Premier League

ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးကစားသမားဆုရရှိဖို့ တစ်ပြေးနေသော ကစားသမား ၅ ဦး

၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီ ကန့်လန့်ကာ ပိတ်ဖို့ နီးကပ်လာချိန်မှာတော့ ဘောလုံးအသင်းဖန်တွေနဲ့ ကစားသမားတွေအတွက် ရာသီကုန်မှာ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတဲ့ ဆုတွေ ဘယ်သူတွေရရှိကြမလဲ စိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။

ဒီဆုတွေထဲကမှ ဘောလုံးကစားသမားတွေ တန်ဖိုးထား ပိုင်ဆိုင်ချင်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်၏ တနှစ်တာ အကောင်းဆုံး ကစားသမားဆု PFA Player of the year ဆုလည်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် PFA Player of the year ဆုကို ရရှိခဲ့တဲ့ ကစားသမားကတော့ မန်ချက်စတာစီးတီးအသင်းမှ ကီဗင် ဒီဘရိုင်းနား ဖြစ်ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ ၂၀၂၀-၂၁ မှာ ရရှိဖို့ ရေပန်းစား တစ်ပြေးနေတဲ့ ကစားသမား ၅ ယောက်ကတော့ ….

၅။ မိုဆာလား
အီဂျစ်သားက လီဗာပူးလ်အတွက် EPL ၄ ရာသီကစားထားရာမှာ ၃ ရာသီမြောက် ဂိုး ၂၀ ပြည့်အောင်သွင်းခဲ့တဲ့ရာသီဖြစ်လာခဲ့တယ်။ ၂၀၂၁ ခုနှစ်ရဲ့ ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့တော့ အနည်းငယ်အားပျော့နေတယ်လို့ ယူဆမှုရဲ့ဆန့်ကျင်ဘက်မှာတော့ မတည်ငြိမ်တဲ့အသင်းကို သူက တည်တည်ငြိမ်ငြိမ်နဲ့ ရုန်းကန်ပြီး သွင်းဂိုးတွေနဲ့ ဆွဲတင်ခဲ့တာဖြစ်တယ်။

ဂိုးဖန်တီးမှု ၄ ကြိမ်လည်းပြုလုပ်ထားသလို အပိုင်အခွင့်အရေး ၁၀ ကြိမ်အထိ ဖန်တီးထားတာက မာဆေးဆိုက်မှာ သူထမ်းထားတဲ့ဝန်ကို သက်သေပြနေသလို တာဝန်ကျေမှုကိုလည်း ပြဌာန်းနေတယ်။ ၂၀၁၈-၁၉ ရဲ့ PFA ဆုရှင်က ဒီနှစ်မှာ တကျော့ပြန်ဆုရှင်ဖြစ်လာဖို့ အငြင်းပွားအနည်းငယ်ရှိနေတာကိုလည်း တွေ့ရတယ်။

၄။ ဆွန်ဟောင်မင်
ဒီရာသီဝက်က စပါးစ်၊ မော်ရင်ညို၊ ဆွန်နဲ့ ကိန်းတို့သိမ်းပိုက်ခဲ့တဲ့ ပရီးမီးယားလိဂ်လို့ ပြောစမှတ်ဖြစ်ခဲ့ရတယ်။ ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ရှိထားသလို အပိုင်အခွင့်အရေး ၁၄ ကြိမ်အထိ ဖန်တီးထားမှုက သူ့ရဲ့တည်ငြိမ်မှုကို အသိအမှတ်ပြုရမှာပါ။

ချန်ပီယံလိဂ်ဝင်ဖို့ အလှမ်းကွာသွားတဲ့ စပါးစ်ရဲ့ခြေစွမ်းကြောင့် သူ​က ဒီဆုနဲ့ အထိုက်တန်ဆုံးလို့ ပြောရခက်လာမှာဖြစ်သလို ပွတ်ကာသီကာလွဲချော်သွားဖို့လည်း ရှိနေပါတယ်။ လျှပ်စီးလိုလျင်တဲ့ သူ့ရဲ့မြန်နှုန်းကြောင့် အခုထက်ဂိုးရဖို့လည်း နောက်ရာသီတွေရဲ့ရင်ခုန်မှုတွေမှာ တွေ့လာရဖွယ် ရှိနေတယ်။

