Premier League

၂၅ နှစ်အတွင်း ဥရောပမှာ တန်းမဝင်တော့မယ့် တော်ဝင်ဂန်းနား- အာဆင်နယ် 0:0 ဗီလာရီးရဲလ် ပွဲအပြီး ထူးထူးခြားခြား ပြောစမှတ်စရာ 7 ချက်

၂ ကြိမ်တိုင်ထိခဲ့လို့ အာဆင်နယ်အတွက် သူရဲကောင်းမဖြစ်ခဲ့တဲ့ အူဘာမီယန်း
​ဒီရာသီမှာ ခြေစွမ်းထိုးကျသွားတယ်ဆိုပေမယ့် ဒီနေ့ပွဲမှာ အခွင့်အရေးတွေ ရခဲ့ပြီး စွမ်းဆောင်ရည်ပြသခဲ့ပေမယ့် တိုင် ၂ ကြိမ်ထိခဲ့တဲ့ အူဘာမီယန်းက အာဆင်နယ်ကို မကယ်တင်နိုင်ခဲ့သလို သူရဲကောင်းဖြစ်ဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အသင်းခေါင်းဆောင်တယောက်အနေနဲ့ ဒီအဖြစ်ကို တာဝန်ယူရမှာဖြစ်ပြီး သူ့ကိုယ်သူ ပြန်သုံးသပ်ရတော့မှာပါ။

အိုဒီဂါ့တ်ကြောင့် အာဆင်နယ်ဟန်ချက်ပျက်ခဲ့တာလား
အာဆင်နယ်ရဲ့ကွင်းလယ်က ဒီနေ့ပွဲမှာ ဟန်ချက်မညီညွတ်မှုကို မြင်တွေ့စေခဲ့ပြီး ကွင်းလယ်ခံစစ် သောမတ်စ် ပါတေးနဲ့ တိုက်စစ်က နံပါတ် ၁၀ နေရာမှာ ပြိုင်တူကစားခဲ့တဲ့ စမစ်သ်ရိုးနဲ့ အိုဒီဂါ့တ်တို့က သီးခြားစီ ဖြစ်နေခဲ့ပြီး ဒါကလည်း ပွဲစတင်ကတည်းက ထူးဆန်းနေခဲ့ပါတယ်။ အာတီတာရဲ့ ဆန်းသစ်မှုက အလုပ်မဖြစ်ခဲ့ဘဲ ​ခြေစွမ်းမပြနိုင်တဲ့ အိုဒီဂါ့တ်ကိုသာ လူစားလဲခဲ့ရတာပါ။

ချာကာကို မပါမဖြစ်တဲ့အာဆင်နယ် တဖူနာခဲ့
ချာကာလို ကစားသမားမျိုးကို အမျိုးမျိုးအဖုံဖုံ လှောင်ပြောင်ကြပေမယ့် သူ့လိုစွယ်စုံရ ကစားသမားမျိုးက အာဆင်နယ်ရဲ့ ဘယ်တောင်ပံခံစစ်အစွန်လူနေရာမှာ အသုံးတော်ခံနေခဲ့တာက အာတီတာရဲ့ကစားကွက်အတွ​က် အတော်လေးအလုပ်ဖြစ်စေခဲ့ပြီး အူနိုင်းချီးကျူးယူခဲ့ရတဲ့ ချာကာကို ပွဲမကစားခင် သွေးပူလေ့ကျင့်ခန်းမှာ ဆုံးရှူံးခဲ့ရတာက အာဆင်နယ်ကို တဖူနာစေခဲ့ပြီး သူ့နေရာကို ပြန်ဝင်ကစားခဲ့တဲ့ တီယာနေးက ပုံမှန်ခြေစွမ်းရသွားဖို့ အချိန်ပြန်ယူရဦးမှာပါ။

