Premier League

ချန်ပီယံလိဂ်ဝင်မယ်လို့ အတိတ်စိမ်းပေးတဲ့ ကလော့ပ် လီဗာပူးလ် 2-0 စိန့် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 6 ချက်

ချန်ပီယံလိဂ်ဝင်ခွင့် ရှင်သန်သွားတဲ့ လီဗာပူးလ်

လက်စတာနဲ့ ၆ မှတ်အနေအထားအထိ ရောက်ရှိလာစေခဲ့တဲ့ ဒီနိုင်ပွဲမှာ လီဗာပူးလ်က ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲအတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ရှင်သန်သွားခဲ့တာကို တွေ့ရသလို ချယ်လ်ဆီးက အဆင့် ၃ တနေရာစာ အပိုင်သိမ်းလာဖို့ ရှိလာချိန်မှာ လက်စတာနဲ့ ဝက်စ်ဟမ်းတို့ကို ကျော်ဖြတ်ဖို့ ကလော့ပ်ရဲ့ တမိနစ်မလပ် တာဝန်လည်းဖြစ်လာခဲ့လို့ ဒီနိုင်ပွဲက အတော်လေးအဖိုးတန်ခဲ့တယ်လို့ ဆိုရပါမယ်။

နှစ်သီးစားခဲ့တဲ့ သီယာဂို အယ်လ်ကန်တာရာ
လီဗာပူးလ်အတွက် ၂၆ ပွဲပြည့်ခဲ့တဲ့ စပိန်သားက ဒီပွဲမှာ ကွင်းလယ်က ဖာဘင်ညိုနဲ့တွဲပြီး ခြေစွမ်းပြခဲ့ရာမှာ အသင်းရဲ့တည်ငြိမ်မှုကို စိတ်ချလက်ချ ရှိစေခဲ့သလို လိဒ်စ်နဲ့ နယူးကာဆယ်တို့ကို နောက်ကျချေပဂိုးပေးခဲ့ရတဲ့ ကလော့ပ်ရဲ့ စိတ်ပျက်မှုကို နောက်ကျအနိုင်သွင်းဂိုးနဲ့ ချေဖျက်ပေးခဲ့တာကို တွေ့ရပြီး တခါခြေစွမ်းပြရုံနဲ့ နှစ်သီးစားနိုင်ခဲ့တဲ့ သီယာဂိုစစ်စစ်ကိုလည်း မြင်တွေ့စေခဲ့တာပါ။

ယောကျာ်းပီသခဲ့တဲ့ နတ်ဖီးလစ်နဲ့ ရီးစ်ဝီလီယမ်းစ်အတွဲ
ကလော့ပ်က ဒီပွဲမှာ မမျှော်လင့်ထားခဲ့တဲ့ မတ်လကတည်းက ပွဲထွက်ခွင့်ပျောက်ဆုံးနေသူ ရီးစ်ဝီလီယမ်းကို ထုတ်သုံးခဲ့သလို သူက လေထဲက အမြင့်ဘောတွေမှာ နတ်ဖီးလစ်နည်းတူ စွမ်းစွမ်းတမံ တာဝန်ကျေခဲ့ပါတယ်။

ဒီအတွဲရဲ့ တကျော့ပြန်ပေါင်းစည်းမှုမှာ အမြင့်ဘောဖျက်ထုတ်မှုမှာ နိုင်နင်းလွန်းတဲ့ နတ်ဖီးလစ်ရဲ့ ဂေါ်ဘဲဆန်လွန်းတဲ့ ယောကျာ်းပီသမှုတွေကိုလည်း တွေ့ခဲ့ရပြီး သူကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ လီဗာပူးလ်က ၄ ပွဲအထိ Clean Sheet ရခဲ့တာကလည်း ထူးထူးခြားခြား မှတ်တမ်းဖြစ်ခဲ့ပါတယ်။

