Match Report Premier League

အာဆင်နယ်မစွမ်း ဂျော်ဂျင်ညို”မ”လို့ စကားပုံပြောင်းပြီး ကမောက်ကမ ရှုံးပွဲနဲ့ ချဲလ်ဆီး

ဒီနေ့မှာ အာဆင်နယ်အသင်းရော ချဲလ်ဆီးအသင်းမှာပါ အပြောင်းအလဲတွေ မထပ်ရအောင်လုပ်ပြီး ပွဲထွက်လာခဲ့သလို ဆာကာကို ညာတောင်ပံ ခံစစ်နေရာမှာ သုံးခဲ့တဲ့ အာတီတာအတွက် အံ့ဩလို့ မဆုံးသေးချိန်မှာ တူဟယ်လ်ကလည်း ကစားပုံတူပြီး လေးတဲ့ ဂျော်ဂျင်ညိုကို ပျော့တဲ့ ဂီးလ်မိုးနဲ့ တွဲပြီး ပွဲထုတ်လာခဲ့ပါတယ်။

အမြဲတမ်း အန်ဂိုလို ကွန်တေရဲ့ ကစားအား၊ ဒါမှမဟုတ် ကိုဗာချစ်ရဲ့ လုပ်အားကို မှီခိုခဲ့တဲ့ ချဲလ်ဆီးဟာ ဒီနေ့မှာ သူတို့နှစ်ဦးစလုံး မပါဝင်ချိန်မှာ ရုန်းကန်ခဲ့ရပြီး အိမ်ကွင်းမှာ ကစားရပေမယ့် တိုက်စစ်ကို အကွက်ကျကျ မဖော်ဆောင်နိုင်ခဲ့သလို သုံးစားမရတဲ့ ချေးလ်ဝဲလ်နဲ့ ဦးနှောက်လေးတဲ့ ဇူးမားတို့ကြောင့် ဘယ်ခြမ်းပါ ပျက်ခဲ့ရချိန်မှာတော့ အာဆင်နယ်တို့အတွက် စိတ်သက်သာစရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ဂါဘရီယယ်လ်နောက်ပြန်ပေးတဲ့ ဘောလုံးကို ပါဘလို မာရီ ခြေလေးနေတာကြောင့် ဟာဗတ်ဇ်က ဖြတ်ယူသွားခဲ့ပြီး တစ်ကိုယ်တော် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးနိုင်ခဲ့မှုနဲ့အတူ ကန်ခွင့်ရခဲ့ပေမယ့် One-on-One အနေအထားမှာ စိတ်ကြိုက်ထောင့်ကို ရွေးကန်ရမယ့်အစား ကြုံသလို ကျော်ကန်ဖို့ လုပ်ခဲ့တာကြောင့် အဖိုးတန်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ ကိုယ့်ဘာသာကိုယ်ဆိုရင် ဘယ်လိုမှ ဂိုးသွင်းနိုင်ဖို့ မလွယ်တဲ့ အာဆင်နယ်တို့ ဂိုးစရခဲ့ပြီး ဂျော်ဂျင်ညိုရဲ့ ဂိုးသမား ဘယ်ရောက်နေသလဲ မကြည့်ဘဲ နောက်ပြန်ပေးလိုက်တဲ့ အမှားကနေ ကီပါ လိုက်ပြီး လက်နဲ့ မဖမ်းရတာကို စွန့်စားပုတ်ထုတ်ခဲ့ပေမယ့် အူဘာမီယန်းက လိုက်လံရယူပြီး ပြန်ချိုးပေးတာကို စမစ်ရိုးက ဘယ်ခြေနဲ့ ချိုးကန်ခဲ့ရာမှာ ဂိုးတိုင်ထောင့်ကို လိမ့်ကာလိမ့်ကာနဲ့ ကပ်ဝင်သွားခဲ့တာပါ။

