La Liga Premier League

မက်ဆီကို အရခေါ်ပြီး ချစ်မြတ်နိုးရတဲ့ ဘာဆာရဲ့အသည်းကိုခွဲဖို့ မလိုလားတဲ့ ဂွါဒီယိုလာ

လာမယ့် တလအတွင်း ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မက်ဆီဟာ ကတ်တလန်အသင်းနဲ့သာ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုတဲ့အချိန်မှာ PSG သို့ မန်စီးတီးထဲက တသင်းကို ရွေးချယ်မယ်ဆိုတဲ့ သတင်းတွေကလည်း အလျှိုလျှိုပေါ်ထွက်လာတာပါ။

ပြီးခဲ့တဲ့နွေမှာ ဘာဆာကနေ ထွက်ခွာချင်ပြီလို့ တရားဝင်အတည်ပြုခဲ့တဲ့ ၃၃ နှစ်သားရဲ့အနာဂတ်ကို ဆရာဟောင်း ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာမြေမှာ ဆက်လက်မြင်တွေ့ရမလားဆိုတဲ့ မျှော်လင့်စရာတွေ ရှိခဲ့ပေမယ့် အာဂျင်တိုင်းသားက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး လက်ရှိရာသီကုန်အထိ စပိန်မှာ ဆက်ကစားခဲ့ပါတယ်။

ပပ်ရဲ့ဖခင် ဗာလင်တီးကတော့ ပပ်အနေနဲ့ မက်ဆီကို အီတီဟတ်ကွင်းမှာ အတူလက်တွဲပေါင်းစည်းသွားချင်တဲ့ ဆန္ဒက ထင်ထင်ရှားရှား ရှိနေသလို တဖက်မှာလည်း ဘာဆာဟာ ပပ်ရဲ့​နှလုံးသည်းပွတ်ဖြစ်နေတယ်လို့ ဆိုခဲ့တယ်။

ဒါကြောင့်် ပရိသတ်တွေရဲ့အမြင်မှာ ခွဲမရအောင် တသားတည်းဖြစ်နေတဲ့ မက်ဆီ+ဘာဆာကို ရှင်ခွဲခွဲကာ မက်ဆီကို ခွဲထုတ်ခြင်းအားဖြင့် သူချစ် ကတ်တလန်အသင်းကို နာကျင်အောင်လုပ်သွားချင်မှာ မဟုတ်ဘူးလို့ ပပ်ရဲ့ဖခင်က ပြောသွားခဲ့တာပါ။

“ပပ်နဲ့မက်ဆီကို မန်စီးတီးမှာ မြင်တွေ့လာရဖို့ ရှိမလားဆိုရင်တော့ မက်ဆီကို မလိုချင်ဘူးဆိုတဲ့ အသင်းတသင်းလောက်ရှိရင် ကျွန်တော့်ကို ပြစမ်းပါဗျာ။ မန်စီးတီးလည်း မက်ဆီနဲ့လက်တွဲချင်မှာ သိပ်သေချာတာပေါ့ဗျာ။ ပပ်ကိုယ်တိုင်လည်း ဒီကိစ္စကို ငြင်းပယ်လိုစိတ်ရှိမှာ မဟုတ်ပါဘူး”

“ကျွန်တော့်သားက မက်ဆီ့ကို သိပ်အထင်ကြီးပြီး လေးစားတဲ့သူပါ။ ဒါပေမယ့်ဗျာ… ဘာစီလိုနာဆိုတာ သားရဲ့နှလုံးသည်ပွတ်ဖြစ်နေပါတယ်။ သူသိပ်ချစ်ရတဲ့အသင်းကိုတော့ နာကျင်အောင် သူလုပ်ချင်မှာ မဟုတ်ဘူး။ မက်ဆီကို ဘာဆာနဲ့ ခွဲထုတ်ဖို့ဆိုတာ ဘာဆာကို အတော်လေးနာကျင်စေမှာမဟုတ်လား။ သူကတော့ ဒီလိုမျိုးတော့ ဘယ်တော့မှ လုပ်ချင်လိမ့်မှာ မဟုတ်ပါဘူး”လို့ ဗာလင်တီးက ဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ပပ်အနေနဲ့ ဘာစီလိုနာကို ပြန်သွားပြီး အသင်းရဲ့ပြန်လည်တည်ဆောက်ရေးကာလမှာ အသုံးတော်ခံလိုစိတ်လည်း ရှိနေကြောင်း သိရပြီး ဒီတကြိမ်မှာတော့ နည်းပြအဖြစ် တာဝန်ယူမှာမဟုတ်ဘဲ အသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်သွားလိုနေကြောင်း ပပ်ရဲ့ဖခင်ဖြစ်သူ​က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ တလအတြင္း ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ မက္ဆီဟာ ကတ္တလန္အသင္းနဲ႔သာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္ဆိုတဲ့အခ်ိန္မွာ PSG သို႔ မန္စီးတီးထဲက တသင္းကို ေ႐ြးခ်ယ္မယ္ဆိုတဲ့ သတင္းေတြကလည္း အလွ်ိဳလွ်ိဳေပၚထြက္လာတာပါ။

