Premier League

အာဆင်နယ်နဲ့ဗီလာရီးရဲလ် ပွဲကြိုမှာ အံ့သြသင့်ဖွယ် ဟောကိန်းထုတ်လိုက်တဲ့ အာဆင်ဝင်းဂါးနှင့် ဒဏ်ရာရပြန်ကစားနိုင်မည့်သူများသတင်း

အာဆင်နယ်အသင်းဟာ ဗီလာရီးရဲလ်နဲ့ကစားမယ့် ယူရိုပါဆီမီး ဒုကျော့မှာ ပထမအကျော့က အရှုံးရလဒ်ကို ပြောင်းပြန်လှန်ပစ်ပြီး တိုက်စစ်ပိုင်းက အစွမ်းပြမှုတွေနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်လိမ့်မယ်လို့ အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ပွဲကြိုမှာ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ဗီလာရီးရဲလ်အသင်းကို ရှူံးပွဲကြုံတွေ့ခဲ့ရပေမယ့် ၂-၁ ဆိုတဲ့ ရလဒ်ကို ယူနိုင်ခဲ့ပြီး စပိန်မြေမှာ အဖိုးတန်အဝေးဂိုးတဂိုးကို အိမ်ပြန်သယ်ခဲ့နိုင်တဲ့ နည်းပြအာတီတာရဲ့ ယူရိုပါလိဂ်ဖလားမျှော်လင့်ချက်က ဆက်လက်အသက်ရှင်နေဆဲဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲသာ ကစားရတော့မယ့်အချိန်မှာ အဆင့် ၉ နေရာမှာသာ ရပ်တည်နေတဲ့ အာဆင်နယ်ရဲ့ ဥရောပဝင်ခွင့်ရရေးဟာ ပြည်တွင်းလိဂ်မှာ အခွင့်အရေးနည်းပါးလွန်းနေတာက အာဆင်နယ်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ အာဆင်ဝင်းဂါးက ​​ကြိုတင်ခန့်မှန်းသွားခဲ့တာပါ။

” ကျွန်တော့်အသင်းကို အခြေအနေကောင်းစေချင်ပါတယ်။ အခုကစားပွဲက ယူရိုပါဖိုင်နယ်ကိုတက်ရောက်ပြီး ချန်ပီယံလိဂ်ကိုပါ တကျော့ပြန်ဝင်ခွင့်ရဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဥရောပဝင်ခွင့်ရဖို့ မဖြစ်နိုင်သလောက် အခွင့်နည်းသွားပြီမဟုတ်လား ”

” ဒါက သူတို့အတွက် တခုတည်းသောလမ်းကြောင်းပဲ။ အာဆင်နယ်သာ ဗိုလ်စွဲမယ်လို့ ယုံကြည်ပါတယ်။ ဒီပွဲက ကိုယ့်အိမ်ကွင်းမှာလည်း ကစားရမယ်။ ဂိုးသွင်းနိုင်စွမ်းမြင့်တဲ့ တိုက်စစ်မှူးတွေလည်း ပုံအောနေတာပါ။”

” အရေးကြုံရင် ဂိုးတွေဖန်တီးနိုင်တဲ့ ကစားသမားတွေပါ ရှိနေတယ်။ လက်ရှိ ၂-၁ ဖြစ်ထားပေမယ့် အာဆင်နယ်ကသာ ယုံကြည်ချက်ရှိရှိနဲ့ ဒီအရှုံးရလဒ်ကို ပြောင်းပြန်လှန်သွားလိမ့်မယ်လို့ ဆိုချင်ပါတယ် ” လို့ အာဆင်ဝင်းဂါးက ဖွင့်ဟခဲ့တာပါ။

ဒါ့အပြင် အာဆင်နယ်သာ ယူရိုပါဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အကြီးမားဆုံးခြေလှမ်းအနေနဲ့ တိုးတက်မှုဖြစ်လာလိမ့်လို့ အာတီတာက ဆိုခဲ့ပြီး ဒီနေ့ပွဲမှာ ဆီဘာယော့စ်ဟာ အနီကတ်ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်သွားမှာလည်းဖြစ်ပါတယ်။

ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ တီယာနေးဟာ အာဆင်နယ်အတွက် ပြန်လည်ပွဲထွက်နိုင်ဖွယ် ရှိနေသလို နယူးကာဆယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ လူစားလဲခဲ့ရတဲ့ ဒေးဗစ် လူးဝစ်ဇ်ကိုလေ့ကျင့်ခန်းဆင်းနေတာ တွေ့ခဲ့ရပေမယ့် ကြံ့ခိုင်မှုမပြည့်ဝလို့ ပါဝင်ကစားဖို့ မသေချာသေးတဲ့ အနေအထားမှာရှိနေကြောင်း သိရှိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းဟာ ဗီလာရီးရဲလ္နဲ႔ကစားမယ့္ ယူ႐ိုပါဆီမီး ဒုေက်ာ့မွာ ပထမအေက်ာ့က အရႈံးရလဒ္ကို ေျပာင္းျပန္လွန္ပစ္ၿပီး တိုက္စစ္ပိုင္းက အစြမ္းျပမႈေတြနဲ႔အတူ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို တက္ေရာက္သြားႏိုင္လိမ့္မယ္လို႔ အာဆင္နယ္ဂႏၴဝင္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက ပြဲႀကိဳမွာ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီရဲ႕ ဗီလာရီးရဲလ္အသင္းကို ရႉံးပြဲႀကဳံေတြ႕ခဲ့ရေပမယ့္ ၂-၁ ဆိုတဲ့ ရလဒ္ကို ယူႏိုင္ခဲ့ၿပီး စပိန္ေျမမွာ အဖိုးတန္အေဝးဂိုးတဂိုးကို အိမ္ျပန္သယ္ခဲ့ႏိုင္တဲ့ နည္းျပအာတီတာရဲ႕ ယူ႐ိုပါလိဂ္ဖလားေမွ်ာ္လင့္ခ်က္က ဆက္လက္အသက္ရွင္ေနဆဲျဖစ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ လက္က်န္ ၄ ပြဲသာ ကစားရေတာ့မယ့္အခ်ိန္မွာ အဆင့္ ၉ ေနရာမွာသာ ရပ္တည္ေနတဲ့ အာဆင္နယ္ရဲ႕ ဥေရာပဝင္ခြင့္ရေရးဟာ ျပည္တြင္းလိဂ္မွာ အခြင့္အေရးနည္းပါးလြန္းေနတာက အာဆင္နယ္ကို ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတက္ဖို႔ တြန္းအားျဖစ္ေစလိမ့္မယ္လို႔ အာဆင္ဝင္းဂါးက ​​ႀကိဳတင္ခန္႔မွန္းသြားခဲ့တာပါ။

” ကြၽန္ေတာ့္အသင္းကို အေျခအေနေကာင္းေစခ်င္ပါတယ္။ အခုကစားပြဲက ယူ႐ိုပါဖိုင္နယ္ကိုတက္ေရာက္ၿပီး ခ်န္ပီယံလိဂ္ကိုပါ တေက်ာ့ျပန္ဝင္ခြင့္ရဖို႔ အေကာင္းဆုံးအခြင့္အေရးျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ဥေရာပဝင္ခြင့္ရဖို႔ မျဖစ္ႏိုင္သေလာက္ အခြင့္နည္းသြားၿပီမဟုတ္လား ”

” ဒါက သူတို႔အတြက္ တခုတည္းေသာလမ္းေၾကာင္းပဲ။ အာဆင္နယ္သာ ဗိုလ္စြဲမယ္လို႔ ယုံၾကည္ပါတယ္။ ဒီပြဲက ကိုယ့္အိမ္ကြင္းမွာလည္း ကစားရမယ္။ ဂိုးသြင္းႏိုင္စြမ္းျမင့္တဲ့ တိုက္စစ္မႉးေတြလည္း ပုံေအာေနတာပါ။”

” အေရးႀကဳံရင္ ဂိုးေတြဖန္တီးႏိုင္တဲ့ ကစားသမားေတြပါ ရွိေနတယ္။ လက္ရွိ ၂-၁ ျဖစ္ထားေပမယ့္ အာဆင္နယ္ကသာ ယုံၾကည္ခ်က္ရွိရွိနဲ႔ ဒီအရႈံးရလဒ္ကို ေျပာင္းျပန္လွန္သြားလိမ့္မယ္လို႔ ဆိုခ်င္ပါတယ္ ” လို႔ အာဆင္ဝင္းဂါးက ဖြင့္ဟခဲ့တာပါ။

ဒါ့အျပင္ အာဆင္နယ္သာ ယူ႐ိုပါဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ အသင္းအတြက္ အႀကီးမားဆုံးေျခလွမ္းအေနနဲ႔ တိုးတက္မႈျဖစ္လာလိမ့္လို႔ အာတီတာက ဆိုခဲ့ၿပီး ဒီေန႔ပြဲမွာ ဆီဘာေယာ့စ္ဟာ အနီကတ္ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္သြားမွာလည္းျဖစ္ပါတယ္။

ဒူးဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ တီယာေနးဟာ အာဆင္နယ္အတြက္ ျပန္လည္ပြဲထြက္ႏိုင္ဖြယ္ ရွိေနသလို နယူးကာဆယ္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့လို႔ လူစားလဲခဲ့ရတဲ့ ေဒးဗစ္ လူးဝစ္ဇ္ကိုေလ့က်င့္ခန္းဆင္းေနတာ ေတြ႕ခဲ့ရေပမယ့္ ႀကံ့ခိုင္မႈမျပည့္ဝလို႔ ပါဝင္ကစားဖို႔ မေသခ်ာေသးတဲ့ အေနအထားမွာရွိေနေၾကာင္း သိရွိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.