La Liga Match Report Premier League UCL&UEL

ရီးရဲလ်ကို နှိမ်နင်းပြီး တူဟယ်လ်နဲ့ ဆေးလ်ဗားကို နှစ်နှစ်ဆက်ဖိုင်နယ်ပို့ပေးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်ဆိုတာ သူတို့အနေနဲ့ ကောင်းကောင်းအနိုင်ယူလို့ရတဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာကို နားလည်ထားခဲ့ပြီး ရော်နယ်လ်ဒို မပါရင် လုပ်မစားတတ်တော့တဲ့ ဇီဒန်းကတော့ မျိုးဆက်ပြတ်မှုမှာ အမှားတွေ ကျူးလွန်ခဲ့ပြီး စတမ်းဖို့ဘရစ်ချ်မှာတော့ အိမ်ရှင်တွေရဲ့ပွဲတစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

သီယာဂို ဆေးလ်ဗားနဲ့ အက်ဇ်ပီလီကွေတာတို့ ဦးဆောင်ခဲ့တဲ့ ချဲလ်ဆီးနောက်တန်းဟာ ဒီနေ့ပွဲမှာ အမှားအယွင်းနည်းနည်းနဲ့ ကစားနိုင်ခဲ့သလို ဂျော်ဂျင်ညိုနဲ့ ကွန်တေတို့အတွဲကတော့ နားလည်မှု၊ လုပ်အားနှုန်းနဲ့ အတက်အဆင်းမှာ အပိုအလိုမရှိ ကောင်းမွန်ခဲ့လို့ ရှေ့က မေဆန်မောင့်၊ တီမို ဗာနာနဲ့ ဟာဗတ်ဇ်တို့ ကစားပေါက် ချောင်ခဲ့ပါတယ်။

ပေါင်ဒဏ်ရာရှိနေတဲ့ ဗာရွန်း မပါဝင်နိုင်ချိန်မှာ ဆာဂျီယို ရာမို့စ်နဲ့ နာချို ဖာနန်ဒက်စ်ကို တွဲပေးခဲ့ပြီး မီလီတိုနဲ့ မန်ဒီတို့ကို ဘယ်ညာကစားခဲ့တဲ့ ဇီဒန်းရဲ့ ဗျူဟာက တောင်ပံတွေကနေ ချဲလ်ဆီးကို လုံးဝ ဖိအားမပေးနိုင်သလို ကွင်းလယ်မှာ မိုဒရစ်၊ ခရူးစ်နဲ့ ကာစီမီရိုတို့ ဘောလုံးကိုင်ခွင့်ရခဲ့ပေမယ့် ဟာဇတ်နဲ့ ဗီနီးရှပ်စ်တို့ဟာ ဘန်ဇီးမားအတွက်တော့ လိုင်းဆွဲအား လျော့ကျနေခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်နဲ့ ၁၂ မိနစ်တွေမှာ ခရူးစ်နဲ့ ရူဒီဂါတို့ အပြန်အလှန် ဂိုးသမားတွေကို စမ်းသပ်ခဲ့ကြပြီး တီမို ဗာနာကတော့ ဘယ်ခြမ်းကနေ အဓိက တိုက်စစ်ဆင်ခဲ့သလို ဟာဗတ်ဇ်နဲ့ သိပ်ပြီး အတွဲမမိခဲ့ပေမယ့် ရီးရဲလ်နောက်တန်းကိုတော့ အလုပ်များအောင် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ တီမို ဗာနာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ခံစစ်တန်းရှေ့ နေရာယူတာ စောနေခဲ့လို့ လူကျွံဘောဖြစ်နေခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ ချဲလ်ဆီးခံစစ်ကြားကနေ လှည့်ကန်သွင်းခဲ့တဲ့ ဘန်ဇီးမားရဲ့ ဆရာကျလွန်းတဲ့ ကန်ချက်ကို ဂိုးသမား မန်ဒီက တစ်ကိုယ်လုံးဆန့်ထုတ်ပြီး ပုတ်ထုတ်နိုင်ခဲ့လို့ ရီးရဲလ်တို့ အဝေးဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ လိုအပ်ချိန်တိုင်း ဗျူဟာအရ အရေးပါတဲ့ တိုက်စစ်နေရာတွေကို မေဆန်မောင့်ထက်တောင် ပိုရောက်နေခဲ့တဲ့ ကွန်တေရဲ့ ပါးနပ်တဲ့ ပေးပို့မှုကို ဟာဗတ်ဇ်က ဂိုးသမား ကူထွာကို ကျော်ကန်ရာမှာ ဘားထိခဲ့ပြီး ပြန်ကျလာတဲ့ ဘောလုံးကိုတော့ နောက်က လိုက်လာတဲ့ တီမို ဗာနာက ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ မိုဒရစ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကနေ ဘန်ဇီးမား ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် မန်ဒီကပဲ စွမ်းစွမ်းတမံ ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ဘက်က အခွင့်အရေးအချို့ရခဲ့ပေမယ့် အပိုင်မဟုတ်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲစပြီး မကြာခင် ၄၇ မိနစ်မှာ အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ဘောကို ဟာဗတ်ဇ် ခေါင်းတိုက်ရာမှာ ဘားထိထွက်ခဲ့ပြီး ၅၁ မိနစ်မှာ ထောင့်ကန်ဘောကနေ သီယာဂို ဆေးလ်ဗားရဲ့ အလွတ်ခေါင်းတိုက်ချက် လွဲချော်ခဲ့သလို ၅၃ မိနစ်မှာတော့ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တဲ့ မေဆန်မောင့်ရဲ့ ကန်ချက် အားများသွားခဲ့လို့ ဂိုးဘားပေါ် ကျော်သွားခဲ့ရပါတယ်။

ချဲလ်ဆီးကွင်းလယ်နဲ့ နောက်တန်းတို့ရဲ့ ၇ ယောက်အားနဲ့ စုဖွဲ့မှုနဲ့ ဖိအားပေးမှုက ရီးရဲလ်တို့ကို မကြာခဏ ဘောလုံးပျက်စေပြီး တန်ပြန် တိုက်စစ်ကနေ အခွင့်အရေးတွေ ရရှိစေခဲ့သလို ပွဲချိန် ၅၉ မိနစ်မှာ ဟာဗတ်ဇ် လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ကူထွာရဲ့ ခြေထောက်နဲ့ ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ ဟာဇက်ရဲ့ ထောင့်ကျဉ်းကန်ချက်တစ်ကြိမ်ကို မန်ဒီ ကာကွယ်ခဲ့ရတာကလွဲလို့ ချဲလ်ဆီးတို့ သိပ်ပြီး ရင်ခုန်စရာမရှိခဲ့ဘဲ ၆၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကွန်တေရဲ့ ကန်ချက် အနည်းငယ် နှောင့်နှေးနေတာကြောင့် ရီးရဲလ်ကွင်းလ်လူ ဗာလ်ဗယ်ဒီက ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ နည်းပြ တူဟယ်လ်အနေနဲ့ ဗာနာအစား ပူလီရှစ်ချ်ကို ထည့်ပြီး ရီးရဲလ်တို့ကို ပိုပြီး စိတ်အနှောင့်အယှက်ပေးနိုင်ခဲ့သလို ပွဲချိန် ၈၅ မိနစ်မှာတော့ ရာမို့စ် ခေါင်းတိုက်ချတဲ့ ဘောလုံးက နာချိုဆီ မရောက်ခင် ကွန်တေက