Match Report Premier League

လိဒ်စ်နဲ့ အရှုံးကို အမှတ်မရှိသေးတဲ့ မန်စီးတီးကို ဝုန်းပြီး အဆင့်သုံး တက်တဲ့ ချဲလ်ဆီး

မန်ချက်စတာစီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ တွေ့ဆုံတဲ့ပွဲမှာ နှစ်သင်းစလုံးအနေနဲ့ ကစားသမားအချို့ကို အနားပေးခဲ့ကြပြီး ဂွါဒီယိုလာကတော့ ပွဲထွက်နေကျ ဖိုဒန်၊ ဂွန်ဒိုးဝမ်၊ မာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနားတို့အထိ မျက်လှည့်ပြပြီး ဖျောက်ထားခဲ့ချိန်မှာ ကွင်းထဲက လူတွေနဲ့ ကိုက်ညီမယ့် ၃-၃-၃-၁ ကစားကွက်ကို သုံးခဲ့သလို ချဲလ်ဆီးကတော့ သီယာဂို ဆေးလ်ဗား၊ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်တို့ကို အနားပေးခဲ့တာပါ။

Formation ပြောင်းသွားခဲ့ပြီး ကစားနေကျ Shape ကို ထိခိုက်ခဲ့တဲ့ မန်စီးတီးတို့ ဂျေဆူးစ်နောက်က အဂွေရိုလိုက်ကစားပြီး တောင်ပံတွေနဲ့ ရံတာထက် လူအချို့ပဲ ပြောင်းသွားပြီး ပုံမှန်ကစားကွက်ကို ကိုင်ခဲ့တဲ့ ချဲလ်ဆီးကို ထိန်းကျောင်းရမလွယ်ခဲ့တာကို တွေ့ရပြီး ခံစစ်သုံးယောက်နဲ့ ရိုဒရီတို့အနေနဲ့ တီမို ဗာနာကို ဖြိုကစားဖို့ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။

ညာခြမ်းမှာ Inverted Winger မပါတဲ့ စီးတီးတို့အနေနဲ့ သူတို့ရဲ့ လက်နက်တစ်ခု လျော့ကျသွားခဲ့ပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ တန်ဖိုးမြင့်မားခဲ့တဲ့ မာရက်ဇ်ကို အနားပေးခဲ့ချိန်မှာ ပီအက်စ်ဂျီနဲ့ပွဲမှာ သုံးခဲ့ပေမယ့် ရှေ့ပွဲတွေမှာ အနားရခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားကို မထည့်ခဲ့တာက သူတို့ကို အိမ်ကွင်းမှာ ခြိမ်းခြောက်နိုင်မှု နည်းစေခဲ့သလို ဖယ်ရန် တောရက်စ်ကတော့ ဒီလိုပွဲမျိုးတွေ ကစားဖို့ လိုသေးတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ကွင်းလယ်မှာ ရိုဒရီတစ်ယောက်တည်းကို Single Pivot အဖြစ် တည်ထားတဲ့ စီးတီးတို့ ကစားကွက်ဖော်ဖို့ထက် တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ ပုံစံကိုပဲ သုံးစွဲခဲ့ရပြီး ပထမပိုင်းမှာ ရစ်သမ် သိပ်မမှန်သေးတဲ့ လူငယ်ကွင်းလယ်လူ ဂီးလ်မိုးကြောင့်လည်း သူနဲ့ ကွန်တေတို့ ထင်သလောက် အလုပ်မဖြစ်ဘဲ ရှိနေခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဇီးယက်ရှ်ရဲ့ အဝေးကန်ချက်ကို အီဒါဆန် ကာကွယ်ခဲ့ရပြီး ဒီကနေ ပြန်လည်တိုက်စစ်ဖော်ဆောင်လာတဲ့ စီးတီးတို့ ပွဲချိန် ၄၄ မိနစ်မှာ ဒီယက်စ် တင်ပေးတဲ့ ဘောလုံးကို ခရစ္စတင်ဆန် ပြေးပြီး ဖျက်ထုတ်ရာမှာ ဂျေဆူးစ်နဲ့ တွန်းတွန်းတိုက်တိုက်နဲ့မို့ သေချာမထိခဲ့ဘဲ လွတ်ထွက်သွားတာကို ဘရာဇီးလ်သားက ချိုးပေးတာကို အဂွေရို အသုံးမချနိုင်ချိန်မှာ ဘေးက ပါလာတဲ့ စတာလင်က ပြေးဝင်ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဂျေဆူးစ်ကို နောက်ကနေ တိုက်မိတဲ့ ဂီးလ်မိုးကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဒီဖြစ်ရပ်မှာ ဂျေဆူးစ် ကန်ပြီးမှ ဂီးလ်မိုးက ထိမိခဲ့တာဖြစ်ပေမယ့် VAR က လျစ်လျူရှုခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို ဒီအခွင့်အရေးကိုတော့ အဂွေရို ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ ပါနင်ကာကန်ချက်က ပျော့လွန်းခဲ့လို့ ဂိုးသမား မန်ဒီက ညာဘက်ကို ဒိုက်ပစ်ဖို့ လုပ်ခဲ့ပြီးမှ လမ်းတဝက်ကနေ ပြန်ထဖမ်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပထမပိုင်းမှာ မန်စီးတီးတို့ ပြတ်ပြတ်သားသား ဦးမဆောင်နိုင်ဘဲ ချဲလ်ဆီးတို့ကို ရိုက်ချိုးနိုင်ခွင့် ဆုံးရှုံးခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ဧည့်သည်တွေ ပိုမိုစည်းလုံးလာခဲ့သလို ကွင်းလယ်က ဂီးလ်မိုးလည်း ပိုငြိမ်ပြီး ယုံကြည်မှုရှိလာခဲ့တာကြောင့် သူတို့တွေရဲ့ တိုက်စစ်က ထိရောက်ခဲ့ချိန်မှာ ဂိုးမသွင်းနိုင်လည်း ဒုက္ခပေးနိုင်တဲ့ တီမို ဗာနာကို ဒီယက်စ်နဲ့ လာပေါ့တ်တို့ ဗလအားကိုးနဲ့ ဝိုင်းဝုန်းနေကြတာကတော့ ကြည့်ရဆိုးခဲ့ပါတယ်။

