Analysis La Liga Premier League UCL&UEL

EPL ပရိသတ်တွေကို အရသာတွေ့စေမယ့် all-English Final ဖြစ်စေတဲ့ ချဲလ်ဆီး 2-0 ရီးရဲလ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 9ချက်

ဗာနာရဲ့ ကြုံတောင့်ကြုံခဲ သွင်းဂိုးနဲ့ အထက်စီးဆန်တဲ့ ချဲလ်ဆီး
တီမို ဗာနာအတွက်တော့ ဒီနေ့မှာ သူ့ရဲ့ ဂိုးသွင်းနည်းတဲ့ မှတ်တမ်းထဲကနေ ကြုံတောင့်ကြုံခဲ အခိုက်အတန့်အဖြစ် အသင်းကို ဖိုင်နယ်ဆီ ပို့ပေးနိုင်တဲ့ အဖိုးတန်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ချန်ပီယံလိဂ်မှာ ချဲလ်ဆီးတို့အတွက် ၄ ဂိုးမြောက်ဖြစ်ပြီး ဒီမတိုင်ခင်က ရင်းနေး၊ ခရက်စ်နိုဒါတို့နဲ့ ပွဲတွေမှာ ပင်နယ်တီ ၃ ဂိုးကိုသာ သွင်းယူဖူးတဲ့ သူ့အတွက် ထူးခြားသလို လွယ်ကူတဲ့ ဂိုးနဲ့ အသင်းကို အထက်စီးဆီ ပို့နိုင်ခဲ့တာပါ။

မှားပြီးရင်းမှားတဲ့ ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်
အိုဆာဆူနာနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ဗာရွန်းအစား ဆာဂျီယို ရာမို့စ် ပါဝင်လာခဲ့တဲ့ ခံစစ်သုံးယောက်တန်းကို ဆိုင်းမဆင့် ဗုံမဆင့် ထသုံးခဲ့တဲ့ ရီးရဲလ်တို့အနေနဲ့ သူတို့ရဲ့ ကစားနေကျ ဟန်ချက်ကို ပျက်စီးစေခဲ့ပြီး ညာခြမ်းက တောင်ပံသမား ဗီနီးရှပ် အလိမ်အခေါက်တွေနဲ့ အချိန်ကုန်နေခဲ့သလို ဘယ်ခြမ်းက ဖယ်လွန် မန်ဒီကလည်း တိုက်စစ်ကို ကောင်းကောင်းမကူနိုင်ဘဲ ဘောလုံးသာ ပိုင်ဆိုင်ခဲ့ရတဲ့ ဒီပွဲမှာ နည်းပြ ဇီဒန်းအနေနဲ့ အားလုံးကို လက်လွှတ်ခဲ့ရပါတယ်။

ဆရာကျလွန်းခဲ့တဲ့ ဂိုးသမား မန်ဒီ
ဂိုးပေါက်ကို လာသမျှ ဘောလုံးတွေကို အမှားအယွင်းမရှိ ကာကွယ်ပြနေခဲ့တဲ့ မန်ဒီဟာ ချန်ပီယံလိဂ်သမိုင်းမှာ အင်္ဂလိပ်အသင်းတွေထဲက အများဆုံး Clean Sheet ရယူနိုင်ခဲ့တဲ့ ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၁၁ ပွဲမှာ ၈ ပွဲ ဂိုးမပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ရီးရဲလ်ဘက်က တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ဂိုးဝင်နိုင်တဲ့ ကန်ချက်နဲ့ ခေါင်းတိုက်ချက်တွေကို ကာကွယ်ပေးခဲ့ပြီး နိုင်ပွဲအတွက် အခရာကျခဲ့သလို ရင်းနေးလိုအသင်းကနေ ချဲလ်ဆီးလို အသင်းဆီကို ချန်ပီယံလိဂ်ဖိုင်နယ်ကစားဖို့အတွက် နတ်ရေကန်ထဲ ချလိုက်သလို ဝုန်းခနဲ ကြီးထွားလာခဲ့တာလည်းဖြစ်ပါတယ်။

