Bundesliga Premier League

ရီးရဲလ္မက္ဒရစ္ကို ေစာင့္ဖို႔ သိပ္စိတ္မရွည္ေတာ့တဲ့ ေနာက္ခံလူကို ခ်ဲလ္ဆီး ခ်ဥ္းကပ္ေန

ရီးရဲလ္မက္ဒရစ္အသင္းကေန ေဒါ့မြန္အသင္းဆီ အငွားခ်ထားၿပီး ေျခစြမ္းျပသေနႏုိင္တဲ့ လူငယ္ေတာင္ပံခံစစ္မွဴး အက္ရွရက္ဖ္ ဟာကီမီကို အသင္းရဲ႕ အားနည္းေနတဲ့ ေနာက္တန္းေတာင္ပံေတြအတြက္ ေခၚယူသြားဖို႔ ခ်ဲလ္ဆီးအသင္းက ခ်ဥ္းကပ္ေဆြးေႏြးဖို႔ ႀကဳိးစားေနေၾကာင္း သိရပါတယ္။

လ်င္ျမန္တဲ့ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဟာကီမီဟာ ညာေနာက္ခံလူအျဖစ္ ကစားသမားဘဝကို စတင္ခဲ့ေပမယ့္ သူ႕ရဲ႕ နည္းစနစ္ပုိင္းနဲ႔ ေဘာလုံးကၽြမ္းက်င္မွဳပုိင္းအရ ဘယ္ေနာက္ခံလူ၊ ကြင္းလယ္ဘယ္ျခမ္းနဲ႔ ညာျခမ္းေတြမွာပါ ကစားခဲ့ရသလို ေဒါ့မြန္အသင္းမွာ ေျခစြမ္း ျပသေနႏုိင္သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဘယ္လုိမွ အံမဝင္တဲ့ ဘယ္ေတာင္ပံခံစစ္သမားေတြကို ေရာင္းခ်သြားၿပီး ျပန္လည္အစားထိုးဖို႔ ေဆာင္ရြက္ေနရာမွာ ဦးစားေပးပစ္မွတ္ ဘန္ေခ်းလ္ဝဲလ္ကို ရရွိဖို႔ ခက္ခဲေနတာေၾကာင့္ အသက္ ၂၁ ႏွစ္အရြယ္ ေမာ္႐ိုကိုကစားသမားဘက္ကို လွည့္လာခဲ့တာလည္း ျဖစ္ပါတယ္။

ဟာကီမီကေတာ့ အငွားထြက္ကစားခဲ့ရတဲ့ေနာက္ပုိင္း သူ႕အေနနဲ႔ ရာသီကုန္ဆုံးတုိင္းမွာ ရီးရဲလ္မက္ဒရစ္ဆီက ျပန္ေခၚမလားဆုိတဲ့ အသံကို ေစာင့္စားေလ့ရွိေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ဘာမွျဖစ္မလာခဲ့ဘူးလို႔လည္း စိတ္ပ်က္တဲ့ အမူအရာနဲ႔ ေျပာသြားခဲ့ၿပီး ဒါဟာ အသင္းဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ လူမ်ဳိးေရးခြဲျခားတတ္တယ္လုိ႔ မၾကာခဏ ၾကားေနရတဲ့ ေကာလဟာလေတြနဲ႔ေတာ့ ဆက္စပ္စဥ္းစားခ်င္စရာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ကေတာ့ ဟာကီမီကို အထြန္းေတာက္ဆုံး လူငယ္တစ္ဦးကို ရရွိခဲ့မယ္ဆုိရင္ ႀကီးမားတဲ့ အားျဖည့္မွဳျဖစ္လာႏုိင္ၿပီး နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ လူငယ္ဦးစားေပးေပၚလစီမွာ ေတာက္ပႏုိင္ဖို႔အတြက္ အနည္းဆုံး ယူ႐ုိသန္း ၅၀ ေတာ့ ေပးေခ်ေခၚယူရႏုိင္တယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းကနေ ဒေါ့မွန်အသင်းဆီ အငှားချထားပြီး ခြေစွမ်းပြသနေနိုင်တဲ့ လူငယ်တောင်ပံခံစစ်မှူး အက်ရှရက်ဖ် ဟာကီမီကို အသင်းရဲ့ အားနည်းနေတဲ့ နောက်တန်းတောင်ပံတွေအတွက် ခေါ်ယူသွားဖို့ ချဲလ်ဆီးအသင်းက ချဉ်းကပ်ဆွေးနွေးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

လျင်မြန်တဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဟာကီမီဟာ ညာနောက်ခံလူအဖြစ် ကစားသမားဘဝကို စတင်ခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ ဘောလုံးကျွမ်းကျင်မှုပိုင်းအရ ဘယ်နောက်ခံလူ၊ ကွင်းလယ်ဘယ်ခြမ်းနဲ့ ညာခြမ်းတွေမှာပါ ကစားခဲ့ရသလို ဒေါ့မွန်အသင်းမှာ ခြေစွမ်း ပြသနေနိုင်သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ဘယ်လိုမှ အံမဝင်တဲ့ ဘယ်တောင်ပံခံစစ်သမားတွေကို ရောင်းချသွားပြီး ပြန်လည်အစားထိုးဖို့ ဆောင်ရွက်နေရာမှာ ဦးစားပေးပစ်မှတ် ဘန်ချေးလ်ဝဲလ်ကို ရရှိဖို့ ခက်ခဲနေတာကြောင့် အသက် ၂၁ နှစ်အရွယ် မော်ရိုကိုကစားသမားဘက်ကို လှည့်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဟာကီမီကတော့ အငှားထွက်ကစားခဲ့ရတဲ့နောက်ပိုင်း သူ့အနေနဲ့ ရာသီကုန်ဆုံးတိုင်းမှာ ရီးရဲလ်မက်ဒရစ်ဆီက ပြန်ခေါ်မလားဆိုတဲ့ အသံကို စောင့်စားလေ့ရှိပေမယ့် လက်ရှိအချိန်အထိတော့ ဘာမှဖြစ်မလာခဲ့ဘူးလို့လည်း စိတ်ပျက်တဲ့ အမူအရာနဲ့ ပြောသွားခဲ့ပြီး ဒါဟာ အသင်းဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ လူမျိုးရေးခွဲခြားတတ်တယ်လို့ မကြာခဏ ကြားနေရတဲ့ ကောလဟာလတွေနဲ့တော့ ဆက်စပ်စဉ်းစားချင်စရာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ကတော့ ဟာကီမီကို အထွန်းတောက်ဆုံး လူငယ်တစ်ဦးကို ရရှိခဲ့မယ်ဆိုရင် ကြီးမားတဲ့ အားဖြည့်မှုဖြစ်လာနိုင်ပြီး နည်းပြ ဖရန့် လမ်းပတ်ရဲ့ လူငယ်ဦးစားပေးပေါ်လစီမှာ တောက်ပနိုင်ဖို့အတွက် အနည်းဆုံး ယူရိုသန်း ၅၀ တော့ ပေးချေခေါ်ယူရနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.