Premier League

၅ရက် ၃ပွဲ ကစားမယ့် ယူနိုက်တက်နဲ့တွေ့ဆုံရခြင်းမှာ ကလော့ပ်ဘာကြောင့်ငိုချင်းချလိုက်လဲ

ယူနိုက်တက်အသင်းဟာ ရွှေ့ဆိုင်းခဲ့ရတဲ့ လီဗာပူးလ်နဲ့ အိုးထရက်ဖို့ဒ်တိုက်ပွဲအပါအဝင် ၅ ရက် ၃ ပွဲကစားရတော့မှာဖြစ်ပြီး ကလော့ပ်အနေနဲ့ ဒီအတွက် လီဗာပူးလ်မှာနစ်နာရတော့မယ်လို့ ငိုချင်းသွားတာက ဗီလာနဲ့ပွဲအပြီးမှာ ဆိုးလ်ရှားရဲ့ စကားတွေက လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်တွေကို ဝေဝါးစေခဲ့တာကြောင်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ညက ဗီလာကို Come Back နိုင်ပွဲရယူလို့အပြီးမှာ ၅ ရက်အတွင်း ပြွတ်သိပ်ကစားရမယ့် ၃ ပွဲထဲက ကျန် ၂ ပွဲအဖြစ် အင်္ဂါညမှာ လက်စတာ၊ ကြာသာပတေးညမှာတော့ လီဗာပူးလ်တို့နဲ့ပွဲထဲက တပွဲမှာတော့ ပထမလူစာရင်းကို အနားပေးပြီး လူငယ်တွေကို ပွဲထုတ်မှာက ရှောင်လွှဲမရတဲ့ ဆုံးဖြတ်ချက်ဖြစ်လာမယ်လို့ ဆိုးလ်ရှားက ပြောသွားခဲ့တာပါ။

လက်စတာကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက်တော့ ဒါဟာ ကံဆိုးမိုးမှောင်ကျစေတဲ့စကားဖြစ်ခဲ့ပြီး ကလော့ပ်အတွက် ညည်းတွားစရာလည်းဖြစ်ခဲ့တယ်။ ယူနိုက်တက်ဟာ အနောက်မြောက်ဒါဘီမှာတော့ လီဗာပူးလ်ကို အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာမှာတော့ ကလော့ပ်အတွက် ပြောစရာမလိုအောင် ရိပ်စားမိနေခြင်းလို့ ဆိုရမှာပါ။

” ယူနိုက်တက်က ဒီလိုလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့နဲ့ပွဲကိုတော့ သူတို့က အကောင်းဆုံးလူတွေနဲ့ ကစားလိမ့်မယ်။ ကျန်ပွဲတွေမှာ ဘယ်လိုလုပ်မလဲဆိုတာတော့ သူတို့ကိစ္စပာ။ ကျွန်တော်တို့က ကိုယ့်လက်ထဲက ၄ ပွဲစလုံးကို အကုန်အနိုင်ကန်ရတော့မှာပါ ”

” ယူနိုက်တက်ရဲ့လူစာရင်းကိုကြည့်ရင် သိပ်ကောင်းတဲ့လူတွေချည်းပဲ။ ကွင်းလယ်က အမိုက်ဆုံးပေါ့ဗျာ။ ရှေ့တန်းလူတွေလည်း အတော်တောင့်ပါတယ် အိုးထရက်ဖို့ဒ်မှာ အနိုင်ကစားဖို့ဆိုတာ သမိုင်းအစဥ်အလာအရကို မလွယ်ခဲ့ပါဘူး။ ဒါ​ပေမယ့် ကျွန်တော်တို့ နိုင်အောင်ကန်ပါမယ်။ ” လို့ ကလော့ပ်က ပြောသွားခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ မဟာခါးသီးပြိုင်ဘက် လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို တားဆီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေသလားလို့ သံသယထောက်ပြမှုတွေလည်း ရှိနေသလို လက်စတာကို အလျှော့ပေးကစားခြင်းက လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က ဝင်ငွေတွေကိုပါ ချိတ်ပိတ်လိုက်နိုင်ဖို့ပါ မျှော်လင့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

၁၀ ရက်အတွင်း ၄ ပွဲကစားရမယ့် ကလော့ပ်အတွက် လက်စတာကို အမီလိုက်ပြီး ကျော်ဖြတ်ဖို့ ကြိုးစားနေချိန်မှာ မလွှဲရှောင်သာတဲ့ အခြေအနေဆိုးက ဆိုက်ရောက်လာတာဖြစ်ပြီး ဖျက်သိမ်းလိုက်ရတဲ့ အိုးထရက်ဖို့ဒ်ပွဲရဲ့ နောက်ဆက်တွဲခါးသီးမှုတွေက ကလော့ပ်အတွက် ငိုချင်းချပြီး မသက်သာစွာလက်ခံရဖို့လည်း ဖြစ်လာခဲ့တာပါ။

