Premier League Transfer News

11 May နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အမှားတွေ များနေခဲ့တဲ့ ဂိုးသမား ဘန်းဒ် လီနိုကို ရောင်းချဖို့ သေချာနေပြီဖြစ်ပြီး ဥရောပပြိုင်ပွဲ ကစားခွင့် မရှိတော့တဲ့ အသင်းမှာ ဂျာမန်သားလို လက်ရွေးစင်တစ်ဦးကို ထိန်းသိမ်းဖို့ အခက်အခဲရှိလာမှုနဲ့အတူ လက်စွမ်းကိုလည်း သဘောမကျတော့တာကြောင့် နွေရာသီမှာ ထွက်ခွင့်ပေးဖွယ်ရှိနေ။

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေပေမယ့် ဥရောပအသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူနိုင်မယ်လို့ ပရိသတ်တွေက ယုံကြည်မှု မရှိတဲ့ ရင်းနေးကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါအတွက် ပေါင် ၄၅ သန်း အနည်းဆုံးကျသင့်မှာဖြစ်ကြောင်း အေးဂျင့်ဖြစ်သူက သတိပေးသွားခဲ့။

– ဘီဘီစီရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂယ်ရက်သ် ခရုခ်က မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေအနေနဲ့ လူငယ် တောင်ပံကစားသမား ဘူကာယို ဆာကာကို ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်နေကြ။

– အာဆင်နယ်အသင်းရဲ့ ၂၅ နှစ်အတွင်း ဥရောပအဆင့်မှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကစားဖို့ မပြောနဲ့၊ ယူရိုပါလိဂ်တောင် မဝင်တော့တဲ့ အခြေအနေမှာ ကစားသမားကောင်းတွေကို ငွေနဲ့ကြေးနဲ့ မက်လုံးပေးနိုင်မှု မရှိရင် လာမယ့်နွေရာသီမှာ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ကြ။

– လာမယ့်ရာသီမှာ ဥရောပပွဲတွေ မကစားရတဲ့ အသင်းအတွက် မက်တီယို ဂန်ဒူဇီဟာ အဓိကနေရာက ထောက်တိုင်တစ်ဦးဖြစ်လာမယ်လို့ ပရိသတ်တွေ ထင်မြင်နေကြပြီး မာဆေးလ်အသင်းရဲ့ စိတ်ဝင်စားမှုပြသလာခဲ့ခြင်းအပေါ် သဘောမကျဘဲ ဈေးကွက်ပေါက်ဈေးမရရင် လက်မလွှတ်ဖို့ တာဝန်ရှိသူတွေကို သတိပေးထား။

– အာဆင်နယ်အသင်းအနေနဲ့ လက်ရှိကစားသမားအိုတွေနဲ့ ခြေစွမ်းမပြနိုင်ကြသူတွေကို ရှင်းထုတ်ပြီး ကီရန် တီယာနီ၊ အီမီးလ် စမစ်ရိုးနဲ့ ဘူကာယို ဆာကာတို့ သုံးဦးကို အခြေခံတဲ့ ပြောင်းလဲမှုတစ်ခုကို စတင်ဆောင်ရွက်သင့်ပြီဖြစ်ပြီး ဥရောပမဝင်တဲ့ အနေအထားမှာ ဒီလိုမျိုး လုပ်ဆောင်ဖို့ အခြေအနေအပေးဆုံးဖြစ်ကြောင်း ရီယို ဖာဒီနန်က ထောက်ခံခဲ့သလို ဝီလော့ခ်မှာလည်း အနာဂတ်ရှိကြောင်း ဆိုသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်က ထွက်ခွာခဲ့ရပြီး ခြေစွမ်းကျဆင်းနေမှုအပေါ် လျှော့မတွက်ကြဖို့နဲ့ ဒီအသင်းဟာ သူတို့ကို လာမယ့် လန်ဒန်ဒါဘီမှာ အန္တရာယ်ကြီးကြီးမားမား ပေးစွမ်းနိုင်တယ်လို့ ပွဲမတိုင်ခင်မှာ ချဲလ်ဆီးတိုက်စစ်မှူး ခိုင် ဟာဗတ်ဇ်က အသင်းဖော်တွေကို သတိပေးသွားခဲ့။

– နယူးကာဆယ်လ်အသင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူခဲ့ပြီးတဲ့နောက် နည်းပြ စတိဗ် ဘရုစ်ရဲ့ အလိုအပ်ဆုံးကစားသမားဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူလိုတဲ့ အစီအစဉ်အတွက် အားတက်စရာအဖြစ် နည်းပြ အာတီတာဘက်က ရောင်းချမယ့်သဘော အရိပ်အမြွက်ဆိုသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းကို လာမယ့် နွေရာသီမှာ အင်အားဖြည့်တင်းသွားဖွယ်ရှိနေပြီး အလက်ဇန်းဒါး လာကာဇက်ကို ရောင်းထုတ်သွားဖို့ ရှိနေသလို လက်ရှိ အက်သလက်တီကို မက်ဒရစ်အသင်းမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ လီယွန်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အမွားေတြ မ်ားေနခဲ့တဲ့ ဂိုးသမား ဘန္းဒ္ လီႏိုကို ေရာင္းခ်ဖို႔ ေသခ်ာေနၿပီျဖစ္ၿပီး ဥေရာပၿပိဳင္ပြဲ ကစားခြင့္ မရွိေတာ့တဲ့ အသင္းမွာ ဂ်ာမန္သားလို လက္ေ႐ြးစင္တစ္ဦးကို ထိန္းသိမ္းဖို႔ အခက္အခဲရွိလာမႈနဲ႔အတူ လက္စြမ္းကိုလည္း သေဘာမက်ေတာ့တာေၾကာင့္ ေႏြရာသီမွာ ထြက္ခြင့္ေပးဖြယ္ရွိေန။