ကောင်းသောညနေခင်းလို့ အိုဇေးလ်က အာဆင်နယ်ကို ရိသွားခဲ့တာလား
ဒီပွဲကြိုမှာ ကောင်းသောညနေခင်းပါ ငါ့ရဲ့အသင်းဖော်ဟောင်းတွေ ရလဒ်ကို ပြောင်းပြန်လှန်ပြီး အောင်ပွဲဆင်နိုင်ကြပါစေလို့ ဆုတောင်းပေးခဲ့တဲ့ အိုဇေးလ်က အသင်းဟောင်းကို သံယောဇဥ်စိတ်မကွက်ခဲ့ဘူးလို့ ဆိုနိုင်သလို နည်းပြဟောင်း အမ်မရီအတွက်သာ ဆုတောင်းပေးခဲ့သလားလို့လည်း ဒီပွဲရလဒ်က ပြောစရာဖြစ်ခဲ့တာပါ။

၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်လွဲချော်ရတော့မယ့် ဂန်းနား
လက်ရှိမှာ အာတီတာရှောင်လွှဲဲဖို့ ကြိုးစားခဲ့တဲ့ ပြဿနာက အာတီတာဆီ တည့်တည့်ဆိုက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာမှာသာ ရပ်တည်နေလို့ ယူရိုပါလိဂ်ချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူလိမ့်မယ်လို့ အာဆင်ဝင်းဂါးရဲ့ ခန့်မှန်းမှုတွေအထိပါ ရှိနေခဲ့ပေမယ့် ရှောင်လွှဲမရတဲ့ အခြေအနေဆိုးတခုကို နောက်ရာသီအတွက် ဂန်းနားတို့ ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ စိုးရိမ်စရာရှိလာရပါပြီ။

အာတီတာရဲ့အနာဂတ် ဘာလဲ ဘယ်လဲ
ဒီပွဲမှာလည်း ဂိုးမရှိသရေကျခဲ့ပြီး အိမ်ကွင်း အမ်းမရိတ်စ်မြေမှာ ဂိုးကံခေသွါးခဲ့တဲ့ အာဆင်နယ်အသင်းက သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် တရာသီအတွင်း အိမ်ကွင်း ၁၀ ပွဲဆက် ဂိုးမိုးခေါင်တဲ့အရေးကို ရင်ဆိုင်ခဲ့ရပြီး ဗီလာရီးရဲလ်ရဲ့ဖြုတ်ချမှုကို ထိုက်တန်စွာ လက်ခံခဲ့ရပါတယ်။

မာတင်ကီယွန်ကတော့ အာတီတာဟာ အမ်မရီရဲ့ ပတ်ပတ်နပ်နပ် ကျောခြင်းကိုခံခဲ့ရလို့ ရှက်ဖွယ်အတိဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပြီး အာဆင်နယ်ရဲ့မနက်ဖြန်မှာ သူ့ရဲ့ အနာဂတ်ကို မေးခွန်းထုတ်နေကြပါပြီ။

အသင်းဟောင်းကို လှလှပပ လက်စားချေသွားတဲ့ အူနိုင်း အမ်မရီ
၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အမ်မရီက ၁ နှစ်ခွဲအကြာမှာတော့ သူ့နေရာကို ဆက်ခံပြီး အာဆင်နယ်ကို အသစ်တဖန်မွေးဖွားနေတဲ့ အာတီတာကို အလဲထိုးရင်း လှလှပပလေး လက်စားချေသွားတဲ့ မြင်ကွင်းကလည်း ပြောစရာတခုအဖြစ် ရှိခဲ့ပြီး အချိုပေါ်သကာလောင်းသလို မကျေပွဲနွှဲခဲ့တာကို တွေ့ခဲ့ရတာက ခြေစွမ်းမကောင်းလှပေမယ့် ဗီလာရီးရဲလ်ကို အသင်းသမိုင်းမှာ ဦးဦးဖျားဖျားအနေနဲ့ ယူရိုပါဖိုင်နယ်ကို ပို့ဆောင်ပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂ ႀကိမ္တိုင္ထိခဲ့လို႔ အာဆင္နယ္အတြက္ သူရဲေကာင္းမျဖစ္ခဲ့တဲ့ အူဘာမီယန္း
​ဒီရာသီမွာ ေျခစြမ္းထိုးက်သြားတယ္ဆိုေပမယ့္ ဒီေန႔ပြဲမွာ အခြင့္အေရးေတြ ရခဲ့ၿပီး စြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္ တိုင္ ၂ ႀကိမ္ထိခဲ့တဲ့ အူဘာမီယန္းက အာဆင္နယ္ကို မကယ္တင္ႏိုင္ခဲ့သလို သူရဲေကာင္းျဖစ္ဖို႔လည္း ပ်က္ကြက္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အသင္းေခါင္းေဆာင္တေယာက္အေနနဲ႔ ဒီအျဖစ္ကို တာဝန္ယူရမွာျဖစ္ၿပီး သူ႔ကိုယ္သူ ျပန္သုံးသပ္ရေတာ့မွာပါ။