ကလော့ပ်ကို နောက်ထပ်အပူမိစေတဲ့ အကြောင်းတခုအနေနဲ့ အိုဇန် ကာဘက်ကလည်း ယူနိုက်တက်နဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ရဖို့ ရှိနေတယ်လို့လည်း သိရသလို ယူနိုက်တက်ကို နောက်ဆုံး အိုးထရက်ဖို့ဒ် ၆ ပွဲမှာ တပွဲမှ မနိုင်သေးတဲ့ ကလော့ပ်အတွက် နောက်ထပ် စိန််ခေါ်မှုတခုလည်း ဖြစ်လာခဲ့တယ်။

ယူနိုက်တက်ကို ရင်ဆိုင်မယ့် လီဗာပူးလ်ရဲ့ ပွဲထွက်လူစာရင်းအနေနဲ့ အယ်လစ်ဆွန် ဘက်ခါ၊ ဗဟိုခံစစ်မှာ ရီးစ်ဝီလီယမ်+နတ်ဖီးလစ်အတွဲ၊ ဘယ်ညာခံစစ်အစွန်မှာ အာနိုးလ်+ရော်ဘတ်ဆန်အတွဲနဲ့အတူ ကွင်းလယ်မှာ ဖာဘင်ညိုက အထိုင်ပွဲထွက်လာဖို့ ရှိနေပြီး ဗိုင်နယ်ဒမ်၊ သီယာဂို အယ်လ်ကန်တာရာတို့ရဲ့ တွဲဖက်မှု၊ မိုဆာလား+မာနေး+ဂျိုတာတို့ တိုက်စစ်အတွဲကို ခင်းကျင်းလာဖွယ် ရှိနေကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္အသင္းဟာ ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ လီဗာပူးလ္နဲ႔ အိုးထရက္ဖို႔ဒ္တိုက္ပြဲအပါအဝင္ ၅ ရက္ ၃ ပြဲကစားရေတာ့မွာျဖစ္ၿပီး ကေလာ့ပ္အေနနဲ႔ ဒီအတြက္ လီဗာပူးလ္မွာနစ္နာရေတာ့မယ္လို႔ ငိုခ်င္းသြားတာက ဗီလာနဲ႔ပြဲအၿပီးမွာ ဆိုးလ္ရွားရဲ႕ စကားေတြက လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ေတြကို ေဝဝါးေစခဲ့တာေၾကာင္း ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ညက ဗီလာကို Come Back ႏိုင္ပြဲရယူလို႔အၿပီးမွာ ၅ ရက္အတြင္း ႁပြတ္သိပ္ကစားရမယ့္ ၃ ပြဲထဲက က်န္ ၂ ပြဲအျဖစ္ အဂၤါညမွာ လက္စတာ၊ ၾကာသာပေတးညမွာေတာ့ လီဗာပူးလ္တို႔နဲ႔ပြဲထဲက တပြဲမွာေတာ့ ပထမလူစာရင္းကို အနားေပးၿပီး လူငယ္ေတြကို ပြဲထုတ္မွာက ေရွာင္လႊဲမရတဲ့ ဆုံးျဖတ္ခ်က္ျဖစ္လာမယ္လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့တာပါ။

လက္စတာကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနတဲ့ လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲအတြက္ေတာ့ ဒါဟာ ကံဆိုးမိုးေမွာင္က်ေစတဲ့စကားျဖစ္ခဲ့ၿပီး ကေလာ့ပ္အတြက္ ညည္းတြားစရာလည္းျဖစ္ခဲ့တယ္။ ယူႏိုက္တက္ဟာ အေနာက္ေျမာက္ဒါဘီမွာေတာ့ လီဗာပူးလ္ကို အေတာင့္တင္းဆုံးလူစာရင္းနဲ႔ ပြဲထြက္လာမွာေတာ့ ကေလာ့ပ္အတြက္ ေျပာစရာမလိုေအာင္ ရိပ္စားမိေနျခင္းလို႔ ဆိုရမွာပါ။

