Premier League

၅ ရက် ၃ ပွဲကစားရမှာကြောင့် ဒေါသထွက်နေတဲ့ ပရိသတ်များကို ရိုးမားပွဲမတိုင်မီ မေတ္တာရပ်ခံမှု ပြုလုပ်သွားတဲ့ ဆိုးလ်ရှား

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရက်သတ္တပတ်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ အိုးထရက်ဖို့ဒ်ကွင်းတွင်း ဝင်ရောက်အုံကြွမှုနဲ့ ဂလေဇာမိသားစုကို ဆန္ဒပြခဲ့မှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရတဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ပွဲစဥ်ကို မေလ ၁၃ ရက်နေ့မှာ ပြန်လည်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သတ်လို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဒေါသအိုးပေါက်ကွဲနေတယ်လို့ သိရပြီး အကြောင်းကတော့ အသင်းအနေနဲ့ တနင်္ဂနွေနေ့ကစလို့ ကြာသပတေးနေအထိ တရက်ခြား တပွဲစီကစားသွားရတော့မှာဖြစ်ပြီး ၅ ရက်အတွင်း ၃ ပွဲဆက် ကစားရတော့မှာပါ။

အက်စတန်ဗီလာ၊ လက်စတာ၊ လီဗာပူးလ်တို့လို အမှတ်ပေးဇယားထိပ်ပိုင်းတဝိုက်က အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဟာ မျှတမှုမရှိ​ကြောင်းနဲ့ ပွဲကျပ်တွေကို ပြွတ်သိပ်ပြီးကစားရတာဟာ အသင်းသားတွေကို ဒဏ်ရာပြဿနာတွေ ပေးလာလိမ့်မယ်လို့ သူတို့ရဲ့ခံစားချက်တွေကို ဖွင့်ထုတ်သွားခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းပရိသတ်တွေကို မေတ္တာရပ်ခံမှုတခု ပြုလုပ်သွားခဲ့ကြောင်း သိရပြီး ပရိသတ်တွေရဲ့ အသင်းပိုင်ရှင်မိသားစုအပေါ် ဆန္ဒပြမှုက အသင်းရဲ့တိုးတက်မှုကို ထိခိုက်စေမှာကိုလည်း စိုးရိမ်မကင်းဖြစ်နေရပါပြီလို့ ဆိုခဲ့ပါတယ်။

” ကျွန်တော်က အသင်းပိုင်ရှင်တွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ရှိနေပါတယ်။ သူတို့က ပရိသတ်တွေရဲ့အသံကို အမြဲတမ်း နားထောင်နေသလို အခုထက်ပိုပြီးကောင်းတဲ့ စကားပြောဆိုဆက်သွယ်မှုတွေကို သူတို့ပြုလုပ်လာကြဖို့ ရှိနေပါတယ် ”

” ကျွန်တော်စိုးရိမ်တာက ကစားသမားတွေရဲ့ ဒီတရာသီလုံး ​အားထုတ်မှုတွေဟာ အခုလိုပရိသတ်တွေဆူပူမှုကြောင့် မပျက်စေချင်ပါဘူး။ ကျွန်တော်တို့ ဒီညပွဲကို အကောင်းဆုံးကစားမယ်။ တသင်းလုံး အာရုံအပြည့်စိုက်ထားပါပြီ။ ဖိုင်နယ်ကို သေချာပေါက်တက်ရပါမယ် ” လို့ ဆိုးလ်ရှားက ရိုးမားနဲ့ပွဲကြိုမှာ ပြောသွားခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ လက်ရှိပြည်တွင်းမှာ မန်စီးတီးအသင်းနဲ့ ၁၅ မှတ်အထိကွာဟနေတာဖြစ်ပြီး ဒါဟာပရီးမီးယားလိဂ်ဖလားစိန်ခေါ်ပွဲကို ပွဲသိမ်းစေခဲ့ပြီး ပြည်တွင်းအမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရပြီလို့ ယူဆနိုင်တာဖြစ်ပါတယ်။

အဆင့် ၁ နေရာမှာ ဦးဆောင်နိုင်ခဲ့ပြီးမှ မန်စီးတီးရဲ့ ကျော်ဖြတ်ခြင်းခံခဲ့ရတဲ့ သရဲနီတို့ဟာ ပရီးမီးယားလိဂ်မှာ ခြေချော်ခဲ့သမျှ ဒီအခြေအနေနဲ့အတူ ပြီးခဲ့နှစ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ် နာကျင်မှုကို ပြန်လည်ကုစားဖို့ ဒီနှစ် ယူရိုပါလိဂ်ဖလားကို ဗိုလ်ဝင်ခံမယ်လို့ ဆိုးလ်ရှားက အထူးတလည်စိုင်းပြင်းပြီး အားခဲပြင်ဆင်နေတာကိုလည်း တွေ့ရတာမို့ ဒီနေ့ည ရိုးမားနဲ့ပွဲစဥ်က ဆိုးလ်ရှားရဲ့ ပိုင်နိုင်တဲ့ နောက်ထပ်ခြေတလှမ်းဖြစ်လာမလားဆိုတာကတော့။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ရက္သတၱပတ္မွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ အိုးထရက္ဖို႔ဒ္ကြင္းတြင္း ဝင္ေရာက္အုံႂကြမႈနဲ႔ ဂေလဇာမိသားစုကို ဆႏၵျပခဲ့မႈေၾကာင့္ ရက္ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ရဲ႕ပြဲစဥ္ကို ေမလ ၁၃ ရက္ေန႔မွာ ျပန္လည္ကစားသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သတ္လို႔ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက ေဒါသအိုးေပါက္ကြဲေနတယ္လို႔ သိရၿပီး အေၾကာင္းကေတာ့ အသင္းအေနနဲ႔ တနဂၤေႏြေန႔ကစလို႔ ၾကာသပေတးေနအထိ တရက္ျခား တပြဲစီကစားသြားရေတာ့မွာျဖစ္ၿပီး ၅ ရက္အတြင္း ၃ ပြဲဆက္ ကစားရေတာ့မွာပါ။