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနေပမယ့္ ဥေရာပအသင္းႀကီးေတြနဲ႔အၿပိဳင္ ေခၚယူႏိုင္မယ္လို႔ ပရိသတ္ေတြက ယုံၾကည္မႈ မရွိတဲ့ ရင္းေနးကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါအတြက္ ေပါင္ ၄၅ သန္း အနည္းဆုံးက်သင့္မွာျဖစ္ေၾကာင္း ေအးဂ်င့္ျဖစ္သူက သတိေပးသြားခဲ့။

– ဘီဘီစီရဲ႕ ေဘာလုံးကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဂယ္ရက္သ္ ခ႐ုခ္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းေတြအေနနဲ႔ လူငယ္ ေတာင္ပံကစားသမား ဘူကာယို ဆာကာကို ေခၚယူသင့္တယ္လို႔ အႀကံေပးခဲ့တဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြ ေဒါသထြက္ေနၾက။

– အာဆင္နယ္အသင္းရဲ႕ ၂၅ ႏွစ္အတြင္း ဥေရာပအဆင့္မွာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ကစားဖို႔ မေျပာနဲ႔၊ ယူ႐ိုပါလိဂ္ေတာင္ မဝင္ေတာ့တဲ့ အေျခအေနမွာ ကစားသမားေကာင္းေတြကို ေငြနဲ႔ေၾကးနဲ႔ မက္လုံးေပးႏိုင္မႈ မရွိရင္ လာမယ့္ေႏြရာသီမွာ လက္လႊတ္ရဖြယ္ ရွိေနတယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္ခဲ့ၾက။

– လာမယ့္ရာသီမွာ ဥေရာပပြဲေတြ မကစားရတဲ့ အသင္းအတြက္ မက္တီယို ဂန္ဒူဇီဟာ အဓိကေနရာက ေထာက္တိုင္တစ္ဦးျဖစ္လာမယ္လို႔ ပရိသတ္ေတြ ထင္ျမင္ေနၾကၿပီး မာေဆးလ္အသင္းရဲ႕ စိတ္ဝင္စားမႈျပသလာခဲ့ျခင္းအေပၚ သေဘာမက်ဘဲ ေဈးကြက္ေပါက္ေဈးမရရင္ လက္မလႊတ္ဖို႔ တာဝန္ရွိသူေတြကို သတိေပးထား။

– အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိကစားသမားအိုေတြနဲ႔ ေျခစြမ္းမျပႏိုင္ၾကသူေတြကို ရွင္းထုတ္ၿပီး ကီရန္ တီယာနီ၊ အီမီးလ္ စမစ္႐ိုးနဲ႔ ဘူကာယို ဆာကာတို႔ သုံးဦးကို အေျခခံတဲ့ ေျပာင္းလဲမႈတစ္ခုကို စတင္ေဆာင္႐ြက္သင့္ၿပီျဖစ္ၿပီး ဥေရာပမဝင္တဲ့ အေနအထားမွာ ဒီလိုမ်ိဳး လုပ္ေဆာင္ဖို႔ အေျခအေနအေပးဆုံးျဖစ္ေၾကာင္း ရီယို ဖာဒီနန္က ေထာက္ခံခဲ့သလို ဝီေလာ့ခ္မွာလည္း အနာဂတ္ရွိေၾကာင္း ဆိုသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္က ထြက္ခြာခဲ့ရၿပီး ေျခစြမ္းက်ဆင္းေနမႈအေပၚ ေလွ်ာ့မတြက္ၾကဖို႔နဲ႔ ဒီအသင္းဟာ သူတို႔ကို လာမယ့္ လန္ဒန္ဒါဘီမွာ အႏၲရာယ္ႀကီးႀကီးမားမား ေပးစြမ္းႏိုင္တယ္လို႔ ပြဲမတိုင္ခင္မွာ ခ်ဲလ္ဆီးတိုက္စစ္မႉး ခိုင္ ဟာဗတ္ဇ္က အသင္းေဖာ္ေတြကို သတိေပးသြားခဲ့။

– နယူးကာဆယ္လ္အသင္းမွာ ေျခစြမ္းျပ ဂိုးေတြ သြင္းယူခဲ့ၿပီးတဲ့ေနာက္ နည္းျပ စတိဗ္ ဘ႐ုစ္ရဲ႕ အလိုအပ္ဆုံးကစားသမားျဖစ္ေနခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို ေပါင္သန္း ၂၀ နဲ႔ ေခၚယူလိုတဲ့ အစီအစဥ္အတြက္ အားတက္စရာအျဖစ္ နည္းျပ အာတီတာဘက္က ေရာင္းခ်မယ့္သေဘာ အရိပ္အႁမြက္ဆိုသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုင္းကို လာမယ့္ ေႏြရာသီမွာ အင္အားျဖည့္တင္းသြားဖြယ္ရွိေနၿပီး အလက္ဇန္းဒါး လာကာဇက္ကို ေရာင္းထုတ္သြားဖို႔ ရွိေနသလို လက္ရွိ အက္သလက္တီကို မက္ဒရစ္အသင္းမွာ အငွားနဲ႔ လာေရာက္ကစားေနတဲ့ လီယြန္တိုက္စစ္မႉး မူဆာ ဒမ္ဘီလီကို ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.