ဇီးယက်ရှ်ကတော့ ဧရိယာထိပ်ကနေ အဝေးကန်ချက်တွေနဲ့ အီဒါဆန်ကို ပညာစမ်းနေခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ ရိုဒရီဆီက အက်ဇ်ပီလီကွေတာ ဖြတ်ယူသွားတဲ့ ဘောလုံးကို ပူလီရှစ်ချ်က ညာတောင်ပံကို ပြန်ချပေးခဲ့ပြီး စပိန်သားကပဲ ပြန်ချိုးပေးခဲ့ရာမှာ ဇီးယက်ရှ်က ပိတ်ဆို့ဖို့ ကြိုးစားတဲ့ လာပေါ့တ်ရဲ့ ဘေးက ကန်သွင်းယူခဲ့ပြီး အီဒါဆန် ကာကွယ်ဖို့ မမီနိုင်ခဲ့ဘဲ ချေပဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ နှစ်သင်းစလုံး အနိုင်ဂိုးရဖို့ ပြင်ဆင်လာခဲ့ကြသလို မန်စီးတီးက အဂွေရိုနဲ့ တောရက်စ်အစား ဖိုဒန်နဲ့ ဂွန်ဒိုးဝမ်တို့ကို ပေးပို့မှုအခြေခံဖို့ ထည့်ခဲ့ပြီး ချဲလ်ဆီးကတော့ ကွန်တေအစား Long Pass တွေ တိကျတဲ့ ဂျော်ဂျင်ညိုကို ထည့်သွင်းခဲ့ပါတယ်။ ညာတောင်ပံမှာ ဘယ်သန်မရှိတဲ့ ဒဏ်ကိုတော့ စီးတီးတို့ တော်တော်လေး ခံခဲ့ရပြီး ဒီနေ့ပွဲမှာ သူတို့တွေရဲ့ ဂိုးရနေကျ လမ်းက လုံးဝကို ပျောက်ဆုံးနေခဲ့တာပါ။

