Premier League

ဂိုက်ပေးခဲ့ပေမယ့် ရွန်နီကို မမီနိုင်သေးတဲ့ အဂွယ်ရိုကြောင့် မန်စီးတီး ၁-၂ ချယ်လ်ဆီး ပွဲအပြီး ထုတ်နုတ်ပြောစရာ 7ချက်

အားကျမခံ သွေးတိုးစမ်းတဲ့ပွဲမှာ ပပ်ကို တကွက်ပြခဲ့တဲ့ တူဟယ်လ်
ပပ်က PSG ကို ရင်ဆိုင်ခဲ့တဲ့ မန်စီးတီးလူစာရင်းကို ၉ နေရာထိ အပြောင်းအလဲလုပ်ပြီး တူဟယလ်ကို သွေးတိုးစမ်းခဲ့သလို တူဟယ်လ်ကလည်း အားကျမခံ ရီးရဲလ်နဲ့ပွဲက လူထုတ်ပုံကို ၅ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တယ်။

မြွေမြွေချင်း ​ခြေမြင်တဲ့ပွဲမှာ ပပ်ရဲ့ ၃-၃-၁-၃ ကစားကွက်ကို တူဟယ်လ်က ထိပ်ပုတ်ခေါင်းပုတ်လုပ်ခဲဲ့ပြီး ပပ်ကို ​ဒေါသချောင်းချောင်းထွက်စေခဲ့တာကို တွေ့ရတယ်။

အဖွင့်ဂိုးရှင် မနူးမနပ်စတာလင်းရဲ့ မိုက်ရူးရဲမှု
ပွဲပြီးဖို့ ၁၂ မိနစ်အလိုမှာ ဗာနာကို ခြေစုံပစ်ဝင်ခဲ့တယ် ရာဟင်းမ် စတာလင်းက အဝါကတ်သာ ထိခဲ့သလို ဖေဖော်ဝါရီလကတည်းက ဂိုးပေါက်ပျောက်ဆုံးနေတဲ့ သူ့ရဲ့ အဖွင့်ဂိုးက ပထမပိုင်းမှာ မန်စီးတီးကို အသာရစေခဲ့ပေမယ့် အနီကတ်နဲ့ ထိပ်တိုက်မတွေ့ခဲ့တဲ့ သူ့ရဲ့ မနူးမနပ်မှုက အီတီဟတ်ရဲ့ ဖလား ၃လုံးအိပ်မက်ကို ခေတ္တလည်း ရပ်ဆိုင်းစေခဲ့ပါတယ်။

ဂိုက်ပေးခဲ့ပေမယ့် ရွန်နီကို မမီနိုင်သေးတဲ့ အဂွယ်ရို
အဂွယ်ရိုက မန်စီးတီးရဲ့ ၂ ဂိုးပြတ် ဦးဆောင်ခွင့်ရမယ့် အရေးအကြီးဆုံးပင်နယ်တီကို ဟန်ပါပါပဲ ဖြုန်းတီးခဲ့ရာမှာ သူ့ရဲ့ PANTEKA ကန်သွင်းချက်ကို ချယ်လ်ဆီးဂိုးသမားမန်ဒီက ပါးပါးနပ်နပ် ကာကွယ်ခဲ့လို့ မန်စီးတီးက မလိုအပ်ဘဲ အပြစ်ခံခဲ့ရသလို အီတီဟတ်ရဲ့ ချန်ပီယံတေးသံတွေကို တိတ်ဆိတ်စေခဲ့ပြီး မြို့ခံပြိုင်ဘက်အသင်းက ရွန်နီရဲ့ ပရီးမီးယားလိဂ် ၁၈၃ ဂိုးစံချိန်ကို အမီလိုက်ဖို့လည်း ပျက်ကွက်သွားခဲ့ပါတယ်။

