La Liga Premier League

အာတီတာနဲ့ ဇီဒန်းတို့ရဲ့ အကြံအစည်တွေကြား အပြောင်းအရွှေ့တွေ ရှိလာမလား



ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကတော့ အူဘာမီယန်းကို စိတ်ဝင်စားတာမှန်ပေမယ့် ဦးစားပေးပစ်မှတ်တော့ မဟုတ်ဘူးလို့ ပြောကြားခဲ့တာကတော့ သူ့ရဲ့ အသက်အရွယ်ကြောင့်လို့ ဆိုရမှာဖြစ်ပြီး သဘာဝကျတဲ့ စကားဖြစ်နေသလို အာတီတာကတော့ အာဆင်နယ်ကို ရီးရဲလ်မှာ ရုန်းကန်နေရတဲ့ လူကာ ယိုဗစ်ခ်ျအတွက် အရှိန်မြှင့်ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဖို့ ခက်ခဲနေတဲ့ အူဘာမီယန်းကို အကျိုးအမြတ်ရှိနိုင်မယ့်အပြင် ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးမှာ မဟုတ်တဲ့ အသင်းတစ်သင်းဆီ ရောင်းချသွားဖို့ စီစဉ်နေသလို ရီးရဲလ်ဘက်ကလည်း ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်ခ်ျကို အသင်းနဲ့ အံမဝင်လို့ ရောင်းထုတ်ချင်နေချိန်မှာတော့ ဒီနှစ်သင်းကြားမှာ သဘောတူညီမှုတစ်ခုရှိလာဖို့ များနေပါတယ်။

အူဘာမီယန်းအတွက် ပေါင်သန်း ၈၀ အောက် သဘောတူညီမှုကို ဒီနှစ်သင်းကြားမှာ ရယူသွားနိုင်ဖွယ်ရှိပြီး ဖရန့်ဖတ်မှာတုန်းက ပြသထားတဲ့ ယိုဗစ်ခ်ျရဲ့ ခြေစွမ်းကို သဘောကျခဲ့တဲ့ အာဆင်နယ်အနေနဲ့ ဒီတစ်ခါမှာ အသင်းနှစ်သင်းကြား ငွေကုန်ကြေးကျ သိပ်မရှိဘဲ အလဲအထပ်သဘောမျိုး ဖြစ်သွားနိုင်ကြောင်းလည်း အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: THE SUN
SPORTS A2Z.

UNICODE: အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းတို့ရဲ့ နွေရာသီအတွက် ကြိုတင်ကြံစည်နေကြတဲ့ ရွှေ့ကွက်တွေကြောင့် အသင်းနှစ်သင်းကြားမှာ တိုက်စစ်မှူးတွေ အပြောင်းအရွှေ့ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရဖို့ ရှိနေပြီး နှစ်သင်းစလုံးအတွက် Win-Win Situation ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။

အရင်လို ပိုက်ဆံမပေါတော့ဘဲ နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာကြောင့် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းရဲ့ နူးကမ့်ရောက်နိုင်ခြေက လျော့ကျနေခဲ့သလို ကာတာလန်အသင်းဘက်က ပြန်လည်ရရှိနိုင်တဲ့ ကစားသမားတွေကလည်း ဒဏ်ရာရာဇဝင် တော်တော်လေးဆိုးရွားသူတွေဖြစ်နေတာကြောင့် အာဆင်နယ်-ဘာစီလိုနာ ဆက်ဆံရေးဟာ ဒီနှစ်မှာတော့ မဖြစ်နိုင်ဖို့ များလာပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကတော့ အူဘာမီယန်းကို စိတ်ဝင်စားတာမှန်ပေမယ့် ဦးစားပေးပစ်မှတ်တော့ မဟုတ်ဘူးလို့ ပြောကြားခဲ့တာကတော့ သူ့ရဲ့ အသက်အရွယ်ကြောင့်လို့ ဆိုရမှာဖြစ်ပြီး သဘာဝကျတဲ့ စကားဖြစ်နေသလို အာတီတာကတော့ အာဆင်နယ်ကို ရီးရဲလ်မှာ ရုန်းကန်နေရတဲ့ လူကာ ယိုဗစ်ချ်အတွက် အရှိန်မြှင့်ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဖို့ ခက်ခဲနေတဲ့ အူဘာမီယန်းကို အကျိုးအမြတ်ရှိနိုင်မယ့်အပြင် ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးမှာ မဟုတ်တဲ့ အသင်းတစ်သင်းဆီ ရောင်းချသွားဖို့ စီစဉ်နေသလို ရီးရဲလ်ဘက်ကလည်း ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်ချ်ကို အသင်းနဲ့ အံမဝင်လို့ ရောင်းထုတ်ချင်နေချိန်မှာတော့ ဒီနှစ်သင်းကြားမှာ သဘောတူညီမှုတစ်ခုရှိလာဖို့ များနေပါတယ်။

အူဘာမီယန်းအတွက် ပေါင်သန်း ၈၀ အောက် သဘောတူညီမှုကို ဒီနှစ်သင်းကြားမှာ ရယူသွားနိုင်ဖွယ်ရှိပြီး ဖရန့်ဖတ်မှာတုန်းက ပြသထားတဲ့ ယိုဗစ်ချ်ရဲ့ ခြေစွမ်းကို သဘောကျခဲ့တဲ့ အာဆင်နယ်အနေနဲ့ ဒီတစ်ခါမှာ အသင်းနှစ်သင်းကြား ငွေကုန်ကြေးကျ သိပ်မရှိဘဲ အလဲအထပ်သဘောမျိုး ဖြစ်သွားနိုင်ကြောင်းလည်း အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.