Premier League Serie A

ယူနိုက်တက်ကို အခုထိ အခဲမကျေဘဲ ဒုက္ခပေးချင်နေတဲ့ မော်ရင်ညို

လာမယ့်ရာသီမှာ ရိုးမားနည်းပြသစ်ဖြစ်လာတော့မယ့် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုဟာ ပေါ့ဘာနဲ့ ပြဿနာတက်ခဲ့တဲ့နောက်မှာတော့ ယူနိုက်တက်ကနေ ကန်ထုတ်ခံခဲ့ရတာဖြစ်ပြီး ကစားသမားတွေက ဗိုင်းရပ်စ်လို ဝိုင်းကိုက်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့သူအဖြစ် ဆိုရမှာပါ။

မော်ရင်ညိုအနေနဲ့ ယူနိုက်တက်နဲ့အမည်းစက်ကို နည်းပြဘဝမှာ ဖယ်ရှားနေပုံရတဲ့တဖက်မှာလည်း ယူနိုက်တက်ကို အခုထိ အခဲမကျေသေးဘဲ ယူနိုက်တက်မှာ လက်တွဲခဲ့တဲ့ သူ့ရဲ့တပည့်ဟောင်းတွေကို ရိုးမားအသင်းဆီ ခေါ်ယူဖို့ ကြိုးစားလာတာပါ။

ချယ်လ်ဆီးကနေ မော်ရင်ညိုရဲ့အဆက်အသွယ်နဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ နီမန်ညာ မာတစ်ချ် နဲ့ ဂိုးသမား ဒဟဲယားတို့ကို အငိုက်ဖမ်းပြီး အချောင်နှိုက်ဖို့ ကြိုးစားလာခဲ့တဲ့ မော်ရင်ညိုရဲ့အပြောင်းအရွှေ့အစီအစဥ်ကို တွေ့ရပြီး ယူနိုက်တက်ရဲ့ အပယ်ခံဘဝကို ရောက်နေတဲ့ ဒွန်နီ ဗန်ဒဘိခ်ကိုလည်း သူ့ရဲ့အင်အားစုအဖြစ် လိုချင်နေကြောင်း သိရပါတယ်။

ရာသီအကုန်မှာ ပေါ်လို ဖွန်ဆီကာရဲ့နေရာကို အစားဝင်လာမယ့် မော်ရင်ညိုဟာ စပါးစ်ကနေ အထုတ်ခံရပြီး ၂ ပတ်အတွင်း အလုပ်သစ်ရခဲ့တာဖြစ်သလို ယူနိုက်တက်ရဲ့လူစာရင်းကို ဝင်မွှေဖို့ ကြိုးစားမှုဟာ ဗန်ဒဘိခ်အတွက် ယူရိုသန်း ၃၀ သုံးဖို့တော့ ရှိနေတာပါ။

ယူနိုက်တက်အနေနဲ့ကတော့ ဗန်ဒဘိခ်အတွက် အပြောင်းအရွှေ့စရိတ်ကို ပြန်ချေဖို့ မော်ရင်ညိုဆီ အနာခံပြီးရောင်းမလားဆိုတာကို စဥ်းစားရမှာဖြစ်ပြီး ဗန်ဒဘိခ်ရဲ့ ကစားဟန်ဟာ မော်ရင်ညိုလိုချင်တဲ့ဟန်မဟုတ်လို့ မော်ရင်ညိုကိုသာ ယုံစားမိရင် ရိုးမားမှာပါ ချောင်ထိုးခံရပြီး ကစားသမားဘဝပါပျက်သွားနိုင်တယ်လို့ ပရိသတ်တွေ​က သတိပေးနေကြပါတယ်။

ဒါ့အပြင် မော်ရင်ညိုလက်ထဲကနေ လွတ်ရာအရအရပ်ကို ပြေးထွက်ခဲ့ကြတဲ့ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ စမောလင်းနဲ့ မစ်ခီတာရီယန်တို့ဟာလည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ မော်ရင်ညိုရဲ့အရိပ်ကို တကျော့ပြန် ရောက်ရှိလာလို့ အသင်းကနေ ထွက်ခွာဖို့ အထုပ်ပြင်လာဖွယ်လည်း ရှိနေတာပါ။

မော်ရင်ညိုတယောက် ယူနိုက်တက်နဲ့ မပြတ်သေးတဲ့ အငြိုးတွေကို ယူနိုက်တက်ကစားသမား ဟောင်းတွေအပေါ် ပုံချလာဖို့ ရှိနေတဲ့အခြေအနေဟာ သူ့လက်အောက်မှာ ကစားမယ့်အစား အသင်းကနေပဲ ထွက်ဖို့ ရွေးချယ်မယ့် ဆုံးဖြတ်ချက်ဟာ မှားယွင်းဖွယ်ရာမရှိကြောင်း မှတ်ချက်ချရပါမယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ရာသီမွာ ႐ိုးမားနည္းျပသစ္ျဖစ္လာေတာ့မယ့္ ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳဟာ ေပါ့ဘာနဲ႔ ျပႆနာတက္ခဲ့တဲ့ေနာက္မွာေတာ့ ယူႏိုက္တက္ကေန ကန္ထုတ္ခံခဲ့ရတာျဖစ္ၿပီး ကစားသမားေတြက ဗိုင္းရပ္စ္လို ဝိုင္းကိုက္ခဲ့ၾကတယ္လို႔ စြပ္စြဲခဲ့သူအျဖစ္ ဆိုရမွာပါ။

