Match Report Premier League

အဂွေရိုရဲ့ ခပ်ချာချာ ပင်နယ်တီအတွက် တိုက်စစ်မှူးဟောင်းတွေ ဘာပြောခဲ့ကြသလဲ

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ အနိုင်ပြတ်သားသွားစေနိုင်တဲ့ ပင်နယ်တီကို ချော်ကန်ခဲ့တဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွေရိုတစ်ယောက် ပရိသတ်တွေကိုပါ တောင်းပန်ခဲ့ရချိန်မှာ တိုက်စစ်မှူးဟောင်းတွေက ပါနင်ကာ ကန်ချက်နဲ့ ကန်ဖို့ ရွေးချယ်ခဲ့တဲ့ ပုံစံကို ဝေဖန်ပြောကြားခဲ့ကြပါတယ်။

သူ့ရဲ့ နောက်ဆုံးအစ်တီဟတ်ရာသီမှာ ဆုဖလားတွေနဲ့ အောင်ပွဲခံနိုင်ခွင့် ရှိနေတဲ့ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ် ၁၁ ပွဲနဲ့ ချန်ပီယံလိဂ် ၆ ပွဲ ကစားထားပြီးချိန်မှာ ပြိုင်ပွဲတစ်ခုကို နှစ်ဂိုးစီသာ အားပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ပါနင်ကာကို ကန်ပြီး ဂိုးသမားကို လှည့်စားဖို့ လုံလောက်မှုမရှိတဲ့ ကိုယ်ဟန်ကြောင့် ပြိုင်ဘက်ဂိုးသမား အေဒူယာ မန်ဒီက လဲနေရာက ထပြီး ပြန်ဖမ်းနိုင်ခဲ့သလို အသင်းအနေနဲ့ အလဲထိုးနိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်ခဲ့မိပြီး ဒုတိယပိုင်းမှာ ပြန်ပေးခဲ့ရတဲ့ ဂိုးနှစ်ဂိုးနဲ့ အရှုံးပေါ်ခဲ့ရတာပါ။

နောက်ပိုင်းမှာ ပရိသတ်တွေကို တောင်းပန်ခဲ့ရတဲ့ အဂွေရိုကို ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်ကတော့ အားပေးသွားခဲ့ပြီး သူ့တုန်းက ဂျမေကာနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဟက်ထရစ်ရနိုင်တဲ့ ပင်နယ်တီကို ကန်ပြီး ရိုဘော့လို ထပ်ပြီးကမယ်လို့ စိတ်ကူးခဲ့ပေမယ့် သူကန်လိုက်တဲ့ ပါနင်ကာကန်ချက်က စထရက်ဖို့ဒ်အန့်ဒ် ပွဲကြည့်စင်ပေါ် ရောက်သွားခဲ့တယ်လို့ အလွဲကို ပြန်ပြောပြသွားခဲ့ပါတယ်။

ခရောက်ချ်က စီးတီးတို့အတွက် နောက်ဆုံး ပင်နယ်တီ ၁၀ လုံးမှာ ၈ လုံးဝင်အောင် ကန်သွင်းပေးထားခဲ့တဲ့ ဂိုးသွင်းဘုရင်ဟာ ဒီလိုမျိုးကန်ပြီး ဖြုန်းတီးပစ်ဖို့တော့ ရည်ရွယ်ချက်ရှိမှာ မဟုတ်ဘူးလို့ ကစားသမားဘက်က ကာကွယ်သွားခဲ့ပြီး သူ့တုန်းကတော့ ဒီပင်နယ်တီကို မဝင်ခဲ့ပေမယ့် ပွဲပြီးခါနီးဂိုးနဲ့ ဟက်ထရစ်ရခဲ့ချိန်မှာ နောင်တရစရာမျိုး မကြုံခဲ့တာကြောင့် အဂွေရိုရဲ့ ခံစားမှုကို စာနာမိတယ်လို့ ဆိုသွားခဲ့တာပါ။

