Premier League

ရလဒ္ေတြ ပယ္ဖ်က္မယ္ဆုိတဲ့ စကားလုံးကို မသုံးစြဲၾကဖို႔ ပရီးမီးယားလိဂ္တားျမစ္ပိတ္ပင္

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြအေနနဲ႔ သူတုိ႔ရဲ႕ၿပဳိင္ပြဲမွာ ပါဝင္ကစားေနတဲ့ အသင္းေတြကို ရလဒ္ေတြ ပယ္ဖ်က္မယ္ဆုိတဲ့ Null and Void အသုံးအႏွဳန္းကို မသုံးစြဲၾကဖို႕ တရားဝင္တားျမစ္ပိတ္ပင္လုိက္သလို အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနရေပမယ့္လည္း ရာသီကို ၿပီးဆုံးေအာင္ ကစားသြားဖို႔ ဦးတည္ခ်က္ျပသခဲ့ပါတယ္။

အဂၤလန္ႏိုင္ငံက ခ်န္ပီယံရွစ္နဲ႔ ပရီးမီးယားလိဂ္ႏွစ္ခုကိုသာ အျမင့္ဆုံးအဆင့္ႏွစ္ဆင့္အျဖစ္ ခ်န္ထားၿပီး က်န္တဲ့ အမွတ္ေပးၿပဳိင္ပြဲအငယ္တန္းေတြကို ဖ်က္သိမ္းခဲ့တဲ့ေနာက္ လီဗာပူးလ္အသင္းဦးေဆာင္ေနတဲ့ ၿပဳိင္ပြဲဝင္ေတြထဲမွာလည္း ဒီေနရာကေနပဲ ေနာက္လွည့္ျပန္၊ ရပ္တန္းက ရပ္ခ်င္တဲ့ အသင္းေတြ ရွိလာခဲ့တယ္လုိ႔ ဆုိပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိရလဒ္ေတြကို ဖ်က္သိမ္းဖို႔ ဝက္စ္ဟမ္းဒုဥကၠဌ ကာရင္ ဘရက္ဒီက တုိက္တြန္းခဲ့အၿပီးမွာ သူနဲ႔ ေတာက္ေလွ်ာက္ လက္တြဲလာခဲ့တဲ့ ဥကၠဌ ေဒးဗစ္ ဆူလီဗန္ကေတာ့ ရွဳတ္ခ်သြားခဲ့ၿပီး ဒီအႀကံကို သူ႕အေနနဲ႔ လုံးဝကန္႔ကြက္ေၾကာင္းဆိုခဲ့ေပမယ့္ ဆုိင္းငံ့ အေျခအေနမွာ ျပန္လည္စတင္ႏုိင္ဖို႔ ယုံၾကည္မွဳေတြကေတာ့ ေလ်ာ့က်ေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္တာဝန္ရွိသူေတြအေနနဲ႔ေတာ့ အက်ဳိးအျမတ္ေတြ ဆုံးရွဳံးၿပီး စီးပြားေရးနဲ႔ ဘဏၰာေရးၿပဳိလဲမွဳေတြ မရွိရေအာင္ ေျဖရွင္းရာမွာ ပြဲေတြ ဆက္ကစားႏုိင္ဖို႔ကပဲ အေရးပါေနၿပီး တစ္ႏွစ္စာကို ေပါင္ ၃ ဘီလီယံ တန္ေၾကးရွိေနတဲ့ ႐ုပ္သံထုတ္လႊင့္ခြင့္ေတြက ႀကီးမားတဲ့ ျပႆနာအေနနဲ႔ ကိုင္တြယ္ေျဖရွင္းရဦးမွာပါ။