ချန်ပီယံတေးသံတွေ တိတ်ဆိတ်ခဲ့တဲ့ အီတီဟတ်
တူဟယ်က ဒုတိယပိုင်းမှာ ပိုအလုပ်ဖြစ်တဲ့နည်းပြဖြစ်ခဲ့ပြီး ပပ်ကို နောက်ကောက်ချခဲ့ချိန်မှာ အသင်းလိုက်ကစားပုံအားနဲ့ ရရှိခဲ့တဲ့ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ ချေပဂိုးနဲ့အတူ မားကို့စ် အလွန်ဆိုရဲ့ ၉၃ မိနစ်က နောက်ကျအနိုင်ဂိုးတွေက အီတီဟတ်မှာ ဒီပွဲနိုင်ရင် ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံမယ့် မန်စီးတီးရဲ့ ချန်ပီယံတေးသံတွေကို တိတ်ဆိတ်သွားစေခဲ့တယ်။

အချိုပေါ် သကာလောင်းခဲ့တဲ့ တူဟယ်လ်ကြောင့် အဆင့် ၃ကို တက်သွားခဲ့တဲ့ ချယ်လ်ဆီး

၄ လအတွင်း ဖလား ၂ လုံးလမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပြီး FA နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ပွဲကို ကစားရတော့မယ့် တူဟယ်လ်အတွက် ဒီနိုင်ပွဲက အချိုပေါ် သကာလောင်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃ နေရာအထိ တက်လှမ်းသွားခဲ့တာကို တွေ့ရသလို ချန်ပီယံလိဂ် ဝင်ခွင့်တနေရာကို ချိတ်ပိတ်ဖို့ အဆင့် ၅ က ဝက်စ်ဟမ်းကိုလည်း ၆ မှတ်ဖြတ်သွားခဲ့တာပါ။

ပြိုင်ဘက်ကို လျှော့တွက်ခဲ့လို့ ပေးဆပ်ခဲ့ရတဲ့ ပပ်
ချယ်လ်ဆီးရဲ့ အစွမ်းအစကို လျှော့တွက်ပြီး ဒီဘရိုင်းနား၊ ဂျွန်စတုန်းစ်နဲ့ ဘာနတ်ဒို ဆေးလ်ဗားတို့ကို အနားပေးခဲ့ပြီး ဖိုဒင်၊ ဂန်ဒိုဝမ်နဲ့ ဇင်ချန်ကိုတို့ကို အရန်ခုံပို့ခဲ့တဲ့ ပပ်ဟာ ချယ်လ်ဆီးကို ၂ ပွဲဆက် ရှံးနိမ့်ခဲ့တဲ့ ဒဏ်ရာကို ပိုက်သွားခဲ့ရပြီး ပရီးမီးယားလိဂ် စောစောစီးစီး ကိုင်မြှောက်ဖို့အချိန်ကလည်း နောက်ဆုတ်သွားခဲ့ရပါတယ်။

အငြင်းပွားဖွယ်ရာ VAR က မန်စီးတီးကို ခရီးဖင့်စေခဲ့တာလား
အလွန်ဆိုရဲ့ ချယ်ဆီးအနိုင်ဂိုး မတိုင်မီမှာ နာကျင်အချိန်ပိုမိနစ်အတွင်း စတာလင်းကို ဧရိယာထဲ ဖျက်ထုတ်ခံတဲ့ ကတ်ဇူးမားရဲ့ ကျူးလွန်မှုကို VAR က မျက်ကွယ်ပြုခဲ့လို့ မန်စီးတီးတို့ ပင်နယ်တီတလုံး နစ်နာခဲ့တာက အငြင်းပွားဖွယ်ရာ VAR က ချယ်လ်ဆီးကို မျက်နှာသာပေးသလို ဖြစ်ခဲ့ပြီး မန်စီးတီးရဲ့ ခရီးကိုဖင့်သွားစေခဲ့တယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အားက်မခံ ေသြးတိုးစမ္းတဲ့ပြဲမွာ ပပ္ကို တကြက္ျပခဲ့တဲ့ တူဟယ္လ္