” ယူႏိုက္တက္က ဒီလိုလုပ္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ဘာတတ္ႏိုင္မွာလဲ။ ကြၽန္ေတာ္တို႔နဲ႔ပြဲကိုေတာ့ သူတို႔က အေကာင္းဆုံးလူေတြနဲ႔ ကစားလိမ့္မယ္။ က်န္ပြဲေတြမွာ ဘယ္လိုလုပ္မလဲဆိုတာေတာ့ သူတို႔ကိစၥပာ။ ကြၽန္ေတာ္တို႔က ကိုယ့္လက္ထဲက ၄ ပြဲစလုံးကို အကုန္အႏိုင္ကန္ရေတာ့မွာပါ”

” ယူႏိုက္တက္ရဲ႕လူစာရင္းကိုၾကည့္ရင္ သိပ္ေကာင္းတဲ့လူေတြခ်ည္းပဲ။ ကြင္းလယ္က အမိုက္ဆုံးေပါ့ဗ်ာ။ ေရွ႕တန္းလူေတြလည္း အေတာ္ေတာင့္ပါတယ္ အိုးထရက္ဖို႔ဒ္မွာ အႏိုင္ကစားဖို႔ဆိုတာ သမိုင္းအစဥ္အလာအရကို မလြယ္ခဲ့ပါဘူး။ ဒါ​ေပမယ့္ ကြၽန္ေတာ္တို႔ ႏိုင္ေအာင္ကန္ပါမယ္။” လို႔ ကေလာ့ပ္က ေျပာသြားခဲ့တာပါ။

ယူႏိုက္တက္အေနနဲ႔ မဟာခါးသီးၿပိဳင္ဘက္ လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို တားဆီးဖို႔ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ေဆာင္ေနသလားလို႔ သံသယေထာက္ျပမႈေတြလည္း ရွိေနသလို လက္စတာကို အေလွ်ာ့ေပးကစားျခင္းက လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္က ဝင္ေငြေတြကိုပါ ခ်ိတ္ပိတ္လိုက္ႏိုင္ဖို႔ပါ ေမွ်ာ္လင့္ေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

၁၀ ရက္အတြင္း ၄ ပြဲကစားရမယ့္ ကေလာ့ပ္အတြက္ လက္စတာကို အမီလိုက္ၿပီး ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနခ်ိန္မွာ မလႊဲေရွာင္သာတဲ့ အေျခအေနဆိုးက ဆိုက္ေရာက္လာတာျဖစ္ၿပီး ဖ်က္သိမ္းလိုက္ရတဲ့ အိုးထရက္ဖို႔ဒ္ပြဲရဲ႕ ေနာက္ဆက္တြဲခါးသီးမႈေတြက ကေလာ့ပ္အတြက္ ငိုခ်င္းခ်ၿပီး မသက္သာစြာလက္ခံရဖို႔လည္း ျဖစ္လာခဲ့တာပါ။

ကေလာ့ပ္ကို ေနာက္ထပ္အပူမိေစတဲ့ အေၾကာင္းတခုအေနနဲ႔ အိုဇန္ ကာဘက္ကလည္း ယူႏိုက္တက္နဲ႔ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ရဖို႔ ရွိေနတယ္လို႔လည္း သိရသလို ယူႏိုက္တက္ကို ေနာက္ဆုံး အိုးထရက္ဖို႔ဒ္ ၆ ပြဲမွာ တပြဲမွ မႏိုင္ေသးတဲ့ ကေလာ့ပ္အတြက္ ေနာက္ထပ္ စိန္္ေခၚမႈတခုလည္း ျဖစ္လာခဲ့တယ္။

ယူႏိုက္တက္ကို ရင္ဆိုင္မယ့္ လီဗာပူးလ္ရဲ႕ ပြဲထြက္လူစာရင္းအေနနဲ႔ အယ္လစ္ဆြန္ ဘက္ခါ၊ ဗဟိုခံစစ္မွာ ရီးစ္ဝီလီယမ္+နတ္ဖီးလစ္အတြဲ၊ ဘယ္ညာခံစစ္အစြန္မွာ အာႏိုးလ္+ေရာ္ဘတ္ဆန္အတြဲနဲ႔အတူ ကြင္းလယ္မွာ ဖာဘင္ညိဳက အထိုင္ပြဲထြက္လာဖို႔ ရွိေနၿပီး ဗိုင္နယ္ဒမ္၊ သီယာဂို အယ္လ္ကန္တာရာတို႔ရဲ႕ တြဲဖက္မႈ၊ မိုဆာလား+မာေနး+ဂ်ိဳတာတို႔ တိုက္စစ္အတြဲကို ခင္းက်င္းလာဖြယ္ ရွိေနေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.