ဇီးယက်ရှ်အစား ဟဒ်ဆန်-အိုဒွိုင်းကို ထည့်လိုက်တဲ့ ချဲလ်ဆီးတိုက်စစ်ကတော့ ပွဲပြီးဖို့ နီးလာလေလေ ပိုကောင်းလာလေလေဖြစ်ခဲ့ပြီး လူစားဝင် ဇူးမားကတော့ စတာလင်ကို ရအောင်ထိန်းပြီး ချဲလ်ဆီးရဲ့ ခံစစ်အတွက် အရေးပါတဲ့ ဖျက်ထုတ်မှုတွေ လုပ်နေခဲ့သလို ပွဲချိန် ၈၈ မိနစ်မှာတော့ သူနဲ့ လုံးထွေးမိခဲ့ရာမှာ ဒိုင်နဲ့ VAR က ပင်နယ်တီ မပေးခဲ့လို့ သက်သာခဲ့ရပြီး ပထမပင်နယ်တီအတွက် အလျော်ရတယ်လို့ပဲ ထင်မြင်မိပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ တိုက်စစ်ကို သေသေချာချာ စုဖွဲ့ကစားနေခဲ့တဲ့ ချဲလ်ဆီးတို့ အနိုင်ဂိုးရယူနိုင်ခဲ့ပြီး ဟဒ်ဆန်-အိုဒွိုင်းပေးတာကို တီမို ဗာနာက သူ့ကို ကပ်ထားတဲ့ လာပေါ့တ်ကို ကျော်ဖြတ်ပြီး ချိုးပေးတာကို မားကို့စ် အလွန်ဆိုက အနီးကပ် ပိတ်သွင်းခဲ့ရာမှာ ဘောလုံးကို ဂိုးသမား ခန့်မှန်းတဲ့ လမ်းကြောင်းနဲ့ လွဲနေခဲ့လို့ ဂိုးပေါက်ထဲကို အနှောင့်အယှက်မရှိ ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးနဲ့ နည်းပြ တူဟယ်လ်တို့ နောက်ဆုံးနှစ်ပွဲဆက်တိုက်အနိုင်နဲ့ အက်ဖ်အေဖလား စိတ်မကျေပွဲမှာ အသာစီး ထပ်ယူနိုင်ခဲ့သလို နောက်လာမယ့် ချန်ပီယံလိဂ်ဖိုင်နယ်အတွက်ပါ ခြိမ်းခြောက်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ရမှတ် ၆၄ မှတ်နဲ့ လက်စတာဆီက အဆင့် ၃ နေရာကို လွှဲပြောင်းရယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ ေတြ႕ဆုံတဲ့ပြဲမွာ ႏွစ္သင္းစလုံးအေနနဲ႔ ကစားသမားအခ်ိဳ႕ကို အနားေပးခဲ့ၾကၿပီး ဂြါဒီယိုလာကေတာ့ ပြဲထြက္ေနက် ဖိုဒန္၊ ဂြန္ဒိုးဝမ္၊ မာရက္ဇ္၊ ဘာနာဒို ေဆးလ္ဗား၊ ဒီဘ႐ိုင္းနားတို႔အထိ မ်က္လွည့္ျပၿပီး ေဖ်ာက္ထားခဲ့ခ်ိန္မွာ ကြင္းထဲက လူေတြနဲ႔ ကိုက္ညီမယ့္ ၃-၃-၃-၁ ကစားကြက္ကို သုံးခဲ့သလို ခ်ဲလ္ဆီးကေတာ့ သီယာဂို ေဆးလ္ဗား၊ ေဂ်ာ္ဂ်င္ညိဳ၊ ဟာဗတ္ဇ္တို႔ကို အနားေပးခဲ့တာပါ။

Formation ေျပာင္းသြားခဲ့ၿပီး ကစားေနက် Shape ကို ထိခိုက္ခဲ့တဲ့ မန္စီးတီးတို႔ ေဂ်ဆူးစ္ေနာက္က အေဂြ႐ိုလိုက္ကစားၿပီး ေတာင္ပံေတြနဲ႔ ရံတာထက္ လူအခ်ိဳ႕ပဲ ေျပာင္းသြားၿပီး ပုံမွန္ကစားကြက္ကို ကိုင္ခဲ့တဲ့ ခ်ဲလ္ဆီးကို ထိန္းေက်ာင္းရမလြယ္ခဲ့တာကို ေတြ႕ရၿပီး ခံစစ္သုံးေယာက္နဲ႔ ႐ိုဒရီတို႔အေနနဲ႔ တီမို ဗာနာကို ၿဖိဳကစားဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။

ညာျခမ္းမွာ Inverted Winger မပါတဲ့ စီးတီးတို႔အေနနဲ႔ သူတို႔ရဲ႕ လက္နက္တစ္ခု ေလ်ာ့က်သြားခဲ့ၿပီး ၿပီးခဲ့တဲ့ ပြဲေတြမွာ တန္ဖိုးျမင့္မားခဲ့တဲ့ မာရက္ဇ္ကို အနားေပးခဲ့ခ်ိန္မွာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ သုံးခဲ့ေပမယ့္ ေရွ႕ပြဲေတြမွာ အနားရခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားကို မထည့္ခဲ့တာက သူတို႔ကို အိမ္ကြင္းမွာ ၿခိမ္းေျခာက္ႏိုင္မႈ နည္းေစခဲ့သလို ဖယ္ရန္ ေတာရက္စ္ကေတာ့ ဒီလိုပြဲမ်ိဳးေတြ ကစားဖို႔ လိုေသးတယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