ဒါေၾကာင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြအေနနဲ႔ ပြဲစဥ္ေတြကို သင့္ေတာ္ၿပီး ျဖစ္ႏုိင္ေျခရွိတဲ့ ကာလမွာ ၿပီးဆုံးေအာင္ ဆက္ကစားဖို႔ ဆုံးျဖတ္ထားခဲ့သလို စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အသင္းက ထြက္ခြာမယ့္ ကစားသမားေတြကိုလည္း ပြဲစဥ္ေတြ ၿပီးဆုံးခ်ိန္အထိ ဆက္ရွိေနဖို႔ တုိက္တြန္းထားခဲ့ၿပီး Null and Void ဆုိတဲ့ စကားလုံးကိုေတာ့ လုံးဝသုံးစြဲျခင္းမျပဳဖို႔ တားျမစ္ပိတ္ပင္လုိက္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ အသင်းတွေကို ရလဒ်တွေ ပယ်ဖျက်မယ်ဆိုတဲ့ Null and Void အသုံးအနှုန်းကို မသုံးစွဲကြဖို့ တရားဝင်တားမြစ်ပိတ်ပင်လိုက်သလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ရာသီကို ပြီးဆုံးအောင် ကစားသွားဖို့ ဦးတည်ချက်ပြသခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံက ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်နှစ်ခုကိုသာ အမြင့်ဆုံးအဆင့်နှစ်ဆင့်အဖြစ် ချန်ထားပြီး ကျန်တဲ့ အမှတ်ပေးပြိုင်ပွဲအငယ်တန်းတွေကို ဖျက်သိမ်းခဲ့တဲ့နောက် လီဗာပူးလ်အသင်းဦးဆောင်နေတဲ့ ပြိုင်ပွဲဝင်တွေထဲမှာလည်း ဒီနေရာကနေပဲ နောက်လှည့်ပြန်၊ ရပ်တန်းက ရပ်ချင်တဲ့ အသင်းတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိရလဒ်တွေကို ဖျက်သိမ်းဖို့ ဝက်စ်ဟမ်းဒုဥက္ကဌ ကာရင် ဘရက်ဒီက တိုက်တွန်းခဲ့အပြီးမှာ သူနဲ့ တောက်လျှောက် လက်တွဲလာခဲ့တဲ့ ဥက္ကဌ ဒေးဗစ် ဆူလီဗန်ကတော့ ရှုတ်ချသွားခဲ့ပြီး ဒီအကြံကို သူ့အနေနဲ့ လုံးဝကန့်ကွက်ကြောင်းဆိုခဲ့ပေမယ့် ဆိုင်းငံ့ အခြေအနေမှာ ပြန်လည်စတင်နိုင်ဖို့ ယုံကြည်မှုတွေကတော့ လျော့ကျနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့တော့ အကျိုးအမြတ်တွေ ဆုံးရှုံးပြီး စီးပွားရေးနဲ့ ဘဏ္ဏာရေးပြိုလဲမှုတွေ မရှိရအောင် ဖြေရှင်းရာမှာ ပွဲတွေ ဆက်ကစားနိုင်ဖို့ကပဲ အရေးပါနေပြီး တစ်နှစ်စာကို ပေါင် ၃ ဘီလီယံ တန်ကြေးရှိနေတဲ့ ရုပ်သံထုတ်လွှင့်ခွင့်တွေက ကြီးမားတဲ့ ပြဿနာအနေနဲ့ ကိုင်တွယ်ဖြေရှင်းရဦးမှာပါ။

ဒါကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနဲ့ ပွဲစဉ်တွေကို သင့်တော်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ကာလမှာ ပြီးဆုံးအောင် ဆက်ကစားဖို့ ဆုံးဖြတ်ထားခဲ့သလို စာချုပ်ကုန်ဆုံးချိန်မှာ အသင်းက ထွက်ခွာမယ့် ကစားသမားတွေကိုလည်း ပွဲစဉ်တွေ ပြီးဆုံးချိန်အထိ ဆက်ရှိနေဖို့ တိုက်တွန်းထားခဲ့ပြီး Null and Void ဆိုတဲ့ စကားလုံးကိုတော့ လုံးဝသုံးစွဲခြင်းမပြုဖို့ တားမြစ်ပိတ်ပင်လိုက်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.