Match Report Premier League

ဗီလာပါ့ခ်မှာ Come Back နိုင်ပွဲနဲ့ စီးတီးတို့ကို အချိန်ထပ်ဆွဲတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပေါ့ဘာကို ဘယ်ခြမ်းမှာ ဆက်သုံးပြီး 4-4-2 Diamond နဲ့ 4-5-1 ကြား ကစားတဲ့ ပုံစံမှာ တိုက်စစ်ကို ရက်ရှ်ဖို့ဒ်ကို အထောင်ထားပြီး ပွဲထွက်ခဲ့သလို ဂရင်းဝုဒ်ကို သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ မက်တော်မီနေးနဲ့ ဖာနန်ဒက်စ်တို့ပဲ အထိုင်ချလာခဲ့ပါတယ်။

ပွဲစတာနဲ့ ဗီလာတို့ကို ယူနိုက်တက်တို့ ဖိကစားခဲ့ပြီး မကြာခဏဆိုသလို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ရှိနေခဲ့သလို လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာ နောက်ခံလူနှစ်ယောက် ကြိုးစားခဲ့ပေမယ့် ရှေ့က ရက်ရှ်ဖို့ဒ်နဲ့ ဖာနန်ဒက်စ်တို့ကတော့ ပွဲစစချင်း သိပ်ပြီး လမိုင်းမကပ်သေးချိန်မှာ အဆုံးသတ်မှုတွေက စိတ်ကျေနပ်စရာ မဖြစ်ခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဖရက်ဒ် ဘောလုံးပျက်ရာကနေ ဗီလာကွင်းလယ်လူ မက်ဂင်း ပြန်ရသွားပြီး သူကနေတစ်ဆင့် ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ထိုးပေးလိုက်တဲ့ ဘောလုံးကို ဘာထရန် ထရာအိုရေးက လင်ဒီလော့ဖ်ကို ကျော်ဖြတ်ပြီး ဘယ်ခြေနဲ့ ထောင့်ဖြတ်ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဟန်ဒါဆန် မမီလောက်တဲ့ ထောင့်ထဲကို ဝင်သွားခဲ့လို့ ယူနိုက်တက်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

ပထမပိုင်းလက်ကျန်ပွဲချိန်တွေမှာတော့ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ ကန်သွင်းချက်တွေကို ဗီလာဂိုးသမား မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့ပြီး နာကျင်အချိန်ပိုက ဝပ်ကင်းစ်ရဲ့ အဝေးကန်ချက်ကိုလည်း ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ချေပဂိုးရနိုင်ဖို့ ကစားအားပိုတင်လာခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီးကစားသမားဟောင်း ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ပေါ့ဘာကို နောက်က နှစ်ကြိမ်ဆက်တိုက်တွန်းချခဲ့မှုကနေ ပင်နယ်တီ ရရှိခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ်က တစ်ချက်ခုန်ပြီးမှ ဂိုးသမား မာတီနက်ဇ်ကို လမ်းလွှဲပြီး ကန်သွင်းမှုနဲ့ ချေပဂိုး ရရှိခဲ့ပါတယ်။

