Bundesliga Premier League

ဘိုင္ယန္ျမဴးနစ္ဝါရင့္ဂိုးသမားကို ပစ္မွတ္ထားေနတဲ့ ခ်ဲလ္ဆီး

ဒီရာသီမွာ ဂိုးသမားေတြရဲ႕ အမွားေတြေၾကာင့္ စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ ႀကဳံခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ ဘုိင္ယန္ ျမဴးနစ္အသင္းရဲ႕ ဝါရင့္ဂိုးသမား မန္ညဴယယ္ ႏြဳိင္ယာကို ေခၚယူသြားဖို႔ ျပင္ဆင္မွဳေတြ ျပဳလုပ္ေနခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ႏြဳိင္ယာဟာ ဘုိင္ယန္ျမဴးနစ္အတြက္ေတာ့ အစားထိုးခ်ိန္တန္ေနၿပီလုိ႔ ယူဆထားတဲ့ ဂိုးသမားလည္းျဖစ္ၿပီး သူ႕ကို လာမယ့္ရာသီမွာ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္ျဖစ္လာႏုိင္တဲ့ ဘာစီလိုနာဂိုးသမား မာ့ခ္-အန္ဒေရ တာစတီဂ်န္ကို ေခၚယူႏုိင္တာနဲ႔ ျပန္လည္ေရာင္းခ်သြားဖို႔လည္း ရွိေနပါတယ္။

ဒီအေျခအေနမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကမာၻ႕အေကာင္းဆုံးဂိုးသမားေတြထဲမွာ ပါဝင္ေနတဲ့ ဂ်ာမန္သားကို ရယူႏုိင္ဖို႔ စိတ္ဝင္စားေနၿပီး အသင္းရဲ႕လက္ရွိဂိုးသမားေတြျဖစ္ၾကတဲ့ ကီပါ အာရီဇာဘာလာဂါနဲ႔ ဝီလီ ကာဘယ္လီ႐ိုတို႔ထက္ လက္စြမ္းျမင့္မားတဲ့သူတစ္ဦးကို ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

ရာသီကုန္မွာ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္ ၁၂ လသာ က်န္ရွိေတာ့မယ့္ ႏြဳိင္ယာအေနနဲ႔ ခ်ဲလ္ဆီးအသင္းကိုသာ ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ သူ႕အတြက္ ပထမဆုံးအႀကိမ္အျဖစ္ ႏုိင္ငံရပ္ျခားကို ထြက္ကစားတာလည္းျဖစ္မွာျဖစ္ၿပီး ဘာေဗးရီးယားအေျခစိုက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဂိုးသမား ဌာနကို ဘယ္လိုေျဖရွင္းသြားမလဲေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ႏြဳိင္ယာဟာ အေကာင္းဆုံးအခ်ိန္ေတြကို ေက်ာ္လြန္လာေပမယ့္လည္း အမ်ားႀကီးအသုံးခ်ႏုိင္ဦးမယ့္ ဝါရင့္တစ္ဦးလို႔ ရွဳျမင္ထားတယ္လို႔ သိရၿပီး ေဈးကြက္ေပါက္ေဈးအရ ယူ႐ို သန္း ၂၀ ဝန္းက်င္မွာ ႏွစ္ဖက္အသင္းေတြ ညႇိႏွဳိင္းႏုိင္လိမ့္မယ္လို႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီရာသီမှာ ဂိုးသမားတွေရဲ့ အမှားတွေကြောင့် စိတ်ပျက်စရာ ရလဒ်တွေနဲ့ ကြုံခဲ့ရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဘိုင်ယန် မြူးနစ်အသင်းရဲ့ ဝါရင့်ဂိုးသမား မန်ညူယယ် နွိုင်ယာကို ခေါ်ယူသွားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နွိုင်ယာဟာ ဘိုင်ယန်မြူးနစ်အတွက်တော့ အစားထိုးချိန်တန်နေပြီလို့ ယူဆထားတဲ့ ဂိုးသမားလည်းဖြစ်ပြီး သူ့ကို လာမယ့်ရာသီမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာနိုင်တဲ့ ဘာစီလိုနာဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန်ကို ခေါ်ယူနိုင်တာနဲ့ ပြန်လည်ရောင်းချသွားဖို့လည်း ရှိနေပါတယ်။

ဒီအခြေအနေမှာ ချဲလ်ဆီးအသင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲမှာ ပါဝင်နေတဲ့ ဂျာမန်သားကို ရယူနိုင်ဖို့ စိတ်ဝင်စားနေပြီး အသင်းရဲ့လက်ရှိဂိုးသမားတွေဖြစ်ကြတဲ့ ကီပါ အာရီဇာဘာလာဂါနဲ့ ဝီလီ ကာဘယ်လီရိုတို့ထက် လက်စွမ်းမြင့်မားတဲ့သူတစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ် ၁၂ လသာ ကျန်ရှိတော့မယ့် နွိုင်ယာအနေနဲ့ ချဲလ်ဆီးအသင်းကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့ရင် သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရပ်ခြားကို ထွက်ကစားတာလည်းဖြစ်မှာဖြစ်ပြီး ဘာဗေးရီးယားအခြေစိုက်အသင်းအနေနဲ့ သူတို့ရဲ့ ဂိုးသမား ဌာနကို ဘယ်လိုဖြေရှင်းသွားမလဲတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အတွက်တော့ နွိုင်ယာဟာ အကောင်းဆုံးအချိန်တွေကို ကျော်လွန်လာပေမယ့်လည်း အများကြီးအသုံးချနိုင်ဦးမယ့် ဝါရင့်တစ်ဦးလို့ ရှုမြင်ထားတယ်လို့ သိရပြီး ဈေးကွက်ပေါက်ဈေးအရ ယူရို သန်း ၂၀ ဝန်းကျင်မှာ နှစ်ဖက်အသင်းတွေ ညှိနှိုင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.