ဖြတ်တောက်ရယူခဲ့ပြီး ပူလီရှစ်ချ်ဆီ ပေးခဲ့ရာမှာ အမေရိကန်သားက ဂိုးသမားကို တစ်ချက်ဖိန့်ပြီးမှ ပြန်ချိုးပေးခဲ့တာကို မေဆန်မောင့်က ပြေးဝင်ပိတ်နိုင်ခဲ့လို့ အနိုင်သေချာစေမယ့်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိ(နှစ်ကျော့ပေါင်း သုံးဂိုး-တစ်ဂိုး)နဲ့ ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်ကို ဘောလုံးပိုင်ဆိုင်မှုကလွဲလို့ ကျန်တဲ့ အဖက်ဖက်က သာလွန်မှုတွေနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့သလို ပီအက်စ်ဂျီဟောင်းတွေဖြစ်ကြတဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ နည်းပြ သောမတ်စ် တူဟယ်လ်တို့ကတော့ နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲကို ရောက်ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ နိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ All English Final ဖြစ်လာခဲ့ပြီး ပွဲစဉ်ကိုတော့ လာမယ့် မေလ ၂၉ ရက်နေ့မှာ မနှစ်က ကိုဗစ်ကြောင့် နေရာရွှေ့ခဲ့ရလို့ ဒီနှစ်မှာ ပြန်လည်ကျင်းပခွင့်ရတဲ့ အစ္စတန်ဘူလ်ကွင်းကြီးမှာ အိမ်ရှင်အဖြစ် သတ်မှတ်ကစားရမယ့် မန်ချက်စတာစီးတီးနဲ့ ဧည့်သည်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔ပြဲမွာ ရီးရဲလ္မက္ဒရစ္ဆိုတာ သူတို႔အေနနဲ႔ ေကာင္းေကာင္းအႏိုင္ယူလို႔ရတဲ့ အသင္းတစ္သင္းျဖစ္တယ္ဆိုတာကို နားလည္ထားခဲ့ၿပီး ေရာ္နယ္လ္ဒို မပါရင္ လုပ္မစားတတ္ေတာ့တဲ့ ဇီဒန္းကေတာ့ မ်ိဳးဆက္ျပတ္မႈမွာ အမွားေတြ က်ဴးလြန္ခဲ့ၿပီး စတမ္းဖို႔ဘရစ္ခ်္မွာေတာ့ အိမ္ရွင္ေတြရဲ႕ပြဲတစ္ပြဲ ျဖစ္လာခဲ့ပါတယ္။

သီယာဂို ေဆးလ္ဗားနဲ႔ အက္ဇ္ပီလီေကြတာတို႔ ဦးေဆာင္ခဲ့တဲ့ ခ်ဲလ္ဆီးေနာက္တန္းဟာ ဒီေန႔ပြဲမွာ အမွားအယြင္းနည္းနည္းနဲ႔ ကစားႏိုင္ခဲ့သလို ေဂ်ာ္ဂ်င္ညိဳနဲ႔ ကြန္ေတတို႔အတြဲကေတာ့ နားလည္မႈ၊ လုပ္အားႏႈန္းနဲ႔ အတက္အဆင္းမွာ အပိုအလိုမရွိ ေကာင္းမြန္ခဲ့လို႔ ေရွ႕က ေမဆန္ေမာင့္၊ တီမို ဗာနာနဲ႔ ဟာဗတ္ဇ္တို႔ ကစားေပါက္ ေခ်ာင္ခဲ့ပါတယ္။

