Premier League

ဆိုးလ်ရှားလိုနည်းပြမျိုး အောင်မြင်နေတာဂုဏ်ယူတယ်လို့ လူကြီးလူကောင်းစကား​ပြောသွားခဲ့တဲ့ ကလော့ပ်

ပြီးခဲ့တဲ့ညက ရိုးမားအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၈-၅ နဲ့ ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်သွားခဲ့တဲ့ ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့ လုပ်ရည်ကိုင်ရည်ကို အထင်ကြီးမိသလို ဆိုးလ်ရှားလိုနည်းပြမျိုး အောင်မြင်နေတာကို ဂုဏ်ယူမိတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က လူကြီးလူကောင်းစကား​ပြောသွားခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်လာခဲ့တာ ၂ နှစ်ခွဲကာလရှိလာခဲ့ပြီဖြစ်ပြီး အောင်မြင်မှုတစုံတရာ မယ်မယ်ရရမရှိလို့ ဝေဖန်ခံနေရချိန်မှာ ယူနိုက်တက်နည်းပြသက်တမ်း ၁ နှစ်ခွဲအတွင်း ဆီမီးဖိုင်နယ် ၄ ကြိမ်အထိ တက်ရောက်နိုင်ခဲ့ခြင်းဟာလည်း အဆိုးမြင်မှုတွေအောက်မှာ ကျရှူံးခဲ့ရပါတယ်။

သူဟာ “ဆီမီးဖိုင်နယ်ပြုတ်နည်းပြ ” အဖြစ် အလှောင်ပြောင်အခံရဆုံးအချိန်ကတော့ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဆီမီးမှာ ဆီဗီလာကို ဒူးထောက်ပြီး ထွက်ခွာခဲ့ရမှုဖြစ်ပြီး အဲဒီအချိန်က ရင်ထဲမှာ အရမ်းနာကျင်နေရတယ်လို့ ဆိုးလ်ရှားကိုယ်တိုင်က ရင်ဖွင့်ခဲ့ဖူးတာပါ။

ရင်နင့်ခဲ့ရတဲ့ ဒီ​ဒဏ်ရာဒဏ်ချက်တွေကို ပြန်လည်ကုသမယ်လို့ ဆိုခဲ့တဲ့အတိုင်း ဆိုးလ်ရှားဟာ ယူနိုက်တက်ကို အခုလိုမျိုး ယူရိုပါဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့တာကလည်း အပြောနဲ့လက်တွေ့ တထပ်တည်းတွေ့ခဲ့ရတာပါ။

” ကျွန်တော်ကတော့ နည်းပြတဦးရဲ့ လုပ်ရည်ကိုင်ရည်က သူ့ရဲ့အတွေ့အကြုံထက် ပိုပြီးအရေးကြီးတယ်လို့ မြင်လာကြတာကို ဝမ်းသာပါတယ်။ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ချန်ပီယံလိဂ်ပွဲ ၅၀ လောက် နည်းပြဖူးမှ အလုပ်ခန့်မယ်ဆိုတာမျိုးက မတရားပါဘူး ”

” ကိုယ်ပိုင်အရည်အချင်းရှိပြီး ကိုယ်ပိုင်အင်အားနဲ့ အသင်းကိုနည်းပြနိုင်ခဲ့တဲ့ သူ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ သူက ကစားသမားဘဝသမိုင်းလှပခဲ့လို့လည်း ဒီအခွင့်အရေးကို မြန်​မြန်ဆန်ဆန်ရခဲ့တာပါ။ ”

” ယူနိုက်တက်နည်းပြဘဝအစကတည်းက ယူနိုက်တက်နဲ့ ဆိုးလ်ရှားက အဟပ်မိခဲ့ပြီး အတက်အကျတချို့ရှိခဲ့ပေမယ့် အခုတော့ ယူနိုက်တက်က အရမ်းကြည့်ကောင်းတဲ့အသင်းဖြစ်နေပြီ။ သူ့အရည်အသွေးက ဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်။ သူ့ရဲ့နည်းပြအဖွဲ့တခုလုံးကို Credit ပေးရမှာပါ။ ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်တယောက် အောင်မြင်လာတာကို မြင်ရတိုင်း ကျွန်တော်အရမ်းပျော်ရွှင်ရပါတယ်။ ” လို့ ကလော့ပ်က ဆိုးလ်ရှားရဲ့ အလုပ်ကြိုးစားမှုနဲ့ပတ်သက်ပြီး အကောင်းဘက်က ချီးကျူးမှုတွေကို လှိုက်လှိုက်လှဲလှဲ ပြုလုပ်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ႐ိုးမားအသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္ ၈-၅ နဲ႔ ေက်ာ္ျဖတ္ၿပီး ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို ထိုက္ထိုက္တန္တန္ တက္ေရာက္သြားခဲ့တဲ့ ယူႏိုက္တက္နည္းျပဆိုးလ္ရွားရဲ႕ လုပ္ရည္ကိုင္ရည္ကို အထင္ႀကီးမိသလို ဆိုးလ္ရွားလိုနည္းျပမ်ိဳး ေအာင္ျမင္ေနတာကို ဂုဏ္ယူမိတယ္လို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္က လူႀကီးလူေကာင္းစကား​ေျပာသြားခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္ကို ကိုင္တြယ္လာခဲ့တာ ၂ ႏွစ္ခြဲကာလရွိလာခဲ့ၿပီျဖစ္ၿပီး ေအာင္ျမင္မႈတစုံတရာ မယ္မယ္ရရမရွိလို႔ ေဝဖန္ခံေနရခ်ိန္မွာ ယူႏိုက္တက္နည္းျပသက္တမ္း ၁ ႏွစ္ခြဲအတြင္း ဆီမီးဖိုင္နယ္ ၄ ႀကိမ္အထိ တက္ေရာက္ႏိုင္ခဲ့ျခင္းဟာလည္း အဆိုးျမင္မႈေတြေအာက္မွာ က်ရႉံးခဲ့ရပါတယ္။