၅ မိနစ်အကြာမှာတော့ ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ ညာနောက်ခံလူ ဝန်ဘစ်ဆာကာ ပေးတဲ့ ဘောလုံးကို လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က သူ့ကို ကပ်ထားတဲ့ တိုင်ရုန်းမင်းစ်ကို ပင်နယ်တီဧရိယာထဲမှာ နောက်ပြန်လှည့်ထွက်ပြီး ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား မာတီနက်ဇ်ကို ထပ်မံအနိုင်ယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်း ပွဲချိန် ၆၅ မိနစ်မှာတော့ ဂရင်းဝုဒ်အစား ကာဗာနီ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ ဒဏ်ရာ ရရှိသွားခဲ့တဲ့ အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းယားအစား အဲရစ် ဘိုင်လီနဲ့ လူစားလဲခဲ့ရသလို ဗီလာတို့ကတော့ ဖြတ်တင်ဘောတွေကနေ ချေပဂိုးရဖို့ ကြိုးစားနေခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ယူနိုက်တက်တို့ အနိုင်သေချာစေမယ့် ဂိုးကို ရရှိခဲ့ပြီး ကွင်းလယ်ကနေ ဖရက်ဒ် ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းက ရက်ရှ်ဖို့ဒ်က ဖြတ်တင်ပေးရာမှာ ဝါရင့်တိုက်စစ်မှူး ကာဗာနီက သူလုပ်နေကျပုံစံအတိုင်း နောက်ခံလူတွေကြားက ပြေးထွက်ပြီး အနီးကပ် ခေါင်းတိုက် သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို ရယူရမယ့်အစား ဟန်ဆောင်ဒိုင်ဗင်ထိုးပြီး ခွင်ဖန်ဖို့ ကြိုးစားတဲ့ ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ် ဒုတိယအဝါကတ်နဲ့ အထုတ်ခံခဲ့ရပြီး ထရာအိုရေးတစ်ယောက်တည်းရဲ့ ကြိုးစားမှုတွေကိုတော့ မာတစ်နဲ့အဖွဲ့က ကိုင်တွယ်သွားနိုင်ခဲ့လို့ နာကျင်အချိန်ပို ၇ မိနစ်အပြီးမှာ ယူနိုက်တက်တို့ ဂုဏ်တက်စရာ Come Back နဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်တို့အနေနဲ့ တစ်ပွဲပိုကစားထားတဲ့ ဦးဆောင်သူ မန်စီးတီးတို့ လိုချင်တဲ့ အမှတ်ကွာဟမှု အနေအထားကို ငြင်းဆန် သွားနိုင်ခဲ့ပြီး သင်္ချာနည်းအရ တွက်ချက်ရင် လက်ကျန်ပွဲတွေမှာ သူတို့တွေ ပွဲအားလုံးအနိုင်ရပြီး စီးတီးတို့ သုံးပွဲမှာ နှစ်ပွဲရှုံးပြီး တစ်ပွဲသရေကျခဲ့ရင် ချန်ပီယံဆုကို ရယူသွားနိုင်ဦးမှာဖြစ်လို့ မြို့ခံပြိုင်ဘက်တွေ အောင်ပွဲခံမယ့်အရေးကို တတ်နိုင်သလောက် အချိန်ဆွဲထားနိုင်ဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေပါ့ဘာကို ဘယ္ျခမ္းမွာ ဆက္သုံးၿပီး 4-4-2 Diamond နဲ႔ 4-5-1 ၾကား ကစားတဲ့ ပုံစံမွာ တိုက္စစ္ကို ရက္ရွ္ဖို႔ဒ္ကို အေထာင္ထားၿပီး ပြဲထြက္ခဲ့သလို ဂရင္းဝုဒ္ကို သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ မက္ေတာ္မီေနးနဲ႔ ဖာနန္ဒက္စ္တို႔ပဲ အထိုင္ခ်လာခဲ့ပါတယ္။

ပြဲစတာနဲ႔ ဗီလာတို႔ကို ယူႏိုက္တက္တို႔ ဖိကစားခဲ့ၿပီး မၾကာခဏဆိုသလို ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ရွိေနခဲ့သလို လုခ္ေရွာနဲ႔ ဝန္ဘစ္ဆာကာ ေနာက္ခံလူႏွစ္ေယာက္ ႀကိဳးစားခဲ့ေပမယ့္ ေရွ႕က ရက္ရွ္ဖို႔ဒ္နဲ႔ ဖာနန္ဒက္စ္တို႔ကေတာ့ ပြဲစစခ်င္း သိပ္ၿပီး လမိုင္းမကပ္ေသးခ်ိန္မွာ အဆုံးသတ္မႈေတြက စိတ္ေက်နပ္စရာ မျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဖရက္ဒ္ ေဘာလုံးပ်က္ရာကေန ဗီလာကြင္းလယ္လူ မက္ဂင္း ျပန္ရသြားၿပီး သူကေနတစ္ဆင့္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဘာထရန္ ထရာအိုေရးက လင္ဒီေလာ့ဖ္ကို ေက်ာ္ျဖတ္ၿပီး ဘယ္ေျခနဲ႔ ေထာင့္ျဖတ္ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ဟန္ဒါဆန္ မမီေလာက္တဲ့ ေထာင့္ထဲကို ဝင္သြားခဲ့လို႔ ယူႏိုက္တက္တို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