ကြင္းလယ္မွာ ႐ိုဒရီတစ္ေယာက္တည္းကို Single Pivot အျဖစ္ တည္ထားတဲ့ စီးတီးတို႔ ကစားကြက္ေဖာ္ဖို႔ထက္ တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ ပုံစံကိုပဲ သုံးစြဲခဲ့ရၿပီး ပထမပိုင္းမွာ ရစ္သမ္ သိပ္မမွန္ေသးတဲ့ လူငယ္ကြင္းလယ္လူ ဂီးလ္မိုးေၾကာင့္လည္း သူနဲ႔ ကြန္ေတတို႔ ထင္သေလာက္ အလုပ္မျဖစ္ဘဲ ရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဇီးယက္ရွ္ရဲ႕ အေဝးကန္ခ်က္ကို အီဒါဆန္ ကာကြယ္ခဲ့ရၿပီး ဒီကေန ျပန္လည္တိုက္စစ္ေဖာ္ေဆာင္လာတဲ့ စီးတီးတို႔ ပြဲခ်ိန္ ၄၄ မိနစ္မွာ ဒီယက္စ္ တင္ေပးတဲ့ ေဘာလုံးကို ခရစၥတင္ဆန္ ေျပးၿပီး ဖ်က္ထုတ္ရာမွာ ေဂ်ဆူးစ္နဲ႔ တြန္းတြန္းတိုက္တိုက္နဲ႔မို႔ ေသခ်ာမထိခဲ့ဘဲ လြတ္ထြက္သြားတာကို ဘရာဇီးလ္သားက ခ်ိဳးေပးတာကို အေဂြ႐ို အသုံးမခ်ႏိုင္ခ်ိန္မွာ ေဘးက ပါလာတဲ့ စတာလင္က ေျပးဝင္ကန္သြင္းၿပီး ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေဂ်ဆူးစ္ကို ေနာက္ကေန တိုက္မိတဲ့ ဂီးလ္မိုးေၾကာင့္ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီျဖစ္ရပ္မွာ ေဂ်ဆူးစ္ ကန္ၿပီးမွ ဂီးလ္မိုးက ထိမိခဲ့တာျဖစ္ေပမယ့္ VAR က လ်စ္လ်ဴရႈခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရသလို ဒီအခြင့္အေရးကိုေတာ့ အေဂြ႐ို ကန္သြင္းခဲ့ေပမယ့္ သူ႔ရဲ႕ ပါနင္ကာကန္ခ်က္က ေပ်ာ့လြန္းခဲ့လို႔ ဂိုးသမား မန္ဒီက ညာဘက္ကို ဒိုက္ပစ္ဖို႔ လုပ္ခဲ့ၿပီးမွ လမ္းတဝက္ကေန ျပန္ထဖမ္းသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ ပထမပိုင္းမွာ မန္စီးတီးတို႔ ျပတ္ျပတ္သားသား ဦးမေဆာင္ႏိုင္ဘဲ ခ်ဲလ္ဆီးတို႔ကို ႐ိုက္ခ်ိဳးႏိုင္ခြင့္ ဆုံးရႈံးခဲ့ရၿပီး ဒုတိယပိုင္းမွာေတာ့ ဧည့္သည္ေတြ ပိုမိုစည္းလုံးလာခဲ့သလို ကြင္းလယ္က ဂီးလ္မိုးလည္း ပိုၿငိမ္ၿပီး ယုံၾကည္မႈရွိလာခဲ့တာေၾကာင့္ သူတို႔ေတြရဲ႕ တိုက္စစ္က ထိေရာက္ခဲ့ခ်ိန္မွာ ဂိုးမသြင္းႏိုင္လည္း ဒုကၡေပးႏိုင္တဲ့ တီမို ဗာနာကို ဒီယက္စ္နဲ႔ လာေပါ့တ္တို႔ ဗလအားကိုးနဲ႔ ဝိုင္းဝုန္းေနၾကတာကေတာ့ ၾကည့္ရဆိုးခဲ့ပါတယ္။