ၿပီးခဲ့တဲ့ေႏြမွာ ဘာဆာကေန ထြက္ခြာခ်င္ၿပီလို႔ တရားဝင္အတည္ျပဳခဲ့တဲ့ ၃၃ ႏွစ္သားရဲ႕အနာဂတ္ကို ဆရာေဟာင္း ပပ္ဂြာဒီယိုလာရဲ႕ မန္ခ်က္စတာေျမမွာ ဆက္လက္ျမင္ေတြ႕ရမလားဆိုတဲ့ ေမွ်ာ္လင့္စရာေတြ ရွိခဲ့ေပမယ့္ အာဂ်င္တိုင္းသားက သူ႔ရဲ႕ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ၿပီး လက္ရွိရာသီကုန္အထိ စပိန္မွာ ဆက္ကစားခဲ့ပါတယ္။

ပပ္ရဲ႕ဖခင္ ဗာလင္တီးကေတာ့ ပပ္အေနနဲ႔ မက္ဆီကို အီတီဟတ္ကြင္းမွာ အတူလက္တြဲေပါင္းစည္းသြားခ်င္တဲ့ ဆႏၵက ထင္ထင္ရွားရွား ရွိေနသလို တဖက္မွာလည္း ဘာဆာဟာ ပပ္ရဲ႕​ႏွလုံးသည္းပြတ္ျဖစ္ေနတယ္လို႔ ဆိုခဲ့တယ္။

ဒါေၾကာင့္္ ပရိသတ္ေတြရဲ႕အျမင္မွာ ခြဲမရေအာင္ တသားတည္းျဖစ္ေနတဲ့ မက္ဆီ+ဘာဆာကို ရွင္ခြဲခြဲကာ မက္ဆီကို ခြဲထုတ္ျခင္းအားျဖင့္ သူခ်စ္ ကတ္တလန္အသင္းကို နာက်င္ေအာင္လုပ္သြားခ်င္မွာ မဟုတ္ဘူးလို႔ ပပ္ရဲ႕ဖခင္က ေျပာသြားခဲ့တာပါ။

“ပပ္နဲ႔မက္ဆီကို မန္စီးတီးမွာ ျမင္ေတြ႕လာရဖို႔ ရွိမလားဆိုရင္ေတာ့ မက္ဆီကို မလိုခ်င္ဘူးဆိုတဲ့ အသင္းတသင္းေလာက္ရွိရင္ ကြၽန္ေတာ့္ကို ျပစမ္းပါဗ်ာ။ မန္စီးတီးလည္း မက္ဆီနဲ႔လက္တြဲခ်င္မွာ သိပ္ေသခ်ာတာေပါ့ဗ်ာ။ ပပ္ကိုယ္တိုင္လည္း ဒီကိစၥကို ျငင္းပယ္လိုစိတ္ရွိမွာ မဟုတ္ပါဘူး”

“ကြၽန္ေတာ့္သားက မက္ဆီ့ကို သိပ္အထင္ႀကီးၿပီး ေလးစားတဲ့သူပါ။ ဒါေပမယ့္ဗ်ာ… ဘာစီလိုနာဆိုတာ သားရဲ႕ႏွလုံးသည္ပြတ္ျဖစ္ေနပါတယ္။ သူသိပ္ခ်စ္ရတဲ့အသင္းကိုေတာ့ နာက်င္ေအာင္ သူလုပ္ခ်င္မွာ မဟုတ္ဘူး။ မက္ဆီကို ဘာဆာနဲ႔ ခြဲထုတ္ဖို႔ဆိုတာ ဘာဆာကို အေတာ္ေလးနာက်င္ေစမွာမဟုတ္လား။ သူကေတာ့ ဒီလိုမ်ိဳးေတာ့ ဘယ္ေတာ့မွ လုပ္ခ်င္လိမ့္မွာ မဟုတ္ပါဘူး”လို႔ ဗာလင္တီးက ဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ ပပ္အေနနဲ႔ ဘာစီလိုနာကို ျပန္သြားၿပီး အသင္းရဲ႕ျပန္လည္တည္ေဆာက္ေရးကာလမွာ အသုံးေတာ္ခံလိုစိတ္လည္း ရွိေနေၾကာင္း သိရၿပီး ဒီတႀကိမ္မွာေတာ့ နည္းျပအျဖစ္ တာဝန္ယူမွာမဟုတ္ဘဲ အသင္းရဲ႕နည္းစနစ္ဒါ႐ိုက္တာအျဖစ္ ေဆာင္႐ြက္သြားလိုေနေၾကာင္း ပပ္ရဲ႕ဖခင္ျဖစ္သူ​က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.