နောက်ထပ် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စ ဆပ်တန်ကတော့ အဂွေရိုအနေနဲ့ ဒါဟာ လုပ်သင့်တဲ့ ကိစ္စ ဟုတ်မဟုတ်ဆိုတာ အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်စဉ်စားသင့်တယ်လို့ အဆုံးအဖြတ်ပေးလိုက်ပြီး သူ့တုန်းက ဆဲလ်တစ်အသင်းမှာ ဒါမျိုးကန်ချက်ကို ဝင်အောင်ကန်နိုင်ခဲ့ပေမယ့် အသင်းက ၄-၀ နဲ့ နိုင်နေတဲ့ အချိန်မျိုးကို စောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

သူက ဂိုးမသွင်းနိုင်ရင် ဆဲလ်တစ်နည်းပြ မာတင် အိုနီးလ်ရဲ့ အထုအထောင်းကို ခံရတော့မှာကို သိရက်နဲ့ စွန့်စားခဲ့ရတာဖြစ်ပြီး ဒီလိုနေရာမှာ မဝင်ခဲ့ရင် ခွင့်လွှတ်ပေးမယ့် နည်းပြရဲ့ သဘောထားကြီးမှုက အရေးပါတယ်လို့ဆိုသွားခဲ့သလို ပက်ပ် ဂွါဒီယိုလာအနေနဲ့တော့ သူ့ကစားသမားကို ခွင့်လွှတ်ရင်တောင် အဂွေရိုအနေနဲ့ မန်စီးတီးကစားသမားဘဝ အဆုံးသတ်ခါနီးမှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုကတော့ အမှားတစ်ခုပဲဖြစ်တယ်လို့ သုံးသပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ အႏိုင္ျပတ္သားသြားေစႏိုင္တဲ့ ပင္နယ္တီကို ေခ်ာ္ကန္ခဲ့တဲ့ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုတစ္ေယာက္ ပရိသတ္ေတြကိုပါ ေတာင္းပန္ခဲ့ရခ်ိန္မွာ တိုက္စစ္မႉးေဟာင္းေတြက ပါနင္ကာ ကန္ခ်က္နဲ႔ ကန္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ပုံစံကို ေဝဖန္ေျပာၾကားခဲ့ၾကပါတယ္။

သူ႔ရဲ႕ ေနာက္ဆုံးအစ္တီဟတ္ရာသီမွာ ဆုဖလားေတြနဲ႔ ေအာင္ပြဲခံႏိုင္ခြင့္ ရွိေနတဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ အာဂ်င္တီးနားတိုက္စစ္မႉးဟာ ဒီရာသီမွာ အသင္းအတြက္ ပရီးမီးယားလိဂ္ ၁၁ ပြဲနဲ႔ ခ်န္ပီယံလိဂ္ ၆ ပြဲ ကစားထားၿပီးခ်ိန္မွာ ၿပိဳင္ပြဲတစ္ခုကို ႏွစ္ဂိုးစီသာ အားေပးထားႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပါနင္ကာကို ကန္ၿပီး ဂိုးသမားကို လွည့္စားဖို႔ လုံေလာက္မႈမရွိတဲ့ ကိုယ္ဟန္ေၾကာင့္ ၿပိဳင္ဘက္ဂိုးသမား ေအဒူယာ မန္ဒီက လဲေနရာက ထၿပီး ျပန္ဖမ္းႏိုင္ခဲ့သလို အသင္းအေနနဲ႔ အလဲထိုးႏိုင္မယ့္ အခြင့္အေရးကို လႊင့္ပစ္ခဲ့မိၿပီး ဒုတိယပိုင္းမွာ ျပန္ေပးခဲ့ရတဲ့ ဂိုးႏွစ္ဂိုးနဲ႔ အရႈံးေပၚခဲ့ရတာပါ။