ပထမပိုင္းလက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ ကန္သြင္းခ်က္ေတြကို ဗီလာဂိုးသမား မာတီနက္ဇ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုက ဝပ္ကင္းစ္ရဲ႕ အေဝးကန္ခ်က္ကိုလည္း ဟန္ဒါဆန္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးရႏိုင္ဖို႔ ကစားအားပိုတင္လာခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ မန္စီးတီးကစားသမားေဟာင္း ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ေပါ့ဘာကို ေနာက္က ႏွစ္ႀကိမ္ဆက္တိုက္တြန္းခ်ခဲ့မႈကေန ပင္နယ္တီ ရရွိခဲ့ရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က တစ္ခ်က္ခုန္ၿပီးမွ ဂိုးသမား မာတီနက္ဇ္ကို လမ္းလႊဲၿပီး ကန္သြင္းမႈနဲ႔ ေခ်ပဂိုး ရရွိခဲ့ပါတယ္။

၅ မိနစ္အၾကာမွာေတာ့ ယူႏိုက္တက္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာ ညာေနာက္ခံလူ ဝန္ဘစ္ဆာကာ ေပးတဲ့ ေဘာလုံးကို လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္က သူ႔ကို ကပ္ထားတဲ့ တိုင္႐ုန္းမင္းစ္ကို ပင္နယ္တီဧရိယာထဲမွာ ေနာက္ျပန္လွည့္ထြက္ၿပီး ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မာတီနက္ဇ္ကို ထပ္မံအႏိုင္ယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္း ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဂရင္းဝုဒ္အစား ကာဗာနီ ဝင္ေရာက္ကစားခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဒဏ္ရာ ရရွိသြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ေနာက္ခံလူ မက္ဂြိဳင္းယားအစား အဲရစ္ ဘိုင္လီနဲ႔ လူစားလဲခဲ့ရသလို ဗီလာတို႔ကေတာ့ ျဖတ္တင္ေဘာေတြကေန ေခ်ပဂိုးရဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အႏိုင္ေသခ်ာေစမယ့္ ဂိုးကို ရရွိခဲ့ၿပီး ကြင္းလယ္ကေန ဖရက္ဒ္ ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းက ရက္ရွ္ဖို႔ဒ္က ျဖတ္တင္ေပးရာမွာ ဝါရင့္တိုက္စစ္မႉး ကာဗာနီက သူလုပ္ေနက်ပုံစံအတိုင္း ေနာက္ခံလူေတြၾကားက ေျပးထြက္ၿပီး အနီးကပ္ ေခါင္းတိုက္ သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို ရယူရမယ့္အစား ဟန္ေဆာင္ဒိုင္ဗင္ထိုးၿပီး ခြင္ဖန္ဖို႔ ႀကိဳးစားတဲ့ ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္ ဒုတိယအဝါကတ္နဲ႔ အထုတ္ခံခဲ့ရၿပီး ထရာအိုေရးတစ္ေယာက္တည္းရဲ႕ ႀကိဳးစားမႈေတြကိုေတာ့ မာတစ္နဲ႔အဖြဲ႕က ကိုင္တြယ္သြားႏိုင္ခဲ့လို႔ နာက်င္အခ်ိန္ပို ၇ မိနစ္အၿပီးမွာ ယူႏိုက္တက္တို႔ ဂုဏ္တက္စရာ Come Back နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ တစ္ပြဲပိုကစားထားတဲ့ ဦးေဆာင္သူ မန္စီးတီးတို႔ လိုခ်င္တဲ့ အမွတ္ကြာဟမႈ အေနအထားကို ျငင္းဆန္ သြားႏိုင္ခဲ့ၿပီး သခ်ၤာနည္းအရ တြက္ခ်က္ရင္ လက္က်န္ပြဲေတြမွာ သူတို႔ေတြ ပြဲအားလုံးအႏိုင္ရၿပီး စီးတီးတို႔ သုံးပြဲမွာ ႏွစ္ပြဲရႈံးၿပီး တစ္ပြဲသေရက်ခဲ့ရင္ ခ်န္ပီယံဆုကို ရယူသြားႏိုင္ဦးမွာျဖစ္လို႔ ၿမိဳ႕ခံၿပိဳင္ဘက္ေတြ ေအာင္ပြဲခံမယ့္အေရးကို တတ္ႏိုင္သေလာက္ အခ်ိန္ဆြဲထားႏိုင္ဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.