ေပါင္ဒဏ္ရာရွိေနတဲ့ ဗာ႐ြန္း မပါဝင္ႏိုင္ခ်ိန္မွာ ဆာဂ်ီယို ရာမို႔စ္နဲ႔ နာခ်ိဳ ဖာနန္ဒက္စ္ကို တြဲေပးခဲ့ၿပီး မီလီတိုနဲ႔ မန္ဒီတို႔ကို ဘယ္ညာကစားခဲ့တဲ့ ဇီဒန္းရဲ႕ ဗ်ဴဟာက ေတာင္ပံေတြကေန ခ်ဲလ္ဆီးကို လုံးဝ ဖိအားမေပးႏိုင္သလို ကြင္းလယ္မွာ မိုဒရစ္၊ ခ႐ူးစ္နဲ႔ ကာစီမီ႐ိုတို႔ ေဘာလုံးကိုင္ခြင့္ရခဲ့ေပမယ့္ ဟာဇတ္နဲ႔ ဗီနီးရွပ္စ္တို႔ဟာ ဘန္ဇီးမားအတြက္ေတာ့ လိုင္းဆြဲအား ေလ်ာ့က်ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္နဲ႔ ၁၂ မိနစ္ေတြမွာ ခ႐ူးစ္နဲ႔ ႐ူဒီဂါတို႔ အျပန္အလွန္ ဂိုးသမားေတြကို စမ္းသပ္ခဲ့ၾကၿပီး တီမို ဗာနာကေတာ့ ဘယ္ျခမ္းကေန အဓိက တိုက္စစ္ဆင္ခဲ့သလို ဟာဗတ္ဇ္နဲ႔ သိပ္ၿပီး အတြဲမမိခဲ့ေပမယ့္ ရီးရဲလ္ေနာက္တန္းကိုေတာ့ အလုပ္မ်ားေအာင္ ဒုကၡေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ တီမို ဗာနာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ခံစစ္တန္းေရွ႕ ေနရာယူတာ ေစာေနခဲ့လို႔ လူကြၽံေဘာျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးခံစစ္ၾကားကေန လွည့္ကန္သြင္းခဲ့တဲ့ ဘန္ဇီးမားရဲ႕ ဆရာက်လြန္းတဲ့ ကန္ခ်က္ကို ဂိုးသမား မန္ဒီက တစ္ကိုယ္လုံးဆန႔္ထုတ္ၿပီး ပုတ္ထုတ္ႏိုင္ခဲ့လို႔ ရီးရဲလ္တို႔ အေဝးဂိုးနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ လိုအပ္ခ်ိန္တိုင္း ဗ်ဴဟာအရ အေရးပါတဲ့ တိုက္စစ္ေနရာေတြကို ေမဆန္ေမာင့္ထက္ေတာင္ ပိုေရာက္ေနခဲ့တဲ့ ကြန္ေတရဲ႕ ပါးနပ္တဲ့ ေပးပို႔မႈကို ဟာဗတ္ဇ္က ဂိုးသမား ကူထြာကို ေက်ာ္ကန္ရာမွာ ဘားထိခဲ့ၿပီး ျပန္က်လာတဲ့ ေဘာလုံးကိုေတာ့ ေနာက္က လိုက္လာတဲ့ တီမို ဗာနာက ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ မိုဒရစ္ရဲ႕ တိက်တဲ့ ျဖတ္တင္ေဘာကေန ဘန္ဇီးမား ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ မန္ဒီကပဲ စြမ္းစြမ္းတမံ ပုတ္ထုတ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က အခြင့္အေရးအခ်ိဳ႕ရခဲ့ေပမယ့္ အပိုင္မဟုတ္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲစၿပီး မၾကာခင္ ၄၇ မိနစ္မွာ အက္ဇ္ပီလီေကြတာရဲ႕ ျဖတ္တင္ေဘာကို ဟာဗတ္ဇ္ ေခါင္းတိုက္ရာမွာ ဘားထိထြက္ခဲ့ၿပီး ၅၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန သီယာဂို ေဆးလ္ဗားရဲ႕ အလြတ္ေခါင္းတိုက္ခ်က္ လြဲေခ်ာ္ခဲ့သလို ၅၃ မိနစ္မွာေတာ့ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း ေတြ႕တဲ့ ေမဆန္ေမာင့္ရဲ႕ ကန္ခ်က္ အားမ်ားသြားခဲ့လို႔ ဂိုးဘားေပၚ ေက်ာ္သြားခဲ့ရပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္နဲ႔ ေနာက္တန္းတို႔ရဲ႕ ၇ ေယာက္အားနဲ႔ စုဖြဲ႕မႈနဲ႔ ဖိအားေပးမႈက ရီးရဲလ္တို႔ကို မၾကာခဏ ေဘာလုံးပ်က္ေစၿပီး တန္ျပန္ တိုက္စစ္ကေန အခြင့္အေရးေတြ ရရွိေစခဲ့သလို ပြဲခ်ိန္ ၅၉ မိနစ္မွာ ဟာဗတ္ဇ္ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား ကူထြာရဲ႕ ေျခေထာက္နဲ႔ ထိထြက္ခဲ့လို႔ နစ္နာခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ ဟာဇက္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္တစ္ႀကိမ္ကို မန္ဒီ ကာကြယ္ခဲ့ရတာကလြဲလို႔ ခ်ဲလ္ဆီးတို႔ သိပ္ၿပီး ရင္ခုန္စရာမရွိခဲ့ဘဲ ၆၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကြန္ေတရဲ႕ ကန္ခ်က္ အနည္းငယ္ ေႏွာင့္ေႏွးေနတာေၾကာင့္ ရီးရဲလ္ကြင္းလ္လူ ဗာလ္ဗယ္ဒီက ပိတ္ဆို႔သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ နည္းျပ တူဟယ္လ္အေနနဲ႔ ဗာနာအစား ပူလီရွစ္ခ်္ကို ထည့္ၿပီး ရီးရဲလ္တို႔ကို ပိုၿပီး စိတ္အေႏွာင့္အယွက္ေပးႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ရာမို႔စ္ ေခါင္းတိုက္ခ်တဲ့ ေဘာလုံးက နာခ်ိဳဆီ မေရာက္ခင္ ကြန္ေတက ျဖတ္ေတာက္ရယူခဲ့ၿပီး ပူလီရွစ္ခ်္ဆီ ေပးခဲ့ရာမွာ အေမရိကန္သားက ဂိုးသမားကို တစ္ခ်က္ဖိန႔္ၿပီးမွ ျပန္ခ်ိဳးေပးခဲ့တာကို ေမဆန္ေမာင့္က ေျပးဝင္ပိတ္ႏိုင္ခဲ့လို႔ အႏိုင္ေသခ်ာေစမယ့္ဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိ(ႏွစ္ေက်ာ့ေပါင္း သုံးဂိုး-တစ္ဂိုး)နဲ႔ ဇီဒန္းရဲ႕ ရီးရဲလ္မက္ဒရစ္ကို ေဘာလုံးပိုင္ဆိုင္မႈကလြဲလို႔ က်န္တဲ့ အဖက္ဖက္က သာလြန္မႈေတြနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့သလို ပီအက္စ္ဂ်ီေဟာင္းေတြျဖစ္ၾကတဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္တို႔ကေတာ့ ႏွစ္ႏွစ္ဆက္တိုက္ ဗိုလ္လုပြဲကို ေရာက္ရွိခဲ့ၾကတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ႏိုင္ပြဲေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကေတာ့ All English Final ျဖစ္လာခဲ့ၿပီး ပြဲစဥ္ကိုေတာ့ လာမယ့္ ေမလ ၂၉ ရက္ေန႔မွာ မႏွစ္က ကိုဗစ္ေၾကာင့္ ေနရာေ႐ႊ႕ခဲ့ရလို႔ ဒီႏွစ္မွာ ျပန္လည္က်င္းပခြင့္ရတဲ့ အစၥတန္ဘူလ္ကြင္းႀကီးမွာ အိမ္ရွင္အျဖစ္ သတ္မွတ္ကစားရမယ့္ မန္ခ်က္စတာစီးတီးနဲ႔ ဧည့္သည္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.