Match Report Premier League

ပထမဆုံးဂိုးတွေ ရရှိခဲ့သူနှစ်ဦးနဲ့ အာဆင်နယ်အနိုင်ရခဲ့ပြီး တန်းဆင်းသွားခဲ့တဲ့ ဝက်စ်ဘရွန်း

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲကိုတော့ အရင်ပွဲတွေလို ကစားသမားတွေကိုယ်တိုင် နားမလည်တဲ့ ကစားကွက်မျိုးနဲ့ ပွဲထွက်လာတာ မဟုတ်တော့ဘဲ ၄-၃-၃ ပုံစံမှာ ဆာကာကို ဘယ်နောက်ခံလူနေရာမှာ သုံးစွဲခဲ့ပြီး တိုက်စစ်မှာတော့ ဝီလီယန်၊ မာတီနယ်လီနဲ့ ပေပေတို့ကို ကစားစေပြီး အိမ်ကွင်းရလဒ်ကောင်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အော်ဒီဂွါဒ် မပါရင် အာဆင်နယ်ကွင်းလယ်မှာ စမစ်ရိုးဟာ ဘုရင်ပဲလို့ ဆိုရလောက်အောင် ဒီနေ့မှာ အင်္ဂလိပ်လူငယ်အနေနဲ့ သူ့ကို နှိုင်းယှဉ်ချီးကျူးကြတဲ့ ရောဘတ် ပီရက်စ်လိုမျိုး ကစားနိုင်ခဲ့ပြီး စီဘာယော့စ်နဲ့ အယ်လ်နန်နီကတော့ သာမန်ကစားပုံနဲ့အတူ ဝက်စ်ဘရွန်းရဲ့ ဖိအားကို တောင့်ခံနိုင်ဖို့ နည်းနည်းရုန်းခဲ့ကြရပါတယ်။

အမ်းမရိတ်ကွင်းမှာဖြစ်ပေမယ့် တန်းမဆင်းရဖို့အတွက် နိုင်ပွဲရဖို့ မျှော်လင့်နေခဲ့တဲ့ ဝက်စ်ဘရွန်းအနေနဲ့ Pressing နဲ့ တိုက်စစ်ကို ပီပီပြင်ပြင် ကစားလာခဲ့သလို ဘောလုံးရတာနဲ့ အာဆင်နယ်ဂိုးပေါက်ဆီ အရောက်သွားနိုင်ဖို့ နည်းပြ အလာဒိုက်စ်က ညွှန်ကြားထားခဲ့ပုံရှိပြီး မက်သီးယပ်စ် ပါရဲရား ကတော့ အတော်လေးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အခွင့်အရေးတွေကို လွဲချော်နေတဲ့ ဝက်စ်ဘရွန်းတို့ ဂိုးသွင်းနိုင်ဖို့ မနီးစပ်ခဲ့ချိန်မှာ ပွဲချိန် ၂၉ မိနစ်မှာတော့ အာဆင်နယ်တို့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဝီလီယန်နဲ့ ပူးပေါင်းပြီး တောင်ပံကနေ ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို စမစ်ရိုးက ပြေးဝင်ပိတ်သွင်းယူခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ခံစစ်ပိုင်းမှာ နေရာယူပုံ ကျဲနေပြီး လူကပ်ကစားပုံ ပေါ့လျော့ခဲ့တဲ့ ဝက်စ်ဘရွန်းတို့ အပြစ်ပေးခံခဲ့ရပြီး ညာခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ ပေပေက အတွင်းကို ဆွဲဝင်ပြီး ဂိုးဧရိယာအစပ်နားကနေ ကန်သွင်းရာမှာ နောက်ခံလူတွေ ပိတ်ဆို့ဖို့ နောက်ကျနေခဲ့လို့ ဂိုးသမား ဂျွန်စတုန်းရဲ့ လက်ဖျားနဲ့ ထိရုံထိပြီး ဂိုးပိုက်နဲ့ မိတ်ဆက်ခဲ့သလို အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆမ်မီ အဂျာယီ ကစားပုံကြမ်းနေပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အာဆင်နယ်အကယ်ဒမီထွက် ကစားသမားဟောင်း ခိုင်လ် ဘတ်တလီကတော့ တော်တော်လေး အာရုံများနေတဲ့ ပုံစံကို တွေ့မြင်ခဲ့ရသလို တန်းဆင်းဖို့ ရာနှုန်းများနေခဲ့တဲ့ ဝက်စ်ဘရွန်းတို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ပေပေနဲ့ စမစ်ရိုးတို့ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲမှာ မာတီနယ်လီကတော့ နေရာယူပုံတွေမှာ အတော်လေး နောက်ကျနေပြီး ဒုတိယပိုင်းမှာတော့ သူ့အစား လာကာဇက်နဲ့ စမစ်ရိုးအစား တီယာနီတို့ကို ထည့်သွင်းခဲ့ပြီး ပထမပိုင်းက နောက်ခံလူအဖြစ် ကစားခဲ့တဲ့ ဆာကာကတော့ ရှေ့တက်လာခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ တောင်းဆန်းပေးလိုက်တဲ့ ဘောလုံးကို ဝက်စ်ဘရွန်းဂိုးဧရိယာထိပ်ကနေ တောက်လျှောက်ဆွဲပြေးပြီး တက်လာခဲ့တဲ့ မက်သီးယပ်စ် ပါရဲရားက အာဆင်နယ်ခံစစ်ကစားသမား ၄ ဦးကို ကျော်ဖြတ်ပြီး ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့ရာမှာ ဂိုးသမား လီနို မကာကွယ်နိုင်ခဲ့ဘဲ တိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့လို့ ဝက်စ်ဘရွန်းတို့ တစ်ဂိုးပြန် ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဖိလစ်ရဲ့ ဘယ်ခြမ်းကနေ တိကျတဲ့ ဖြတ်တင်ဘောကို ညာနောက်ခံလူ ဖားလောင်းက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဒီနောက်ပိုင်းမှာ အခွင့်အရေးတွေကို သိပ်ပြီး မဖန်တီးနိုင်တော့ဘဲ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့တဲ့ ဝက်စ်ဘရွန်းတို့ ကစားပုံ အနည်းငယ် အားလျော့လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဂိုးဧရိယာရှေ့မှာ အေးအေးဆေးဆေး ဖျက်လို့ရတဲ့ ဘောလုံးကို မိုက်မိုက်မဲမဲတွန်းပြီး ဘတ်တလီပေးတဲ့ ဖရီးကစ်က သူတို့အတွက် မျှော်လင့်ချက် ကုန်ဆုံးစရာဖြစ်ခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ ဝီလီယန်က တိုက်ရိုက်ကန်သွင်းပြီး အာဆင်နယ်အသင်းနဲ့ သူ့အတွက် ပထမဦးဆုံးသွင်းဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်တို့ ရမှတ် ၅၂ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့သလို အဆင့် ၁၇ က ဘန်လေနဲ့ သုံးပွဲအကျန်မှာ ၁၀ မှတ် အထိ ဝေးသွားခဲ့တဲ့ ဝက်စ်ဘရွန်းတို့ကတော့ တန်းဆင်းခဲ့ရပြီဖြစ်ပြီး ဆမ်အလာဒိုက်စ်အတွက်တော့ သူ့ရဲ့ နည်းပြဘဝမှာ ပရီးမီးယားလိဂ်ကနေ ပထမဆုံး တန်းဆင်းမှုနဲ့အတူ မျက်နှာပျက်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲကိုေတာ့ အရင္ပြဲေတြလို ကစားသမားေတြကိုယ္တိုင္ နားမလည္တဲ့ ကစားကြက္မ်ိဳးနဲ႔ ပြဲထြက္လာတာ မဟုတ္ေတာ့ဘဲ ၄-၃-၃ ပုံစံမွာ ဆာကာကို ဘယ္ေနာက္ခံလူေနရာမွာ သုံးစြဲခဲ့ၿပီး တိုက္စစ္မွာေတာ့ ဝီလီယန္၊ မာတီနယ္လီနဲ႔ ေပေပတို႔ကို ကစားေစၿပီး အိမ္ကြင္းရလဒ္ေကာင္းဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ေအာ္ဒီဂြါဒ္ မပါရင္ အာဆင္နယ္ကြင္းလယ္မွာ စမစ္႐ိုးဟာ ဘုရင္ပဲလို႔ ဆိုရေလာက္ေအာင္ ဒီေန႔မွာ အဂၤလိပ္လူငယ္အေနနဲ႔ သူ႔ကို ႏႈိင္းယွဥ္ခ်ီးက်ဴးၾကတဲ့ ေရာဘတ္ ပီရက္စ္လိုမ်ိဳး ကစားႏိုင္ခဲ့ၿပီး စီဘာေယာ့စ္နဲ႔ အယ္လ္နန္နီကေတာ့ သာမန္ကစားပုံနဲ႔အတူ ဝက္စ္ဘ႐ြန္းရဲ႕ ဖိအားကို ေတာင့္ခံႏိုင္ဖို႔ နည္းနည္း႐ုန္းခဲ့ၾကရပါတယ္။

အမ္းမရိတ္ကြင္းမွာျဖစ္ေပမယ့္ တန္းမဆင္းရဖို႔အတြက္ ႏိုင္ပြဲရဖို႔ ေမွ်ာ္လင့္ေနခဲ့တဲ့ ဝက္စ္ဘ႐ြန္းအေနနဲ႔ Pressing နဲ႔ တိုက္စစ္ကို ပီပီျပင္ျပင္ ကစားလာခဲ့သလို ေဘာလုံးရတာနဲ႔ အာဆင္နယ္ဂိုးေပါက္ဆီ အေရာက္သြားႏိုင္ဖို႔ နည္းျပ အလာဒိုက္စ္က ၫႊန္ၾကားထားခဲ့ပုံရွိၿပီး မက္သီးယပ္စ္ ပါရဲရား ကေတာ့ အေတာ္ေလးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

အခြင့္အေရးေတြကို လြဲေခ်ာ္ေနတဲ့ ဝက္စ္ဘ႐ြန္းတို႔ ဂိုးသြင္းႏိုင္ဖို႔ မနီးစပ္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဝီလီယန္နဲ႔ ပူးေပါင္းၿပီး ေတာင္ပံကေန ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို စမစ္႐ိုးက ေျပးဝင္ပိတ္သြင္းယူခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘဝ ပထမဆုံးပရီးမီးယားလိဂ္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ခံစစ္ပိုင္းမွာ ေနရာယူပုံ က်ဲေနၿပီး လူကပ္ကစားပုံ ေပါ့ေလ်ာ့ခဲ့တဲ့ ဝက္စ္ဘ႐ြန္းတို႔ အျပစ္ေပးခံခဲ့ရၿပီး ညာျခမ္းကေန ေဘာလုံးရသြားခဲ့တဲ့ ေပေပက အတြင္းကို ဆြဲဝင္ၿပီး ဂိုးဧရိယာအစပ္နားကေန ကန္သြင္းရာမွာ ေနာက္ခံလူေတြ ပိတ္ဆို႔ဖို႔ ေနာက္က်ေနခဲ့လို႔ ဂိုးသမား ဂြၽန္စတုန္းရဲ႕ လက္ဖ်ားနဲ႔ ထိ႐ုံထိၿပီး ဂိုးပိုက္နဲ႔ မိတ္ဆက္ခဲ့သလို အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဆမ္မီ အဂ်ာယီ ကစားပုံၾကမ္းေနၿပီး အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ အာဆင္နယ္အကယ္ဒမီထြက္ ကစားသမားေဟာင္း ခိုင္လ္ ဘတ္တလီကေတာ့ ေတာ္ေတာ္ေလး အာ႐ုံမ်ားေနတဲ့ ပုံစံကို ေတြ႕ျမင္ခဲ့ရသလို