Premier League

လွှင့်ပစ်ခဲ့တဲ့ Captain လက်ပတ်ကြောင့် လူ့အသက်ကယ်နိုင်ခဲ့တဲ့အပြင် လူသားဆန်မှုကို ထပ်ပြခဲ့ပြန်တဲ့ ရော်နယ်လ်ဒို

မတ်လတုန်းက နိုင်ငံတကာပွဲစဥ်တွေကို ယှဥ်ပြိုင်ကစားကြရမှာ ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် သူ့ရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးကို ခွင့်ပြုခဲ့ခြင်းမရှိလို့ ဒေါသပေါက်ကွဲပြီး အသင်းခေါင်းဆောင်လက်ပတ်ကို လွှင့်ပစ်ခဲ့ရာကနေ ကလေးတယောက်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ဖူးကြောင်း သိရှိပြီးသားဖြစ်ကြမှာပါ။

ဆာဘီးယားမှာ ကစားခဲ့တဲ့ အဲဒီပွဲစဥ်မှာ သူ့ရဲ့ လက်ပတ်ကို တာဝန်ကျ မီးသတ်သမားတဦးဖြစ်တဲ့ Djordje Vukicevic ကောက်ယူရရှိသွားခဲ့တာဖြစ်ပြီး လေလံတင်ရောင်းချခဲ့ပါတယ်။ ရော်နယ်လ်ဒိုကတော့ အဲဒီအချိန်က ဒီအဖြစ်ကို မသိရှိခဲ့ပါဘူး။

မီးသတ်သမားဟာ ရော်နယ်လ်ဒိုရဲ့ လက်ပတ်ကို လေလံတင်ရောင်းချခဲ့ရာကနေ ရရှိလာတဲ့ ပေါင် ၅၄၀၀၀ ကို အာရုံကြောရောဂါ​ကြောင့် ကိုယ်အင်္ဂါသိမ်မှုကို ခံစားနေရတဲ့ Gavrilo ဆိုတဲ့ ကလေးငယ်အတွက် ဆေးကုသစရိတ်ကို လှူဒါန်းနိုင်ခဲ့တာဟာ မပျောက်ဆုံးသေးဘူးဆိုတဲ့ လူသားဆန်မှုကို ထင်ဟပ်ပြသခဲ့တယ်။

အခုအခါမှာတော့ ဒီဖြစ်ရပ်ကို သိရှိသွားတဲ့ ရော်နယ်လ်ဒိုဟာ Gavrilo လေးဆီကို သူ့ရဲ့ လက်မှတ်ရေးထိုးထားတဲ့ ဂျာစီအကျီကို လက်ဆောင်ပို့ပေးသွားခဲ့ကြောင်း သိရှိခဲ့ရပြီး သူဟာလည်း ကလေးငယ်လေးအတွက် အားပေးနေကြောင်း စိတ်ဓာတ်ကောင်းမွန်စွာနဲ့ ပြသသွားခဲ့တာပါ။

ဒီဖြစ်စဥ်ကို Reddit မှာ​ ဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိမှာ ယူဗင်တပ်စ်နဲ့ အတွင်းရေးတွေမလှလို့ ကွင်းအတွင်းရုန်းကန်မှုတွေ ရှိနေတဲ့ ရော်နယ်လ်ဒိုအတွက်လည်း စိတ်ချမ်းမြေ့စရာဖြစ်ခဲ့သလို ပြီးခဲ့တဲ့ အူဒီနီးစ်နဲ့ပွဲမှာလည်း အသင်းအတွက် ဂိုး ၁၀၀ ပြည့်ဖို့ တဂိုးလိုတဲ့ အနေအထားအထိ ရောက်လာခဲ့ပြီး ​ခြေစွမ်းပြသွားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

လက်ရှိမြင်ကွင်းအရတော့ ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကို အောင်နိုင်ပြီးချိန်မှာ ရော်နယ်လ်ဒိုဟာ အီတလီမြေကို စွန့်ခွာသွားဖို့ရှိနေပြီး ရာသီကုန်မှာ ကာဗာနီထွက်ခွာတော့မယ့် အိုးထရက်ဖို့ဒ်မြေကို တကျော့ပြန် ရောက်ရှိလာဖို့ စိုင်းပြင်းနေတယ်လို့လည်း သတင်းတွေပြေးနေပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ တနှစ် ယူရို ၃၁ သန်းပေးချေနေရတဲ့ သူ့ရဲ့လစာကို ဝိတ်လျှော့သွားဖို့က အရေးတကြီးလိုအပ်နေပြီး အသက် ၄၀ အရွယ်အထိ ထိပ်သီးလိဂ်တွေမှာ ဘောလုံးကစားပြီး ရပ်တည်ဦးမယ်လို့ ကြေငြာထားတဲ့ ရော်နယ်လ်ဒိုက သူ့ကို ပြန်လာကစားဖို့ အလိုရှိနေတဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကိုတော့ ပြန်လာတော့မှာ မဟုတ်ပဲ သူ့ငယ်ဘ၀ ကစားသမား စတင်ခဲ့ရာ စပို့တင်းအသင်းသို့သာ ပြန်ပြီး ကစားသမားဘဝကုန်ဆုံးချင်ကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မတ္လတုန္းက ႏိုင္ငံတကာပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ကစားၾကရမွာ ေရာ္နယ္လ္ဒိုက ေပၚတူဂီအသင္းအတြက္ သူ႔ရဲ႕ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးကို ခြင့္ျပဳခဲ့ျခင္းမရွိလို႔ ေဒါသေပါက္ကြဲၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကို လႊင့္ပစ္ခဲ့ရာကေန ကေလးတေယာက္ရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့ဖူးေၾကာင္း သိရွိၿပီးသားျဖစ္ၾကမွာပါ။

