Analysis Premier League

၂၅ နှစ်အတွင်း “ဥ”ပျောက်ပြီး အာတီတာပေးတဲ့ အံ့မခန်း မှတ်တမ်းတွေနဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရုံနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ့်အချိန်မှာ စိတ်ဓာတ်မရှိ၊ ဗျူဟာမရှိ၊ ခံယူချက်မရှိတဲ့ ကစားပုံတွေနဲ့ ကစားပြီး ဘဲဥမကွဲခဲ့ချိန်မှာ တစ်ရာသီလုံး ဘာဖလားနဲ့မှ မနီးစပ်နိုင်မှုတွေနဲ့အတူ နောက်တစ်ရာသီမှာလည်း ဥရောပဝင်ခွင့် ပျောက်ပြီး ဥပုသ်စောင့်ရတော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။

Trust the Process လုပ်နေတဲ့ ပဲ့ကိုင်ရှင် မီခယ်လ် အာတီတာကတော့ အသင်းကို ထိန်းကျောင်းကိုင်တွယ်နိုင်မှု၊ စိတ်ဓာတ်မြှင့်တင်မှု၊ မောင်းနှင်နိုင်မှု၊ ယုံကြည်ရမှုတွေကို ပိုင်ဆိုင်မထားတော့ချိန်မှာ ခရိုယန်ကီတွေနဲ့ တစ်ကြိတ်တည်း တစ်ဉာဏ်တည်း ပုလင်းတူဘူးဆို့အဖြစ် နာမည်တပ် ခံခဲ့ရပြီး ဒီရာသီမှာတော့ သူရယူပေးခဲ့တဲ့ အာဆင်နယ်ရဲ့ ၂၀၂၀-၂၁ ရာသီ အံ့မခန်း မှတ်တမ်းတွေကို စုစည်းပေးလိုက်ပါတယ်။

၁။ အာဆင်ဝင်းဂါးကို မျက်နှာဖျက်ပြီး ဥပျောက်မယ့် အာဆင်နယ်
အာဆင်နယ်အသင်းကို ဆယ်ကျော်သက်အရွယ်ကတည်းက စတင်အားပေးခဲ့ကြတဲ့သူတွေအတွက်တော့ ဒီရာသီရလဒ်ဟာ လာမယ့်ရာသီမှာ သူတို့ကို အောက်ဆုံးထိအောင် အနှိမ်ခံလိုက်ရပြီလို့ ခံစားမိကြမှာဖြစ်ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း နည်းပြကြီး ဝင်းဂါးရယူနေကျ ဥရောပဝင်ခွင့်တွေကို လုံးဝမရတော့မယ့် ရာသီသစ်ကို ဖြတ်သန်းကြရတော့မှာပါ။

၂။ အဆင့် ၁၀ နားက ဇော်ကန့်လန့်အသင်းလား
အထက်မရောက် အောက်မရောက် ဇော်ကန့်လန့်လို့ ဆိုရမယ့် အသင်းအတွက် အူနိုင်း အမ်မရီ ညံ့လှပါပြီဆိုပြီး ထုတ်ပယ်လိုက်ချိန်မှာ သူ့ရဲ့ အဆင့် ၅ ကိုတောင် မရနိုင်တော့ဘဲ မနှစ်က အဆင့် ၈၊ ဒီနှစ်မှာတော့ တစ်ပွဲကျန် ဗီလာထက် တစ်မှတ်အသာ အဆင့် ၉ မှာ ရပ်တည်နေပြီး ဒီပုံစံနဲ့တော့ ကျော်တက်ခံရဦးမှာလည်းဖြစ်ပါတယ်။ လာမယ့် ပွဲစဉ် ၃၅ က စလို့ ဝက်စ်ဘရွန်း၊ ချဲလ်ဆီး၊ ပဲလေ့စ်၊ ဘရိုက်တန်တို့နဲ့ အစဉ်လိုက်တွေ့ဆုံဦးမယ့် အာဆင်နယ်တို့ ရာသီကုန် ဘယ်နားမှာ ရပ်တည်ဦးမှာတဲ့လဲ?

၃။ စောစောစီးစီး တာ့တာပြတဲ့ FA ဖလား
မနှစ်က အသင်းကြီးတွေကို နောက်တန်းမှာ ပိတ်ကစား၊ အောက်က လှန်ခွပ်ပြီး အရယူသွားခဲ့တဲ့ အက်ဖ်အေဖလားကို အာဆင်နယ်တို့ တောင်ပိုင်းကမ်းခြေမှာ ပရီးမီးယားလိဂ်နဲ့ ဒီဖလား နှစ်ပွဲဆက်ကန်ခဲ့ရတဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းငယ်တစ်သင်းရဲ့ ကစားပုံနဲ့ လက်လွှတ်ခဲ့ရပါတယ်။ ချန်ပီယံအသင်းရဲ့ ရောက်ရှိခဲ့တဲ့ အဆင့်ကတော့ စတုတ္ထအဆင့် ရှုံးထွက်ပါတဲ့။