အိုးနင်းခွက်နင်း လန်ဒန်ဒါဘီကတော့ ဝါရင့်ပရီးမီးယားလိဂ်ပရိသတ်တွေကို စိတ်ပျက်စေခဲ့သလို ပေးလိုက်ရတဲ့ ဂိုးကတော့ အရန် ဂိုးသမား ကီပါဟာ ဂိုးပေါက်မှာ ရှိသင့်တဲ့အချိန်မှာ ပြန်မဝင်ဘဲ ဘေးရောက်ရာမှာ မကြည့်ဘဲ နောက်ပြန်ပေးတဲ့ ဂျော်ဂျင်ညိုရဲ့ အပြစ်လည်း ဖြစ်ခဲ့ရတာပါ။ ဒီနေ့မှာ ကီပါဟာ ဂိုးပေါက်မှာ နေဖို့ထက် ခံစစ်သမားတွေ ဘောလုံးရရင် မလိုအပ်ဘဲ လိုက်လံရွေ့လျားနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာ ချဲလ်ဆီးတို့ လျှပ်တစ်ပြက် ထိုးဖောက်မှုကနေ အက်ဇ်ပီလီကွေတာ ထိုးပေးလိုက်တာကို ပူလီရှစ်ချ်က အတွင်းကို ချိုးပေးရာမှာ မေဆန်မောင့် ကန်သွင်းတဲ့ ဘောလုံးက ဟိုးလ်ဒင်းရဲ့ လက်နဲ့ ထိပြီး ပြန်ထွက်လာခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR က သက်ညှာသွားခဲ့လို့ အာဆင်နယ်တို့ သက်သာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ ဆာကာရဲ့ အမှားကနေ ချေးလ်ဝဲလ် ဘောလုံးပြန်ရသွားပြီး ဂိုးဧရိယာထဲက အနီးကပ် ချိုးပေးတာကို အာဆင်နယ်ခံစစ်က ပိတ်ဆို့သွားနိုင်ခဲ့လို့ ချေပဂိုးပေးရဖို့ ဝေးခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာတော့ တိုက်စစ်မကစားနိုင်တဲ့ ဧည့်သည်တွေက အလွဲလွဲအချော်ချော် အိမ်ရှင်တွေကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂီးလ်မိုးနေရာမှာ ဟဒ်ဆန်-အိုဒွိုင်း ဝင်လာခဲ့ပြီး မေဆန်မောင့်က ကွင်းလယ်ကို ပြောင်းကစားခဲ့ပေမယ့် အလုပ်မဖြစ်သလို အပြည့်အဝ အားမထုတ်တဲ့ ပူလီရှစ်ချ်၊ ပွဲပန်းနေပုံရတဲ့ ဟာဗတ်ဇ်နဲ့ သာမန်ပေးပို့မှုတွေနဲ့သာ အချိန်ကုန်နေခဲ့တဲ့ ကွင်းလယ်က အာဆင်နယ်တို့ကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့တာကို မြင်ခဲ့ရပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ထောင့်ကန်ဘောကို ယှဉ်လုကြပြီး ကျလာတဲ့ ဘောလုံးကို ပူလီရှစ်ချ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပြီး ကနဦးမှာ ဂိုးပေးလိုက်ခဲ့ပေမယ့် VAR မှာတော့ အာဆင်နယ်နောက်တန်းနဲ့ မထိဘဲ ချဲလ်ဆီးတိုက်စစ်မှူး ဟာဗတ်ဇ်နဲ့ ထိခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ စိုးရိမ်မှုတွေနဲ့ ကစားနေတဲ့ အာဆင်နယ်နောက်တန်းကို ထိုးဖောက်နိုင်ဖို့ ဟာဗတ်ဇ်နေရာမှာ ဂျီရူးကို တီမို ဗာနာအစား