ဇီးယက္ရွ္ကေတာ့ ဧရိယာထိပ္ကေန အေဝးကန္ခ်က္ေတြနဲ႔ အီဒါဆန္ကို ပညာစမ္းေနခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ႐ိုဒရီဆီက အက္ဇ္ပီလီေကြတာ ျဖတ္ယူသြားတဲ့ ေဘာလုံးကို ပူလီရွစ္ခ်္က ညာေတာင္ပံကို ျပန္ခ်ေပးခဲ့ၿပီး စပိန္သားကပဲ ျပန္ခ်ိဳးေပးခဲ့ရာမွာ ဇီးယက္ရွ္က ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ လာေပါ့တ္ရဲ႕ ေဘးက ကန္သြင္းယူခဲ့ၿပီး အီဒါဆန္ ကာကြယ္ဖို႔ မမီႏိုင္ခဲ့ဘဲ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ ႏွစ္သင္းစလုံး အႏိုင္ဂိုးရဖို႔ ျပင္ဆင္လာခဲ့ၾကသလို မန္စီးတီးက အေဂြ႐ိုနဲ႔ ေတာရက္စ္အစား ဖိုဒန္နဲ႔ ဂြန္ဒိုးဝမ္တို႔ကို ေပးပို႔မႈအေျခခံဖို႔ ထည့္ခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ ကြန္ေတအစား Long Pass ေတြ တိက်တဲ့ ေဂ်ာ္ဂ်င္ညိဳကို ထည့္သြင္းခဲ့ပါတယ္။ ညာေတာင္ပံမွာ ဘယ္သန္မရွိတဲ့ ဒဏ္ကိုေတာ့ စီးတီးတို႔ ေတာ္ေတာ္ေလး ခံခဲ့ရၿပီး ဒီေန႔ပြဲမွာ သူတို႔ေတြရဲ႕ ဂိုးရေနက် လမ္းက လုံးဝကို ေပ်ာက္ဆုံးေနခဲ့တာပါ။

ဇီးယက္ရွ္အစား ဟဒ္ဆန္-အိုဒြိဳင္းကို ထည့္လိုက္တဲ့ ခ်ဲလ္ဆီးတိုက္စစ္ကေတာ့ ပြဲၿပီးဖို႔ နီးလာေလေလ ပိုေကာင္းလာေလေလျဖစ္ခဲ့ၿပီး လူစားဝင္ ဇူးမားကေတာ့ စတာလင္ကို ရေအာင္ထိန္းၿပီး ခ်ဲလ္ဆီးရဲ႕ ခံစစ္အတြက္ အေရးပါတဲ့ ဖ်က္ထုတ္မႈေတြ လုပ္ေနခဲ့သလို ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ သူနဲ႔ လုံးေထြးမိခဲ့ရာမွာ ဒိုင္နဲ႔ VAR က ပင္နယ္တီ မေပးခဲ့လို႔ သက္သာခဲ့ရၿပီး ပထမပင္နယ္တီအတြက္ အေလ်ာ္ရတယ္လို႔ပဲ ထင္ျမင္မိပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ တိုက္စစ္ကို ေသေသခ်ာခ်ာ စုဖြဲ႕ကစားေနခဲ့တဲ့ ခ်ဲလ္ဆီးတို႔ အႏိုင္ဂိုးရယူႏိုင္ခဲ့ၿပီး ဟဒ္ဆန္-အိုဒြိဳင္းေပးတာကို တီမို ဗာနာက သူ႔ကို ကပ္ထားတဲ့ လာေပါ့တ္ကို ေက်ာ္ျဖတ္ၿပီး ခ်ိဳးေပးတာကို မားကို႔စ္ အလြန္ဆိုက အနီးကပ္ ပိတ္သြင္းခဲ့ရာမွာ ေဘာလုံးကို ဂိုးသမား ခန႔္မွန္းတဲ့ လမ္းေၾကာင္းနဲ႔ လြဲေနခဲ့လို႔ ဂိုးေပါက္ထဲကို အေႏွာင့္အယွက္မရွိ ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးနဲ႔ နည္းျပ တူဟယ္လ္တို႔ ေနာက္ဆုံးႏွစ္ပြဲဆက္တိုက္အႏိုင္နဲ႔ အက္ဖ္ေအဖလား စိတ္မေက်ပြဲမွာ အသာစီး ထပ္ယူႏိုင္ခဲ့သလို ေနာက္လာမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္အတြက္ပါ ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာေတာ့ ရမွတ္ ၆၄ မွတ္နဲ႔ လက္စတာဆီက အဆင့္ ၃ ေနရာကို လႊဲေျပာင္းရယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.