Premier League

ဥရောပ Comebackဘုရင် ယူနိုက်တက်၏ ဗီလာ 1-3 ယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7ချက်

ဥရောပရဲ့ Comeback ဘုရင်
အရှူံးအနေအထားကနေ နောက်ကလိုက်ကစားပြီး ပရီးမီးယားလိဂ်ရဲ့ ၂၈ မှတ်အထိ ရယူထားတဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက အဝေးကွင်း Comeback နိုင်ပွဲကနေ ရယူထားခဲ့တာဖြစ်နေပါတယ်။ ဒါဟာ EPL တင်မက ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ယူနိုက်တက်ကို ဘယ်အသင်းမှလိုက်မမီသေးတဲ့ စံချိန်အဖြစ်လည်း ဒီရာသီက အံ့သြစရာကောင်းခဲ့ပါတယ်။

ယူရိုပြိုင်ပွဲအမီ ငွားငွားစွင့်စွင့်ပွင့်လန်းလာတဲ့ ဂရင်းဝုဒ်
ဂရင်းဝုဒ်က မနှစ်က ယူနိုက်တက်ရဲ့ ဒုတိယရာသီဝက်မှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးသော အဆုံးသတ်သူဖြစ်ခဲ့တယ်။ ဒီလိုခြေရာလက်ရာမျိုးကို လက်ရှိအချိန်မှာ အပြည့်အဝ ပြန်ရနေတာကို တွေ့ရပြီး ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ယူနိုက်တက်အတွက် ဂိုးတွေဆက်တိုက်သွင်းယူလာခဲ့ပြန်တဲ့ ဂရင်းဝုဒ်က ယူရိုပြိုင်ပွဲအမီ ငွားငွားစွင့်စွင့်ပွင့်လန်းလာပါပြီ။

မက်ဂွိုင်းယားမပါဘဲ လန်ဒလော့ဖ်ကို ဘယ်လိုအားကိုးမလဲ
ယူနိုက်တက်အတွက် နောက်ဆုံး EPL ၇၁ ပွဲဆက် တောက်လျှောက်ကစားပေးလါခဲ့ပြီး ပွဲချိန်ပြည့် အမာခံပွဲထွက်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ဒဏ်ရာရပြီး ကွင်းထဲက ထွက်ခွာခဲ့ရတာဖြစ်သလို ဒါက ဆိုးလ်ရှားကို အပူမိစေမှာဖြစ်ပြီး ဒဏ်ရာဟာ ဒူးကိုထိခိုက်ခဲ့ကြောင်း သိရက မက်ဂွိိုင်းယားမပါဘဲ လန်ဒလော့ဖ်ကို ဘယ်လိုနည်းနဲ့ အားကိုးမလဲလို့ ဆုံး​ဖြတ်ချက်တခု ချမှတ်ရတော့မှာပါ။

ဗီလာပါ့ခ်မှာ အီတီဟတ်တေးသံကို တိတ်ဆိတ်စေခဲ့ပြန်တဲ့ ယူနိုက်တက်
ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့တဲ့ ယူနိုက်တက်က သူတို့ရဲ့ သိပ်ဆူတတ်တဲ့ အိမ်နီးချင်းတွေကို လက်ကျန် ၃ ပွဲအလိုမှာ ပရီးမီးယားလိဂ်ဖလားချန်ပီယံအဖြစ် ခွင့်ပြုရတော့မလားဆိုတဲ့ မြင်ကွင်းတွေကို ပြောင်းပြန်လှန်ပြီး ဗီလာပါ့ခ်မှာ အီတီဟတ်က ချန်ပီယံတေးသံကို တိတ်ဆိတ်စေခဲ့ပြန်ပါတယ်။

အလင်းစစ် အလင်းမှန်အားဖြင့် ကာဗာနီ
ဥရုဂွေးသားက သူရဲ့ထုံးစံ Trademark တခုလို အရန်ခုံကနေ ထလာတယ်၊ ယူနိုက်တက်ရဲ့ ပွဲသိမ်းဂိုးကို ချိန်သားကိုက် ခေါင်းတိုက်သွင်းယူပြီး အဆုံးသတ်ခဲ့တယ်။ ဒါက ကယ်လ်ဗတ်လူဝင်ရဲ့ ၇ ဂိုးပြီးရင် ဒီရာသီမှာ ဒုတိယအများဆုံး ခေါင်းတိုက်သွင်းဂိုးအဖြစ် ၆ ဂိုးမြောက်ကို ကာဗာနီကို သွင်းယူခဲ့တာဖြစ်တဲ့အပြင် ဟာနန်ဒက်ဇ်နဲ့ ဆိုးလ်ရှားတို့ရဲ့ ပရီးမီးယားလိဂ် တရာသီအတွင်း အရန်ခုံကနေထပြီး Super-sub အဖြစ် ရယူခဲ့တဲ့ အများဆုံးသွင်းဂိုးစံချိန်ကိုလည်း လိုက်မီသွားခဲ့တာပါ။