ဒန်နီအင်းစ်မပါဝင်တိုင်း အသက်ပျောက်နေခဲ့တဲ့ စိန့်

နည်းပြ ဟက်ဆန်ဟက်တယ်လ်ရဲ့ စိန့်အသင်းက မယ်မယ်ရရ ပြောစရာ အခွင့်အရေးဖန်တီးမှုတွေက တခုမှ မရှိခဲ့ဘဲ လီဗာပူးလ်ရဲ့ ​ခြေဖဝါးအောက် ငုံ့လျှိုးခဲ့ရာမှာ တရားခံအရင်းစစ်ကြည့်တော့ တိုက်စစ်မှုး ဒန်နီအင်းစ်မပါဝင်တိုင်း အခုလိုရုန်းကန်နေရတာကို တွေ့ရပြီး ဒါဟာ ဖျက်မြင်းအသင်းအဖြစ် အဆိပ်ပြင်းလွန်းတဲ့ စိန့်ကို တဆင့်နိမ့်စေခဲ့ပြီး အသက်ပျောက်နေခဲ့တာက လီဗာပူးလ်ရဲ့နိုင်ပွဲကို သက်သောင့်သက်သာပဲ ဖြစ်စေခဲ့တယ်။..

၄ ပွဲလုံးနိုင်ရင် ချန်ပီယံလိဂ်ဝင်မယ်လို့ အတိတ်စိမ်းပေးတဲ့ ကလော့ပ်

မာနေးနဲ့ သီယာဂိုတို့ရဲ့ ဂိုးတွေက ကလော့ပ်ရဲ့ မျှော်လင့်ချက်တွေကို ပြန်လည်တောက်ပလာစေခဲ့သလို လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ ချန်ပီယံဆုကို မကာကွယ်နိုင်ပေမယ့် လက်ကျန် ၄ ပွဲစလုံးနိုင်ရင် ချန်ပီယံလိဂ်ဝင်မယ်လို့ အတိတ်စိမ်းပေးတဲ့ ကလော့ပ်က ဥရောပဂုဏ်သိက္ခာကို ကာကွယ်နိုင်စွမ်းတော့ ရှိနေသေးကြောင်း သူ့အသင်းသားတွေ အားတက်ရေးစကား​ပြောသွားခဲ့တာက သူ့ရဲ့ပစ်မှတ်အတွက် ထုတ်သုံးလာမယ့်ဝှက်ဖဲကိုလည်း မြင်တွေ့လာရဖို့ ရှိနေတာပါ။

မာနေးအတွက် ပထမဆုံးဂိုးဖန်တီးပေးသွားတဲ့ မိုဆာလား

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ယူနိုက်တက်ကို အန်ဖီးလ်မြေမှာ ဂိုးမရှိသရေကျပြီးကတည်းက အခုပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် Clean Sheet ကို ပြန်လည်ရယူခဲ့တာဖြစ်ပြီး အန်ဖီးလ်မြေက စိန့်ရဲ့ နောက်ဆုံးသွင်းဂိုးကို၂၀၁၅ ခုနှစ်က သွင်းယူပေးခဲ့တဲ့ စိန့်တိုက်စစ်မှုးဟောင်းကပဲ သွင်းယူသွားခဲ့ပြန်တဲ့ ဒီပွဲအတွက် ဦးဆောင်ဂိုးကို မိုဆာလားက ဖန်တီိးပေးခဲ့တာက ဒီရာသီရဲ့ လီဗာပူးလ်မှာ မာနေးအတွက် သူ့ရဲ့ ပထမဦးဆုံးအကြိမ် ဂိုးဖန်တီးမှုဖြစ်ခဲ့တာကလည်း ထူးဆန်းမှုတရပ်အနေနဲ့ အံ့သြသင့်စရာဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ခ်န္ပီယံလိဂ္ဝင္ခြင့္ ရွင္သန္သြားတဲ့ လီဗာပူးလ္