ပပ္က PSG ကို ရင္ဆိုင္ခဲ့တဲ့ မန္စီးတီးလူစာရင္းကို ၉ ေနရာထိ အေျပာင္းအလဲလုပ္ၿပီး တူဟယလ္ကို ေသြးတိုးစမ္းခဲ့သလို တူဟယ္လ္ကလည္း အားက်မခံ ရီးရဲလ္နဲ႔ပြဲက လူထုတ္ပုံကို ၅ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တယ္။

ေႁမြေႁမြခ်င္း ​ေျချမင္တဲ့ပြဲမွာ ပပ္ရဲ႕ ၃-၃-၁-၃ ကစားကြက္ကို တူဟယ္လ္က ထိပ္ပုတ္ေခါင္းပုတ္လုပ္ခဲဲ့ၿပီး ပပ္ကို ​ေဒါသေခ်ာင္းေခ်ာင္းထြက္ေစခဲ့တာကို ေတြ႕ရတယ္။

အဖြင့္ဂိုးရွင္ မႏူးမနပ္စတာလင္းရဲ႕ မိုက္႐ူးရဲမႈ
ပြဲၿပီးဖို႔ ၁၂ မိနစ္အလိုမွာ ဗာနာကို ေျခစုံပစ္ဝင္ခဲ့တယ္ ရာဟင္းမ္ စတာလင္းက အဝါကတ္သာ ထိခဲ့သလို ေဖေဖာ္ဝါရီလကတည္းက ဂိုးေပါက္ေပ်ာက္ဆုံးေနတဲ့ သူ႔ရဲ႕ အဖြင့္ဂိုးက ပထမပိုင္းမွာ မန္စီးတီးကို အသာရေစခဲ့ေပမယ့္ အနီကတ္နဲ႔ ထိပ္တိုက္မေတြ႕ခဲ့တဲ့ သူ႔ရဲ႕ မႏူးမနပ္မႈက အီတီဟတ္ရဲ႕ ဖလား ၃လုံးအိပ္မက္ကို ေခတၱလည္း ရပ္ဆိုင္းေစခဲ့ပါတယ္။

ဂိုက္ေပးခဲ့ေပမယ့္ ႐ြန္နီကို မမီႏိုင္ေသးတဲ့ အဂြယ္႐ို
အဂြယ္႐ိုက မန္စီးတီးရဲ႕ ၂ ဂိုးျပတ္ ဦးေဆာင္ခြင့္ရမယ့္ အေရးအႀကီးဆုံးပင္နယ္တီကို ဟန္ပါပါပဲ ျဖဳန္းတီးခဲ့ရာမွာ သူ႔ရဲ႕ PANTEKA ကန္သြင္းခ်က္ကို ခ်ယ္လ္ဆီးဂိုးသမားမန္ဒီက ပါးပါးနပ္နပ္ ကာကြယ္ခဲ့လို႔ မန္စီးတီးက မလိုအပ္ဘဲ အျပစ္ခံခဲ့ရသလို အီတီဟတ္ရဲ႕ ခ်န္ပီယံေတးသံေတြကို တိတ္ဆိတ္ေစခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္အသင္းက ႐ြန္နီရဲ႕ ပရီးမီးယားလိဂ္ ၁၈၃ ဂိုးစံခ်ိန္ကို အမီလိုက္ဖို႔လည္း ပ်က္ကြက္သြားခဲ့ပါတယ္။

