Premier League

တူဟယ်လ်ဟာ သူ့ကို တဖန် အသက်သွင်းပေးသူလို့ ပြောလိုက်တဲ့ ချဲလ်ဆီးကြယ်ပွင့်ကစားသမား

တူဟယ်လ်ရဲ့ ၃-၄-၃ ကစားကွက်မှာ ခိုင်ဟာဗတ်ဇ်အနေနဲ့ တိုက်စစ်မှူးဆန်ဆန် False 9 အဖြစ်ကစားနေရခြင်းက သူ့ကိုအခုလိုခြေစွမ်း​ပြလာစေခြင်းဖြစ်တယ်လို့ ကိုယ်တိုင်ထုတ်ဖော်ဝန်ခံသွားခဲ့တယ်။

ဒီအတွက် နည်းပြကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့သလို မိမိအတွက် အပြီးပြည့်စုံဆုံးနေရာမှာ ကျေနပ်စွာကစားနေရခြင်းဖြစ်လို့ တိုက်စစ်မှူးနေရာမှာ အခုအတိုင်း ဆက်လက်ကစားသွားချင်ကြောင်း သူ့ဆန္ဒကိုလည်း ဖွင့်ဟခဲ့လို့ လမ်းပတ်လက်အောက်မှာ ယုံကြည်မှုကင်းမဲ့နေတဲ့ ခိုင်ဟာဗတ်ဇ်ကို တူဟယ်လ်က ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီလို့ မှတ်ချက်ချရမှာပါ။

ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ရာမို့စ်၊ နာချို၊ မီလီတောင်တို့ရဲ့ ရုပ်ပိုင်းကြံ့ခိုင်မှုကို သူတင်ကိုယ်တင်ယှဥ်ကစားပြီး ယောကျာ်းဘသားအစွမ်းကို ပြသခဲ့တဲ့ ခိုင်ဟာဗတ်ဇ်ရဲ့ တိုးတက်မှုတွေကို အထူးတလည်ကျေနပ်မိကြောင်း ချီးကျူးသွားခဲ့ပါတယ်။

တူဟယ်က အဲဒီပွဲမှာ ပူလီရှစ်ချ်ကို ချန်လှပ်ထားခဲ့ပြီး ခိုင်ဟာဗတ်ဇ်ကို ပွဲထုတ်ခဲ့ခြင်းကနေ ဆူညံစေခဲ့တဲ့ ဝေဖန်သံတွေကိုလည်း ဂျာမန်စွယ်စုံရကွင်းလယ်လူက တိတ်ဆိတ်သွားစေခဲ့တာဖြစ်သလို ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်းပြသပြီး နည်းပြရဲ့ယုံကြည်မှုကို အဖတ်တင်စေခဲ့တယ်။

သူက တူဟယ်မျှော်လင့်ထားတာကိုပိုပြီး စွမ်းဆောင်ပြခဲ့ကြောင်း အချက်အလက်တွေက သက်သေခံခဲ့ကြပြီး အဲဒီပွဲက ကွင်းတွင်းပြေးလွှားမှုမှတ်တမ်းဟာ အန်ဂိုလို ကွန်တေထက်တောင် သာလွန်ခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်ကစားပြီးချိန်မှာ မောပန်းနေမှုဟာ မလှုပ်မယှက် အရုပ်​​ကြိုးပြတ်ကစားတတ်သူဆိုတဲ့ ပရိသတ်တွေရဲ့မာန်မဲမှုတွေကိုပါ အစာကြေစေခဲ့ခြင်းပါ။

” ရီးရဲလ်နဲ့ပွဲမှာ သူဘယ်လိုကစားခဲ့သလဲဆိုတာကိုကြည့်ရင် ဟာဗတ်ဇ်က နောက်တဆင့်မြင့်တဲ့ခြေစွမ်းကို ရရှိသွားပြီလို့ ခင်ဗျားခံစားမိကြမှာပါ။ သူ့ရဲ့တိုးတက်မှုအတွက် ကျွန်တော်အရမ်းပျော်ရွှင်ပါတယ်။ အဲဒီပွဲမှာ တောင်းဆိုလာသမျှ အရာအားလုံးကို သူကရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တယ် ”

” နာချို၊ မီလီတောင်နဲ့ ရာမို့စ်တို့လို ခံစစ်မှူးတွေကိုပါ တွန်းတွန်းတိုက်တိုက်ကစားပြီး အောင်မြင်ခဲ့တဲ့အပြင် သူ့အားသာချက်​ခြေစွမ်းတွေကိုပါ ခြေရာလက်ရာမပျက် ပြသခဲ့တာပါ။ ပထမပိုင်းအပြီးနဲ့ ဒုတိယပိုင်းအပြီးမှာ သူကအတော်လေးကို မောဟိုက်နေပါပြီ ” လို့ ခြေကုန်ထုတ်ကစားသွားခဲ့တဲ့ ခိုင်ဟာဗတ်ဇ်ရဲ့ခံယူချက်ကို တူဟယ်လ်က ချီးမွမ်းသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တူဟယ္လ္ရဲ႕ ၃-၄-၃ ကစားကြက္မွာ ခိုင္ဟာဗတ္ဇ္အေနနဲ႔ တိုက္စစ္မႉးဆန္ဆန္ False 9 အျဖစ္ကစားေနရျခင္းက သူ႔ကိုအခုလိုေျခစြမ္း​ျပလာေစျခင္းျဖစ္တယ္လို႔ ကိုယ္တိုင္ထုတ္ေဖာ္ဝန္ခံသြားခဲ့တယ္။

