Premier League

ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တုိ႔ဟာ အေကာင္းဆုံးကြင္းလယ္အတြဲျဖစ္လာမယ္လို႔ ပီတစ္ေျပာၾကား

မိုနာကို၊ အာဆင္နယ္၊ ဘာစီလိုနာနဲ႔ ခ်ဲလ္ဆီးအသင္းကြင္းလယ္လူေဟာင္း အီမန္ညဴယယ္ ပီတစ္က ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ အေကာင္းဆုံးကြင္းလယ္အတြဲအဖက္အျဖစ္ ေအာင္ျမင္လာလိမ့္မယ္လို႔ ေထာက္ခံေျပာၾကားလုိက္ပါတယ္။

နည္းျပ ေမာ္ရင္ညဳိနဲ႔ ျပႆနာမျဖစ္ပြားခင္အထိ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာဟာ ယူႏုိက္တက္မွာ ေတာက္ေလွ်ာက္ေျခစြမ္းျပခဲ့သူျဖစ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကလည္း အသင္းကို ေရာက္လာကတည္းက အေကာင္းဆုံး ပုံစံနဲ႔ ဦးေဆာင္ေနႏုိင္တဲ့အတြက္ လူေတြက သူတုိ႔ႏွစ္ေယာက္စလုံးရဲ႕ အေကာင္းဆုံးပုံစံေတြကို ေမွ်ာ္လင့္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

ပီတစ္က ဖာနန္ဒက္စ္ကိုေတာ့ ဒီႏွစ္ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေခၚယူမွဳလို႔ နာမည္တပ္လိုက္ၿပီး ေမရာစပုိ႔စ္ကို ေျပာၾကားရာမွာေတာ့ “သူက အသင္းအတြက္ ႀကီးမားတဲ့ အားျဖည့္မွဳျဖစ္လာတာပါ။ သူ႕ပုံစံကို ၾကည့္ရတာ အသင္းမွာ ႏွစ္လပဲ ရွိေသးတယ္လို႔ မထင္ရဘဲ ေျခာက္ႏွစ္ေလာက္ ကစားၿပီး ထားပုံနဲ႔ တူၿပီး အသင္းရဲ႕ စိတ္ဓာတ္ပုိင္းကိုပါ ေျပာင္းလဲေပးႏုိင္ခဲ့တာပါ။ ဒီလိုမ်ဳိးကိစၥကို ရာသီဝက္မွာ လူသစ္တစ္ေယာက္က လုပ္ေဆာင္ေပးႏုိင္ခဲ့တယ္ဆိုတာ ယုံဖို႔ေတာင္ ခက္ပါတယ္”လုိ႔ ခ်ီးက်ဴးသြားပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အသင္းရဲ႕ တုိက္စစ္မွဴးေတြေနာက္မွာ ေျခစြမ္းျပေနႏုိင္သူျဖစ္ၿပီး အေကာင္းဆုံးကို ေမွ်ာ္လင့္ေနတဲ့ ပရိသတ္ေတြကေတာ့ ေပါ့ဘာကို Deep-lying ကြင္းလယ္လူအျဖစ္ သူသေဘာက်တဲ့ ကစားပုံမွာ အေဝးအနီးေပးပုိ႔မွဳေတြနဲ႔ ပြဲရွိန္ကို ထိန္းခ်ဳပ္ရင္း ေနာက္ကေန ပံ့ပုိးေပးသြားႏိုင္ရင္ ယူႏုိက္တက္အတြက္ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