လူဟောင်း ဟာဇက်ထက် ကောင်းခဲ့တဲ့ လူသစ် ဟာဗတ်ဇ်
နာမည်ချင်း သိပ်မကွာတဲ့ ကစားသမားနှစ်ယောက်၊ လူသစ်နဲ့ လူဟောင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ပွဲမှာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်လာတဲ့ ခပ်ပုပု ဘယ်လ်ဂျီယမ်သားကို ကလန်ကလားနဲ့ ဂျာမန်သားက သာလွန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။ ရီးရဲလ်ခံစစ်ကို ရွေ့လျားမှုကောင်းကောင်းနဲ့ နေရာစုံကနေ ထိုးဖောက်သွားခဲ့တဲ့ ဟာဗတ်ဇ်ဟာ ဘောလုံးရတိုင်း နှစ်ယောက်သုံးယောက်ဝိုင်းပိတ်ခံရလို့ လှုပ်မရခဲ့တဲ့ ဟာဇက်ထက် နည်းစနစ်ပိုင်း ပိုမိုသာလွန်မှုတွေနဲ့ နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

မတူညီတဲ့၂သင်းနဲ့ ဖိုင်နယ်ကို ၂နှစ်ဆက်တက်တဲ့ ပထမဆုံးနည်းပြတူဟယ်လ်နဲ့ သီယာဂို ဆေးလ်ဗား
ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ချန်ပီယံလိဂ်ဖိုင်နယ်ကို မတူညီတဲ့ အသင်းနှစ်သင်းနဲ့ နှစ်ရာသီဆက်တိုက် တက်လှမ်းနိုင်တဲ့ မှတ်တမ်းသစ်ကို ရယူသွားခဲ့ပြီး နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာလည်း တူညီတဲ့ စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်တွေအတွက်တော့ ဒါဟာ နည်းပြတွေကို ရာသီဝက်မှာ ပြောင်းလဲပြီး ရရှိခဲ့တဲ့ တတိယမြောက် တိုက်ဆိုင်မှုလည်းဖြစ်ပြီး ၂၀၀၈၊ ၂၀၁၂ ခုနှစ်တွေမှာ မော်ရင်ညိုနဲ့ ဗီလာ ဘိုအာစ်တို့ကို ထုတ်ပယ်ပြီး ဂရန့်နဲ့ ဒီမက်တီယိုကို ခန့်အပ်တုန်းက ဖိုင်နယ်တွေကို တက်ရောက်နိုင်ခဲ့သလို တူဟယ်လက်တော့ ဂရန့်ဖြစ်မလား၊ ဒီမက်တီယိုဖြစ်မလား စောင့်ကြည့်ရမှာပါ။

မှတ်တမ်းနှစ်ခုကို ၈၅ မိနစ်မှာ ရယူသွားခဲ့တဲ့ မေဆန်မောင့်
တူဟယ်လ်ရဲ့ ကစားကွက်မှာ ဘယ်တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်ကြား Half Space မှာ ကစားခဲ့ရတဲ့ မေဆန်မောင့်ဟာ နည်းစနစ်ပိုင်းအရ တန်ဖိုးမြင့်ခဲ့ပေမယ့် ပွဲထဲမှာ အရမ်းကြည့်ကောင်းသူတွေထဲတော့ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာတော့ အနိုင်ပြတ်သားစေမယ့်ဂိုးကို ရယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ဂိုးသွင်းတဲ့ ဒုတိယအသက်အငယ်ဆုံး အင်္ဂလိပ်ကစားသမားဆိုတဲ့ စံချိန်နဲ့ ဒီအဆင့်မှာ ၂၀၀၈ ခုနှစ်က လမ်းပတ် နောက်ပိုင်း ချဲလ်ဆီးအတွက် ဂိုးသွင်းတဲ့ ပထမဆုံး အင်္ဂလန်သားလည်းဖြစ်လာခဲ့တာပါ။

ဘောလုံးပိုင်ဆိုင်မှု မလိုဘူး၊ ဗျူဟာပဲလိုတယ်ဆိုတဲ့ ချဲလ်ဆီး
ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်မှာ ၅ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုကတော့ ရီးရဲလ်မက်ဒရစ်ဆီ အသာပေးခဲ့ရပြီး ၃၂ ရာခိုင်နှုန်းကိုပဲ ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဗျူဟာပိုင်းအရ အသာစီးရခဲ့ပြီး ထိရောက်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားခဲ့သလို ဧည့်သည် စပိန်ကလပ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ကွင်းလယ်မှာ ဖြတ်တောက်နိုင်ခဲ့သလို မထင်မှတ်တဲ့ Pressing တွေ၊ တွဲလုံးတွေနဲ့ ပြတ်သားတဲ့ ရလဒ်ကို ရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် အတော်လေးအရသာရှိတဲ့ all-English Final
၂၀၀၈ ခုနှစ်က ယူနိုက်တက်နဲ့ချယ်လ်ဆီး၊ ၂၀၁၉ ခုနှစ်က လီဗာပူးလ်နဲ့ စပါးစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ တတိယအကြိမ်မြောက်အဖြစ် all-English Final ကို ချယ်လ်ဆီးက အသက်သွင်းခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ အသင့်စောင့်ကြိုနေတဲ့ မန်စီးတီးအသင်းနဲ့အတူ အင်္ဂလန်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ နှစ်အကြိမ်မှာ ထပ်မံရှုစားရတော့မှာဖြစ်ပြီး ဒါက ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် အတော်လေးအရသာရှိစေခဲ့ပါတယ်။

အင်္ဂလိပ်အသင်းတွေကို အဝေးကွင်းမှာ လေးပွဲဆက်တိုက် မနိုင်တဲ့ ရီးရဲလ်
ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ အင်္ဂလိပ်အသင်းတွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၄ ပွဲမှာ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးခဲ့ပြီး အနိုင်ရလဒ်နဲ့ ဝေးနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ စပိန်ကလပ်အသင်းကို ဝိုင်းဝန်းလှောင်ပြောင်နေကြပြီး VAR ကို သုံးစွဲခဲ့ကတည်းက သူတို့တွေအနေနဲ့ ဒီပြိုင်ပွဲမှာ အခြေမလှတော့ဘူးလို့ ဆိုနေကြကြောင်းလည်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဗာနာရဲ႕ ႀကဳံေတာင့္ႀကဳံခဲ သြင္းဂိုးနဲ႔ အထက္စီးဆန္တဲ့ ခ်ဲလ္ဆီး
တီမို ဗာနာအတြက္ေတာ့ ဒီေန႔မွာ သူ႔ရဲ႕ ဂိုးသြင္းနည္းတဲ့ မွတ္တမ္းထဲကေန ႀကဳံေတာင့္ႀကဳံခဲ အခိုက္အတန႔္အျဖစ္ အသင္းကို ဖိုင္နယ္ဆီ ပို႔ေပးႏိုင္တဲ့ အဖိုးတန္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒါဟာ သူ႔အတြက္ ခ်န္ပီယံလိဂ္မွာ ခ်ဲလ္ဆီးတို႔အတြက္ ၄ ဂိုးေျမာက္ျဖစ္ၿပီး ဒီမတိုင္ခင္က ရင္းေနး၊ ခရက္စ္ႏိုဒါတို႔နဲ႔ ပြဲေတြမွာ ပင္နယ္တီ ၃ ဂိုးကိုသာ သြင္းယူဖူးတဲ့ သူ႔အတြက္ ထူးျခားသလို လြယ္ကူတဲ့ ဂိုးနဲ႔ အသင္းကို အထက္စီးဆီ ပို႔ႏိုင္ခဲ့တာပါ။

မွားၿပီးရင္းမွားတဲ့ ဇီဒန္းရဲ႕ ရီးရဲလ္မက္ဒရစ္
အိုဆာဆူနာနဲ႔ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ ဗာ႐ြန္းအစား ဆာဂ်ီယို ရာမို႔စ္ ပါဝင္လာခဲ့တဲ့ ခံစစ္သုံးေယာက္တန္းကို ဆိုင္းမဆင့္ ဗုံမဆင့္ ထသုံးခဲ့တဲ့ ရီးရဲလ္တို႔အေနနဲ႔ သူတို႔ရဲ႕ ကစားေနက် ဟန္ခ်က္ကို ပ်က္စီးေစခဲ့ၿပီး ညာျခမ္းက ေတာင္ပံသမား ဗီနီးရွပ္ အလိမ္အေခါက္ေတြနဲ႔ အခ်ိန္ကုန္ေနခဲ့သလို ဘယ္ျခမ္းက ဖယ္လြန္ မန္ဒီကလည္း တိုက္စစ္ကို ေကာင္းေကာင္းမကူႏိုင္ဘဲ ေဘာလုံးသာ ပိုင္ဆိုင္ခဲ့ရတဲ့ ဒီပြဲမွာ နည္းျပ ဇီဒန္းအေနနဲ႔ အားလုံးကို လက္လႊတ္ခဲ့ရပါတယ္။