အိုဒီဂါ့တ္ေၾကာင့္ အာဆင္နယ္ဟန္ခ်က္ပ်က္ခဲ့တာလား
အာဆင္နယ္ရဲ႕ကြင္းလယ္က ဒီေန႔ပြဲမွာ ဟန္ခ်က္မညီၫြတ္မႈကို ျမင္ေတြ႕ေစခဲ့ၿပီး ကြင္းလယ္ခံစစ္ ေသာမတ္စ္ ပါေတးနဲ႔ တိုက္စစ္က နံပါတ္ ၁၀ ေနရာမွာ ၿပိဳင္တူကစားခဲ့တဲ့ စမစ္သ္႐ိုးနဲ႔ အိုဒီဂါ့တ္တို႔က သီးျခားစီ ျဖစ္ေနခဲ့ၿပီး ဒါကလည္း ပြဲစတင္ကတည္းက ထူးဆန္းေနခဲ့ပါတယ္။ အာတီတာရဲ႕ ဆန္းသစ္မႈက အလုပ္မျဖစ္ခဲ့ဘဲ ​ေျခစြမ္းမျပႏိုင္တဲ့ အိုဒီဂါ့တ္ကိုသာ လူစားလဲခဲ့ရတာပါ။

ခ်ာကာကို မပါမျဖစ္တဲ့အာဆင္နယ္ တဖူနာခဲ့
ခ်ာကာလို ကစားသမားမ်ိဳးကို အမ်ိဳးမ်ိဳးအဖုံဖုံ ေလွာင္ေျပာင္ၾကေပမယ့္ သူ႔လိုစြယ္စုံရ ကစားသမားမ်ိဳးက အာဆင္နယ္ရဲ႕ ဘယ္ေတာင္ပံခံစစ္အစြန္လူေနရာမွာ အသုံးေတာ္ခံေနခဲ့တာက အာတီတာရဲ႕ကစားကြက္အတြ​က္ အေတာ္ေလးအလုပ္ျဖစ္ေစခဲ့ၿပီး အူႏိုင္းခ်ီးက်ဴးယူခဲ့ရတဲ့ ခ်ာကာကို ပြဲမကစားခင္ ေသြးပူေလ့က်င့္ခန္းမွာ ဆုံးရႉံးခဲ့ရတာက အာဆင္နယ္ကို တဖူနာေစခဲ့ၿပီး သူ႔ေနရာကို ျပန္ဝင္ကစားခဲ့တဲ့ တီယာေနးက ပုံမွန္ေျခစြမ္းရသြားဖို႔ အခ်ိန္ျပန္ယူရဦးမွာပါ။

ေကာင္းေသာညေနခင္းလို႔ အိုေဇးလ္က အာဆင္နယ္ကို ရိသြားခဲ့တာလား
ဒီပြဲႀကိဳမွာ ေကာင္းေသာညေနခင္းပါ ငါ့ရဲ႕အသင္းေဖာ္ေဟာင္းေတြ ရလဒ္ကို ေျပာင္းျပန္လွန္ၿပီး ေအာင္ပြဲဆင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးခဲ့တဲ့ အိုေဇးလ္က အသင္းေဟာင္းကို သံေယာဇဥ္စိတ္မကြက္ခဲ့ဘူးလို႔ ဆိုႏိုင္သလို နည္းျပေဟာင္း အမ္မရီအတြက္သာ ဆုေတာင္းေပးခဲ့သလားလို႔လည္း ဒီပြဲရလဒ္က ေျပာစရာျဖစ္ခဲ့တာပါ။

၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပဝင္ခြင့္လြဲေခ်ာ္ရေတာ့မယ့္ ဂန္းနား
လက္ရွိမွာ အာတီတာေရွာင္လႊဲဲဖို႔ ႀကိဳးစားခဲ့တဲ့ ျပႆနာက အာတီတာဆီ တည့္တည့္ဆိုက္လာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၉ ေနရာမွာသာ ရပ္တည္ေနလို႔ ယူ႐ိုပါလိဂ္ခ်န္ပီယံအျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူလိမ့္မယ္လို႔ အာဆင္ဝင္းဂါးရဲ႕ ခန္႔မွန္းမႈေတြအထိပါ ရွိေနခဲ့ေပမယ့္ ေရွာင္လႊဲမရတဲ့ အေျခအေနဆိုးတခုကို ေနာက္ရာသီအတြက္ ဂန္းနားတို႔ ရင္ဆိုင္ရေတာ့မွာျဖစ္တယ္လို႔ စိုးရိမ္စရာရွိလာရပါၿပီ။

အာတီတာရဲ႕အနာဂတ္ ဘာလဲ ဘယ္လဲ
ဒီပြဲမွာလည္း ဂိုးမရွိသေရက်ခဲ့ၿပီး အိမ္ကြင္း အမ္းမရိတ္စ္ေျမမွာ ဂိုးကံေခသြါးခဲ့တဲ့ အာဆင္နယ္အသင္းက သမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ တရာသီအတြင္း အိမ္ကြင္း ၁၀ ပြဲဆက္ ဂိုးမိုးေခါင္တဲ့အေရးကို ရင္ဆိုင္ခဲ့ရၿပီး ဗီလာရီးရဲလ္ရဲ႕ျဖဳတ္ခ်မႈကို ထိုက္တန္စြာ လက္ခံခဲ့ရပါတယ္။ မာတင္ကီယြန္ကေတာ့ အာတီတာဟာ အမ္မရီရဲ႕ ပတ္ပတ္နပ္နပ္ ေက်ာျခင္းကိုခံခဲ့ရလို႔ ရွက္ဖြယ္အတိျဖစ္တယ္လို႔ ေဝဖန္သြားခဲ့ၿပီး အာဆင္နယ္ရဲ႕မနက္ျဖန္မွာ သူ႔ရဲ႕ အနာဂတ္ကို ေမးခြန္းထုတ္ေနၾကပါၿပီ။

အသင္းေဟာင္းကို လွလွပပ လက္စားေခ်သြားတဲ့ အူႏိုင္း အမ္မရီ
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာမွာ အာဆင္နယ္အသင္းကေန ထုတ္ပယ္ခံခဲ့ရတဲ့ အမ္မရီက ၁ ႏွစ္ခြဲအၾကာမွာေတာ့ သူ႔ေနရာကို ဆက္ခံၿပီး အာဆင္နယ္ကို အသစ္တဖန္ေမြးဖြားေနတဲ့ အာတီတာကို အလဲထိုးရင္း လွလွပပေလး လက္စားေခ်သြားတဲ့ ျမင္ကြင္းကလည္း ေျပာစရာတခုအျဖစ္ ရွိခဲ့ၿပီး အခ်ိဳေပၚသကာေလာင္းသလို မေက်ပြဲႏႊဲခဲ့တာကို ေတြ႕ခဲ့ရတာက ေျခစြမ္းမေကာင္းလွေပမယ့္ ဗီလာရီးရဲလ္ကို အသင္းသမိုင္းမွာ ဦးဦးဖ်ားဖ်ားအေနနဲ႔ ယူ႐ိုပါဖိုင္နယ္ကို ပို႔ေဆာင္ေပးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.