၄။ လက်စတာကို ၄၇ နှစ် အိမ်ကွင်းမှတ်တမ်းကျိုးတဲ့ပွဲ
မှတ်တမ်းတွေဆိုတာဟာ အသင်းတွေအတွက်တော့ အရေးပါပြီး ကြံဖန်ဂုဏ်ယူနိုင်သလို စိတ်ဓာတ်ခွန်အားကို ပေးစွမ်းတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ဘယ်အသင်းဆိုတာ ငယ်နိုင်လို့ ပြောလို့ရတဲ့ ဝင့်ကြွားနိုင်မှုတွေလည်းဖြစ်ပြီး ဒါကိုတော့ ပွဲစဉ် ၆ ရဲ့ မိနစ် ၆၀ မှာ လူစားဝင်လာခဲ့တဲ့ ဗာဒီက မိနစ် ၂၀ အကြာမှာ ခေါင်းတိုက်ဂိုးနဲ့ အဆုံးသတ်ပေးလိုက်တာပါ။

၅။ ၉၂ နှစ်အတွင်း ဗီလာကို အိမ်ကွင်းမှာ ရှုံးတဲ့ အာဆင်နယ်
အက်စတန်ဗီလာအသင်းကို အာဆင်နယ်တို့ အိမ်ကွင်းမှာ မရှုံးခဲ့တာဟာ ရာစုနှစ်တစ်စုနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအသင်းကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လေးဂိုး-ဂိုးမရှိနဲ့ အရှက်ခွဲခဲ့ဖူးတာက ဒီတစ်ကြိမ်မှာ ဝဋ်လည်ခဲ့တာဖြစ်ပြီး ဆာကာရဲ့ Own Goal မှာ အိုလီ ဝပ်ကင်းစ်ရဲ့ သွင်းဂိုးနှစ်ဂိုး ပေါင်းပြီး အမ်းမရိတ်မှာ ၉၂ နှစ်စာ အရှက်ကွဲခဲ့သလို ဗီလာကွင်းမှာပါ ထပ်ပြီး အရှုံးပေးခဲ့ရပါတယ်။

၆။ ဘန်လေနဲ့ ၄၆ နှစ်တာ မှတ်တမ်း ကျိုးပျက်
ဘန်လေဆိုတာ အာဆင်နယ်အသင်းအဖို့တော့ ငယ်နိုင်အသင်းတစ်သင်းပါ။ ဒါပေမယ့် အလွဲတွေ လုပ်တတ်ပြီး အမှားများသူတွေနဲ့ စိတ်မထိန်းနိုင်သူတွေကို နေရာပေးတတ်တဲ့ အာတီတာအတွက်တော့ ချာကာအထုတ်ခံရပြီး အူဘာမီယန်းက ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဝါရင့်တွေရဲ့ ပေးဆပ်မှုနဲ့ အိမ်ကွင်းမှာ ဘန်လေကို ၄၆ နှစ်အတွင်း မရှုံးတဲ့ စံချိန် ကျိုးပျက်သွားပါတယ်။

၇။ အဲဗာတန်ကို နှစ်ကျော့စလုံး ဒူးထောက်ခဲ့ရတဲ့ အာတီတာ
အန်ဆယ်လော့တီမို့လို့ အဲဗာတန်တို့ တိုးတက်ကောင်းမွန်လာလို့ဆိုပြီး ဆင်ခြေပေးရင်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းထဲက ခြေစွမ်းက ဒီလောက် မခြားနားခဲ့ချိန်မှာ အမှားတွေက ပိုကစားပြောခဲ့ပြီး ပထမအကျော့က ဟိုးလ်ဒင်းရဲ့ Own Goal နဲ့ ဒုတိယအကျော့က လီနိုရဲ့ ဂိုးသမား မပီသဘဲ လက်ထဲက လွတ်ကျပြီး ပေးလိုက်ရတဲ့ Own Goal တွေက ရင်နာစရာဖြစ်ခဲ့ရပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ခေါင်းဆောင်မှု၊ အာတီတာနဲ့ စည်းလုံးမှုတွေကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာ ဗီလာရီးရဲလ္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရ႐ုံနဲ႔ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္မယ့္အခ်ိန္မွာ စိတ္ဓာတ္မရွိ၊ ဗ်ဴဟာမရွိ၊ ခံယူခ်က္မရွိတဲ့ ကစားပုံေတြနဲ႔ ကစားၿပီး ဘဲဥမကြဲခဲ့ခ်ိန္မွာ တစ္ရာသီလုံး ဘာဖလားနဲ႔မွ မနီးစပ္ႏိုင္မႈေတြနဲ႔အတူ ေနာက္တစ္ရာသီမွာလည္း ဥေရာပဝင္ခြင့္ ေပ်ာက္ၿပီး ဥပုသ္ေစာင့္ရေတာ့မယ့္ အေနအထားကို ေရာက္ရွိလာခဲ့ပါၿပီ။