ဆာဘီးယားမွာ ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာ သူ႔ရဲ႕ လက္ပတ္ကို တာဝန္က် မီးသတ္သမားတဦးျဖစ္တဲ့ Djordje Vukicevic ေကာက္ယူရရွိသြားခဲ့တာျဖစ္ၿပီး ေလလံတင္ေရာင္းခ်ခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုကေတာ့ အဲဒီအခ်ိန္က ဒီအျဖစ္ကို မသိရွိခဲ့ပါဘူး။

မီးသတ္သမားဟာ ေရာ္နယ္လ္ဒိုရဲ႕ လက္ပတ္ကို ေလလံတင္ေရာင္းခ်ခဲ့ရာကေန ရရွိလာတဲ့ ေပါင္ ၅၄၀၀၀ ကို အာ႐ုံေၾကာေရာဂါ​ေၾကာင့္ ကိုယ္အဂၤါသိမ္မႈကို ခံစားေနရတဲ့ Gavrilo ဆိုတဲ့ ကေလးငယ္အတြက္ ေဆးကုသစရိတ္ကို လႉဒါန္းႏိုင္ခဲ့တာဟာ မေပ်ာက္ဆုံးေသးဘူးဆိုတဲ့ လူသားဆန္မႈကို ထင္ဟပ္ျပသခဲ့တယ္။

အခုအခါမွာေတာ့ ဒီျဖစ္ရပ္ကို သိရွိသြားတဲ့ ေရာ္နယ္လ္ဒိုဟာ Gavrilo ေလးဆီကို သူ႔ရဲ႕ လက္မွတ္ေရးထိုးထားတဲ့ ဂ်ာစီအက်ီကို လက္ေဆာင္ပို႔ေပးသြားခဲ့ေၾကာင္း သိရွိခဲ့ရၿပီး သူဟာလည္း ကေလးငယ္ေလးအတြက္ အားေပးေနေၾကာင္း စိတ္ဓာတ္ေကာင္းမြန္စြာနဲ႔ ျပသသြားခဲ့တာပါ။

ဒီျဖစ္စဥ္ကို Reddit မွာ​ ေဖာ္ျပခဲ့တာျဖစ္ၿပီး လက္ရွိမွာ ယူဗင္တပ္စ္နဲ႔ အတြင္းေရးေတြမလွလို႔ ကြင္းအတြင္း႐ုန္းကန္မႈေတြ ရွိေနတဲ့ ေရာ္နယ္လ္ဒိုအတြက္လည္း စိတ္ခ်မ္းေျမ့စရာျဖစ္ခဲ့သလို ၿပီးခဲ့တဲ့ အူဒီနီးစ္နဲ႔ပြဲမွာလည္း အသင္းအတြက္ ဂိုး ၁၀၀ ျပည့္ဖို႔ တဂိုးလိုတဲ့ အေနအထားအထိ ေရာက္လာခဲ့ၿပီး ​ေျခစြမ္းျပသြားႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

လက္ရွိျမင္ကြင္းအရေတာ့ ဂ်ဴဗင္တပ္စ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္တိုက္ပြဲကို ေအာင္ႏိုင္ၿပီးခ်ိန္မွာ ေရာ္နယ္လ္ဒိုဟာ အီတလီေျမကို စြန္႔ခြာသြားဖို႔ရွိေနၿပီး ရာသီကုန္မွာ ကာဗာနီထြက္ခြာေတာ့မယ့္ အိုးထရက္ဖို႔ဒ္ေျမကို တေက်ာ့ျပန္ ေရာက္ရွိလာဖို႔ စိုင္းျပင္းေနတယ္လို႔လည္း သတင္းေတြေျပးေနပါတယ္။

ဂ်ဴဗင္တပ္စ္အေနနဲ႔ တႏွစ္ ယူ႐ို ၃၁ သန္းေပးေခ်ေနရတဲ့ သူ႔ရဲ႕လစာကို ဝိတ္ေလွ်ာ့သြားဖို႔က အေရးတႀကီးလိုအပ္ေနၿပီး အသက္ ၄၀ အ႐ြယ္အထိ ထိပ္သီးလိဂ္ေတြမွာ ေဘာလုံးကစားၿပီး ရပ္တည္ဦးမယ္လို႔ ေၾကျငာထားတဲ့ ေရာ္နယ္လ္ဒိုက သူ႔ကို ျပန္လာကစားဖို႔ အလိုရွိေနတဲ့အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ကိုေတာ့ ျပန္လာေတာ့မွာ မဟုတ္ပဲ သူ႔ငယ္ဘ၀ ကစားသမား စတင္ခဲ့ရာ စပို႔တင္းအသင္းသို႔သာ ျပန္ၿပီး ကစားသမားဘဝကုန္ဆုံးခ်င္ေၾကာင္း အရိပ္အႁမြက္ ဖြင့္ဟ ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.