Analysis Match Report Premier League

လက်စတာရှုံးပြီး ဥရောပဝင်ခွင့် စိတ်လှုပ်ရှားစရာဖြစ်ခဲ့သလို တန်းဆင်းဇုန် ပြတ်သားဖို့ရှိလာ

ပရီးမီးယားလိဂ်ရဲ့ ဥရောပနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကတော့ ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။ မနေ့ညက လက်စတာစီးတီးတို့ရဲ့ အမှတ်ပေးပြိုင်ပွဲ နှစ်ပွဲဆက်နိုင်ပွဲပျောက်မှုကတော့ ဒါကို ပိုမိုအားကောင်းလာစေခဲ့ပြီး အရင်တစ်ပတ်က ဆောက်သမ်တန်ကို သရေကျခဲ့သလို မနေ့ညက ပွဲမှာလည်း နယူးကာဆယ်လ်ကို ပုံဆိုးပန်းဆိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒါဟာ နည်းပြ ဘရန်ဒန် ရောဂျားစ်ရဲ့ ရာသီကုန် ပန်းဝင်ချိန်မှာ အသင်းကို မထိန်းချုပ်နိုင်တဲ့ ထုံးစံအတိုင်းပဲဖြစ်နေခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ရမှတ် ၆၃ မှတ်သာ ရရှိသေးပြီး လက်ကျန် သုံးပွဲမှာ ချဲလ်ဆီး၊ မန်ယူနိုက်တက်၊ စပါးစ်သုံးသင်းလုံးကို ရှုံးနိုင်တဲ့ လက်စတာဟာ နောက်က လိုက်လာတဲ့ ချဲလ်ဆီး၊ ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်တို့ရဲ့ ကျော်တက်ခြင်းကို ခံရဖို့ နီးစပ်လာခဲ့ပါတယ်။

ကင်းပါဝါကွင်းမှာ ကစားခဲ့ရပေမယ့် ပြိုင်ဘက်ဂိုးသမားကို ရင်မခုန်လောက်တဲ့ ထိုးဖောက်မှုတွေကိုပဲ လုပ်နေတဲ့ လက်စတာဟာ ၂၂ မိနစ်မှာ ဘောလုံး အထိန်းမှားတဲ့ ဆိုယွန်ကျူးကြောင့် နောက်ဆုံး လေးပွဲမှာ လေးဂိုးသွင်းထားတဲ့ အာဆင်နယ်အငှားကွင်းလယ်လူ ဝီလော့ခ်ရဲ့ အပြစ်ပေးခံခဲ့ရပြီး ၃၄ မိနစ်မှာ ထောင့်ကန်ဘောမှာ ပေါ့ဆတဲ့ ဖိုဖာနာကြောင့် ဒမ်းမက်က ခေါင်းတိုက်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေကို ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပွဲက လက်စတာဘက်မှာ မရှိခဲ့ဘဲ ၆၄ မိနစ်မှာ ကက်စတာညာရဲ့ မပိုင်ဘဲ ဖျက်ထုတ်တဲ့ ဘောလုံးက ယှဉ်ပြေးလာတဲ့ ဝီလ်ဆန်အတွက် ကမ္ဘာ့အဆင့် ဖန်တီးပေးပို့မှုဖြစ်ခဲ့တာကြောင့် တတိယဂိုးဖြစ်သွားခဲ့သလို ၇၃ မိနစ်မှာ လူကျွံထောင်ချောက်ကို ဖျက်ဆီးခဲ့တဲ့ ဆိုယွန်ကျူးကြောင့် ဝီလ်ဆန်ကပဲ ထပ်မံသွင်းယူခဲ့ပြီး ပထမကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို လိုက်ဖျက်မယ့်သူ မရှိလို့ အေးအေးဆေးဆေး ထပ်မံပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ နယူးကာဆယ်လ်တို့ ကစားအား လျှော့ချလိုက်တဲ့အတွက် လက်စတာတိုက်စစ်က ထိရောက်မှုရှိလာခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာ အယ်လ်ဘရိုက်တန်က အပြင်းကန်ချက်နဲ့ တစ်ဂိုး၊ ၈၇ မိနစ်မှာတော့ ဂိုးသွင်းစိပ်နေတဲ့ အီဟန်နာချိုက တစ်ဂိုး သွင်းယူခဲ့ပေမယ့် ရလဒ်ကို ပြောင်းပြန်လှန်ဖို့တော့ မတတ်နိုင်ခဲ့ဘဲ ဥရောပဝင်ခွင့်အတွက် တင်ဒါခေါ်သလို ဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် ဒီတစ်ပတ်မှာ အက်ဖ်အေဖလားဆီမီးစိတ်မကြေပွဲနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်အကြို နွှဲရမယ့် မန်စီးတီးနဲ့ အစ်တီဟတ်မှာ တွေ့ဆုံနေတဲ့ ချဲလ်ဆီးတို့ကတော့ သုံးမှတ်ရနိုင်ဖို့ အခွင့်အရေး နည်းနေတာကြောင့် လီဗာပူးလ်ရဲ့ ဆောက်သမ်တန်ကို အနိုင်ယူဖို့ များတဲ့ပွဲနဲ့ ဝက်စ်ဟမ်းရဲ့ အဲဗာတန်နဲ့ အကြိတ်အနယ်ဖြစ်မယ့် ပွဲတွေကို စောင့်ကြည့်ရမှာဖြစ်ပြီး နယူးကာဆယ်လ်ကတော့ ဘန်လေကို ဖူလ်ဟမ် မနိုင်ရင် တန်းဆင်းဇုန်က လွတ်မြောက်ပြီဖြစ်ပါတယ်။