အက္စတန္ဗီလာ၊ လက္စတာ၊ လီဗာပူးလ္တို႔လို အမွတ္ေပးဇယားထိပ္ပိုင္းတဝိုက္က အသင္းေတြနဲ႔ ဆက္တိုက္ရင္ဆိုင္ရမွာဟာ မွ်တမႈမရွိ​ေၾကာင္းနဲ႔ ပြဲက်ပ္ေတြကို ႁပြတ္သိပ္ၿပီးကစားရတာဟာ အသင္းသားေတြကို ဒဏ္ရာျပႆနာေတြ ေပးလာလိမ့္မယ္လို႔ သူတို႔ရဲ႕ခံစားခ်က္ေတြကို ဖြင့္ထုတ္သြားခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက အသင္းပရိသတ္ေတြကို ေမတၱာရပ္ခံမႈတခု ျပဳလုပ္သြားခဲ့ေၾကာင္း သိရၿပီး ပရိသတ္ေတြရဲ႕ အသင္းပိုင္ရွင္မိသားစုအေပၚ ဆႏၵျပမႈက အသင္းရဲ႕တိုးတက္မႈကို ထိခိုက္ေစမွာကိုလည္း စိုးရိမ္မကင္းျဖစ္ေနရပါၿပီလို႔ ဆိုခဲ့ပါတယ္။

” ကြၽန္ေတာ္က အသင္းပိုင္ရွင္ေတြနဲ႔ ဆက္ဆံေရးေကာင္းေတြ တည္ရွိေနပါတယ္။ သူတို႔က ပရိသတ္ေတြရဲ႕အသံကို အၿမဲတမ္း နားေထာင္ေနသလို အခုထက္ပိုၿပီးေကာင္းတဲ့ စကားေျပာဆိုဆက္သြယ္မႈေတြကို သူတို႔ျပဳလုပ္လာၾကဖို႔ ရွိေနပါတယ္ ”

” ကြၽန္ေတာ္စိုးရိမ္တာက ကစားသမားေတြရဲ႕ ဒီတရာသီလုံး ​အားထုတ္မႈေတြဟာ အခုလိုပရိသတ္ေတြဆူပူမႈေၾကာင့္ မပ်က္ေစခ်င္ပါဘူး။ ကြၽန္ေတာ္တို႔ ဒီညပြဲကို အေကာင္းဆုံးကစားမယ္။ တသင္းလုံး အာ႐ုံအျပည့္စိုက္ထားပါၿပီ။ ဖိုင္နယ္ကို ေသခ်ာေပါက္တက္ရပါမယ္ ” လို႔ ဆိုးလ္ရွားက ႐ိုးမားနဲ႔ပြဲႀကိဳမွာ ေျပာသြားခဲ့တာပါ။

ယူႏိုက္တက္အေနနဲ႔ လက္ရွိျပည္တြင္းမွာ မန္စီးတီးအသင္းနဲ႔ ၁၅ မွတ္အထိကြာဟေနတာျဖစ္ၿပီး ဒါဟာပရီးမီးယားလိဂ္ဖလားစိန္ေခၚပြဲကို ပြဲသိမ္းေစခဲ့ၿပီး ျပည္တြင္းအမွတ္ေပးဖလားကို လက္လႊတ္ခဲ့ရၿပီလို႔ ယူဆႏိုင္တာျဖစ္ပါတယ္။

အဆင့္ ၁ ေနရာမွာ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ မန္စီးတီးရဲ႕ ေက်ာ္ျဖတ္ျခင္းခံခဲ့ရတဲ့ သရဲနီတို႔ဟာ ပရီးမီးယားလိဂ္မွာ ေျခေခ်ာ္ခဲ့သမွ် ဒီအေျခအေနနဲ႔အတူ ၿပီးခဲ့ႏွစ္က ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္ နာက်င္မႈကို ျပန္လည္ကုစားဖို႔ ဒီႏွစ္ ယူ႐ိုပါလိဂ္ဖလားကို ဗိုလ္ဝင္ခံမယ္လို႔ ဆိုးလ္ရွားက အထူးတလည္စိုင္းျပင္းၿပီး အားခဲျပင္ဆင္ေနတာကိုလည္း ေတြ႕ရတာမို႔ ဒီေန႔ည ႐ိုးမားနဲ႔ပြဲစဥ္က ဆိုးလ္ရွားရဲ႕ ပိုင္ႏိုင္တဲ့ ေနာက္ထပ္ေျခတလွမ္းျဖစ္လာမလားဆိုတာကေတာ့။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.