Premier League

UCLဖလား ကိုင်မြောက်ချင်လျှင် ဗာနာကို ဖိုင်နယ်မှာ ချောင်ထိုးသင့်တယ်လို့ တူဟယ်လ်တိုက်တွန်းခံထားရ

ချယ်လ်ဆီးနည်းပြတူဟယ်လ်အနေနဲ့ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ တီမို ဗာနာကို ချောင်ထိုးထားသင့်သလို ပူလီရှစ်ချ်ကို အသုံးပြုသင့်တယ်လို့ အာဆင်နယ်ကစားသမားဟောင်းကြီး ပေါလ်မာဆန်က တိုက်တွန်းသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်က ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာစီးတီးကို နောက်ကလိုက်ကစားပြီး Come Back နိုင်ပွဲရယူခဲ့တာက အီတီဟတ်ရဲ့ချန်ပီယံတေးသံတွေကို နှောင့်နှေးစေခဲ့တာလည်း ဖြစ်သလို တူဟယ်လ်ရဲ့လက်စွမ်းပြခြင်းကို ခံလိုက်ရတဲ့ ပပ်အတွက် ချန်ပီယံလိဂ်အကြို သင်ခန်းစာလည်းဖြစ်ခဲ့တယ်။

ပေါလ်မာဆန်က အခွင့်အရေးနည်းနည်းနဲ့ ဂိုးကောင်းကောင်းသွင်းနိုင်တဲ့ ပူလီရှစ်ချ်ကို ဂိုးတွေကို ရေဖြုန်းသလို ဖြုန်းတီးနေတဲ့ ဗာနာထက် ပိုအကြိုက်တွေ့နေတာဖြစ်ပြီး မေဆန်မောင့်နဲ့ ချိတ်ဆက်ပြီး ရီးရဲလ်ကိုပြုတ်စေခဲ့တဲ့ Killer ဂိုးကို ကိုယ်တိုင်ဖန်တီးသွားခဲ့တဲ့ ပူလီရှစ်ချ်က တူဟယ်လ်အတွက် ပိုစိတ်ချရစေမယ်လို့ ယူဆနေတာပါ။

တီမို ဗာနာဟာ အခု ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာတော့ ချယ်လ်ဆီးတိုက်စစ်မှာ ပုပ်နေတယ်လို့ အဝေဖန်ခံထားရတဲ့တဖက်မှာတော့ ချယ်လ်ဆီးအတွက် ဒီရာသီ ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၃၀ ပိုင်ဆိုင်ထားတဲ့ ဗာနာရဲ့မှတ်တမ်းကလည်း ရှိနေတာပါ။

ဒါဟာ တီမို ဗာနာရဲ့ ချယ်လ်ဆီးတိုက်စစ်စီးဆင်းမှုမှာ အကျိုးပြုမှုတွေက သူ့ရဲ့ အကြီးအကျယ်ဂိုးပေါက်လွဲချော်မှုနွေကြောင့် မျက်ကွယ်ပြုခံထားရတယ်လို့ မျှတစွာ သုံးသပ်သူတွေကိုလည်း တွေ့ရပြီး တူဟယ်လ်ရဲ့စိတ်ရှည်မှုကလည်း အတိုင်းအတာတခုအထိ အလုပ်ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုခဲ့ကြပါတယ်။

” ဗာနာက ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဧရာမဂိုးကိုသွင်းခဲ့ပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ သူမကစားသင့်ဘူး။ သူ့အစား အဆုံးသတ်ပိုင်းပိုကောင်းတဲ့ ပူလီရှစ်ချ်ကို ပွဲထွက်စေသင့်တယ်။ သူက ၂ ယောက် ၃ ယောက်လောက်ကို အသာလေးကျော်ဖြတ်ပြီး သွေးအေးအေးအဆုံးသတ်နိုင်တယ် ”

” မန်စီးတီးလိုအသင်းနဲ့ ကစားရင် ဂိုးကန်သွင်းချက်က ၁၀ ကြိမ်ကန်ခွင့်ရရင်တောင် ကံကောင်းမဟုတ်လား။ ဒါကြောင့် တိတိကျကျဂိုးသွင်းမယ့်သူလိုတယ်။ ”