သူဟာ “ဆီမီးဖိုင္နယ္ျပဳတ္နည္းျပ ” အျဖစ္ အေလွာင္ေျပာင္အခံရဆုံးအခ်ိန္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ယူ႐ိုပါလိဂ္ဆီမီးမွာ ဆီဗီလာကို ဒူးေထာက္ၿပီး ထြက္ခြာခဲ့ရမႈျဖစ္ၿပီး အဲဒီအခ်ိန္က ရင္ထဲမွာ အရမ္းနာက်င္ေနရတယ္လို႔ ဆိုးလ္ရွားကိုယ္တိုင္က ရင္ဖြင့္ခဲ့ဖူးတာပါ။

ရင္နင့္ခဲ့ရတဲ့ ဒီ​ဒဏ္ရာဒဏ္ခ်က္ေတြကို ျပန္လည္ကုသမယ္လို႔ ဆိုခဲ့တဲ့အတိုင္း ဆိုးလ္ရွားဟာ ယူႏိုက္တက္ကို အခုလိုမ်ိဳး ယူ႐ိုပါဖိုင္နယ္ကို ပို႔ေဆာင္ေပးႏိုင္ခဲ့တာကလည္း အေျပာနဲ႔လက္ေတြ႕ တထပ္တည္းေတြ႕ခဲ့ရတာပါ။

” ကြၽန္ေတာ္ကေတာ့ နည္းျပတဦးရဲ႕ လုပ္ရည္ကိုင္ရည္က သူ႔ရဲ႕အေတြ႕အႀကဳံထက္ ပိုၿပီးအေရးႀကီးတယ္လို႔ ျမင္လာၾကတာကို ဝမ္းသာပါတယ္။ ယူႏိုက္တက္ကို ကိုင္တြယ္ဖို႔ ခ်န္ပီယံလိဂ္ပြဲ ၅၀ ေလာက္ နည္းျပဖူးမွ အလုပ္ခန္႔မယ္ဆိုတာမ်ိဳးက မတရားပါဘူး ”

” ကိုယ္ပိုင္အရည္အခ်င္းရွိၿပီး ကိုယ္ပိုင္အင္အားနဲ႔ အသင္းကိုနည္းျပႏိုင္ခဲ့တဲ့ သူ႔အတြက္ ကြၽန္ေတာ္ဂုဏ္ယူပါတယ္။ သူက ကစားသမားဘဝသမိုင္းလွပခဲ့လို႔လည္း ဒီအခြင့္အေရးကို ျမန္​ျမန္ဆန္ဆန္ရခဲ့တာပါ။ ”

” ယူႏိုက္တက္နည္းျပဘဝအစကတည္းက ယူႏိုက္တက္နဲ႔ ဆိုးလ္ရွားက အဟပ္မိခဲ့ၿပီး အတက္အက်တခ်ိဳ႕ရွိခဲ့ေပမယ့္ အခုေတာ့ ယူႏိုက္တက္က အရမ္းၾကည့္ေကာင္းတဲ့အသင္းျဖစ္ေနၿပီ။ သူ႔အရည္အေသြးက ဒီေအာင္ျမင္မႈနဲ႔ ထိုက္တန္ပါတယ္။ သူ႔ရဲ႕နည္းျပအဖြဲ႕တခုလုံးကို Credit ေပးရမွာပါ။ ကြၽန္ေတာ္ရဲ႕လုပ္ေဖာ္ကိုင္ဖက္တေယာက္ ေအာင္ျမင္လာတာကို ျမင္ရတိုင္း ကြၽန္ေတာ္အရမ္းေပ်ာ္႐ႊင္ရပါတယ္။ ” လို႔ ကေလာ့ပ္က ဆိုးလ္ရွားရဲ႕ အလုပ္ႀကိဳးစားမႈနဲ႔ပတ္သက္ၿပီး အေကာင္းဘက္က ခ်ီးက်ဴးမႈေတြကို လႈိက္လႈိက္လွဲလွဲ ျပဳလုပ္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.