Trust the Process လုပ္ေနတဲ့ ပဲ့ကိုင္ရွင္ မီခယ္လ္ အာတီတာကေတာ့ အသင္းကို ထိန္းေက်ာင္းကိုင္တြယ္ႏိုင္မႈ၊ စိတ္ဓာတ္ျမႇင့္တင္မႈ၊ ေမာင္းႏွင္ႏိုင္မႈ၊ ယုံၾကည္ရမႈေတြကို ပိုင္ဆိုင္မထားေတာ့ခ်ိန္မွာ ခ႐ိုယန္ကီေတြနဲ႔ တစ္ႀကိတ္တည္း တစ္ဉာဏ္တည္း ပုလင္းတူဘူးဆို႔အျဖစ္ နာမည္တပ္ ခံခဲ့ရၿပီး ဒီရာသီမွာေတာ့ သူရယူေပးခဲ့တဲ့ အာဆင္နယ္ရဲ႕ ၂၀၂၀-၂၁ ရာသီ အံ့မခန္း မွတ္တမ္းေတြကို စုစည္းေပးလိုက္ပါတယ္။

၁။ အာဆင္ဝင္းဂါးကို မ်က္ႏွာဖ်က္ၿပီး ဥေပ်ာက္မယ့္ အာဆင္နယ္
အာဆင္နယ္အသင္းကို ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက စတင္အားေပးခဲ့ၾကတဲ့သူေတြအတြက္ေတာ့ ဒီရာသီရလဒ္ဟာ လာမယ့္ရာသီမွာ သူတို႔ကို ေအာက္ဆုံးထိေအာင္ အႏွိမ္ခံလိုက္ရၿပီလို႔ ခံစားမိၾကမွာျဖစ္ၿပီး ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း နည္းျပႀကီး ဝင္းဂါးရယူေနက် ဥေရာပဝင္ခြင့္ေတြကို လုံးဝမရေတာ့မယ့္ ရာသီသစ္ကို ျဖတ္သန္းၾကရေတာ့မွာပါ။

၂။ အဆင့္ ၁၀ နားက ေဇာ္ကန႔္လန႔္အသင္းလား
အထက္မေရာက္ ေအာက္မေရာက္ ေဇာ္ကန႔္လန႔္လို႔ ဆိုရမယ့္ အသင္းအတြက္ အူႏိုင္း အမ္မရီ ညံ့လွပါၿပီဆိုၿပီး ထုတ္ပယ္လိုက္ခ်ိန္မွာ သူ႔ရဲ႕ အဆင့္ ၅ ကိုေတာင္ မရႏိုင္ေတာ့ဘဲ မႏွစ္က အဆင့္ ၈၊ ဒီႏွစ္မွာေတာ့ တစ္ပြဲက်န္ ဗီလာထက္ တစ္မွတ္အသာ အဆင့္ ၉ မွာ ရပ္တည္ေနၿပီး ဒီပုံစံနဲ႔ေတာ့ ေက်ာ္တက္ခံရဦးမွာလည္းျဖစ္ပါတယ္။ လာမယ့္ ပြဲစဥ္ ၃၅ က စလို႔ ဝက္စ္ဘ႐ြန္း၊ ခ်ဲလ္ဆီး၊ ပဲေလ့စ္၊ ဘ႐ိုက္တန္တို႔နဲ႔ အစဥ္လိုက္ေတြ႕ဆုံဦးမယ့္ အာဆင္နယ္တို႔ ရာသီကုန္ ဘယ္နားမွာ ရပ္တည္ဦးမွာတဲ့လဲ?

၃။ ေစာေစာစီးစီး တာ့တာျပတဲ့ FA ဖလား
မႏွစ္က အသင္းႀကီးေတြကို ေနာက္တန္းမွာ ပိတ္ကစား၊ ေအာက္က လွန္ခြပ္ၿပီး အရယူသြားခဲ့တဲ့ အက္ဖ္ေအဖလားကို အာဆင္နယ္တို႔ ေတာင္ပိုင္းကမ္းေျခမွာ ပရီးမီးယားလိဂ္နဲ႔ ဒီဖလား ႏွစ္ပြဲဆက္ကန္ခဲ့ရတဲ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ အသင္းငယ္တစ္သင္းရဲ႕ ကစားပုံနဲ႔ လက္လႊတ္ခဲ့ရပါတယ္။ ခ်န္ပီယံအသင္းရဲ႕ ေရာက္ရွိခဲ့တဲ့ အဆင့္ကေတာ့ စတုတၳအဆင့္ ရႈံးထြက္ပါတဲ့။