၃။ ရူဘင် ဒီယာ့စ်
ဒီနွေကမှ ဘင်ဖီကာကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ လူသစ်ကစားသမားဟာ ချက်ချင်းအထိုင်ကျပြီး ပြီးခဲ့တဲ့ရာသီတွေက ယိုပေါက်တွေများလွန်းတဲ့ မန်စီးတီးခံစစ်ကို အပြစ်ပြောစရာမရှိအောင် အကျစ်လစ်ဆုံး ခိုင်ကျည်သွားစေခဲ့တယ်။

သူကစားခဲ့တဲ့ ၂၉ ပွဲမှာ မန်စီးတီးဟာ Clean Sheet ၁၄ ပွဲယူနိုင်တဲ့အထိ ထောင်တက်သွားခဲ့တာက ပေါ်တူဂီသားကို အားဖြည့်ခဲ့တဲ့ အပြာရောင်မန်ချက်စတာမြို့မှာ ပေးဂိုး ၁၆ ဂိုးသာ ရှိခဲ့တဲ့ အခြေအနေကြောင့် PFA ဆုက သူ့အတွက်သာဖြစ်သင့်တယ်လို့ မှတ်ချက်ပြုခံထားရတယ်။

၂။ ဟာရီကိန်း
ဒီရာသီ စပါးစ်ရဲ့တိုက်စစ်မှာ ၂၁ ဂိုးသွင်းယူထားတဲ့ကိန်းက အသင်းခေါင်းဆောင်ပီသခဲ့ပြီး အသင်းရဲ့ သွင်းဂိုး ၃ ပုံ ၁ ပုံဝန်းကျင်အထိကို ထမ်းတင်ထားခဲ့တာဖြစ်တယ်။ ၃၂ ပွဲကစားထားရာမှာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားခြင်းက မက်လောက်စရာ​​ခြေစွမ်းမျိုးပါ။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ အတော်ဆုံးဖြစ်လာမယ့် သူဟာ PFA ဆုရဲ့ ဆွဲဆောင်မှုဖြစ်စေခဲ့ပြီး လျော့ကျနေတဲ့ စပါးစ်ရဲ့ပုံရိပ်မှာ တခုတည်းသောနဲ့ အထင်ရှားဆုံးမျှော်လင့်ခံထားရမှုလည်းဖြစ်သလို သူက သူ့အလုပ်သူလုပ်နေသူအဖြစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၃ ကြိမ်မြောက်ဆွတ်ခူးဖို့လည်း အနီးစပ်ဆုံးဖြစ်နေတာပါ။

၁။ ဘရူနို ဖာနန်ဒက်စ်
ဒီရာသီ ပရီးမီးယားလိဂ်မှာ တဦးချင်းစွမ်းဆောင်ရည်အရ PFA ဆုနဲ့ အထိုက်တန်ဆုံးခြေစွမ်းကို ပြသထားသူကို ညွှန်ပြပါဆိုရင်တော့ ယူနိုက်တက်စစ်သူကြီးဘရူနိုပဲ ဖြစ်ပါလိမ့်မယ်။ ယူနိုက်တက်ကွင်းလယ်တိုက်စစ်မှာ အနုပညာတရပ်အဖြစ် ရှုမြင်ခံထားရတယ်။

အခုရာသီမှာ ၁၆ ဂိုးအထိသွင်းယူထားတယ်။ ဂိုးအများဆုံးစာရင်းရဲ့ နံပါတ် ၃ နေရာမှာ ဆွန်နဲ့ ပူးတွဲရပ်တည်နေတယ်။ ဂိုးဖန်တီးမှုအများဆုံးစာရင်းမှာလည်း ၁၁ ကြိမ်နဲ့ ဒုတိယနေရာမှာ နေရာယူထားတယ်။ ဂိုးပေါက်ကို ၁၀၄ ကြိမ်အထိ ကန်သွင်းထားပြီး အပိုင်အခွင့်အရေး ၁၉ကြိမ်အထိ ဖန်တီးပြထားသူပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၂၀-၂၁ ပရီးမီးယားလိဂ္ေဘာလုံးရာသီ ကန႔္လန႔္ကာ ပိတ္ဖို႔ နီးကပ္လာခ်ိန္မွာေတာ့ ေဘာလုံးအသင္းဖန္ေတြနဲ႔ ကစားသမားေတြအတြက္ ရာသီကုန္မွာ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေကာင္းတဲ့ ဆုေတြ ဘယ္သူေတြရရွိၾကမလဲ စိတ္ဝင္စားမႈျမင့္တက္လာေစပါတယ္။

