Premier League

“ငါ့တသက်တော့မဖြစ်နိုင်ဘူး” ဆိုတဲ့ ဖာဂူဆန်ရဲ့ စုံလုံးကန်းစကားကို မန်စီးတီးပရိသတ်တွေ ဘယ်လိုလှောင်ပြောင်လိုက်လဲ

လွန်ခဲ့တဲ့ ၁၂ နှစ်က ယူနိုက်တက်ဂန္ထဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က “မန်စီးတီးအသင်းဟာ ယူနိုက်တက်ရဲ့အထက်စီး​ကို ရောက်ဖို့ဆိုတာ ငါ့တသက်တော့ အိပ်မက်တောင်မမက်နဲ့ ” လို့ စုံလုံကန်းပြောဆိုမှုဟာ ပြီးခဲ့တဲ့ညက PSG ကို ကျော်ဖြတ်ခဲ့တဲ့ မန်စီးတီးရဲ့အောင်ပွဲအပြီးမှာတော့ အကြီးအကျယ်လှောင်ပြောင်ခံနေရကြောင်း သိရပါတယ်။

မန်စီးတီးပရိသတ်တွေဟာ ဖာဂူဆန်ရဲ့ မန်စီးတီးကို နှိမ့်ချပြောဆိုမှုနဲ့ ယူနိုက်တက်ရဲ့နည်းပြဘဝမှာ ကြိုတင်ဟောကိန်းထုတ်ခဲ့တာဟာ လက်ရှိအချိန်မှာတော့ အာဃာတတွေကို ဖြစ်လာစေခဲ့ပြီး အောင်မြင်မှုကို ငွေနဲ့ဝယ်ယူနိုင်တယ်ဆိုတဲ့ သက်သေတွေကို မြင်တွေ့ခဲ့ရတာပါ။

ငွေထုပ်ပိုက်ထားတဲ့အသင်းဟာ ၁၉၅၀ ခုနှစ်များဆီက ဆန်းဒါးလန်းအသင်းရဲ့သာဓကလို ” တန်းဆင်းမသွားရင်တောင် ကံကောင်း ” လို့ ဆိုခဲ့သူ ဖာဂူဆန်ရဲ့ အမြင်ကျဥ်းမြောင်းမှုနဲ့ မြို့ခံပြိုင်ဘက်အသင်းကို အထင်သေးမှုတို့ဟာ လယ်ပြင်ဆင်သွားသလို ထင်းခနဲ ပေါ်လာချိန်မှာ မန်စီးတီးပရိသတ်တွေရဲ့လှောင်ရယ်စရာတခု ဖြစ်လာခဲ့တယ်။

လက်ရှိမှာတော့ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တဲ့ မန်စီးတီးရဲ့ ပရိသတ်တွေဟာ ယူနိုက်တက်ရဲ့ တရာသီတွင်း ဖလား ၃ လုံးအောင်မြင်မှုကို ​ခြေရာနင်းနိုင်မယ်ဆိုရင် ဖာဂူဆန်ကို ကိုယ့်စကားကိုယ်တာဝန်ယူနိုင်လားလို့ မေးခွန်းထုတ်သွားခဲ့ကြတာပါ။

လက်ရှိခြေစွမ်းနှိူင်းယှဥ်မှုနဲ့ အရှိန်အဝါအရ မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ အဆင့်အတန်းချင်းဟာ မိုးနဲ့မြေလို ကွာခြားသွားခဲ့ပြီလို့ မန်စီးတီးပရိသတ်တွေရဲ့ ယူဆမှုတွေက ရှိနေပြီး ယူနိုက်တက်တင်မက ဥရောပဘောလုံးလောကကိုပါ လွှမ်းမိုးထားပြီလို့ ကြွေးကြော်သွားခဲ့ကြပါတယ်။