ဒီအတြက္ နည္းျပကို အထူးေက်းဇူးတင္ေၾကာင္း ေျပာခဲ့သလို မိမိအတြက္ အၿပီးျပည့္စုံဆုံးေနရာမွာ ေက်နပ္စြာကစားေနရျခင္းျဖစ္လို႔ တိုက္စစ္မႉးေနရာမွာ အခုအတိုင္း ဆက္လက္ကစားသြားခ်င္ေၾကာင္း သူ႔ဆႏၵကိုလည္း ဖြင့္ဟခဲ့လို႔ လမ္းပတ္လက္ေအာက္မွာ ယုံၾကည္မႈကင္းမဲ့ေနတဲ့ ခိုင္ဟာဗတ္ဇ္ကို တူဟယ္လ္က ျပန္လည္အသက္သြင္းႏိုင္ခဲ့ၿပီလို႔ မွတ္ခ်က္ခ်ရမွာပါ။

ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ရာမို႔စ္၊ နာခ်ိဳ၊ မီလီေတာင္တို႔ရဲ႕ ႐ုပ္ပိုင္းႀကံ့ခိုင္မႈကို သူတင္ကိုယ္တင္ယွဥ္ကစားၿပီး ေယာက်ာ္းဘသားအစြမ္းကို ျပသခဲ့တဲ့ ခိုင္ဟာဗတ္ဇ္ရဲ႕ တိုးတက္မႈေတြကို အထူးတလည္ေက်နပ္မိေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

တူဟယ္က အဲဒီပြဲမွာ ပူလီရွစ္ခ်္ကို ခ်န္လွပ္ထားခဲ့ၿပီး ခိုင္ဟာဗတ္ဇ္ကို ပြဲထုတ္ခဲ့ျခင္းကေန ဆူညံေစခဲ့တဲ့ ေဝဖန္သံေတြကိုလည္း ဂ်ာမန္စြယ္စုံရကြင္းလယ္လူက တိတ္ဆိတ္သြားေစခဲ့တာျဖစ္သလို ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္းျပသၿပီး နည္းျပရဲ႕ယုံၾကည္မႈကို အဖတ္တင္ေစခဲ့တယ္။

သူက တူဟယ္ေမွ်ာ္လင့္ထားတာကိုပိုၿပီး စြမ္းေဆာင္ျပခဲ့ေၾကာင္း အခ်က္အလက္ေတြက သက္ေသခံခဲ့ၾကၿပီး အဲဒီပြဲက ကြင္းတြင္းေျပးလႊားမႈမွတ္တမ္းဟာ အန္ဂိုလို ကြန္ေတထက္ေတာင္ သာလြန္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ျပည့္ကစားၿပီးခ်ိန္မွာ ေမာပန္းေနမႈဟာ မလႈပ္မယွက္ အ႐ုပ္​​ႀကိဳးျပတ္ကစားတတ္သူဆိုတဲ့ ပရိသတ္ေတြရဲ႕မာန္မဲမႈေတြကိုပါ အစာေၾကေစခဲ့ျခင္းပါ။

” ရီးရဲလ္နဲ႔ပြဲမွာ သူဘယ္လိုကစားခဲ့သလဲဆိုတာကိုၾကည့္ရင္ ဟာဗတ္ဇ္က ေနာက္တဆင့္ျမင့္တဲ့ေျခစြမ္းကို ရရွိသြားၿပီလို႔ ခင္ဗ်ားခံစားမိၾကမွာပါ။ သူ႔ရဲ႕တိုးတက္မႈအတြက္ ကြၽန္ေတာ္အရမ္းေပ်ာ္႐ႊင္ပါတယ္။ အဲဒီပြဲမွာ ေတာင္းဆိုလာသမွ် အရာအားလုံးကို သူကရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္ ”

” နာခ်ိဳ၊ မီလီေတာင္နဲ႔ ရာမို႔စ္တို႔လို ခံစစ္မႉးေတြကိုပါ တြန္းတြန္းတိုက္တိုက္ကစားၿပီး ေအာင္ျမင္ခဲ့တဲ့အျပင္ သူ႔အားသာခ်က္​ေျခစြမ္းေတြကိုပါ ေျခရာလက္ရာမပ်က္ ျပသခဲ့တာပါ။ ပထမပိုင္းအၿပီးနဲ႔ ဒုတိယပိုင္းအၿပီးမွာ သူကအေတာ္ေလးကို ေမာဟိုက္ေနပါၿပီ ” လို႔ ေျခကုန္ထုတ္ကစားသြားခဲ့တဲ့ ခိုင္ဟာဗတ္ဇ္ရဲ႕ခံယူခ်က္ကို တူဟယ္လ္က ခ်ီးမြမ္းသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.