” မောင့်ရဲ့ပြေးလွှားပုံကို သေချာကြည့်ပြီး ပူလီရှစ်ချ် ဂိုးဖော်ဆောင်သွားပုံက တည်ငြိမ်မှုအပြည့်ပဲ။ ဒီပုံစံမျိုး ဗာနာဆီက မြင်ရဖို့ မရှိပါဘူး။ ”
ပေါလ်မာဆန်က Daily Star ရဲ့ ဆောင်းပါးမှာရေးသားပြီး တူဟယ်လ်ဆီ အမှာပါးလိုက်တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္အေနနဲ႔ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ တီမို ဗာနာကို ေခ်ာင္ထိုးထားသင့္သလို ပူလီရွစ္ခ်္ကို အသုံးျပဳသင့္တယ္လို႔ အာဆင္နယ္ကစားသမားေဟာင္းႀကီး ေပါလ္မာဆန္က တိုက္တြန္းသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရက္က ပရီးမီးယားလိဂ္ပြဲမွာ မန္ခ်က္စတာစီးတီးကို ေနာက္ကလိုက္ကစားၿပီး Come Back ႏိုင္ပြဲရယူခဲ့တာက အီတီဟတ္ရဲ႕ခ်န္ပီယံေတးသံေတြကို ေႏွာင့္ေႏွးေစခဲ့တာလည္း ျဖစ္သလို တူဟယ္လ္ရဲ႕လက္စြမ္းျပျခင္းကို ခံလိုက္ရတဲ့ ပပ္အတြက္ ခ်န္ပီယံလိဂ္အႀကိဳ သင္ခန္းစာလည္းျဖစ္ခဲ့တယ္။

ေပါလ္မာဆန္က အခြင့္အေရးနည္းနည္းနဲ႔ ဂိုးေကာင္းေကာင္းသြင္းႏိုင္တဲ့ ပူလီရွစ္ခ်္ကို ဂိုးေတြကို ေရျဖဳန္းသလို ျဖဳန္းတီးေနတဲ့ ဗာနာထက္ ပိုအႀကိဳက္ေတြ႕ေနတာျဖစ္ၿပီး ေမဆန္ေမာင့္နဲ႔ ခ်ိတ္ဆက္ၿပီး ရီးရဲလ္ကိုျပဳတ္ေစခဲ့တဲ့ Killer ဂိုးကို ကိုယ္တိုင္ဖန္တီးသြားခဲ့တဲ့ ပူလီရွစ္ခ်္က တူဟယ္လ္အတြက္ ပိုစိတ္ခ်ရေစမယ္လို႔ ယူဆေနတာပါ။

တီမို ဗာနာဟာ အခု ပရီးမီးယားလိဂ္ ပြဲဦးထြက္ရာသီမွာေတာ့ ခ်ယ္လ္ဆီးတိုက္စစ္မွာ ပုပ္ေနတယ္လို႔ အေဝဖန္ခံထားရတဲ့တဖက္မွာေတာ့ ခ်ယ္လ္ဆီးအတြက္ ဒီရာသီ ဂိုးပါဝင္ပတ္သက္မႈ အႀကိမ္ ၃၀ ပိုင္ဆိုင္ထားတဲ့ ဗာနာရဲ႕မွတ္တမ္းကလည္း ရွိေနတာပါ။

ဒါဟာ တီမို ဗာနာရဲ႕ ခ်ယ္လ္ဆီးတိုက္စစ္စီးဆင္းမႈမွာ အက်ိဳးျပဳမႈေတြက သူ႔ရဲ႕ အႀကီးအက်ယ္ဂိုးေပါက္လြဲေခ်ာ္မႈေႏြေၾကာင့္ မ်က္ကြယ္ျပဳခံထားရတယ္လို႔ မွ်တစြာ သုံးသပ္သူေတြကိုလည္း ေတြ႕ရၿပီး တူဟယ္လ္ရဲ႕စိတ္ရွည္မႈကလည္း အတိုင္းအတာတခုအထိ အလုပ္ျဖစ္ေနတာကို ေတြ႕ရတယ္လို႔ ဆိုခဲ့ၾကပါတယ္။

” ဗာနာက ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ဧရာမဂိုးကိုသြင္းခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာေတာ့ သူမကစားသင့္ဘူး။ သူ႔အစား အဆုံးသတ္ပိုင္းပိုေကာင္းတဲ့ ပူလီရွစ္ခ်္ကို ပြဲထြက္ေစသင့္တယ္။ သူက ၂ ေယာက္ ၃ ေယာက္ေလာက္ကို အသာေလးေက်ာ္ျဖတ္ၿပီး ေသြးေအးေအးအဆုံးသတ္ႏိုင္တယ္ ”

” မန္စီးတီးလိုအသင္းနဲ႔ ကစားရင္ ဂိုးကန္သြင္းခ်က္က ၁၀ ႀကိမ္ကန္ခြင့္ရရင္ေတာင္ ကံေကာင္းမဟုတ္လား။ ဒါေၾကာင့္ တိတိက်က်ဂိုးသြင္းမယ့္သူလိုတယ္။ ”

” ေမာင့္ရဲ႕ေျပးလႊားပုံကို ေသခ်ာၾကည့္ၿပီး ပူလီရွစ္ခ်္ ဂိုးေဖာ္ေဆာင္သြားပုံက တည္ၿငိမ္မႈအျပည့္ပဲ။ ဒီပုံစံမ်ိဳး ဗာနာဆီက ျမင္ရဖို႔ မရွိပါဘူး။ ”
ေပါလ္မာဆန္က Daily Star ရဲ႕ ေဆာင္းပါးမွာေရးသားၿပီး တူဟယ္လ္ဆီ အမွာပါးလိုက္တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.