၄။ လက္စတာကို ၄၇ ႏွစ္ အိမ္ကြင္းမွတ္တမ္းက်ိဳးတဲ့ပြဲ
မွတ္တမ္းေတြဆိုတာဟာ အသင္းေတြအတြက္ေတာ့ အေရးပါၿပီး ႀကံဖန္ဂုဏ္ယူႏိုင္သလို စိတ္ဓာတ္ခြန္အားကို ေပးစြမ္းတဲ့ အရာေတြလည္း ျဖစ္ပါတယ္။ ဘယ္အသင္းဆိုတာ ငယ္ႏိုင္လို႔ ေျပာလို႔ရတဲ့ ဝင့္ႂကြားႏိုင္မႈေတြလည္းျဖစ္ၿပီး ဒါကိုေတာ့ ပြဲစဥ္ ၆ ရဲ႕ မိနစ္ ၆၀ မွာ လူစားဝင္လာခဲ့တဲ့ ဗာဒီက မိနစ္ ၂၀ အၾကာမွာ ေခါင္းတိုက္ဂိုးနဲ႔ အဆုံးသတ္ေပးလိုက္တာပါ။

၅။ ၉၂ ႏွစ္အတြင္း ဗီလာကို အိမ္ကြင္းမွာ ရႈံးတဲ့ အာဆင္နယ္
အက္စတန္ဗီလာအသင္းကို အာဆင္နယ္တို႔ အိမ္ကြင္းမွာ မရႈံးခဲ့တာဟာ ရာစုႏွစ္တစ္စုနီးပါး ရွိခဲ့ၿပီျဖစ္ပါတယ္။ ဒီအသင္းကို အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အရွက္ခြဲခဲ့ဖူးတာက ဒီတစ္ႀကိမ္မွာ ဝဋ္လည္ခဲ့တာျဖစ္ၿပီး ဆာကာရဲ႕ Own Goal မွာ အိုလီ ဝပ္ကင္းစ္ရဲ႕ သြင္းဂိုးႏွစ္ဂိုး ေပါင္းၿပီး အမ္းမရိတ္မွာ ၉၂ ႏွစ္စာ အရွက္ကြဲခဲ့သလို ဗီလာကြင္းမွာပါ ထပ္ၿပီး အရႈံးေပးခဲ့ရပါတယ္။

၆။ ဘန္ေလနဲ႔ ၄၆ ႏွစ္တာ မွတ္တမ္း က်ိဳးပ်က္
ဘန္ေလဆိုတာ အာဆင္နယ္အသင္းအဖို႔ေတာ့ ငယ္ႏိုင္အသင္းတစ္သင္းပါ။ ဒါေပမယ့္ အလြဲေတြ လုပ္တတ္ၿပီး အမွားမ်ားသူေတြနဲ႔ စိတ္မထိန္းႏိုင္သူေတြကို ေနရာေပးတတ္တဲ့ အာတီတာအတြက္ေတာ့ ခ်ာကာအထုတ္ခံရၿပီး အူဘာမီယန္းက ကိုယ့္ဂိုးကိုယ္သြင္းတဲ့ ဝါရင့္ေတြရဲ႕ ေပးဆပ္မႈနဲ႔ အိမ္ကြင္းမွာ ဘန္ေလကို ၄၆ ႏွစ္အတြင္း မရႈံးတဲ့ စံခ်ိန္ က်ိဳးပ်က္သြားပါတယ္။

၇။ အဲဗာတန္ကို ႏွစ္ေက်ာ့စလုံး ဒူးေထာက္ခဲ့ရတဲ့ အာတီတာ
အန္ဆယ္ေလာ့တီမို႔လို႔ အဲဗာတန္တို႔ တိုးတက္ေကာင္းမြန္လာလို႔ဆိုၿပီး ဆင္ေျခေပးရင္ေတာ့ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြင္းထဲက ေျခစြမ္းက ဒီေလာက္ မျခားနားခဲ့ခ်ိန္မွာ အမွားေတြက ပိုကစားေျပာခဲ့ၿပီး ပထမအေက်ာ့က ဟိုးလ္ဒင္းရဲ႕ Own Goal နဲ႔ ဒုတိယအေက်ာ့က လီႏိုရဲ႕ ဂိုးသမား မပီသဘဲ လက္ထဲက လြတ္က်ၿပီး ေပးလိုက္ရတဲ့ Own Goal ေတြက ရင္နာစရာျဖစ္ခဲ့ရၿပီး အသင္းရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ ေခါင္းေဆာင္မႈ၊ အာတီတာနဲ႔ စည္းလုံးမႈေတြကို ေမးခြန္းထုတ္စရာျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.