သူ႕ရဲ႕ ေအးဂ်င့္ကို အသံတိတ္ေအာင္ လုပ္ထားႏုိင္ခဲ့မယ္ဆုိရင္ ယူႏုိက္တက္ ပရိသတ္ေတြအေနနဲ႔ ေပါ့ဘာကို ဖိအားေပးဖို႔ မရွိႏုိင္ဘဲ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မတူညီတဲ့ ကြင္းလယ္ထိန္းခ်ဳပ္မွဳေတြနဲ႔ ကစားသမားေကာင္းေတြကိုပါ ထပ္ၿပီးေပါင္းထည့္ႏုိင္ရင္ မေဝးလွတဲ့ ကာလမွာ ျပန္လည္အင္အားႀကီးမားလာဖို႔ ရွိေနတယ္လို႔ ပီတစ္အျပင္ ကၽြမ္းက်င္သူတခ်ဳိ႕ကလည္း သုံးသပ္ထားခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: MIRROR SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မိုနာကို၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းကွင်းလယ်လူဟောင်း အီမန်ညူယယ် ပီတစ်က ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးကွင်းလယ်အတွဲအဖက်အဖြစ် အောင်မြင်လာလိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

နည်းပြ မော်ရင်ညိုနဲ့ ပြဿနာမဖြစ်ပွားခင်အထိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်မှာ တောက်လျှောက်ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်ကလည်း အသင်းကို ရောက်လာကတည်းက အကောင်းဆုံး ပုံစံနဲ့ ဦးဆောင်နေနိုင်တဲ့အတွက် လူတွေက သူတို့နှစ်ယောက်စလုံးရဲ့ အကောင်းဆုံးပုံစံတွေကို မျှော်လင့်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

ပီတစ်က ဖာနန်ဒက်စ်ကိုတော့ ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ နာမည်တပ်လိုက်ပြီး မေရာစပို့စ်ကို ပြောကြားရာမှာတော့ “သူက အသင်းအတွက် ကြီးမားတဲ့ အားဖြည့်မှုဖြစ်လာတာပါ။ သူ့ပုံစံကို ကြည့်ရတာ အသင်းမှာ နှစ်လပဲ ရှိသေးတယ်လို့ မထင်ရဘဲ ခြောက်နှစ်လောက် ကစားပြီး ထားပုံနဲ့ တူပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းကိုပါ ပြောင်းလဲပေးနိုင်ခဲ့တာပါ။ ဒီလိုမျိုးကိစ္စကို ရာသီဝက်မှာ လူသစ်တစ်ယောက်က လုပ်ဆောင်ပေးနိုင်ခဲ့တယ်ဆိုတာ ယုံဖို့တောင် ခက်ပါတယ်”လို့ ချီးကျူးသွားပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းရဲ့ တိုက်စစ်မှူးတွေနောက်မှာ ခြေစွမ်းပြနေနိုင်သူဖြစ်ပြီး အကောင်းဆုံးကို မျှော်လင့်နေတဲ့ ပရိသတ်တွေကတော့ ပေါ့ဘာကို Deep-lying ကွင်းလယ်လူအဖြစ် သူသဘောကျတဲ့ ကစားပုံမှာ အဝေးအနီးပေးပို့မှုတွေနဲ့ ပွဲရှိန်ကို ထိန်းချုပ်ရင်း နောက်ကနေ ပံ့ပိုးပေးသွားနိုင်ရင် ယူနိုက်တက်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

သူ့ရဲ့ အေးဂျင့်ကို အသံတိတ်အောင် လုပ်ထားနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက် ပရိသတ်တွေအနေနဲ့ ပေါ့ဘာကို ဖိအားပေးဖို့ မရှိနိုင်ဘဲ ဘရူနို ဖာနန်ဒက်စ်နဲ့ မတူညီတဲ့ ကွင်းလယ်ထိန်းချုပ်မှုတွေနဲ့ ကစားသမားကောင်းတွေကိုပါ ထပ်ပြီးပေါင်းထည့်နိုင်ရင် မဝေးလှတဲ့ ကာလမှာ ပြန်လည်အင်အားကြီးမားလာဖို့ ရှိနေတယ်လို့ ပီတစ်အပြင် ကျွမ်းကျင်သူတချို့ကလည်း သုံးသပ်ထားခဲ့ကြကြောင်း သိရှိရပါတယ်။

REF: MIRROR SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.