ဘယ်တော့မှ သံသယဖြစ်စရာ မလိုတဲ့ ဘရူနို
ဒီရာသီ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပင်နယ်တီ ၁၃ ဂိုးမြောက်ကို ဘရူနိုက ဗီလာပါ့ခ်မှာ ချေပဂိုးအဖြစ် သွင်းယူခဲ့တယ်။

ဒါက ယူနိက်တက်အတွက် တရာသီတွင်း ပင်နယ်တီဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ စံချိန်သစ်ကိုလည်း တင်ချိတ်ပစ်ခဲ့တာဖြစ်သလို စစ်သူကြီးဘရူနို ယူနိုက်တက်အတွက် ဘယ်လောက်ဖိအားများများ ဘယ်တော့မှ သံသယဖြစ်စရာ မလိုခဲ့တာလည်းဖြစ်ပါတယ်။

ဆွန်ဟောင်မင်နဲ့ ညီအကိုတော်ခဲ့တဲ့ ဘာထရန် ထရာအိုရေး
အက်စတန်ဗီလာတိုက်စစ်မှူး ဘာထရန် ထရာအိုရေးက ဆွန်ဟောင်မင်ပြီးရင် ယူနိုက်တက်ကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့တယ်။ သူ့ရဲ့ အံ့အားသင့်းရာ အဖွင့်ဂိုးကန်ချက်ကလည်း အတော်လေးလှပခဲ့ပြီး ဗီလာတိုက်စစ်မှူး ဘန်တီကီကလည်း အခုလိုမျိုး ယူနိုက်တက်ကို အိမ်၊ အဝေး နှစ်ကျော့စလုံး ဂိုးသွင်းပြီး ဒုက္ခပေးခဲ့ဖူးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပရဲ႕ Comeback ဘုရင္
အရႉံးအေနအထားကေန ေနာက္ကလိုက္ကစားၿပီး ပရီးမီးယားလိဂ္ရဲ႕ ၂၈ မွတ္အထိ ရယူထားတဲ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက အေဝးကြင္း Comeback ႏိုင္ပြဲကေန ရယူထားခဲ့တာျဖစ္ေနပါတယ္။ ဒါဟာ EPL တင္မက ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ ယူႏိုက္တက္ကို ဘယ္အသင္းမွလိုက္မမီေသးတဲ့ စံခ်ိန္အျဖစ္လည္း ဒီရာသီက အံ့ၾသစရာေကာင္းခဲ့ပါတယ္။

ယူ႐ိုၿပိဳင္ပြဲအမီ ငြားငြားစြင့္စြင့္ပြင့္လန္းလာတဲ့ ဂရင္းဝုဒ္
ဂရင္းဝုဒ္က မႏွစ္က ယူႏိုက္တက္ရဲ႕ ဒုတိယရာသီဝက္မွာ ယူႏိုက္တက္ရဲ႕ အေကာင္းဆုံးေသာ အဆုံးသတ္သူျဖစ္ခဲ့တယ္။ ဒီလိုေျခရာလက္ရာမ်ိဳးကို လက္ရွိအခ်ိန္မွာ အျပည့္အဝ ျပန္ရေနတာကို ေတြ႕ရၿပီး ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာ ယူႏိုက္တက္အတြက္ ဂိုးေတြဆက္တိုက္သြင္းယူလာခဲ့ျပန္တဲ့ ဂရင္းဝုဒ္က ယူ႐ိုၿပိဳင္ပြဲအမီ ငြားငြားစြင့္စြင့္ပြင့္လန္းလာပါၿပီ။

မက္ဂြိဳင္းယားမပါဘဲ လန္ဒေလာ့ဖ္ကို ဘယ္လိုအားကိုးမလဲ
ယူႏိုက္တက္အတြက္ ေနာက္ဆုံး EPL ၇၁ ပြဲဆက္ ေတာက္ေလွ်ာက္ကစားေပးလါခဲ့ၿပီး ပြဲခ်ိန္ျပည့္ အမာခံပြဲထြက္ခဲ့တဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္မွာ ဒဏ္ရာရၿပီး ကြင္းထဲက ထြက္ခြာခဲ့ရတာျဖစ္သလို ဒါက ဆိုးလ္ရွားကို အပူမိေစမွာျဖစ္ၿပီး ဒဏ္ရာဟာ ဒူးကိုထိခိုက္ခဲ့ေၾကာင္း သိရက မက္ဂြိိုင္းယားမပါဘဲ လန္ဒေလာ့ဖ္ကို ဘယ္လိုနည္းနဲ႔ အားကိုးမလဲလို႔ ဆုံး​ျဖတ္ခ်က္တခု ခ်မွတ္ရေတာ့မွာပါ။