ဒီလက်စတာပွဲရဲ့ အလှည့်အပြောင်းကြောင့် လီဗာပူးလ်တို့ မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူဖို့ ပိုမိုတွန်းအားကောင်းလာမလားလို့ သူတို့ ပရိသတ်တွေ မျှော်လင့်နိုင်ပြီး တန်းဆင်းဇုန်အသင်းတွေရဲ့ ဆုံချက်ကတော့ တနင်္လာနေ့ညမှာ ကစားမယ့် ဖူလ်ဟမ်-ဘန်လေပွဲအပေါ် ရောက်ရှိလာခဲ့ပြီး ဖူလ်ဟမ် သရေဆိုရင်ကို ဘန်လေနဲ့ အပေါ်က အသင်းတွေအတွက် ဘုရားပေးတဲ့ဆု ဖြစ်လာတော့မှာဖြစ်ပြီး အဆိုးဆုံးအသင်းကတောင် တန်းမဆင်းရဖို့ ၉၀ ရာခိုင်နှုန်းလောက် သေချာသွားတော့မှာဖြစ်ကြောင်း သောကြာညပွဲစဉ်အပြီး စနေပွဲစဉ်တွေ မကစားခင် သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ ဥေရာပနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲကေတာ့ ပိုပိုၿပီး စိတ္ဝင္စားစရာ ေကာင္းလာခဲ့ပါတယ္။ မေန႔ညက လက္စတာစီးတီးတို႔ရဲ႕ အမွတ္ေပးၿပိဳင္ပြဲ ႏွစ္ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈကေတာ့ ဒါကို ပိုမိုအားေကာင္းလာေစခဲ့ၿပီး အရင္တစ္ပတ္က ေဆာက္သမ္တန္ကို သေရက်ခဲ့သလို မေန႔ညက ပြဲမွာလည္း နယူးကာဆယ္လ္ကို ပုံဆိုးပန္းဆိုးနဲ႔ ရႈံးနိမ့္ခဲ့တာပါ။

ဒါဟာ နည္းျပ ဘရန္ဒန္ ေရာဂ်ားစ္ရဲ႕ ရာသီကုန္ ပန္းဝင္ခ်ိန္မွာ အသင္းကို မထိန္းခ်ဳပ္ႏိုင္တဲ့ ထုံးစံအတိုင္းပဲျဖစ္ေနခဲ့ၿပီး ဒီပြဲရလဒ္ေၾကာင့္ ရမွတ္ ၆၃ မွတ္သာ ရရွိေသးၿပီး လက္က်န္ သုံးပြဲမွာ ခ်ဲလ္ဆီး၊ မန္ယူႏိုက္တက္၊ စပါးစ္သုံးသင္းလုံးကို ရႈံးႏိုင္တဲ့ လက္စတာဟာ ေနာက္က လိုက္လာတဲ့ ခ်ဲလ္ဆီး၊ ဝက္စ္ဟမ္းနဲ႔ လီဗာပူးလ္တို႔ရဲ႕ ေက်ာ္တက္ျခင္းကို ခံရဖို႔ နီးစပ္လာခဲ့ပါတယ္။

ကင္းပါဝါကြင္းမွာ ကစားခဲ့ရေပမယ့္ ၿပိဳင္ဘက္ဂိုးသမားကို ရင္မခုန္ေလာက္တဲ့ ထိုးေဖာက္မႈေတြကိုပဲ လုပ္ေနတဲ့ လက္စတာဟာ ၂၂ မိနစ္မွာ ေဘာလုံး အထိန္းမွားတဲ့ ဆိုယြန္က်ဴးေၾကာင့္ ေနာက္ဆုံး ေလးပြဲမွာ ေလးဂိုးသြင္းထားတဲ့ အာဆင္နယ္အငွားကြင္းလယ္လူ ဝီေလာ့ခ္ရဲ႕ အျပစ္ေပးခံခဲ့ရၿပီး ၃၄ မိနစ္မွာ ေထာင့္ကန္ေဘာမွာ ေပါ့ဆတဲ့ ဖိုဖာနာေၾကာင့္ ဒမ္းမက္က ေခါင္းတိုက္သြင္းၿပီး ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြကို ဦးေဆာင္ေစခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပြဲက လက္စတာဘက္မွာ မရွိခဲ့ဘဲ ၆၄ မိနစ္မွာ ကက္စတာညာရဲ႕ မပိုင္ဘဲ ဖ်က္ထုတ္တဲ့ ေဘာလုံးက ယွဥ္ေျပးလာတဲ့ ဝီလ္ဆန္အတြက္ ကမာၻ႔အဆင့္ ဖန္တီးေပးပို႔မႈျဖစ္ခဲ့တာေၾကာင့္ တတိယဂိုးျဖစ္သြားခဲ့သလို ၇၃ မိနစ္မွာ လူကြၽံေထာင္ေခ်ာက္ကို ဖ်က္ဆီးခဲ့တဲ့ ဆိုယြန္က်ဴးေၾကာင့္ ဝီလ္ဆန္ကပဲ ထပ္မံသြင္းယူခဲ့ၿပီး ပထမကန္ခ်က္ တိုင္ထိၿပီး ျပန္ထြက္လာတာကို လိုက္ဖ်က္မယ့္သူ မရွိလို႔ ေအးေအးေဆးေဆး ထပ္မံပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ နယူးကာဆယ္လ္တို႔ ကစားအား ေလွ်ာ့ခ်လိုက္တဲ့အတြက္ လက္စတာတိုက္စစ္က ထိေရာက္မႈရွိလာခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာ အယ္လ္ဘ႐ိုက္တန္က အျပင္းကန္ခ်က္နဲ႔ တစ္ဂိုး၊ ၈၇ မိနစ္မွာေတာ့ ဂိုးသြင္းစိပ္ေနတဲ့ အီဟန္နာခ်ိဳက တစ္ဂိုး သြင္းယူခဲ့ေပမယ့္ ရလဒ္ကို ေျပာင္းျပန္လွန္ဖို႔ေတာ့ မတတ္ႏိုင္ခဲ့ဘဲ ဥေရာပဝင္ခြင့္အတြက္ တင္ဒါေခၚသလို ျဖစ္ခဲ့ရတာပါ။

ဒါေပမယ့္ ဒီတစ္ပတ္မွာ အက္ဖ္ေအဖလားဆီမီးစိတ္မေၾကပြဲနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္အႀကိဳ ႏႊဲရမယ့္ မန္စီးတီးနဲ႔ အစ္တီဟတ္မွာ ေတြ႕ဆုံေနတဲ့ ခ်ဲလ္ဆီးတို႔ကေတာ့ သုံးမွတ္ရႏိုင္ဖို႔ အခြင့္အေရး နည္းေနတာေၾကာင့္ လီဗာပူးလ္ရဲ႕ ေဆာက္သမ္တန္ကို အႏိုင္ယူဖို႔ မ်ားတဲ့ပြဲနဲ႔ ဝက္စ္ဟမ္းရဲ႕ အဲဗာတန္နဲ႔ အႀကိတ္အနယ္ျဖစ္မယ့္ ပြဲေတြကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး နယူးကာဆယ္လ္ကေတာ့ ဘန္ေလကို ဖူလ္ဟမ္ မႏိုင္ရင္ တန္းဆင္းဇုန္က လြတ္ေျမာက္ၿပီျဖစ္ပါတယ္။

ဒီလက္စတာပြဲရဲ႕ အလွည့္အေျပာင္းေၾကာင့္ လီဗာပူးလ္တို႔ မန္ခ်က္စတာယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ယူဖို႔ ပိုမိုတြန္းအားေကာင္းလာမလားလို႔ သူတို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ႏိုင္ၿပီး တန္းဆင္းဇုန္အသင္းေတြရဲ႕ ဆုံခ်က္ကေတာ့ တနလၤာေန႔ညမွာ ကစားမယ့္ ဖူလ္ဟမ္-ဘန္ေလပြဲအေပၚ ေရာက္ရွိလာခဲ့ၿပီး ဖူလ္ဟမ္ သေရဆိုရင္ကို ဘန္ေလနဲ႔ အေပၚက အသင္းေတြအတြက္ ဘုရားေပးတဲ့ဆု ျဖစ္လာေတာ့မွာျဖစ္ၿပီး အဆိုးဆုံးအသင္းကေတာင္ တန္းမဆင္းရဖို႔ ၉၀ ရာခိုင္ႏႈန္းေလာက္ ေသခ်ာသြားေတာ့မွာျဖစ္ေၾကာင္း ေသာၾကာညပြဲစဥ္အၿပီး စေနပြဲစဥ္ေတြ မကစားခင္ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.