Premier League UCL&UEL

အာဆင်ဝင်းဂါးကြောင့် အာဆင်နယ်ဥရောပတန်းမဝင်တော့တာလို့ အာတီတာအပြစ်ပုံချ

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာဟာ ပြီးခဲ့တဲ့ရက်က အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်သလို ဥရောပဝင်ခွင့်ကို ဆုံးရှူံးသွားခဲ့တယ်လို့လည်း ဆိုရမှာပါ။

အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ကနေတဆင့် ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်ချက်မကျန်လောက်အောင် နည်းပါးနေသလို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပတန်းမဝင်တဲ့အသင်းဖြစ်လာဖို့ နီးစပ်နေချိန်မှာ အာတီတာက လက်ရှိအဖြစ်ဆိုးဟာ အာဆင်ဝင်းဂါးကြောင့် ဖြစ်ခဲ့တာလို့ လက်ညှိုးထိုးပြီး အပြစ်ပုံချသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကစလို့ အာဆင်နယ်ဟာ ဥရောပအဆင့်မီအသင်းတသင်း မဟုတ်တော့ဘူးလို့ အာတီတာက ဆိုခဲ့သလို ဒီအရာကို ပြောင်းပြန်လှန်နိုင်ဖို့ အာဆင်နယ်အသင်းက သူ့ကို နောက်ထပ်တရာသီ ထပ်မံထောက်ခံသွားမှာဖြစ်ပြီး အပြောင်းအရွှေ့တရပ်အတွက် ငွေထုတ်ပေးလာဖို့လည်း ရှိနေကြောင်း သိရပါတယ်။

” ကျွန်တော်တို့က ထိပ်သီးအသင်းတွေကို မယှဥ်နိုင်တော့တာ ၅ နှစ်ရှိပါပြီ။ ဒါက မတော်တဆဖြစ်ခဲ့တာမဟုတ်ဘူး။ အာဆင်နယ်ရဲ့ ဦးတည်ရာအလားအလာကို ပြသနေတာပါ။ ချန်ပီယံလိဂ်မကစားရတော့တာ ၅ နှစ်ရှိလာပြီမဟုတ်လား ”

” ကျွန်တော်ကတော့ အသင်းကို ရေရှည်စီမံကိန်းနဲ့ တည်ဆောက်ဖို့ လုပ်ဆောင်သွားမှာပါ။ အားစိုက်ပြီးတော့ကို လုပ်မယ်။ အချိန်ဖြုန်းနေလို့ မရတော့ပါဘူး။ လုပ်စရာတွေ အများကြီးရှိနေတယ်။ ကျွန်တော့်ရင်ထဲ တဆစ်ဆစ်နာတာကတော့ ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ရမှာကို မတက်နိုင်ခဲ့တာပါ ”

” ကျွန်တော်တို့ ဒီရာသီ ဖြတ်သန်းလာခဲ့သမျှကို အခုအနေအထားက အတော်လေးအဆင်ပြေနေတဲ့အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ ဗိုလ်လုပွဲကိုသာ တက်နိုင်ခဲ့ရင် အစစအရာရာ အသစ်ပြောင်းလဲသွားမှာပါ။ လူတွေအများကြီးကို စိတ်ပျက်စေခဲ့မှန်း နားလည်ပါတယ် ” လို့ အာတီတာက ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုတွေအတွက် ပြန်လည်ပေးဆပ်သွားမှာဖြစ်ပြီး အရာရာကို အကောင်းတိုင်းဖြစ်အောင် ပြန်တည်ဆောက်မယ်လို့ ကတိပေးသွားခဲ့သလို ပရိသတ်တွေအတွက် အောင်မြင်မှုတွေကို ရှာဖွေပေးသွားမယ်လို့ ​ကြွေးကြော်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာဟာ ၿပီးခဲ့တဲ့ရက္က အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီကိုင္တြယ္ေနတဲ့ ဗီလာရီးရဲလ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္မွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္သလို ဥေရာပဝင္ခြင့္ကို ဆုံးရႉံးသြားခဲ့တယ္လို႔လည္း ဆိုရမွာပါ။

အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္ကေနတဆင့္ ဥေရာပဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္မက်န္ေလာက္ေအာင္ နည္းပါးေနသလို ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပတန္းမဝင္တဲ့အသင္းျဖစ္လာဖို႔ နီးစပ္ေနခ်ိန္မွာ အာတီတာက လက္ရွိအျဖစ္ဆိုးဟာ အာဆင္ဝင္းဂါးေၾကာင့္ ျဖစ္ခဲ့တာလို႔ လက္ညႇိဳးထိုးၿပီး အျပစ္ပုံခ်သြားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္ကစလို႔ အာဆင္နယ္ဟာ ဥေရာပအဆင့္မီအသင္းတသင္း မဟုတ္ေတာ့ဘူးလို႔ အာတီတာက ဆိုခဲ့သလို ဒီအရာကို ေျပာင္းျပန္လွန္ႏိုင္ဖို႔ အာဆင္နယ္အသင္းက သူ႔ကို ေနာက္ထပ္တရာသီ ထပ္မံေထာက္ခံသြားမွာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕တရပ္အတြက္ ေငြထုတ္ေပးလာဖို႔လည္း ရွိေနေၾကာင္း သိရပါတယ္။

” ကြၽန္ေတာ္တို႔က ထိပ္သီးအသင္းေတြကို မယွဥ္ႏိုင္ေတာ့တာ ၅ ႏွစ္ရွိပါၿပီ။ ဒါက မေတာ္တဆျဖစ္ခဲ့တာမဟုတ္ဘူး။ အာဆင္နယ္ရဲ႕ ဦးတည္ရာအလားအလာကို ျပသေနတာပါ။ ခ်န္ပီယံလိဂ္မကစားရေတာ့တာ ၅ ႏွစ္ရွိလာၿပီမဟုတ္လား ”

” ကြၽန္ေတာ္ကေတာ့ အသင္းကို ေရရွည္စီမံကိန္းနဲ႔ တည္ေဆာက္ဖို႔ လုပ္ေဆာင္သြားမွာပါ။ အားစိုက္ၿပီးေတာ့ကို လုပ္မယ္။ အခ်ိန္ျဖဳန္းေနလို႔ မရေတာ့ပါဘူး။ လုပ္စရာေတြ အမ်ားႀကီးရွိေနတယ္။ ကြၽန္ေတာ့္ရင္ထဲ တဆစ္ဆစ္နာတာကေတာ့ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲကို တက္ႏိုင္ခဲ့ရမွာကို မတက္ႏိုင္ခဲ့တာပါ ”

” ကြၽန္ေတာ္တို႔ ဒီရာသီ ျဖတ္သန္းလာခဲ့သမွ်ကို အခုအေနအထားက အေတာ္ေလးအဆင္ေျပေနတဲ့အခ်ိန္မ်ိဳးပါ။ ဒီလိုအခ်ိန္မ်ိဳးမွာ ဗိုလ္လုပြဲကိုသာ တက္ႏိုင္ခဲ့ရင္ အစစအရာရာ အသစ္ေျပာင္းလဲသြားမွာပါ။ လူေတြအမ်ားႀကီးကို စိတ္ပ်က္ေစခဲ့မွန္း နားလည္ပါတယ္ ” လို႔ အာတီတာက ေျပာျပသြားခဲ့ပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ ပရိသတ္ေတြရဲ႕ ယုံၾကည္မႈေတြအတြက္ ျပန္လည္ေပးဆပ္သြားမွာျဖစ္ၿပီး အရာရာကို အေကာင္းတိုင္းျဖစ္ေအာင္ ျပန္တည္ေဆာက္မယ္လို႔ ကတိေပးသြားခဲ့သလို ပရိသတ္ေတြအတြက္ ေအာင္ျမင္မႈေတြကို ရွာေဖြေပးသြားမယ္လို႔ ​ေႂကြးေၾကာ္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.