ဆရာက်လြန္းခဲ့တဲ့ ဂိုးသမား မန္ဒီ
ဂိုးေပါက္ကို လာသမွ် ေဘာလုံးေတြကို အမွားအယြင္းမရွိ ကာကြယ္ျပေနခဲ့တဲ့ မန္ဒီဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အဂၤလိပ္အသင္းေတြထဲက အမ်ားဆုံး Clean Sheet ရယူႏိုင္ခဲ့တဲ့ ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး ၁၁ ပြဲမွာ ၈ ပြဲ ဂိုးမေပးခဲ့ရတာလည္းျဖစ္ပါတယ္။ ဒီေန႔ပြဲမွာလည္း ရီးရဲလ္ဘက္က တိုက္စစ္မႉး ဘန္ဇီးမားရဲ႕ ဂိုးဝင္ႏိုင္တဲ့ ကန္ခ်က္နဲ႔ ေခါင္းတိုက္ခ်က္ေတြကို ကာကြယ္ေပးခဲ့ၿပီး ႏိုင္ပြဲအတြက္ အခရာက်ခဲ့သလို ရင္းေနးလိုအသင္းကေန ခ်ဲလ္ဆီးလို အသင္းဆီကို ခ်န္ပီယံလိဂ္ဖိုင္နယ္ကစားဖို႔အတြက္ နတ္ေရကန္ထဲ ခ်လိုက္သလို ဝုန္းခနဲ ႀကီးထြားလာခဲ့တာလည္းျဖစ္ပါတယ္။

လူေဟာင္း ဟာဇက္ထက္ ေကာင္းခဲ့တဲ့ လူသစ္ ဟာဗတ္ဇ္
နာမည္ခ်င္း သိပ္မကြာတဲ့ ကစားသမားႏွစ္ေယာက္၊ လူသစ္နဲ႔ လူေဟာင္းတို႔ ရင္ဆိုင္ခဲ့ၾကတဲ့ပြဲမွာ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္လာတဲ့ ခပ္ပုပု ဘယ္လ္ဂ်ီယမ္သားကို ကလန္ကလားနဲ႔ ဂ်ာမန္သားက သာလြန္တဲ့ ေျခစြမ္းကို ျပသႏိုင္ခဲ့တာပါ။ ရီးရဲလ္ခံစစ္ကို ေ႐ြ႕လ်ားမႈေကာင္းေကာင္းနဲ႔ ေနရာစုံကေန ထိုးေဖာက္သြားခဲ့တဲ့ ဟာဗတ္ဇ္ဟာ ေဘာလုံးရတိုင္း ႏွစ္ေယာက္သုံးေယာက္ဝိုင္းပိတ္ခံရလို႔ လႈပ္မရခဲ့တဲ့ ဟာဇက္ထက္ နည္းစနစ္ပိုင္း ပိုမိုသာလြန္မႈေတြနဲ႔ ႏိုင္ပြဲကို ရယူသြားခဲ့ပါတယ္။

မတူညီတဲ့၂သင္းနဲ႔ ဖိုင္နယ္ကို ၂ႏွစ္ဆက္တက္တဲ့ ပထမဆုံးနည္းျပတူဟယ္လ္နဲ႔ သီယာဂို ေဆးလ္ဗား
ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ကေတာ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို မတူညီတဲ့ အသင္းႏွစ္သင္းနဲ႔ ႏွစ္ရာသီဆက္တိုက္ တက္လွမ္းႏိုင္တဲ့ မွတ္တမ္းသစ္ကို ရယူသြားခဲ့ၿပီး ေနာက္ခံလူ သီယာဂို ေဆးလ္ဗားဟာလည္း တူညီတဲ့ စံခ်ိန္ကို ရယူႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ ဒါဟာ နည္းျပေတြကို ရာသီဝက္မွာ ေျပာင္းလဲၿပီး ရရွိခဲ့တဲ့ တတိယေျမာက္ တိုက္ဆိုင္မႈလည္းျဖစ္ၿပီး ၂၀၀၈၊ ၂၀၁၂ ခုႏွစ္ေတြမွာ ေမာ္ရင္ညိဳနဲ႔ ဗီလာ ဘိုအာစ္တို႔ကို ထုတ္ပယ္ၿပီး ဂရန႔္နဲ႔ ဒီမက္တီယိုကို ခန႔္အပ္တုန္းက ဖိုင္နယ္ေတြကို တက္ေရာက္ႏိုင္ခဲ့သလို တူဟယ္လက္ေတာ့ ဂရန႔္ျဖစ္မလား၊ ဒီမက္တီယိုျဖစ္မလား ေစာင့္ၾကည့္ရမွာပါ။