လက္စတာနဲ႔ ၆ မွတ္အေနအထားအထိ ေရာက္ရွိလာေစခဲ့တဲ့ ဒီႏိုင္ပြဲမွာ လီဗာပူးလ္က ပရီးမီးယားလိဂ္ လက္က်န္ ၄ ပြဲအတြင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရွင္သန္သြားခဲ့တာကို ေတြ႕ရသလို ခ်ယ္လ္ဆီးက အဆင့္ ၃ တေနရာစာ အပိုင္သိမ္းလာဖို႔ ရွိလာခ်ိန္မွာ လက္စတာနဲ႔ ဝက္စ္ဟမ္းတို႔ကို ေက်ာ္ျဖတ္ဖို႔ ကေလာ့ပ္ရဲ႕ တမိနစ္မလပ္ တာဝန္လည္းျဖစ္လာခဲ့လို႔ ဒီႏိုင္ပြဲက အေတာ္ေလးအဖိုးတန္ခဲ့တယ္လို႔ ဆိုရပါမယ္။

ႏွစ္သီးစားခဲ့တဲ့ သီယာဂို အယ္လ္ကန္တာရာ
လီဗာပူးလ္အတြက္ ၂၆ ပြဲျပည့္ခဲ့တဲ့ စပိန္သားက ဒီပြဲမွာ ကြင္းလယ္က ဖာဘင္ညိဳနဲ႔တြဲၿပီး ေျခစြမ္းျပခဲ့ရာမွာ အသင္းရဲ႕တည္ၿငိမ္မႈကို စိတ္ခ်လက္ခ် ရွိေစခဲ့သလို လိဒ္စ္နဲ႔ နယူးကာဆယ္တို႔ကို ေနာက္က်ေခ်ပဂိုးေပးခဲ့ရတဲ့ ကေလာ့ပ္ရဲ႕ စိတ္ပ်က္မႈကို ေနာက္က်အႏိုင္သြင္းဂိုးနဲ႔ ေခ်ဖ်က္ေပးခဲ့တာကို ေတြ႕ရၿပီး တခါေျခစြမ္းျပ႐ုံနဲ႔ ႏွစ္သီးစားႏိုင္ခဲ့တဲ့ သီယာဂိုစစ္စစ္ကိုလည္း ျမင္ေတြ႕ေစခဲ့တာပါ။

ေယာက်ာ္းပီသခဲ့တဲ့ နတ္ဖီးလစ္နဲ႔ ရီးစ္ဝီလီယမ္းစ္အတြဲ
ကေလာ့ပ္က ဒီပြဲမွာ မေမွ်ာ္လင့္ထားခဲ့တဲ့ မတ္လကတည္းက ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနသူ ရီးစ္ဝီလီယမ္းကို ထုတ္သုံးခဲ့သလို သူက ေလထဲက အျမင့္ေဘာေတြမွာ နတ္ဖီးလစ္နည္းတူ စြမ္းစြမ္းတမံ တာဝန္ေက်ခဲ့ပါတယ္။

ဒီအတြဲရဲ႕ တေက်ာ့ျပန္ေပါင္းစည္းမႈမွာ အျမင့္ေဘာဖ်က္ထုတ္မႈမွာ ႏိုင္နင္းလြန္းတဲ့ နတ္ဖီးလစ္ရဲ႕ ေဂၚဘဲဆန္လြန္းတဲ့ ေယာက်ာ္းပီသမႈေတြကိုလည္း ေတြ႕ခဲ့ရၿပီး သူကစားခဲ့တဲ့ ေနာက္ဆုံး ၆ ပြဲမွာ လီဗာပူးလ္က ၄ ပြဲအထိ Clean Sheet ရခဲ့တာကလည္း ထူးထူးျခားျခား မွတ္တမ္းျဖစ္ခဲ့ပါတယ္။

