Match Report Premier League

ဆောက်သမ်တန်ကို အန်းဖီးလ်မှာ အနိုင်ယူပြီး ချန်ပီယံလိဂ်ကို လက်မလျှော့သေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာတော့ ရီးစ် ဝီလီယမ်စ်နဲ့ နာသန် ဖိလစ်တို့ ခံစစ်အတွဲကို အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့နဲ့အတူ ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာ ဗိုင်နယ်လ်ဒွမ်၊ ဖာဘင်ညိုနဲ့ သီယာဂို၊ တိုက်စစ်မှာ မာနေးနဲ့ ဆာလားတို့ကို ဂျိုတာနဲ့ တွဲဖက်ပေးခဲ့ပြီး ၄-၃-၃ ကစားကွက်ကိုပဲ ထုတ်သုံးလာခဲ့ပါတယ်။

ဝါရင့်နောက်ခံလူ ဘာထရန်နဲ့ ဘက်ဒ်နာရက်ခ်တို့ မပါနိုင်တဲ့ ဆောက်သမ်တန်အသင်းကတော့ အနည်းငယ် အားနည်းနေခဲ့ပြီး တိုက်စစ်မှာလည်း ဒန်နီအင်းစ် ဒဏ်ရာရှိနေချိန်မှာ လီဗာပူးလ်တို့ကို ထိထိရောက်ရောက် တုံ့ပြန်ကစားနိုင်ခြင်းမရှိသလို အဆုံးသတ်ပိုင်းက အားနည်းမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲအစပိုင်းတွေမှာ မာနေးနဲ့ ဆာလားတို့ တစ်ယောက်ကို တစ်ယောက် မပေးဘဲ ကန်ခဲ့ကြတဲ့ အခွင့်အရေးနှစ်ကြိမ်က ဂိုးမဖြစ်ဘဲ နစ်နာခဲ့ရပြီး ဂျိုတာရဲ့ လိမ်ခေါက်ကန်သွင်းမှုကိုလည်း ဂိုးသမား ဖော်စတာ ကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ်တို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ပြီး ရှေအက်ဒမ်စ်နဲ့ ရက်ဒ်မွန်တို့ရဲ့ အခွင့်အရေးနှစ်ကြိမ်ကိုလည်း အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ပြီး ဆာလားရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို မာနေးက ဆောက်သမ်တန် နောက်ခံလူတွေရဲ့ လူကျွံဘောဖမ်းမှုကို ကျော်ဖြတ်ပြီး အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ဖော်စတာတစ်ယောက် ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ဆာလားနဲ့ သီယာဂိုတို့ရဲ့ ကန်ချက်တွေကို နောက်ခံလူ ဗက်စတာဂတ် ပိတ်ဆို့သွားနိုင်ခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာတော့ ဆောက်သမ်တန်ဘယ်ခြမ်းက ရက်ဒ်မွန့်ရဲ့ ဖြတ်တင်ဘောကို တယ်လာ ခေါင်းတိုက်ချက်က အယ်လစ်ဆန်ဆီပဲ ရောက်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အိမ်ရှင်လီဗာပူးလ်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂျိုတာရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြန်သလို လီဗာပူးလ်တို့ကတော့ Pressing ပိုင်ပိုင်နဲ့ ဖိကစားနေခဲ့ပြီး ဆောက်သမ်တန်နောက်တန်းက Build-up လုပ်ဖို့တောင် မတတ်နိုင်ဘဲ မကြာခဏဆိုသလို နောက်တန်းချင်းနဲ့ ဂိုးသမားကိုပဲ ပြန်ပေးနေရတဲ့အထိ ကစားကွက်ကို စိုးမိုးထားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ ကျော်မှာ အိုဘာဖီမီ ခေါင်းတိုက်ချပေးတာကို ဂျယ်လို ကန်ခဲ့ပေမယ့် အယ်လစ်ဆန် ပုတ်ထုတ်နိုင်ခဲ့ပြီး သူပဲ လူပေးမှားရာက ရှေအက်ဒမ်စ်ရသွားပြီး ကန်တာကိုလည်း ပြန်ပြီး အမိဖမ်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ သရေကျမယ့်အရေးက ဝေးခဲ့ရသလို ဂိုးရကံမပါတဲ့ ဂျိုတာကတော့ ဂိုးပေါက်တည့်ပေမယ့် ဂိုးသမား၊ နောက်တန်းတွေနဲ့ပဲ ညားနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့ပြီး Pressing ကစားရာကနေ ဆောက်သမ်တန်တို့ ရွေးချယ်စရာမရှိဘဲ နောက်ပြန်ပေးတာကို ဖြတ်ယူသွားခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ဖာမီနိုက ပြန်ချိုးပေးတာကို ကွင်းလယ်လူ သီယာဂိုက သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝ ပထမဦးဆုံးဂိုးအဖြစ် ကန်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး- ဂိုးမရှိနဲ့ အန်းဖီးလ်မှာ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ရမှတ် ၅၇ မှတ်နဲ့ ချန်ပီယံလိဂ်အပါအဝင် ဥရောပပွဲတွေ ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက်ကို သက်တမ်းတိုးနိုင်ခဲ့သလို လက်စတာနဲ့ ဝက်စ်ဟမ်းတို့ ခြေချော်ရင် အခွင့်အရေး ရယူနိုင်ဖို့ နောက်ကလိုက် ဖိအားပေးနိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ရီးစ္ ဝီလီယမ္စ္နဲ႔ နာသန္ ဖိလစ္တို႔ ခံစစ္အတြဲကို အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တို႔နဲ႔အတူ ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာ ဗိုင္နယ္လ္ဒြမ္၊ ဖာဘင္ညိဳနဲ႔ သီယာဂို၊ တိုက္စစ္မွာ မာေနးနဲ႔ ဆာလားတို႔ကို ဂ်ိဳတာနဲ႔ တြဲဖက္ေပးခဲ့ၿပီး ၄-၃-၃ ကစားကြက္ကိုပဲ ထုတ္သုံးလာခဲ့ပါတယ္။