ဒီဆုေတြထဲကမွ ေဘာလုံးကစားသမားေတြ တန္ဖိုးထား ပိုင္ဆိုင္ခ်င္တဲ့ အဂၤလန္ပရီးမီးယားလိဂ္၏ တႏွစ္တာ အေကာင္းဆုံး ကစားသမားဆု PFA Player of the year ဆုလည္း ပါဝင္ေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ေဘာလုံးရာသီအတြက္ PFA Player of the year ဆုကို ရရွိခဲ့တဲ့ ကစားသမားကေတာ့ မန္ခ်က္စတာစီးတီးအသင္းမွ ကီဗင္ ဒီဘ႐ိုင္းနား ျဖစ္ပါတယ္။

ယခုႏွစ္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီ ၂၀၂၀-၂၁ မွာ ရရွိဖို႔ ေရပန္းစား တစ္ေျပးေနတဲ့ ကစားသမား ၅ ေယာက္ကေတာ့ ….

၅။ မိုဆာလား
အီဂ်စ္သားက လီဗာပူးလ္အတြက္ EPL ၄ ရာသီကစားထားရာမွာ ၃ ရာသီေျမာက္ ဂိုး ၂၀ ျပည့္ေအာင္သြင္းခဲ့တဲ့ရာသီျဖစ္လာခဲ့တယ္။ ၂၀၂၁ ခုႏွစ္ရဲ႕ ပရီးမီးယားလိဂ္ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိဖို႔ေတာ့ အနည္းငယ္အားေပ်ာ့ေနတယ္လို႔ ယူဆမႈရဲ႕ဆန္႔က်င္ဘက္မွာေတာ့ မတည္ၿငိမ္တဲ့အသင္းကို သူက တည္တည္ၿငိမ္ၿငိမ္နဲ႔ ႐ုန္းကန္ၿပီး သြင္းဂိုးေတြနဲ႔ ဆြဲတင္ခဲ့တာျဖစ္တယ္။

ဂိုးဖန္တီးမႈ ၄ ႀကိမ္လည္းျပဳလုပ္ထားသလို အပိုင္အခြင့္အေရး ၁၀ ႀကိမ္အထိ ဖန္တီးထားတာက မာေဆးဆိုက္မွာ သူထမ္းထားတဲ့ဝန္ကို သက္ေသျပေနသလို တာဝန္ေက်မႈကိုလည္း ျပဌာန္းေနတယ္။ ၂၀၁၈-၁၉ ရဲ႕ PFA ဆုရွင္က ဒီႏွစ္မွာ တေက်ာ့ျပန္ဆုရွင္ျဖစ္လာဖို႔ အျငင္းပြားအနည္းငယ္ရွိေနတာကိုလည္း ေတြ႕ရတယ္။

၄။ ဆြန္ေဟာင္မင္
ဒီရာသီဝက္က စပါးစ္၊ ေမာ္ရင္ညိဳ၊ ဆြန္နဲ႔ ကိန္းတို႔သိမ္းပိုက္ခဲ့တဲ့ ပရီးမီးယားလိဂ္လို႔ ေျပာစမွတ္ျဖစ္ခဲ့ရတယ္။ ၁၇ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ရွိထားသလို အပိုင္အခြင့္အေရး ၁၄ ႀကိမ္အထိ ဖန္တီးထားမႈက သူ႔ရဲ႕တည္ၿငိမ္မႈကို အသိအမွတ္ျပဳရမွာပါ။

ခ်န္ပီယံလိဂ္ဝင္ဖို႔ အလွမ္းကြာသြားတဲ့ စပါးစ္ရဲ႕ေျခစြမ္းေၾကာင့္ သူ​က ဒီဆုနဲ႔ အထိုက္တန္ဆုံးလို႔ ေျပာရခက္လာမွာျဖစ္သလို ပြတ္ကာသီကာလြဲေခ်ာ္သြားဖို႔လည္း ရွိေနပါတယ္။ လွ်ပ္စီးလိုလ်င္တဲ့ သူ႔ရဲ႕ျမန္ႏႈန္းေၾကာင့္ အခုထက္ဂိုးရဖို႔လည္း ေနာက္ရာသီေတြရဲ႕ရင္ခုန္မႈေတြမွာ ေတြ႕လာရဖြယ္ ရွိေနတယ္။