ထည့်လိုက်တဲ့ တူဟယ်လ်ရဲ့ အပြောင်းအလဲကတော့ ပိုမိုစိတ်ပျက်စရာဖြစ်ခဲ့ပြီး လှုပ်လှုပ်ရှားရှားလုပ်နိုင်ရမယ့်အချိန်မှာ လေးလေးပင်ပင်နဲ့ပဲ တိုက်စစ်က ပိုထူးမလာခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဇီးယက်ရှ်ကို ထည့်ခဲ့လို့ Inverted Winger အနေနဲ့ ချဲလ်ဆီးတို့ ဂိုးတွေ မြင်ရတော့မယ်လို့ ထင်ခဲ့ပေမယ့် အလယ်မှာ ဘောလုံးပေးဖို့ပဲ တာဝန်ချခဲ့တာက ဒီပွဲကို အဆုံးသတ်သွားစေခဲ့ပြီး ဒီကြားထဲက အခွင့်အရေးနှစ်ကြိမ်မှာ ဇူးမားရဲ့ ခေါင်းတိုက်ချက်ကို လီနို ပုတ်ထုတ်တဲ့ ဘောလုံးကို ဂျီရူး ထပ်ပိတ်ခဲ့ပေမယ့် ဘားထိပြီးပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့အတွက် အဆင့် ၅ က ဝက်စ်ဟမ်းတို့နဲ့ အမှတ်ကွာနေတာကြောင့် ကြီးကြီးမားမား ထိခိုက်ခဲ့ခြင်း မရှိပေမယ့် လက်စတာဆီက အဆင့် ၃ ကို ပြန်မယူနိုင်ဘဲ လက်လွှတ်ခဲ့ရသလို အာဆင်နယ်တို့ကတော့ အဲဗာတန်ထက် နှစ်ပွဲပိုကစားပြီး အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔မွာ အာဆင္နယ္အသင္းေရာ ခ်ဲလ္ဆီးအသင္းမွာပါ အေျပာင္းအလဲေတြ မထပ္ရေအာင္လုပ္ၿပီး ပြဲထြက္လာခဲ့သလို ဆာကာကို ညာေတာင္ပံ ခံစစ္ေနရာမွာ သုံးခဲ့တဲ့ အာတီတာအတြက္ အံ့ဩလို႔ မဆုံးေသးခ်ိန္မွာ တူဟယ္လ္ကလည္း ကစားပုံတူၿပီး ေလးတဲ့ ေဂ်ာ္ဂ်င္ညိဳကို ေပ်ာ့တဲ့ ဂီးလ္မိုးနဲ႔ တြဲၿပီး ပြဲထုတ္လာခဲ့ပါတယ္။

အၿမဲတမ္း အန္ဂိုလို ကြန္ေတရဲ႕ ကစားအား၊ ဒါမွမဟုတ္ ကိုဗာခ်စ္ရဲ႕ လုပ္အားကို မွီခိုခဲ့တဲ့ ခ်ဲလ္ဆီးဟာ ဒီေန႔မွာ သူတို႔ႏွစ္ဦးစလုံး မပါဝင္ခ်ိန္မွာ ႐ုန္းကန္ခဲ့ရၿပီး အိမ္ကြင္းမွာ ကစားရေပမယ့္ တိုက္စစ္ကို အကြက္က်က် မေဖာ္ေဆာင္ႏိုင္ခဲ့သလို သုံးစားမရတဲ့ ေခ်းလ္ဝဲလ္နဲ႔ ဦးေႏွာက္ေလးတဲ့ ဇူးမားတို႔ေၾကာင့္ ဘယ္ျခမ္းပါ ပ်က္ခဲ့ရခ်ိန္မွာေတာ့ အာဆင္နယ္တို႔အတြက္ စိတ္သက္သာစရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ဂါဘရီယယ္လ္ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ပါဘလို မာရီ ေျခေလးေနတာေၾကာင့္ ဟာဗတ္ဇ္က ျဖတ္ယူသြားခဲ့ၿပီး တစ္ကိုယ္ေတာ္ လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးႏိုင္ခဲ့မႈနဲ႔အတူ ကန္ခြင့္ရခဲ့ေပမယ့္ One-on-One အေနအထားမွာ စိတ္ႀကိဳက္ေထာင့္ကို ေ႐ြးကန္ရမယ့္အစား ႀကဳံသလို ေက်ာ္ကန္ဖို႔ လုပ္ခဲ့တာေၾကာင့္ အဖိုးတန္အခြင့္အေရး ဆုံးရႈံးခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ကိုယ့္ဘာသာကိုယ္ဆိုရင္ ဘယ္လိုမွ ဂိုးသြင္းႏိုင္ဖို႔ မလြယ္တဲ့ အာဆင္နယ္တို႔ ဂိုးစရခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳရဲ႕ ဂိုးသမား ဘယ္ေရာက္ေနသလဲ မၾကည့္ဘဲ ေနာက္ျပန္ေပးလိုက္တဲ့ အမွားကေန ကီပါ လိုက္ၿပီး လက္နဲ႔ မဖမ္းရတာကို စြန႔္စားပုတ္ထုတ္ခဲ့ေပမယ့္ အူဘာမီယန္းက လိုက္လံရယူၿပီး ျပန္ခ်ိဳးေပးတာကို စမစ္႐ိုးက ဘယ္ေျခနဲ႔ ခ်ိဳးကန္ခဲ့ရာမွာ ဂိုးတိုင္ေထာင့္ကို လိမ့္ကာလိမ့္ကာနဲ႔ ကပ္ဝင္သြားခဲ့တာပါ။

အိုးနင္းခြက္နင္း လန္ဒန္ဒါဘီကေတာ့ ဝါရင့္ပရီးမီးယားလိဂ္ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့သလို ေပးလိုက္ရတဲ့ ဂိုးကေတာ့ အရန္ ဂိုးသမား ကီပါဟာ ဂိုးေပါက္မွာ ရွိသင့္တဲ့အခ်ိန္မွာ ျပန္မဝင္ဘဲ ေဘးေရာက္ရာမွာ မၾကည့္ဘဲ ေနာက္ျပန္ေပးတဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ အျပစ္လည္း ျဖစ္ခဲ့ရတာပါ။ ဒီေန႔မွာ ကီပါဟာ ဂိုးေပါက္မွာ ေနဖို႔ထက္ ခံစစ္သမားေတြ ေဘာလုံးရရင္ မလိုအပ္ဘဲ လိုက္လံေ႐ြ႕လ်ားေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာ ခ်ဲလ္ဆီးတို႔ လွ်ပ္တစ္ျပက္ ထိုးေဖာက္မႈကေန အက္ဇ္ပီလီေကြတာ ထိုးေပးလိုက္တာကို ပူလီရွစ္ခ်္က အတြင္းကို ခ်ိဳးေပးရာမွာ ေမဆန္ေမာင့္ ကန္သြင္းတဲ့ ေဘာလုံးက ဟိုးလ္ဒင္းရဲ႕ လက္နဲ႔ ထိၿပီး ျပန္ထြက္လာခဲ့ေပမယ့္ ဒိုင္လူႀကီးနဲ႔ VAR က သက္ညႇာသြားခဲ့လို႔ အာဆင္နယ္တို႔ သက္သာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ ဆာကာရဲ႕ အမွားကေန ေခ်းလ္ဝဲလ္ ေဘာလုံးျပန္ရသြားၿပီး ဂိုးဧရိယာထဲက အနီးကပ္ ခ်ိဳးေပးတာကို အာဆင္နယ္ခံစစ္က ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ ေခ်ပဂိုးေပးရဖို႔ ေဝးခဲ့ရတာျဖစ္ၿပီး ပထမပိုင္းမွာေတာ့ တိုက္စစ္မကစားႏိုင္တဲ့ ဧည့္သည္ေတြက အလြဲလြဲအေခ်ာ္ေခ်ာ္ အိမ္ရွင္ေတြကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဂီးလ္မိုးေနရာမွာ ဟဒ္ဆန္-အိုဒြိဳင္း ဝင္လာခဲ့ၿပီး ေမဆန္ေမာင့္က ကြင္းလယ္ကို ေျပာင္းကစားခဲ့ေပမယ့္ အလုပ္မျဖစ္သလို အျပည့္အဝ အားမထုတ္တဲ့ ပူလီရွစ္ခ်္၊ ပြဲပန္းေနပုံရတဲ့ ဟာဗတ္ဇ္နဲ႔ သာမန္ေပးပို႔မႈေတြနဲ႔သာ အခ်ိန္ကုန္ေနခဲ့တဲ့ ကြင္းလယ္က အာဆင္နယ္တို႔ကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ခဲ့တာကို ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ေထာင့္ကန္ေဘာကို ယွဥ္လုၾကၿပီး က်လာတဲ့ ေဘာလုံးကို ပူလီရွစ္ခ်္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့ၿပီး ကနဦးမွာ ဂိုးေပးလိုက္ခဲ့ေပမယ့္ VAR မွာေတာ့ အာဆင္နယ္ေနာက္တန္းနဲ႔ မထိဘဲ ခ်ဲလ္ဆီးတိုက္စစ္မႉး ဟာဗတ္ဇ္နဲ႔ ထိခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာ စိုးရိမ္မႈေတြနဲ႔ ကစားေနတဲ့ အာဆင္နယ္ေနာက္တန္းကို ထိုးေဖာက္ႏိုင္ဖို႔ ဟာဗတ္ဇ္ေနရာမွာ ဂ်ီ႐ူးကို တီမို ဗာနာအစား ထည့္လိုက္တဲ့ တူဟယ္လ္ရဲ႕ အေျပာင္းအလဲကေတာ့ ပိုမိုစိတ္ပ်က္စရာျဖစ္ခဲ့ၿပီး လႈပ္လႈပ္ရွားရွားလုပ္ႏိုင္ရမယ့္အခ်ိန္မွာ ေလးေလးပင္ပင္နဲ႔ပဲ တိုက္စစ္က ပိုထူးမလာခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဇီးယက္ရွ္ကို ထည့္ခဲ့လို႔ Inverted Winger အေနနဲ႔ ခ်ဲလ္ဆီးတို႔ ဂိုးေတြ ျမင္ရေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္ အလယ္မွာ ေဘာလုံးေပးဖို႔ပဲ တာဝန္ခ်ခဲ့တာက ဒီပြဲကို အဆုံးသတ္သြားေစခဲ့ၿပီး ဒီၾကားထဲက အခြင့္အေရးႏွစ္ႀကိမ္မွာ ဇူးမားရဲ႕ ေခါင္းတိုက္ခ်က္ကို လီႏို ပုတ္ထုတ္တဲ့ ေဘာလုံးကို ဂ်ီ႐ူး ထပ္ပိတ္ခဲ့ေပမယ့္ ဘားထိၿပီးပဲ ေက်နပ္ခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔အတြက္ အဆင့္ ၅ က ဝက္စ္ဟမ္းတို႔နဲ႔ အမွတ္ကြာေနတာေၾကာင့္ ႀကီးႀကီးမားမား ထိခိုက္ခဲ့ျခင္း မရွိေပမယ့္ လက္စတာဆီက အဆင့္ ၃ ကို ျပန္မယူႏိုင္ဘဲ လက္လႊတ္ခဲ့ရသလို အာဆင္နယ္တို႔ကေတာ့ အဲဗာတန္ထက္ ႏွစ္ပြဲပိုကစားၿပီး အဆင့္ ၈ ေနရာကို တက္လွမ္းႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.