ဝါရင့္ေနာက္ခံလူ ဘာထရန္နဲ႔ ဘက္ဒ္နာရက္ခ္တို႔ မပါႏိုင္တဲ့ ေဆာက္သမ္တန္အသင္းကေတာ့ အနည္းငယ္ အားနည္းေနခဲ့ၿပီး တိုက္စစ္မွာလည္း ဒန္နီအင္းစ္ ဒဏ္ရာရွိေနခ်ိန္မွာ လီဗာပူးလ္တို႔ကို ထိထိေရာက္ေရာက္ တုံ႔ျပန္ကစားႏိုင္ျခင္းမရွိသလို အဆုံးသတ္ပိုင္းက အားနည္းမႈေတြကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲအစပိုင္းေတြမွာ မာေနးနဲ႔ ဆာလားတို႔ တစ္ေယာက္ကို တစ္ေယာက္ မေပးဘဲ ကန္ခဲ့ၾကတဲ့ အခြင့္အေရးႏွစ္ႀကိမ္က ဂိုးမျဖစ္ဘဲ နစ္နာခဲ့ရၿပီး ဂ်ိဳတာရဲ႕ လိမ္ေခါက္ကန္သြင္းမႈကိုလည္း ဂိုးသမား ေဖာ္စတာ ကာကြယ္ႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ အဖြင့္ဂိုးနဲ႔ ေဝးေနခဲ့ၿပီး ေရွအက္ဒမ္စ္နဲ႔ ရက္ဒ္မြန္တို႔ရဲ႕ အခြင့္အေရးႏွစ္ႀကိမ္ကိုလည္း အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၿပီး ဆာလားရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို မာေနးက ေဆာက္သမ္တန္ ေနာက္ခံလူေတြရဲ႕ လူကြၽံေဘာဖမ္းမႈကို ေက်ာ္ျဖတ္ၿပီး အနီးကပ္ ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ဂိုးသမား ေဖာ္စတာတစ္ေယာက္ ၾကည့္ေန႐ုံပဲ တတ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ ဆာလားနဲ႔ သီယာဂိုတို႔ရဲ႕ ကန္ခ်က္ေတြကို ေနာက္ခံလူ ဗက္စတာဂတ္ ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ေဆာက္သမ္တန္ဘယ္ျခမ္းက ရက္ဒ္မြန႔္ရဲ႕ ျဖတ္တင္ေဘာကို တယ္လာ ေခါင္းတိုက္ခ်က္က အယ္လစ္ဆန္ဆီပဲ ေရာက္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အိမ္ရွင္လီဗာပူးလ္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဂ်ိဳတာရဲ႕ ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ခဲ့ျပန္သလို လီဗာပူးလ္တို႔ကေတာ့ Pressing ပိုင္ပိုင္နဲ႔ ဖိကစားေနခဲ့ၿပီး ေဆာက္သမ္တန္ေနာက္တန္းက Build-up လုပ္ဖို႔ေတာင္ မတတ္ႏိုင္ဘဲ မၾကာခဏဆိုသလို ေနာက္တန္းခ်င္းနဲ႔ ဂိုးသမားကိုပဲ ျပန္ေပးေနရတဲ့အထိ ကစားကြက္ကို စိုးမိုးထားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္မွာ အိုဘာဖီမီ ေခါင္းတိုက္ခ်ေပးတာကို ဂ်ယ္လို ကန္ခဲ့ေပမယ့္ အယ္လစ္ဆန္ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး သူပဲ လူေပးမွားရာက ေရွအက္ဒမ္စ္ရသြားၿပီး ကန္တာကိုလည္း ျပန္ၿပီး အမိဖမ္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ သေရက်မယ့္အေရးက ေဝးခဲ့ရသလို ဂိုးရကံမပါတဲ့ ဂ်ိဳတာကေတာ့ ဂိုးေပါက္တည့္ေပမယ့္ ဂိုးသမား၊ ေနာက္တန္းေတြနဲ႔ပဲ ညားေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး Pressing ကစားရာကေန ေဆာက္သမ္တန္တို႔ ေ႐ြးခ်ယ္စရာမရွိဘဲ ေနာက္ျပန္ေပးတာကို ျဖတ္ယူသြားခဲ့တဲ့ လူစားဝင္တိုက္စစ္မႉး ဖာမီႏိုက ျပန္ခ်ိဳးေပးတာကို ကြင္းလယ္လူ သီယာဂိုက သူ႔ရဲ႕ လီဗာပူးလ္ကစားသမားဘဝ ပထမဦးဆုံးဂိုးအျဖစ္ ကန္သြင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး- ဂိုးမရွိနဲ႔ အန္းဖီးလ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ဒီပြဲရလဒ္ေၾကာင့္ ရမွတ္ ၅၇ မွတ္နဲ႔ ခ်န္ပီယံလိဂ္အပါအဝင္ ဥေရာပပြဲေတြ ယွဥ္ၿပိဳင္ခြင့္ ေမွ်ာ္လင့္ခ်က္ကို သက္တမ္းတိုးႏိုင္ခဲ့သလို လက္စတာနဲ႔ ဝက္စ္ဟမ္းတို႔ ေျခေခ်ာ္ရင္ အခြင့္အေရး ရယူႏိုင္ဖို႔ ေနာက္ကလိုက္ ဖိအားေပးႏိုင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z