို ခင္ဗ်ားတို႔ျမင္ရင္ သူဟာ ဘယ္လိုခမ္းနားႀကီးက်ယ္ၿပီး သေဘာထားျပည့္ဝတဲ့နည္းျပလဲဆိုတာ နားလည္ႏိုင္မွာပါ” လို႔ ဂ်ရတ္က သူနဲ႔ဖာဂူဆန္ၾကားက သိမ္ေမြ႕တဲ့ဆက္ဆံေရးအေၾကာင္းကို လူသိရွင္ၾကား ေဖာ္ထုတ္ခဲ့ပါတယ္။

ဒီရာသီမွာ ရိန္းဂ်ားစ္နည္းျပအျဖစ္ စေကာ့တလန္အမွတ္ေပးဖလားကို သိမ္းပိုက္ခဲ့လို႔ လက္ခုပ္သံေတြ သိမ္းက်ဳံးႏိုင္ခဲ့တဲ့ ဂ်ရတ္ဟာ ဆဲလ္တစ္အသင္းရဲ႕ ၁၀ ႏွစ္ဆက္ခ်န္ပီယံျဖစ္လာမယ့္ ႀကီးစိုးမႈကို နန္းခ်ခဲ့တာလည္းျဖစ္ၿပီး တရာသီတြင္း ရႈံးပြဲမရွိခ်န္ပီယံ Invincible ျဖစ္လာဖို႔လည္း လက္က်န္ ၂ ပြဲသာ ကစားရမယ့္အေျခအေနမွာ အေတာ့္ကိုနီးစပ္ေနတာပါ။

ဒါ့အျပင္ ဖာဂူဆန္အေနနဲ႔ကလည္း ရိန္းဂ်ားစ္အသင္းရဲ႕ ကစားသမားေဟာင္းတဦးျဖစ္ခဲ့ဖူးၿပီး သူ႔အသင္းေဟာင္းကို ေအာင္​ျမင္မႈဆြတ္ခူးေပးခဲ့တဲ့ ဂ်ရတ္ရဲ႕အလုပ္ႀကိဳးစားမႈဟာ အံ့မခန္းျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့သလို သူဟာ သိပ္ကို တည္ၾကည္မႈအျပည့္ရွိသလို ဆုံးျဖတ္ခ်က္ေတြ တည္ၿငိမ္သလို အႏုပညာတရပ္လို ထိပ္တန္းနည္းျပျဖစ္လာခဲ့ျခင္းျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.