မွတ္တမ္းႏွစ္ခုကို ၈၅ မိနစ္မွာ ရယူသြားခဲ့တဲ့ ေမဆန္ေမာင့္
တူဟယ္လ္ရဲ႕ ကစားကြက္မွာ ဘယ္ေတာင္ပံနဲ႔ ကြင္းလယ္တိုက္စစ္ၾကား Half Space မွာ ကစားခဲ့ရတဲ့ ေမဆန္ေမာင့္ဟာ နည္းစနစ္ပိုင္းအရ တန္ဖိုးျမင့္ခဲ့ေပမယ့္ ပြဲထဲမွာ အရမ္းၾကည့္ေကာင္းသူေတြထဲေတာ့ မပါဝင္ခဲ့ပါဘူး။ ဒါေပမယ့္ ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အႏိုင္ျပတ္သားေစမယ့္ဂိုးကို ရယူၿပီး ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္မွာ ဂိုးသြင္းတဲ့ ဒုတိယအသက္အငယ္ဆုံး အဂၤလိပ္ကစားသမားဆိုတဲ့ စံခ်ိန္နဲ႔ ဒီအဆင့္မွာ ၂၀၀၈ ခုႏွစ္က လမ္းပတ္ ေနာက္ပိုင္း ခ်ဲလ္ဆီးအတြက္ ဂိုးသြင္းတဲ့ ပထမဆုံး အဂၤလန္သားလည္းျဖစ္လာခဲ့တာပါ။

ေဘာလုံးပိုင္ဆိုင္မႈ မလိုဘူး၊ ဗ်ဴဟာပဲလိုတယ္ဆိုတဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးကန္သြင္းခြင့္ ၁၅ ႀကိမ္မွာ ၅ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈကေတာ့ ရီးရဲလ္မက္ဒရစ္ဆီ အသာေပးခဲ့ရၿပီး ၃၂ ရာခိုင္ႏႈန္းကိုပဲ ပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ဗ်ဴဟာပိုင္းအရ အသာစီးရခဲ့ၿပီး ထိေရာက္တဲ့ ကစားဟန္ကို ပိုင္ဆိုင္ထားခဲ့သလို ဧည့္သည္ စပိန္ကလပ္ရဲ႕ တိုက္စစ္လမ္းေၾကာင္းေတြကို ကြင္းလယ္မွာ ျဖတ္ေတာက္ႏိုင္ခဲ့သလို မထင္မွတ္တဲ့ Pressing ေတြ၊ တြဲလုံးေတြနဲ႔ ျပတ္သားတဲ့ ရလဒ္ကို ရယူသြားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ပရိသတ္ေတြအတြက္ အေတာ္ေလးအရသာရွိတဲ့ all-English Final
၂၀၀၈ ခုႏွစ္က ယူႏိုက္တက္နဲ႔ခ်ယ္လ္ဆီး၊ ၂၀၁၉ ခုႏွစ္က လီဗာပူးလ္နဲ႔ စပါးစ္အသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္အၿပီးမွာ တတိယအႀကိမ္ေျမာက္အျဖစ္ all-English Final ကို ခ်ယ္လ္ဆီးက အသက္သြင္းခဲ့တာျဖစ္ၿပီး ဗိုလ္လုပြဲမွာ အသင့္ေစာင့္ႀကိဳေနတဲ့ မန္စီးတီးအသင္းနဲ႔အတူ အဂၤလန္အသင္းအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံတဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ၂ ႏွစ္အႀကိမ္မွာ ထပ္မံရႈစားရေတာ့မွာျဖစ္ၿပီး ဒါက ပရီးမီးယားလိဂ္ပရိသတ္ေတြအတြက္ အေတာ္ေလးအရသာရွိေစခဲ့ပါတယ္။

အဂၤလိပ္အသင္းေတြကို အေဝးကြင္းမွာ ေလးပြဲဆက္တိုက္ မႏိုင္တဲ့ ရီးရဲလ္
ရီးရဲလ္မက္ဒရစ္တို႔အေနနဲ႔ အဂၤလိပ္အသင္းေတြနဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္ ၄ ပြဲမွာ ႏွစ္ပြဲသေရ၊ ႏွစ္ပြဲရႈံးခဲ့ၿပီး အႏိုင္ရလဒ္နဲ႔ ေဝးေနခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ခ်န္ပီယံလိဂ္မွာ အေအာင္ျမင္ဆုံးျဖစ္တဲ့ စပိန္ကလပ္အသင္းကို ဝိုင္းဝန္းေလွာင္ေျပာင္ေနၾကၿပီး VAR ကို သုံးစြဲခဲ့ကတည္းက သူတို႔ေတြအေနနဲ႔ ဒီၿပိဳင္ပြဲမွာ အေျခမလွေတာ့ဘူးလို႔ ဆိုေနၾကေၾကာင္းလည္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.