ဒန္နီအင္းစ္မပါဝင္တိုင္း အသက္ေပ်ာက္ေနခဲ့တဲ့ စိန္႔

နည္းျပ ဟက္ဆန္ဟက္တယ္လ္ရဲ႕ စိန္႔အသင္းက မယ္မယ္ရရ ေျပာစရာ အခြင့္အေရးဖန္တီးမႈေတြက တခုမွ မရွိခဲ့ဘဲ လီဗာပူးလ္ရဲ႕ ​ေျခဖဝါးေအာက္ ငုံ႔လွ်ိဳးခဲ့ရာမွာ တရားခံအရင္းစစ္ၾကည့္ေတာ့ တိုက္စစ္မႈး ဒန္နီအင္းစ္မပါဝင္တိုင္း အခုလို႐ုန္းကန္ေနရတာကို ေတြ႕ရၿပီး ဒါဟာ ဖ်က္ျမင္းအသင္းအျဖစ္ အဆိပ္ျပင္းလြန္းတဲ့ စိန္႔ကို တဆင့္နိမ့္ေစခဲ့ၿပီး အသက္ေပ်ာက္ေနခဲ့တာက လီဗာပူးလ္ရဲ႕ႏိုင္ပြဲကို သက္ေသာင့္သက္သာပဲ ျဖစ္ေစခဲ့တယ္။..

၄ ပြဲလုံးႏိုင္ရင္ ခ်န္ပီယံလိဂ္ဝင္မယ္လို႔ အတိတ္စိမ္းေပးတဲ့ ကေလာ့ပ္

မာေနးနဲ႔ သီယာဂိုတို႔ရဲ႕ ဂိုးေတြက ကေလာ့ပ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျပန္လည္ေတာက္ပလာေစခဲ့သလို လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းဟာ ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ေပမယ့္ လက္က်န္ ၄ ပြဲစလုံးႏိုင္ရင္ ခ်န္ပီယံလိဂ္ဝင္မယ္လို႔ အတိတ္စိမ္းေပးတဲ့ ကေလာ့ပ္က ဥေရာပဂုဏ္သိကၡာကို ကာကြယ္ႏိုင္စြမ္းေတာ့ ရွိေနေသးေၾကာင္း သူ႔အသင္းသားေတြ အားတက္ေရးစကား​ေျပာသြားခဲ့တာက သူ႔ရဲ႕ပစ္မွတ္အတြက္ ထုတ္သုံးလာမယ့္ဝွက္ဖဲကိုလည္း ျမင္ေတြ႕လာရဖို႔ ရွိေနတာပါ။

မာေနးအတြက္ ပထမဆုံးဂိုးဖန္တီးေပးသြားတဲ့ မိုဆာလား

ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ယူႏိုက္တက္ကို အန္ဖီးလ္ေျမမွာ ဂိုးမရွိသေရက်ၿပီးကတည္းက အခုပြဲမွာ ပထမဆုံး ပရီးမီးယားလိဂ္ Clean Sheet ကို ျပန္လည္ရယူခဲ့တာျဖစ္ၿပီး အန္ဖီးလ္ေျမက စိန္႔ရဲ႕ ေနာက္ဆုံးသြင္းဂိုးကို၂၀၁၅ ခုႏွစ္က သြင္းယူေပးခဲ့တဲ့ စိန္႔တိုက္စစ္မႈးေဟာင္းကပဲ သြင္းယူသြားခဲ့ျပန္တဲ့ ဒီပြဲအတြက္ ဦးေဆာင္ဂိုးကို မိုဆာလားက ဖန္တီိးေပးခဲ့တာက ဒီရာသီရဲ႕ လီဗာပူးလ္မွာ မာေနးအတြက္ သူ႔ရဲ႕ ပထမဦးဆုံးအႀကိမ္ ဂိုးဖန္တီးမႈျဖစ္ခဲ့တာကလည္း ထူးဆန္းမႈတရပ္အေနနဲ႔ အံ့ၾသသင့္စရာျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.