ခ်န္ပီယံေတးသံေတြ တိတ္ဆိတ္ခဲ့တဲ့ အီတီဟတ္
တူဟယ္က ဒုတိယပိုင္းမွာ ပိုအလုပ္ျဖစ္တဲ့နည္းျပျဖစ္ခဲ့ၿပီး ပပ္ကို ေနာက္ေကာက္ခ်ခဲ့ခ်ိန္မွာ အသင္းလိုက္ကစားပုံအားနဲ႔ ရရွိခဲ့တဲ့ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ ေခ်ပဂိုးနဲ႔အတူ မားကို႔စ္ အလြန္ဆိုရဲ႕ ၉၃ မိနစ္က ေနာက္က်အႏိုင္ဂိုးေတြက အီတီဟတ္မွာ ဒီပြဲႏိုင္ရင္ ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံမယ့္ မန္စီးတီးရဲ႕ ခ်န္ပီယံေတးသံေတြကို တိတ္ဆိတ္သြားေစခဲ့တယ္။

အခ်ိဳေပၚ သကာေလာင္းခဲ့တဲ့ တူဟယ္လ္ေၾကာင့္ အဆင့္ ၃ကို တက္သြားခဲ့တဲ့ ခ်ယ္လ္ဆီး
၄ လအတြင္း ဖလား ၂ လုံးလမ္းေၾကာင္းေပၚကို ေရာက္လာခဲ့ၿပီး FA နဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၂ ပြဲကို ကစားရေတာ့မယ့္ တူဟယ္လ္အတြက္ ဒီႏိုင္ပြဲက အခ်ိဳေပၚ သကာေလာင္းခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၃ ေနရာအထိ တက္လွမ္းသြားခဲ့တာကို ေတြ႕ရသလို ခ်န္ပီယံလိဂ္ ဝင္ခြင့္တေနရာကို ခ်ိတ္ပိတ္ဖို႔ အဆင့္ ၅ က ဝက္စ္ဟမ္းကိုလည္း ၆ မွတ္ျဖတ္သြားခဲ့တာပါ။

ၿပိဳင္ဘက္ကို ေလွ်ာ့တြက္ခဲ့လို႔ ေပးဆပ္ခဲ့ရတဲ့ ပပ္
ခ်ယ္လ္ဆီးရဲ႕ အစြမ္းအစကို ေလွ်ာ့တြက္ၿပီး ဒီဘ႐ိုင္းနား၊ ဂြၽန္စတုန္းစ္နဲ႔ ဘာနတ္ဒို ေဆးလ္ဗားတို႔ကို အနားေပးခဲ့ၿပီး ဖိုဒင္၊ ဂန္ဒိုဝမ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အရန္ခုံပို႔ခဲ့တဲ့ ပပ္ဟာ ခ်ယ္လ္ဆီးကို ၂ ပြဲဆက္ ရွံးနိမ့္ခဲ့တဲ့ ဒဏ္ရာကို ပိုက္သြားခဲ့ရၿပီး ပရီးမီးယားလိဂ္ ေစာေစာစီးစီး ကိုင္ေျမႇာက္ဖို႔အခ်ိန္ကလည္း ေနာက္ဆုတ္သြားခဲ့ရပါတယ္။

အျငင္းပြားဖြယ္ရာ VAR က မန္စီးတီးကို ခရီးဖင့္ေစခဲ့တာလား
အလြန္ဆိုရဲ႕ ခ်ယ္ဆီးအႏိုင္ဂိုး မတိုင္မီမွာ နာက်င္အခ်ိန္ပိုမိနစ္အတြင္း စတာလင္းကို ဧရိယာထဲ ဖ်က္ထုတ္ခံတဲ့ ကတ္ဇူးမားရဲ႕ က်ဴးလြန္မႈကို VAR က မ်က္ကြယ္ျပဳခဲ့လို႔ မန္စီးတီးတို႔ ပင္နယ္တီတလုံး နစ္နာခဲ့တာက အျငင္းပြားဖြယ္ရာ VAR က ခ်ယ္လ္ဆီးကို မ်က္ႏွာသာေပးသလို ျဖစ္ခဲ့ၿပီး မန္စီးတီးရဲ႕ ခရီးကိုဖင့္သြားေစခဲ့တယ္လို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.