” အီတီဟက်ကွင်းနဲ့ မလှမ်းမကမ်းမှာ နေထိုင်နေတဲ့ မစ္စတာ အဲလက်စ် ဖာဂူဆန်ရေ။ ခင်ဗျားစကား ခင်ဗျားမှတ်မိသေးပါရဲ့နော်။ လွန်ခဲ့တဲ့ ၁၂ နှစ်က အာချောင်ခဲ့တာလေဗျာ။ ကဲ…အခုတော့ ပြောပါဦး။ မန်ချက်စတာကောင်းကင်မှာ အပြာရောင်တောက်နေချိန်ကို ခင်ဗျားအသက်ရှင်နေတုန်း မြင်ခွင့်ရသွားတာ ဘယ်နှယ့်များနေစ ” လို့ မန်စီးတီးပရိသတ်တဦးရဲ့ မှတ်ချက်ကလည်း ဖာဂူဆန်ရဲ့တဖက်ပိတ်ပြောဆိုမှုကို တိတ်ဆိတ်စေခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ညက PSG နဲ့ပွဲမှာ နေမာ၊ နဲ့ အမ်ဘာပေအတွဲကို လှုပ်မရအောင် ထိန်းချုပ်ပြီး အကောင်းဆုံးခြေစွမ်းပြသွားခဲ့ပြီး မန်စီးတီးကို ပထမဦးဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ဆီ တွန်းတင်ပေးခဲ့တဲ့ ခိုင်လ်ဝေါ်ကာကို ဥာဏ်ရည်မဲ့ ငတုံးလို့ ဆိုခဲ့ဖူးတဲ့ ရွိုင်ကိန်းရဲ့ စကားဟာလည်း ပက်လက်လှန်တံတွေးထွေးသလို ဖြစ်လာခဲ့ပြီး ဖာဂူဆန်နဲ့ ရွိုင်ကိန်းတို့ ဆရာတပည့်နှစ်ဦးဟာ အပြာရောင်မန်ချက်စတာသားတွေရဲ့ တံတွေးခွက်ထဲ ပက်လက်မျောနေတာဟာလည်း ဘောလုံးလောကကို ရိုးအီမသွားစေတဲ့ မြင်ကွင်းတခုဖြစ်လာခဲ့ကြောင်း ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လြန္ခဲ့တဲ့ ၁၂ ႏွစ္က ယူႏိုက္တက္ဂႏၴဝင္နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္က “မန္စီးတီးအသင္းဟာ ယူႏိုက္တက္ရဲ႕အထက္စီး​ကို ေရာက္ဖို႔ဆိုတာ ငါ့တသက္ေတာ့ အိပ္မက္ေတာင္မမက္နဲ႔ ” လို႔ စုံလုံကန္းေျပာဆိုမႈဟာ ၿပီးခဲ့တဲ့ညက PSG ကို ေက်ာ္ျဖတ္ခဲ့တဲ့ မန္စီးတီးရဲ႕ေအာင္ပြဲအၿပီးမွာေတာ့ အႀကီးအက်ယ္ေလွာင္ေျပာင္ခံေနရေၾကာင္း သိရပါတယ္။

မန္စီးတီးပရိသတ္ေတြဟာ ဖာဂူဆန္ရဲ႕ မန္စီးတီးကို ႏွိမ့္ခ်ေျပာဆိုမႈနဲ႔ ယူႏိုက္တက္ရဲ႕နည္းျပဘဝမွာ ႀကိဳတင္ေဟာကိန္းထုတ္ခဲ့တာဟာ လက္ရွိအခ်ိန္မွာေတာ့ အာဃာတေတြကို ျဖစ္လာေစခဲ့ၿပီး ေအာင္ျမင္မႈကို ေငြနဲ႔ဝယ္ယူႏိုင္တယ္ဆိုတဲ့ သက္ေသေတြကို ျမင္ေတြ႕ခဲ့ရတာပါ။

ေငြထုပ္ပိုက္ထားတဲ့အသင္းဟာ ၁၉၅၀ ခုႏွစ္မ်ားဆီက ဆန္းဒါးလန္းအသင္းရဲ႕သာဓကလို ” တန္းဆင္းမသြားရင္ေတာင္ ကံေကာင္း ” လို႔ ဆိုခဲ့သူ ဖာဂူဆန္ရဲ႕ အျမင္က်ဥ္းေျမာင္းမႈနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းကို အထင္ေသးမႈတို႔ဟာ လယ္ျပင္ဆင္သြားသလို ထင္းခနဲ ေပၚလာခ်ိန္မွာ မန္စီးတီးပရိသတ္ေတြရဲ႕ေလွာင္ရယ္စရာတခု ျဖစ္လာခဲ့တယ္။

