Match Report Premier League

မေဆန်ရဲ့ စာအုပ်ထဲက ကစားကွက်တွေနဲ့ အဆင်သင့်မဖြစ်သေးဘဲ ရှုံးပွဲတွေ့ခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းဟာ ဒီနေ့မှာတော့ သူတို့ရဲ့ တိုက်စစ်အားပြုတဲ့ လူစာရင်းမှာ ဟာရီကိန်းကို အထောင်ထားပြီး နောက်နေ ဆွန်ဟောင်မင်၊ ဒယ်လီ အယ်လီနဲ့ ဘေးလ်တို့ကို လိုက်ကစားခိုင်းတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ လိုဆဲလ်ဆိုကိုပါ သုံးခဲ့ပေမယ့် အိမ်ရှင်လိဒ်စ်ကို ယှဉ်ပြိုင်ဖို့ သင့်တော်တဲ့ ကစားကွက်မျိုး မဟုတ်တာကြောင့် ရှုံးပွဲနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။

ရှေ့မှာ မော်ရင်ညိုရဲ့ ခံစစ်ပိတ်ကစားကွက်မှာ ပရိသတ်တွေ မပျော်မွေ့ခဲ့ကြလို့ မေဆန်အနေနဲ့ တိုက်စစ်သမားတွေကို ပိုမိုသုံးစွဲခဲ့ပေမယ့် အသင်းရဲ့ ဟန်ချက်ဖြစ်တဲ့ ကွင်းလယ်အထိုင် Pivot ကို မှန်ကန်အောင် အထိုင်မချနိုင်ခဲ့သလို တိုက်စစ်သမား လိုဆဲလ်ဆိုအတွက်ကြောင့် ဟွိုင်ဘယာ့ဂ် တစ်ဦးတည်းလိုဖြစ်နေခဲ့တဲ့ပုံစံက ခက်ခဲနေခဲ့သလို အသင်းကြီးတွေကိုတောင် ဘောလုံးပိုင်ဆိုင်မှု ပိုရအောင်ကစားနိုင်တဲ့ ဘီယယ်လ်ဆာတို့ အကြိုက်ဖြစ်ခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ ဘယ်ခြမ်းက တောင်ပံကစားသမား ဟာရစ်ဆန်ရဲ့ ဖြတ်တင်ဘောကို ကိုယ့်ဂိုးကိုယ်သွင်းဖို့ ကြိုးစားတဲ့ ရက်ဂီလွန်ရဲ့ ရှင်းထုတ်မှုကို ဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ လိဒ်စ်နောက်ခံလူ ဒါးလက်စ်က ပိတ်သွင်းပြီး စပါးစ်တို့ကို စတင်ထိုးနှက်ခဲ့ပါတယ်။

ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်လေ့ရှိတဲ့ ဘေးလ်၊ နောက်ချန်တိုက်စစ်ကနေ ဂိုးရှေ့အထိ လိုက်ပါလေ့ရှိတဲ့ အယ်လီတို့ကြောင့် ရွှေဖိနပ်ဆုကို မှန်းနေခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကတော့ ညာတောင်ပံသမားတစ်ယောက်လို ဖြစ်နေခဲ့ပြီး သူ့အတွက် အခွင့်အရေးတွေ နည်းပါးခဲ့သလို အသင်းအတွက်လည်း ဂိုးရနိုင်ခွင့်ကို လျော့ကျစေခဲ့လို့ ဒီလေးယောက်အစုအဖွဲ့တိုက်စစ်ကို ပိုအလုပ်ဖြစ်အောင် စဉ်းစားရဦးမှာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ စပါးစ်တို့ ဘောလုံးပြန်ရလာခဲ့ပြီး ကွင်းလယ်ကြောတောက်လျှောက် ဆွဲပြေးခဲ့တဲ့ ဆွန်နဲ့ အယ်လီတို့ ဝမ်းတူးရိုက်အပြီးမှာ ဂိုးဧရိယာထဲ ဘောလုံးပြန်ရသွားခဲ့တဲ့ ကိုရီးယားတိုက်စစ်မှူးက ဂိုးသမား မေလီယေးနဲ့ တစ်ယောက်ချင်းအတွေ့မှာ ညာဘက်ဘေးကနေ ကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာ ဂိုးသမားပေါ်က ကျော်ပြီး သွင်းယူခဲ့တဲ့ ဟာရီကိန်းရဲ့ သွင်းဂိုး လူကျွံတယ်ဆိုပြီး သတ်မှတ်ခံရတာကတော့ ရယ်စရာကောင်းလွန်းတဲ့ VAR နဲ့ ပွဲရဲ့ အလှည့်အပြောင်းအဖြစ် စပါးစ်တို့ နစ်နာခဲ့ရပြီး ဒီလိုအသုံးမဝင်တဲ့ နည်းစနစ်နဲ့ ဒိုင်လူကြီးမျိုးတွေ ဘောလုံးလောကမှာ ရှိသင့်သလားဆိုတာ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ပါတယ်။

