Premier League

ေက်ာဒဏ္ရာမွ သက္သာလာခဲ့ၿပီျဖစ္ေၾကာင္း မန္ခ်က္စတာယူႏုိက္တက္တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ေျပာၾကား

ဇန္နဝါရီလကတည္းက ေက်ာ႐ိုးဆစ္ေတြၾကားက အ႐ိုးႏုကေလးေတြ ထိခိုက္ပ်က္စီးခဲ့မွဳေၾကာင့္ အနားယူေနခဲ့ရတဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ သူ႕ရဲ႕ ဒဏ္ရာကေန အမ်ားႀကီး တုိးတက္သက္သာလာၿပီျဖစ္ေၾကာင္း မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြကို အသိေပးေျပာၾကားလုိက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလုံးပြဲေတြ ရပ္နားထားရတာဟာ ရက္ရွ္ဖို႔ဒ္အတြက္ေတာ့ အက်ဳိးရွိခဲ့တယ္လုိ႔ ဆုိရမွာျဖစ္ၿပီး သူ႕အေနနဲ႔ အသင္းရဲ႕ ပြဲစဥ္ေတြကေန လြဲေခ်ာ္မယ့္ အခ်ိန္ေတြကို ေလွ်ာ့ခ်ႏုိင္ခဲ့သလို သူကိုယ္တုိင္လည္း ေနအိမ္မွာ နားနားေနေနနဲ႔ ျပန္လည္သန္စြမ္းေရး ေလ့က်င့္ခန္းေတြကို ျပဳလုပ္ႏုိင္ခဲ့တာပါ။

အသက္ ၂၂ အရြယ္ တုိက္စစ္မွဴးအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ျပန္လည္စတင္ဖို႔ ကနဦးသတ္မွတ္ထားခဲ့တဲ့ ဧၿပီလ ၃၀ ရက္မွာ စတင္ခဲ့ရင္ေတာင္ ျပန္လည္ကစားႏိုင္ဖို႔ နီးစပ္ေနၿပီး သူ႕ရဲ႕ ေက်ာဒဏ္ရာက ေတာ္ေတာ္ေလး အသားေသ ေပ်ာက္ကင္းသေလာက္ရွိေနခဲ့သလို ခံစားမွဳကလည္း သိသိသာသာ တုိးတက္ေကာင္းမြန္ေနၿပီလို႔ စကိုင္းစပုိ႔စ္ကို ေျပာပါတယ္။

“အခုေတာ္ေတာ္ေလးေကာင္းေနၿပီဗ်။ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကေတာင္ ထပ္ၿပီး ဓာတ္မွန္႐ိုက္ၾကည့္ခဲ့ပါေသးတယ္။ လြန္ခဲ့တဲ့ ႏွစ္ပတ္သုံးပတ္ေလာက္က ခံစားရတာနဲ႔စာရင္ ဆယ္ဆေလာက္ ေကာင္းေနၿပီလို႔ ဆုိရမွာျဖစ္ၿပီး ကၽြန္ေတာ့္အေနနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ဖို႔လည္း ယုံၾကည္မွဳရွိေနပါၿပီ။ ပိုေကာင္းတဲ့ အေျခအေနတစ္ခုကို ေရာက္ေနၿပီလို႔ ခံစားရၿပီး အိမ္မွာလည္း ႐ုပ္ရွင္ၾကည့္လုိက္၊ စာဖတ္လိုက္၊ ေလ့က်င့္လုိက္ အေကာင္းဆုံးလုပ္ေဆာင္ေနပါတယ္”လို႔ ရက္ရွ္ဖို႔ဒ္က သတင္းေကာင္းေပးသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဒီရာသီဂိုးသြင္းသူစာရင္းမွာ ၿပဳိင္ပြဲစုံမွာ ၁၉ ဂိုးသြင္းယူၿပီး ၅ ဂိုးဖန္တီးေပးခဲ့တဲ့ အဂၤလန္လက္ေရြးစင္ဟာ အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးတိုက္စစ္မွဴးလည္းျဖစ္ေနၿပီး ကြင္းလယ္က ဘ႐ူႏို ဖာနန္ဒက္စ္အတြက္ အားရေနတဲ့ ပရိသတ္ေတြအဖို႔ အဆုံးသတ္ပုိင္းမွာ ပုိမိုေကာင္းမြန္တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ သြင္းဂိုးေတြကို ပိုမိုေမွ်ာ္လင့္ႏုိင္ဦးမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပေပးလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဇန်နဝါရီလကတည်းက ကျောရိုးဆစ်တွေကြားက အရိုးနုကလေးတွေ ထိခိုက်ပျက်စီးခဲ့မှုကြောင့် အနားယူနေခဲ့ရတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ရဲ့ ဒဏ်ရာကနေ အများကြီး တိုးတက်သက်သာလာပြီဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို အသိပေးပြောကြားလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရတာဟာ ရက်ရှ်ဖို့ဒ်အတွက်တော့ အကျိုးရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး သူ့အနေနဲ့ အသင်းရဲ့ ပွဲစဉ်တွေကနေ လွဲချော်မယ့် အချိန်တွေကို လျှော့ချနိုင်ခဲ့သလို သူကိုယ်တိုင်လည်း နေအိမ်မှာ နားနားနေနေနဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ခဲ့တာပါ။

အသက် ၂၂ အရွယ် တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ပြန်လည်စတင်ဖို့ ကနဦးသတ်မှတ်ထားခဲ့တဲ့ ဧပြီလ ၃၀ ရက်မှာ စတင်ခဲ့ရင်တောင် ပြန်လည်ကစားနိုင်ဖို့ နီးစပ်နေပြီး သူ့ရဲ့ ကျောဒဏ်ရာက တော်တော်လေး အသားသေ ပျောက်ကင်းသလောက်ရှိနေခဲ့သလို ခံစားမှုကလည်း သိသိသာသာ တိုးတက်ကောင်းမွန်နေပြီလို့ စကိုင်းစပို့စ်ကို ပြောပါတယ်။

“အခုတော်တော်လေးကောင်းနေပြီဗျ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတောင် ထပ်ပြီး ဓာတ်မှန်ရိုက်ကြည့်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်က ခံစားရတာနဲ့စာရင် ဆယ်ဆလောက် ကောင်းနေပြီလို့ ဆိုရမှာဖြစ်ပြီး ကျွန်တော့်အနေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့လည်း ယုံကြည်မှုရှိနေပါပြီ။ ပိုကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်နေပြီလို့ ခံစားရပြီး အိမ်မှာလည်း ရုပ်ရှင်ကြည့်လိုက်၊ စာဖတ်လိုက်၊ လေ့ကျင့်လိုက် အကောင်းဆုံးလုပ်ဆောင်နေပါတယ်”လို့ ရက်ရှ်ဖို့ဒ်က သတင်းကောင်းပေးသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီဂိုးသွင်းသူစာရင်းမှာ ပြိုင်ပွဲစုံမှာ ၁၉ ဂိုးသွင်းယူပြီး ၅ ဂိုးဖန်တီးပေးခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးလည်းဖြစ်နေပြီး ကွင်းလယ်က ဘရူနို ဖာနန်ဒက်စ်အတွက် အားရနေတဲ့ ပရိသတ်တွေအဖို့ အဆုံးသတ်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ သွင်းဂိုးတွေကို ပိုမိုမျှော်လင့်နိုင်ဦးမှာဖြစ်ကြောင်းလည်း ဖော်ပြပေးလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.