La Liga Premier League Serie A

အေဂြ႐ိုကို ဆက္ခံမယ့္သူကို နည္းျပ ဂြါဒီယိုလာ သတ္မွတ္ခဲ့ၿပီး ေခၚယူဖို႔ လုပ္ေဆာင္မည္

မန္ခ်က္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၁၈၀ ျပည့္တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေရရွည္အစားထိုးသြားႏုိင္မယ့္ ဆက္ခံသူအျဖစ္ အင္တာမီလန္အသင္းရဲ႕တုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ကို နည္းျပ ပက္ ဂြါဒီယိုလာက သတ္မွတ္လုိက္ၿပီျဖစ္ၿပီး လာမယ့္အေျပာင္းအေရႊ႕မွာ ေခၚယူသြားဖို႔ စီစဥ္ေနပါတယ္။

ပရီးမီးယားလိဂ္ ၂၆၁ ပြဲမွာ ဂိုးေပါင္း ၁၈၀ သြင္းယူထားႏိုင္ခဲ့တဲ့ အေဂြ႐ိုဟာ ထာဝရဂိုးသြင္းအမ်ားဆုံးစာရင္းမွာ စတုတၳေနရာမွာ ရပ္တည္ေနၿပီး တတိယေနရာက အန္ဒီကိုးလ္နဲ႔ ၇ ဂိုးအကြာမွာ ရွိေနတာေၾကာင့္ မၾကာခင္အခ်ိန္အတြင္းမွာလည္း ေက်ာ္တက္ႏုိင္ဖို႔ ရွိေနၿပီး COVID-19 ေၾကာင့္ ပြဲစဥ္ေတြ ရပ္နားခဲ့ရတာကေတာ့ သူ႕အတြက္ နစ္နာခဲ့ရပါတယ္။

နည္းျပ ဂြါဒီယိုလာအေနနဲ႔ အေဂြ႐ိုရဲ႕ ဂိုးသြင္းအား မက်ဆင္းေသးေပမယ့္ ႀကံ့ခိုင္မွဳပုိင္းမွာ ေလ်ာ့က်လာတတ္တာကို သတိထားမိေနၿပီး အသက္ ၃၂ ႏွစ္အရြယ္ တုိက္စစ္မွဴးကို သူ႕ထက္ ၁၀ ႏွစ္ ငယ္ရြယ္တဲ့ တစ္ႏုိင္ငံတည္းသား လက္ေရြးစင္အသင္းေဖာ္နဲ႔ အစားထိုးသြားဖို႔ ရည္ရြယ္ေနတာလည္း ျဖစ္ပါတယ္။

အင္တာမီလန္အသင္းကေတာ့ သူတို႔ရဲ႕ ေပါင္ ၂၂.၇ သန္းနဲ႔ ေခၚယူထားတဲ့ ကစားသမားကို စာခ်ဳပ္ဖ်က္သိမ္းေၾကးျဖစ္တဲ့ ယူ႐ို ၁၁၃ သန္း (ေပါင္ ၁၀၁.၃ သန္း)ရမွ ေရာင္းခ်မယ္လို႔ ေၾကျငာထားခဲ့ၿပီး စီးရီးေအမွာ ေျခစြမ္းျပေနခဲ့တဲ့ မာတီနက္ဇ္ကိုေတာ့ စပိန္ကလပ္ ဘာစီလိုနာအသင္းကလည္း ခ်ဥ္းကပ္ေနခဲ့ပါတယ္။

ကစားသမားေတြ မ်ားျပားေနမွဳနဲ႔အတူ ေငြေၾကးအနည္းငယ္ က်ပ္တည္းေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ မာတီနက္ဇ္ကို အာဂ်င္တီးနားဂႏၴဝင္ လီယြန္နယ္ မက္ဆီနဲ႔ တြဲကစားခြင့္နဲ႔ စည္း႐ုံးမွာျဖစ္သလို ဂြါဒီယိုလာနဲ႔ မန္စီးတီးအသင္းအေနနဲ႔လည္း အေဂြ႐ိုနဲ႔ လက္တြဲခြင့္ကို ျပသေခၚယူသြားမွာျဖစ္လို႔ တက္သစ္အာဂ်င္တီးနားသားတစ္ေယာက္ ဘယ္Legend ကုိ ေရြးခ်ယ္မလဲဆုိတာကို ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၈၀ ပြည့်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ ရေရှည်အစားထိုးသွားနိုင်မယ့် ဆက်ခံသူအဖြစ် အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို နည်းပြ ပက် ဂွါဒီယိုလာက သတ်မှတ်လိုက်ပြီဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ် ၂၆၁ ပွဲမှာ ဂိုးပေါင်း ၁၈၀ သွင်းယူထားနိုင်ခဲ့တဲ့ အဂွေရိုဟာ ထာဝရဂိုးသွင်းအများဆုံးစာရင်းမှာ စတုတ္ထနေရာမှာ ရပ်တည်နေပြီး တတိယနေရာက အန်ဒီကိုးလ်နဲ့ ၇ ဂိုးအကွာမှာ ရှိနေတာကြောင့် မကြာခင်အချိန်အတွင်းမှာလည်း ကျော်တက်နိုင်ဖို့ ရှိနေပြီး COVID-19 ကြောင့် ပွဲစဉ်တွေ ရပ်နားခဲ့ရတာကတော့ သူ့အတွက် နစ်နာခဲ့ရပါတယ်။

နည်းပြ ဂွါဒီယိုလာအနေနဲ့ အဂွေရိုရဲ့ ဂိုးသွင်းအား မကျဆင်းသေးပေမယ့် ကြံ့ခိုင်မှုပိုင်းမှာ လျော့ကျလာတတ်တာကို သတိထားမိနေပြီး အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကို သူ့ထက် ၁၀ နှစ် ငယ်ရွယ်တဲ့ တစ်နိုင်ငံတည်းသား လက်ရွေးစင်အသင်းဖော်နဲ့ အစားထိုးသွားဖို့ ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။

အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ ပေါင် ၂၂.၇ သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားကို စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို ၁၁၃ သန်း (ပေါင် ၁၀၁.၃ သန်း)ရမှ ရောင်းချမယ်လို့ ကြေငြာထားခဲ့ပြီး စီးရီးအေမှာ ခြေစွမ်းပြနေခဲ့တဲ့ မာတီနက်ဇ်ကိုတော့ စပိန်ကလပ် ဘာစီလိုနာအသင်းကလည်း ချဉ်းကပ်နေခဲ့ပါတယ်။

ကစားသမားတွေ များပြားနေမှုနဲ့အတူ ငွေကြေးအနည်းငယ် ကျပ်တည်းနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်ကို အာဂျင်တီးနားဂန္ထဝင် လီယွန်နယ် မက်ဆီနဲ့ တွဲကစားခွင့်နဲ့ စည်းရုံးမှာဖြစ်သလို ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းအနေနဲ့လည်း အဂွေရိုနဲ့ လက်တွဲခွင့်ကို ပြသခေါ်ယူသွားမှာဖြစ်လို့ တက်သစ်အာဂျင်တီးနားသားတစ်ယောက် ဘယ်Legend ကို ရွေးချယ်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.