ဗီလာပါ့ခ္မွာ အီတီဟတ္ေတးသံကို တိတ္ဆိတ္ေစခဲ့ျပန္တဲ့ ယူႏိုက္တက္
ပထမပိုင္းမွာ ရႈံးနိမ့္ေနခဲ့တဲ့ ယူႏိုက္တက္က သူတို႔ရဲ႕ သိပ္ဆူတတ္တဲ့ အိမ္နီးခ်င္းေတြကို လက္က်န္ ၃ ပြဲအလိုမွာ ပရီးမီးယားလိဂ္ဖလားခ်န္ပီယံအျဖစ္ ခြင့္ျပဳရေတာ့မလားဆိုတဲ့ ျမင္ကြင္းေတြကို ေျပာင္းျပန္လွန္ၿပီး ဗီလာပါ့ခ္မွာ အီတီဟတ္က ခ်န္ပီယံေတးသံကို တိတ္ဆိတ္ေစခဲ့ျပန္ပါတယ္။

အလင္းစစ္ အလင္းမွန္အားျဖင့္ ကာဗာနီ
ဥ႐ုေဂြးသားက သူရဲ႕ထုံးစံ Trademark တခုလို အရန္ခုံကေန ထလာတယ္၊ ယူႏိုက္တက္ရဲ႕ ပြဲသိမ္းဂိုးကို ခ်ိန္သားကိုက္ ေခါင္းတိုက္သြင္းယူၿပီး အဆုံးသတ္ခဲ့တယ္။ ဒါက ကယ္လ္ဗတ္လူဝင္ရဲ႕ ၇ ဂိုးၿပီးရင္ ဒီရာသီမွာ ဒုတိယအမ်ားဆုံး ေခါင္းတိုက္သြင္းဂိုးအျဖစ္ ၆ ဂိုးေျမာက္ကို ကာဗာနီကို သြင္းယူခဲ့တာျဖစ္တဲ့အျပင္ ဟာနန္ဒက္ဇ္နဲ႔ ဆိုးလ္ရွားတို႔ရဲ႕ ပရီးမီးယားလိဂ္ တရာသီအတြင္း အရန္ခုံကေနထၿပီး Super-sub အျဖစ္ ရယူခဲ့တဲ့ အမ်ားဆုံးသြင္းဂိုးစံခ်ိန္ကိုလည္း လိုက္မီသြားခဲ့တာပါ။

ဘယ္ေတာ့မွ သံသယျဖစ္စရာ မလိုတဲ့ ဘ႐ူႏို
ဒီရာသီ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ပင္နယ္တီ ၁၃ ဂိုးေျမာက္ကို ဘ႐ူႏိုက ဗီလာပါ့ခ္မွာ ေခ်ပဂိုးအျဖစ္ သြင္းယူခဲ့တယ္။

ဒါက ယူနိက္တက္အတြက္ တရာသီတြင္း ပင္နယ္တီဂိုးအမ်ားဆုံး သြင္းယူႏိုင္ခဲ့တဲ့ စံခ်ိန္သစ္ကိုလည္း တင္ခ်ိတ္ပစ္ခဲ့တာျဖစ္သလို စစ္သူႀကီးဘ႐ူႏို ယူႏိုက္တက္အတြက္ ဘယ္ေလာက္ဖိအားမ်ားမ်ား ဘယ္ေတာ့မွ သံသယျဖစ္စရာ မလိုခဲ့တာလည္းျဖစ္ပါတယ္။

ဆြန္ေဟာင္မင္နဲ႔ ညီအကိုေတာ္ခဲ့တဲ့ ဘာထရန္ ထရာအိုေရး
အက္စတန္ဗီလာတိုက္စစ္မႉး ဘာထရန္ ထရာအိုေရးက ဆြန္ေဟာင္မင္ၿပီးရင္ ယူႏိုက္တက္ကို ဒီရာသီ ပရီးမီးယားလိဂ္မွာ ၂ ေက်ာ့စလုံး ဂိုးသြင္းႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ကစားသမားျဖစ္လာခဲ့တယ္။ သူ႔ရဲ႕ အံ့အားသင့္းရာ အဖြင့္ဂိုးကန္ခ်က္ကလည္း အေတာ္ေလးလွပခဲ့ၿပီး ဗီလာတိုက္စစ္မႉး ဘန္တီကီကလည္း အခုလိုမ်ိဳး ယူႏိုက္တက္ကို အိမ္၊ အေဝး ႏွစ္ေက်ာ့စလုံး ဂိုးသြင္းၿပီး ဒုကၡေပးခဲ့ဖူးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.