တန္းဆင္းဖို႔ ရာႏႈန္းမ်ားေနခဲ့တဲ့ ဝက္စ္ဘ႐ြန္းတို႔ ပထမပိုင္းအၿပီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ေပေပနဲ႔ စမစ္႐ိုးတို႔ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ပြဲမွာ မာတီနယ္လီကေတာ့ ေနရာယူပုံေတြမွာ အေတာ္ေလး ေနာက္က်ေနၿပီး ဒုတိယပိုင္းမွာေတာ့ သူ႔အစား လာကာဇက္နဲ႔ စမစ္႐ိုးအစား တီယာနီတို႔ကို ထည့္သြင္းခဲ့ၿပီး ပထမပိုင္းက ေနာက္ခံလူအျဖစ္ ကစားခဲ့တဲ့ ဆာကာကေတာ့ ေရွ႕တက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေနာက္ခံလူ ေတာင္းဆန္းေပးလိုက္တဲ့ ေဘာလုံးကို ဝက္စ္ဘ႐ြန္းဂိုးဧရိယာထိပ္ကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး တက္လာခဲ့တဲ့ မက္သီးယပ္စ္ ပါရဲရားက အာဆင္နယ္ခံစစ္ကစားသမား ၄ ဦးကို ေက်ာ္ျဖတ္ၿပီး ဂိုးဧရိယာထိပ္ကေန ကန္သြင္းခဲ့ရာမွာ ဂိုးသမား လီႏို မကာကြယ္ႏိုင္ခဲ့ဘဲ တိုင္ေျခကို တိတိက်က် ဝင္သြားခဲ့လို႔ ဝက္စ္ဘ႐ြန္းတို႔ တစ္ဂိုးျပန္ ေခ်ပႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဖိလစ္ရဲ႕ ဘယ္ျခမ္းကေန တိက်တဲ့ ျဖတ္တင္ေဘာကို ညာေနာက္ခံလူ ဖားေလာင္းက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့တာက ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာ အခြင့္အေရးေတြကို သိပ္ၿပီး မဖန္တီးႏိုင္ေတာ့ဘဲ ဂိုးေပါက္တစ္ႀကိမ္သာ တည့္ခဲ့တဲ့ ဝက္စ္ဘ႐ြန္းတို႔ ကစားပုံ အနည္းငယ္ အားေလ်ာ့လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ဂိုးဧရိယာေရွ႕မွာ ေအးေအးေဆးေဆး ဖ်က္လို႔ရတဲ့ ေဘာလုံးကို မိုက္မိုက္မဲမဲတြန္းၿပီး ဘတ္တလီေပးတဲ့ ဖရီးကစ္က သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္ ကုန္ဆုံးစရာျဖစ္ခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ျပစ္ဒဏ္က်ဴးလြန္ခံရတဲ့ ဝီလီယန္က တိုက္႐ိုက္ကန္သြင္းၿပီး အာဆင္နယ္အသင္းနဲ႔ သူ႔အတြက္ ပထမဦးဆုံးသြင္းဂိုးကို ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ အာဆင္နယ္တို႔ ရမွတ္ ၅၂ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို အဆင့္ ၁၇ က ဘန္ေလနဲ႔ သုံးပြဲအက်န္မွာ ၁၀ မွတ္ အထိ ေဝးသြားခဲ့တဲ့ ဝက္စ္ဘ႐ြန္းတို႔ကေတာ့ တန္းဆင္းခဲ့ရၿပီျဖစ္ၿပီး ဆမ္အလာဒိုက္စ္အတြက္ေတာ့ သူ႔ရဲ႕ နည္းျပဘဝမွာ ပရီးမီးယားလိဂ္ကေန ပထမဆုံး တန္းဆင္းမႈနဲ႔အတူ မ်က္ႏွာပ်က္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.