အိမ်ရှင် လိဒ်စ်တို့ကတော့ သူတို့ကွင်းမှာ သရေဖြစ်မှာကို ဘယ်လိုမှ လက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ ပွဲချိန် ၄၂ မိနစ်မှာတော့ နောက်ခံလူတွေကြားက ပြေးထွက်ပြီး ချိုးပေးတဲ့ အာလီယော့စကီးရဲ့ ပေးပို့မှုကို ဘမ်ဖို့ဒ်က အနီးကပ်အဆုံးသတ်နိုင်ခဲ့ပြီး ပထမပိုင်းမှာ စပါးစ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး လိဒ်စ်တို့ ဂိုးသွင်းမှုတွေ မသေချာခဲ့သလို စပါးစ်ဘက်ကလည်း ဆွန်က အခွင့်အရေးတွေကို ဖြုန်းခဲ့သလို အော်ရီယေးရဲ့ ကန်ချက်ကိုတော့ မေလီယေး ကာကွယ်သွားနိုင်ခဲ့ပြီး ဟာရီကိန်းရဲ့ ဖရီးကစ်ကတော့ ဘားထိထွက်ခဲ့ပြန်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ သရေအခွင့်အရေး ပေးထားခဲ့တာကို မယူနိုင်တဲ့ စပါးစ်တို့ကို လိဒ်စ်တို့အနေနဲ့ အနိုင်ပြတ်သားစေမယ့် သွင်းဂိုးနဲ့အတူ အဆင့် ၄ ဝင်ခွင့်မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ရာဖင်ညာက နောက်ဆုံးအချိန်အထိ ကန်မယ်ဆိုတဲ့ အမူအရာပြပြီးမှ အလယ်ကို ပြန်ချိုးပေးတာကို လွတ်နေတဲ့ ရိုဒရီဂိုက အသာအယာ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် လိစ်ဒ်ယူနိုက်တက်တို့ ရမှတ် ၅၀ နဲ့ ဘာမှမဖြစ်ခဲ့ပေမယ့် စပါးစ်တို့အတွက်တော့ ချန်ပီယံလိဂ်ဝင်နိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်ဖို့များသွားခဲ့ပြီး ရိုင်ယန် မေဆန်အနေနဲ့ကတော့ ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူပေးနိုင်ရင်ပဲ ပရိသတ်တွေ ကျေနပ်ရတော့မှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဟာ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ တိုက္စစ္အားျပဳတဲ့ လူစာရင္းမွာ ဟာရီကိန္းကို အေထာင္ထားၿပီး ေနာက္ေန ဆြန္ေဟာင္မင္၊ ဒယ္လီ အယ္လီနဲ႔ ေဘးလ္တို႔ကို လိုက္ကစားခိုင္းတဲ့ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာ လိုဆဲလ္ဆိုကိုပါ သုံးခဲ့ေပမယ့္ အိမ္ရွင္လိဒ္စ္ကို ယွဥ္ၿပိဳင္ဖို႔ သင့္ေတာ္တဲ့ ကစားကြက္မ်ိဳး မဟုတ္တာေၾကာင့္ ရႈံးပြဲနဲ႔ပဲ ရင္ဆိုင္ခဲ့ရပါတယ္။

ေရွ႕မွာ ေမာ္ရင္ညိဳရဲ႕ ခံစစ္ပိတ္ကစားကြက္မွာ ပရိသတ္ေတြ မေပ်ာ္ေမြ႕ခဲ့ၾကလို႔ ေမဆန္အေနနဲ႔ တိုက္စစ္သမားေတြကို ပိုမိုသုံးစြဲခဲ့ေပမယ့္ အသင္းရဲ႕ ဟန္ခ်က္ျဖစ္တဲ့ ကြင္းလယ္အထိုင္ Pivot ကို မွန္ကန္ေအာင္ အထိုင္မခ်ႏိုင္ခဲ့သလို တိုက္စစ္သမား လိုဆဲလ္ဆိုအတြက္ေၾကာင့္ ဟြိဳင္ဘယာ့ဂ္ တစ္ဦးတည္းလိုျဖစ္ေနခဲ့တဲ့ပုံစံက ခက္ခဲေနခဲ့သလို အသင္းႀကီးေတြကိုေတာင္ ေဘာလုံးပိုင္ဆိုင္မႈ ပိုရေအာင္ကစားႏိုင္တဲ့ ဘီယယ္လ္ဆာတို႔ အႀကိဳက္ျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဘယ္ျခမ္းက ေတာင္ပံကစားသမား ဟာရစ္ဆန္ရဲ႕ ျဖတ္တင္ေဘာကို ကိုယ့္ဂိုးကိုယ္သြင္းဖို႔ ႀကိဳးစားတဲ့ ရက္ဂီလြန္ရဲ႕ ရွင္းထုတ္မႈကို ဂိုးသမား လိုရစ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ လိဒ္စ္ေနာက္ခံလူ ဒါးလက္စ္က ပိတ္သြင္းၿပီး စပါးစ္တို႔ကို စတင္ထိုးႏွက္ခဲ့ပါတယ္။