၃။ ႐ူဘင္ ဒီယာ့စ္
ဒီေႏြကမွ ဘင္ဖီကာကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ပရီးမီးယားလိဂ္ရဲ႕ လူသစ္ကစားသမားဟာ ခ်က္ခ်င္းအထိုင္က်ၿပီး ၿပီးခဲ့တဲ့ရာသီေတြက ယိုေပါက္ေတြမ်ားလြန္းတဲ့ မန္စီးတီးခံစစ္ကို အျပစ္ေျပာစရာမရွိေအာင္ အက်စ္လစ္ဆုံး ခိုင္က်ည္သြားေစခဲ့တယ္။

သူကစားခဲ့တဲ့ ၂၉ ပြဲမွာ မန္စီးတီးဟာ Clean Sheet ၁၄ ပြဲယူႏိုင္တဲ့အထိ ေထာင္တက္သြားခဲ့တာက ေပၚတူဂီသားကို အားျဖည့္ခဲ့တဲ့ အျပာေရာင္မန္ခ်က္စတာၿမိဳ႕မွာ ေပးဂိုး ၁၆ ဂိုးသာ ရွိခဲ့တဲ့ အေျခအေနေၾကာင့္ PFA ဆုက သူ႔အတြက္သာျဖစ္သင့္တယ္လို႔ မွတ္ခ်က္ျပဳခံထားရတယ္။

၂။ ဟာရီကိန္း
ဒီရာသီ စပါးစ္ရဲ႕တိုက္စစ္မွာ ၂၁ ဂိုးသြင္းယူထားတဲ့ကိန္းက အသင္းေခါင္းေဆာင္ပီသခဲ့ၿပီး အသင္းရဲ႕ သြင္းဂိုး ၃ ပုံ ၁ ပုံဝန္းက်င္အထိကို ထမ္းတင္ထားခဲ့တာျဖစ္တယ္။ ၃၂ ပြဲကစားထားရာမွာ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ျပဳလုပ္ထားျခင္းက မက္ေလာက္စရာ​​ေျခစြမ္းမ်ိဳးပါ။

ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုနဲ႔ အေတာ္ဆုံးျဖစ္လာမယ့္ သူဟာ PFA ဆုရဲ႕ ဆြဲေဆာင္မႈျဖစ္ေစခဲ့ၿပီး ေလ်ာ့က်ေနတဲ့ စပါးစ္ရဲ႕ပုံရိပ္မွာ တခုတည္းေသာနဲ႔ အထင္ရွားဆုံးေမွ်ာ္လင့္ခံထားရမႈလည္းျဖစ္သလို သူက သူ႔အလုပ္သူလုပ္ေနသူအျဖစ္ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို ၃ ႀကိမ္ေျမာက္ဆြတ္ခူးဖို႔လည္း အနီးစပ္ဆုံးျဖစ္ေနတာပါ။

၁။ ဘ႐ူႏို ဖာနန္ဒက္စ္
ဒီရာသီ ပရီးမီးယားလိဂ္မွာ တဦးခ်င္းစြမ္းေဆာင္ရည္အရ PFA ဆုနဲ႔ အထိုက္တန္ဆုံးေျခစြမ္းကို ျပသထားသူကို ၫႊန္ျပပါဆိုရင္ေတာ့ ယူႏိုက္တက္စစ္သူႀကီးဘ႐ူႏိုပဲ ျဖစ္ပါလိမ့္မယ္။ ယူႏိုက္တက္ကြင္းလယ္တိုက္စစ္မွာ အႏုပညာတရပ္အျဖစ္ ရႈျမင္ခံထားရတယ္။

အခုရာသီမွာ ၁၆ ဂိုးအထိသြင္းယူထားတယ္။ ဂိုးအမ်ားဆုံးစာရင္းရဲ႕ နံပါတ္ ၃ ေနရာမွာ ဆြန္နဲ႔ ပူးတြဲရပ္တည္ေနတယ္။ ဂိုးဖန္တီးမႈအမ်ားဆုံးစာရင္းမွာလည္း ၁၁ ႀကိမ္နဲ႔ ဒုတိယေနရာမွာ ေနရာယူထားတယ္။ ဂိုးေပါက္ကို ၁၀၄ ႀကိမ္အထိ ကန္သြင္းထားၿပီး အပိုင္အခြင့္အေရး ၁၉ႀကိမ္အထိ ဖန္တီးျပထားသူပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.