လက္ရွိမွာေတာ့ အသင္းသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့တဲ့ မန္စီးတီးရဲ႕ ပရိသတ္ေတြဟာ ယူႏိုက္တက္ရဲ႕ တရာသီတြင္း ဖလား ၃ လုံးေအာင္ျမင္မႈကို ​ေျခရာနင္းႏိုင္မယ္ဆိုရင္ ဖာဂူဆန္ကို ကိုယ့္စကားကိုယ္တာဝန္ယူႏိုင္လားလို႔ ေမးခြန္းထုတ္သြားခဲ့ၾကတာပါ။

လက္ရွိေျခစြမ္းႏွိူင္းယွဥ္မႈနဲ႔ အရွိန္အဝါအရ မန္စီးတီးနဲ႔ ယူႏိုက္တက္တို႔ရဲ႕ အဆင့္အတန္းခ်င္းဟာ မိုးနဲ႔ေျမလို ကြာျခားသြားခဲ့ၿပီလို႔ မန္စီးတီးပရိသတ္ေတြရဲ႕ ယူဆမႈေတြက ရွိေနၿပီး ယူႏိုက္တက္တင္မက ဥေရာပေဘာလုံးေလာကကိုပါ လႊမ္းမိုးထားၿပီလို႔ ေႂကြးေၾကာ္သြားခဲ့ၾကပါတယ္။

” အီတီဟက္ကြင္းနဲ႔ မလွမ္းမကမ္းမွာ ေနထိုင္ေနတဲ့ မစၥတာ အဲလက္စ္ ဖာဂူဆန္ေရ။ ခင္ဗ်ားစကား ခင္ဗ်ားမွတ္မိေသးပါရဲ႕ေနာ္။ လြန္ခဲ့တဲ့ ၁၂ ႏွစ္က အာေခ်ာင္ခဲ့တာေလဗ်ာ။ ကဲ…အခုေတာ့ ေျပာပါဦး။ မန္ခ်က္စတာေကာင္းကင္မွာ အျပာေရာင္ေတာက္ေနခ်ိန္ကို ခင္ဗ်ားအသက္ရွင္ေနတုန္း ျမင္ခြင့္ရသြားတာ ဘယ္ႏွယ့္မ်ားေနစ ” လို႔ မန္စီးတီးပရိသတ္တဦးရဲ႕ မွတ္ခ်က္ကလည္း ဖာဂူဆန္ရဲ႕တဖက္ပိတ္ေျပာဆိုမႈကို တိတ္ဆိတ္ေစခဲ့တာပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ညက PSG နဲ႔ပြဲမွာ ေနမာ၊ နဲ႔ အမ္ဘာေပအတြဲကို လႈပ္မရေအာင္ ထိန္းခ်ဳပ္ၿပီး အေကာင္းဆုံးေျခစြမ္းျပသြားခဲ့ၿပီး မန္စီးတီးကို ပထမဦးဆုံး ခ်န္ပီယံလိဂ္ဖိုင္နယ္ဆီ တြန္းတင္ေပးခဲ့တဲ့ ခိုင္လ္ေဝၚကာကို ဥာဏ္ရည္မဲ့ ငတုံးလို႔ ဆိုခဲ့ဖူးတဲ့ ႐ြိဳင္ကိန္းရဲ႕ စကားဟာလည္း ပက္လက္လွန္တံေတြးေထြးသလို ျဖစ္လာခဲ့ၿပီး ဖာဂူဆန္နဲ႔ ႐ြိဳင္ကိန္းတို႔ ဆရာတပည့္ႏွစ္ဦးဟာ အျပာေရာင္မန္ခ်က္စတာသားေတြရဲ႕ တံေတြးခြက္ထဲ ပက္လက္ေမ်ာေနတာဟာလည္း ေဘာလုံးေလာကကို ႐ိုးအီမသြားေစတဲ့ ျမင္ကြင္းတခုျဖစ္လာခဲ့ေၾကာင္း ေရးသားတင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.