ေမာ္ရင္ညိဳအေနနဲ႔ ယူႏိုက္တက္နဲ႔ အမည္းစက္ကို နည္းျပဘဝမွာ ဖယ္ရွားေနပုံရတဲ့တဖက္မွာလည္း ယူႏိုက္တက္ကို အခုထိ အခဲမေက်ေသးဘဲ ယူႏိုက္တက္မွာ လက္တြဲခဲ့တဲ့ သူ႔ရဲ႕တပည့္ေဟာင္းေတြကို ႐ိုးမားအသင္းဆီ ေခၚယူဖို႔ ႀကိဳးစားလာတာပါ။

ခ်ယ္လ္ဆီးကေန ေမာ္ရင္ညိဳရဲ႕အဆက္အသြယ္နဲ႔ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူ နီမန္ညာ မာတစ္ခ်္ နဲ႔ ဂိုးသမား ဒဟဲယားတို႔ကို အငိုက္ဖမ္းၿပီး အေခ်ာင္ႏႈိက္ဖို႔ ႀကိဳးစားလာခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕အေျပာင္းအေ႐ႊ႕အစီအစဥ္ကို ေတြ႕ရၿပီး ယူႏိုက္တက္ရဲ႕ အပယ္ခံဘဝကို ေရာက္ေနတဲ့ ဒြန္နီ ဗန္ဒဘိခ္ကိုလည္း သူ႔ရဲ႕အင္အားစုအျဖစ္ လိုခ်င္ေနေၾကာင္း သိရပါတယ္။

ရာသီအကုန္မွာ ေပၚလို ဖြန္ဆီကာရဲ႕ေနရာကို အစားဝင္လာမယ့္ ေမာ္ရင္ညိဳဟာ စပါးစ္ကေန အထုတ္ခံရၿပီး ၂ ပတ္အတြင္း အလုပ္သစ္ရခဲ့တာျဖစ္သလို ယူႏိုက္တက္ရဲ႕လူစာရင္းကို ဝင္ေမႊဖို႔ ႀကိဳးစားမႈဟာ ဗန္ဒဘိခ္အတြက္ ယူ႐ိုသန္း ၃၀ သုံးဖို႔ေတာ့ ရွိေနတာပါ။

ယူႏိုက္တက္အေနနဲ႔ကေတာ့ ဗန္ဒဘိခ္အတြက္ အေျပာင္းအေ႐ႊ႕စရိတ္ကို ျပန္ေခ်ဖို႔ ေမာ္ရင္ညိဳဆီ အနာခံၿပီးေရာင္းမလားဆိုတာကို စဥ္းစားရမွာျဖစ္ၿပီး ဗန္ဒဘိခ္ရဲ႕ ကစားဟန္ဟာ ေမာ္ရင္ညိဳလိုခ်င္တဲ့ဟန္မဟုတ္လို႔ ေမာ္ရင္ညိဳကိုသာ ယုံစားမိရင္ ႐ိုးမားမွာပါ ေခ်ာင္ထိုးခံရၿပီး ကစားသမားဘဝပါပ်က္သြားႏိုင္တယ္လို႔ ပရိသတ္ေတြ​က သတိေပးေနၾကပါတယ္။

ဒါ့အျပင္ ေမာ္ရင္ညိဳလက္ထဲကေန လြတ္ရာအရအရပ္ကို ေျပးထြက္ခဲ့ၾကတဲ့ ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ စေမာလင္းနဲ႔ မစ္ခီတာရီယန္တို႔ဟာလည္း ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာ ဆိုသလိုပဲ ေမာ္ရင္ညိဳရဲ႕အရိပ္ကို တေက်ာ့ျပန္ ေရာက္ရွိလာလို႔ အသင္းကေန ထြက္ခြာဖို႔ အထုပ္ျပင္လာဖြယ္လည္း ရွိေနတာပါ။

ေမာ္ရင္ညိဳတေယာက္ ယူႏိုက္တက္နဲ႔ မျပတ္ေသးတဲ့ အၿငိဳးေတြကို ယူႏိုက္တက္ကစားသမား ေဟာင္းေတြအေပၚ ပုံခ်လာဖို႔ ရွိေနတဲ့အေျခအေနဟာ သူ႔လက္ေအာက္မွာ ကစားမယ့္အစား အသင္းကေနပဲ ထြက္ဖို႔ ေ႐ြးခ်ယ္မယ့္ ဆုံးျဖတ္ခ်က္ဟာ မွားယြင္းဖြယ္ရာမရွိေၾကာင္း မွတ္ခ်က္ခ်ရပါမယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.