Bundesliga Premier League

အူပါမီကာႏိုရဲ႕ အရန္အစီအစဥ္ကိုပဲ အာဆင္နယ္တုိ႔ ေခၚယူရေတာ့မလား

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ RB လုိက္ပ္ဇစ္ရဲ႕ ဒါယို အူပါမီကာႏုိဟာ အသင္းကေန ထြက္ခြာခြင့္ ေတာင္းခံလုိက္ၿပီျဖစ္ေပမယ့္ ဘာစီလိုနာတုိ႔လို ဥေရာပထိပ္တန္းအသင္းႀကီးေတြက အလိုရွိေနတဲ့အတြက္ အရန္အစီအစဥ္အျဖစ္ ဂ်ာမန္ေျမကပဲ ေနာက္ထပ္ ျပင္သစ္သားတစ္ေယာက္ကို ေစာင့္ၾကည့္ေနပါတယ္။

သူကေတာ့ အာဆင္နယ္အသင္းနဲ႔ ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္အုပ္စုအဆင့္မွာ ႏွစ္ေက်ာ့ဆုံေတြခဲ့တဲ့ အုိင္းထရက္ ဖရန္႔ဖတ္အသင္းရဲ႕ ေနာက္ခံလူ အီဗန္ အန္ဒစ္ကာပဲျဖစ္ၿပီး အသက္ ၂၀ အရြယ္သာရွိေသးတဲ့ ကစားသမားဟာ ဘြန္ဒက္စ္လီဂါမွာ ၄၂ ပြဲကစားခဲ့ၿပီး တစ္ဂိုး ရယူထားႏုိင္သူလည္းျဖစ္ပါတယ္။

အူပါမီကာႏုိထက္ တစ္ႏွစ္ပုိငယ္ရြယ္ၿပီး ျပင္သစ္လူငယ္အသင္းအဆင့္ဆင့္မွာလည္း ကစားထားခဲ့ အန္ဒစ္ကာဟာ ျပင္သစ္ကလပ္ အုိဇယ္ရ္ (ေအာ္ဇာရီ)အသင္းကေန ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ယူ႐ိုပါလိဂ္မွာေတာ့ အာဆင္နယ္အသင္းနဲ႔ ရင္ဆုိင္ရာမွာ အရန္ခုံမွာပဲ ပါဝင္ခဲ့ရတယ္လုိ႔လည္း သိရပါတယ္။

ဘြန္ဒက္စ္လီဂါမွာ ဖရန္႔ဖတ္အတြက္ အဓိကကစားခြင့္ရေနတဲ့ အန္ဒစ္ကာဟာ ပရီးမီးယားလိဂ္မွာ လာေရာက္ကစားဖို႔လည္း ဆႏၵရွိေနၿပီး အမ္းမရိတ္မွာ ကစားေနတဲ့ အုိင္ဗရီကို႔စ္ေတာင္ပံကစားသမား နီကိုလတ္စ္ ေပေပနဲ႔ ေအးဂ်င့္ခ်င္း တူေနတာကလည္း အာဆင္နယ္အသင္းအတြက္ အားသာခ်က္ရွိတဲ့ အခ်က္တစ္ခ်က္ျဖစ္ေနပါတယ္။

အိုဇယ္ရ္အသင္းေန ဖရန္႔ဖတ္ကို ယူ႐ိုငါးသန္းခြဲနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ျပင္သစ္လူငယ္ေနာက္ခံလူကို အာဆင္နယ္အသင္းအေနနဲ႔ ေပါင္သန္း ၂၀ (ယူ႐ို ၂၂ သန္း)ေက်ာ္ ေပးေခ်ရႏိုင္တယ္လို႔ သိရၿပီး နည္းျပ မိုက္ကယ္ အာတီတာအေနနဲ႔ အူပါမီကာႏိုနဲ႔ အေျခအေနကို ေစာင့္ၾကည့္ၿပီး ေခၚယူသြားႏုိင္တယ္လုိ႔လည္း ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ RB လိုက်ပ်ဇစ်ရဲ့ ဒါယို အူပါမီကာနိုဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံလိုက်ပြီဖြစ်ပေမယ့် ဘာစီလိုနာတို့လို ဥရောပထိပ်တန်းအသင်းကြီးတွေက အလိုရှိနေတဲ့အတွက် အရန်အစီအစဉ်အဖြစ် ဂျာမန်မြေကပဲ နောက်ထပ် ပြင်သစ်သားတစ်ယောက်ကို စောင့်ကြည့်နေပါတယ်။

သူကတော့ အာဆင်နယ်အသင်းနဲ့ ပြီးခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ နှစ်ကျော့ဆုံတွေခဲ့တဲ့ အိုင်းထရက် ဖရန့်ဖတ်အသင်းရဲ့ နောက်ခံလူ အီဗန် အန်ဒစ်ကာပဲဖြစ်ပြီး အသက် ၂၀ အရွယ်သာရှိသေးတဲ့ ကစားသမားဟာ ဘွန်ဒက်စ်လီဂါမှာ ၄၂ ပွဲကစားခဲ့ပြီး တစ်ဂိုး ရယူထားနိုင်သူလည်းဖြစ်ပါတယ်။

အူပါမီကာနိုထက် တစ်နှစ်ပိုငယ်ရွယ်ပြီး ပြင်သစ်လူငယ်အသင်းအဆင့်ဆင့်မှာလည်း ကစားထားခဲ့ အန်ဒစ်ကာဟာ ပြင်သစ်ကလပ် အိုဇယ်ရ် (အော်ဇာရီ)အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်မှာတော့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရာမှာ အရန်ခုံမှာပဲ ပါဝင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ဖရန့်ဖတ်အတွက် အဓိကကစားခွင့်ရနေတဲ့ အန်ဒစ်ကာဟာ ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့လည်း ဆန္ဒရှိနေပြီး အမ်းမရိတ်မှာ ကစားနေတဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား နီကိုလတ်စ် ပေပေနဲ့ အေးဂျင့်ချင်း တူနေတာကလည်း အာဆင်နယ်အသင်းအတွက် အားသာချက်ရှိတဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။

အိုဇယ်ရ်အသင်းနေ ဖရန့်ဖတ်ကို ယူရိုငါးသန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ်လူငယ်နောက်ခံလူကို အာဆင်နယ်အသင်းအနေနဲ့ ပေါင်သန်း ၂၀ (ယူရို ၂၂ သန်း)ကျော် ပေးချေရနိုင်တယ်လို့ သိရပြီး နည်းပြ မိုက်ကယ် အာတီတာအနေနဲ့ အူပါမီကာနိုနဲ့ အခြေအနေကို စောင့်ကြည့်ပြီး ခေါ်ယူသွားနိုင်တယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.