ေနာက္ပိုင္းမွာ ပရိသတ္ေတြကို ေတာင္းပန္ခဲ့ရတဲ့ အေဂြ႐ိုကို ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္ကေတာ့ အားေပးသြားခဲ့ၿပီး သူ႔တုန္းက ဂ်ေမကာနဲ႔ အဂၤလန္အသင္းတို႔ရဲ႕ ပြဲစဥ္မွာ ဟက္ထရစ္ရႏိုင္တဲ့ ပင္နယ္တီကို ကန္ၿပီး ႐ိုေဘာ့လို ထပ္ၿပီးကမယ္လို႔ စိတ္ကူးခဲ့ေပမယ့္ သူကန္လိုက္တဲ့ ပါနင္ကာကန္ခ်က္က စထရက္ဖို႔ဒ္အန႔္ဒ္ ပြဲၾကည့္စင္ေပၚ ေရာက္သြားခဲ့တယ္လို႔ အလြဲကို ျပန္ေျပာျပသြားခဲ့ပါတယ္။

ခေရာက္ခ်္က စီးတီးတို႔အတြက္ ေနာက္ဆုံး ပင္နယ္တီ ၁၀ လုံးမွာ ၈ လုံးဝင္ေအာင္ ကန္သြင္းေပးထားခဲ့တဲ့ ဂိုးသြင္းဘုရင္ဟာ ဒီလိုမ်ိဳးကန္ၿပီး ျဖဳန္းတီးပစ္ဖို႔ေတာ့ ရည္႐ြယ္ခ်က္ရွိမွာ မဟုတ္ဘူးလို႔ ကစားသမားဘက္က ကာကြယ္သြားခဲ့ၿပီး သူ႔တုန္းကေတာ့ ဒီပင္နယ္တီကို မဝင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးဂိုးနဲ႔ ဟက္ထရစ္ရခဲ့ခ်ိန္မွာ ေနာင္တရစရာမ်ိဳး မႀကဳံခဲ့တာေၾကာင့္ အေဂြ႐ိုရဲ႕ ခံစားမႈကို စာနာမိတယ္လို႔ ဆိုသြားခဲ့တာပါ။

ေနာက္ထပ္ တိုက္စစ္မႉးေဟာင္းတစ္ဦးျဖစ္တဲ့ ခရစၥ ဆပ္တန္ကေတာ့ အေဂြ႐ိုအေနနဲ႔ ဒါဟာ လုပ္သင့္တဲ့ ကိစၥ ဟုတ္မဟုတ္ဆိုတာ အေျခအေနနဲ႔ အခ်ိန္အခါအေပၚ မူတည္စဥ္စားသင့္တယ္လို႔ အဆုံးအျဖတ္ေပးလိုက္ၿပီး သူ႔တုန္းက ဆဲလ္တစ္အသင္းမွာ ဒါမ်ိဳးကန္ခ်က္ကို ဝင္ေအာင္ကန္ႏိုင္ခဲ့ေပမယ့္ အသင္းက ၄-၀ နဲ႔ ႏိုင္ေနတဲ့ အခ်ိန္မ်ိဳးကို ေစာင့္ဆိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

သူက ဂိုးမသြင္းႏိုင္ရင္ ဆဲလ္တစ္နည္းျပ မာတင္ အိုနီးလ္ရဲ႕ အထုအေထာင္းကို ခံရေတာ့မွာကို သိရက္နဲ႔ စြန႔္စားခဲ့ရတာျဖစ္ၿပီး ဒီလိုေနရာမွာ မဝင္ခဲ့ရင္ ခြင့္လႊတ္ေပးမယ့္ နည္းျပရဲ႕ သေဘာထားႀကီးမႈက အေရးပါတယ္လို႔ဆိုသြားခဲ့သလို ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ေတာ့ သူ႔ကစားသမားကို ခြင့္လႊတ္ရင္ေတာင္ အေဂြ႐ိုအေနနဲ႔ မန္စီးတီးကစားသမားဘဝ အဆုံးသတ္ခါနီးမွာ လုပ္ခဲ့တဲ့ ေ႐ြးခ်ယ္မႈကေတာ့ အမွားတစ္ခုပဲျဖစ္တယ္လို႔ သုံးသပ္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.