ဘယ္ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ေလ့ရွိတဲ့ ေဘးလ္၊ ေနာက္ခ်န္တိုက္စစ္ကေန ဂိုးေရွ႕အထိ လိုက္ပါေလ့ရွိတဲ့ အယ္လီတို႔ေၾကာင့္ ေ႐ႊဖိနပ္ဆုကို မွန္းေနခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းကေတာ့ ညာေတာင္ပံသမားတစ္ေယာက္လို ျဖစ္ေနခဲ့ၿပီး သူ႔အတြက္ အခြင့္အေရးေတြ နည္းပါးခဲ့သလို အသင္းအတြက္လည္း ဂိုးရႏိုင္ခြင့္ကို ေလ်ာ့က်ေစခဲ့လို႔ ဒီေလးေယာက္အစုအဖြဲ႕တိုက္စစ္ကို ပိုအလုပ္ျဖစ္ေအာင္ စဥ္းစားရဦးမွာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန စပါးစ္တို႔ ေဘာလုံးျပန္ရလာခဲ့ၿပီး ကြင္းလယ္ေၾကာေတာက္ေလွ်ာက္ ဆြဲေျပးခဲ့တဲ့ ဆြန္နဲ႔ အယ္လီတို႔ ဝမ္းတူး႐ိုက္အၿပီးမွာ ဂိုးဧရိယာထဲ ေဘာလုံးျပန္ရသြားခဲ့တဲ့ ကိုရီးယားတိုက္စစ္မႉးက ဂိုးသမား ေမလီေယးနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ညာဘက္ေဘးကေန ကန္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဂိုးသမားေပၚက ေက်ာ္ၿပီး သြင္းယူခဲ့တဲ့ ဟာရီကိန္းရဲ႕ သြင္းဂိုး လူကြၽံတယ္ဆိုၿပီး သတ္မွတ္ခံရတာကေတာ့ ရယ္စရာေကာင္းလြန္းတဲ့ VAR နဲ႔ ပြဲရဲ႕ အလွည့္အေျပာင္းအျဖစ္ စပါးစ္တို႔ နစ္နာခဲ့ရၿပီး ဒီလိုအသုံးမဝင္တဲ့ နည္းစနစ္နဲ႔ ဒိုင္လူႀကီးမ်ိဳးေတြ ေဘာလုံးေလာကမွာ ရွိသင့္သလားဆိုတာ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ပါတယ္။

အိမ္ရွင္ လိဒ္စ္တို႔ကေတာ့ သူတို႔ကြင္းမွာ သေရျဖစ္မွာကို ဘယ္လိုမွ လက္ခံႏိုင္တဲ့ ပုံစံမ်ိဳးနဲ႔ ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ေနာက္ခံလူေတြၾကားက ေျပးထြက္ၿပီး ခ်ိဳးေပးတဲ့ အာလီေယာ့စကီးရဲ႕ ေပးပို႔မႈကို ဘမ္ဖို႔ဒ္က အနီးကပ္အဆုံးသတ္ႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ စပါးစ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္တိုက္စစ္ဆင္ခဲ့ၾကၿပီး လိဒ္စ္တို႔ ဂိုးသြင္းမႈေတြ မေသခ်ာခဲ့သလို စပါးစ္ဘက္ကလည္း ဆြန္က အခြင့္အေရးေတြကို ျဖဳန္းခဲ့သလို ေအာ္ရီေယးရဲ႕ ကန္ခ်က္ကိုေတာ့ ေမလီေယး ကာကြယ္သြားႏိုင္ခဲ့ၿပီး ဟာရီကိန္းရဲ႕ ဖရီးကစ္ကေတာ့ ဘားထိထြက္ခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ သေရအခြင့္အေရး ေပးထားခဲ့တာကို မယူႏိုင္တဲ့ စပါးစ္တို႔ကို လိဒ္စ္တို႔အေနနဲ႔ အႏိုင္ျပတ္သားေစမယ့္ သြင္းဂိုးနဲ႔အတူ အဆင့္ ၄ ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးပစ္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ရာဖင္ညာက ေနာက္ဆုံးအခ်ိန္အထိ ကန္မယ္ဆိုတဲ့ အမူအရာျပၿပီးမွ အလယ္ကို ျပန္ခ်ိဳးေပးတာကို လြတ္ေနတဲ့ ႐ိုဒရီဂိုက အသာအယာ ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ လိစ္ဒ္ယူႏိုက္တက္တို႔ ရမွတ္ ၅၀ နဲ႔ ဘာမွမျဖစ္ခဲ့ေပမယ့္ စပါးစ္တို႔အတြက္ေတာ့ ခ်န္ပီယံလိဂ္ဝင္ႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ေတြ အဆုံးသတ္ဖို႔မ်ားသြားခဲ့ၿပီး ႐ိုင္ယန္ ေမဆန္အေနနဲ႔ကေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ကို ရယူေပးႏိုင္ရင္ပဲ ပရိသတ္ေတြ ေက်နပ္ရေတာ့မွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.