La Liga Premier League

ဘဏၰာေရးက်ပ္တည္းေနတဲ့ ဗလင္စီယာေၾကာင့္ အာဆင္နယ္ပစ္မွတ္ကို လြယ္လြယ္ကူကူရရွိႏုိင္

မူလကတည္းက ဘဏၰာေရးအက်ပ္အတည္းနဲ႔ ရင္ဆုိင္ေနရၿပီး အသုံးစရိတ္ေတြကို ထိန္းညႇိဖို႔ လိုအပ္ေနတဲ့ ဗလင္စီယာအသင္းရဲ႕ အေျခအေနေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔အလိုရွိေနတဲ့ ကြင္းလယ္လူ ကားလို႔စ္ ဆုိလာကို ေဈးသက္သက္သာသာနဲ႔ လြယ္လြယ္ကူကူ ေခၚယူႏုိင္ဖြယ္ရွိေနပါတယ္။

အာဆင္နယ္နည္းျပ မုိက္ကယ္ အာတီတာရဲ႕ ပစ္မွတ္တစ္ခုျဖစ္ၿပီး နည္းျပကိုယ္တိုင္က ဆုိလာကို သေဘာက်ေၾကာင္း အတိအလင္း ဝန္ခံထားခဲ့လို႔ ေႏြရာသီမွာ သူ႕ကို ေခၚယူဖို႔ဟာ ေျမာက္လန္ဒန္အသင္းရဲ႕ ဦးစားေပးလုပ္ေဆာင္မယ့္ ကိစၥတစ္ခုလည္းျဖစ္ေနၿပီး ကြင္းလယ္ကို အားျဖည့္သြားဖို႔ ရွိေနတာပါ။

ဗလင္စီယာအသင္းႀကီးကို ၂၀၁၆ ခုႏွစ္မွာ ဘီအသင္းကေန တက္ေရာက္ကစားခြင့္ရခဲ့ၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလက အသင္းနဲ႔ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိထားခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ဟာ ဒီႏွစ္မွာေတာ့ ဗလင္စီယာအသင္းမွာ ဘယ္ျခမ္းတိုက္စစ္ကို တာဝန္ယူကစားေနသူလည္းျဖစ္ပါတယ္။

ဇြန္လ ၃၀ ရက္ေန႔အမီ ေပါင္ ၃၆ သန္းထက္မနည္း ရွာေဖြသြားရဖြယ္ရွိေနတဲ့ ဗလင္စီယာအသင္းအတြက္ ဒီရာသီမွာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ကြင္းဝင္ေၾကး၊ ႐ုပ္သံထုတ္လႊင့္မွဳ ခံစားခြင့္ေတြပါ ေလ်ာ့က်လာခဲ့ခ်ိန္မွာ သူတုိ႔အေနနဲ႔ ကားလို႔စ္ ဆုိလာနဲ႔ တျခားအသင္းႀကီးေတြက စိတ္ဝင္စားေနတဲ့ ဖယ္ရန္ ေတာရက္စ္တုိ႔ကို ေရာင္းခ်သြားရဖို႔လည္း ရွိေနပါတယ္။

လုပ္အားႏွဳန္းေကာင္းမြန္ၿပီး ကြင္းလယ္မွာ ျဖည့္ဆည္းကစားေပးႏုိင္တဲ့ စပိန္ယူ-၂၃ ကြင္းလယ္လူေဟာင္းကို နည္းျပ အာတီတာအေနနဲ႔ ကြင္းလယ္ဗဟိုမွာ အထိုင္ခ်သြားဖြယ္ရွိေနၿပီး လိုအပ္ရင္ ေတာင္ပံေတြမွာလည္း အသုံးျပဳႏုိင္လို႔ အာဆင္နယ္အသင္းအတြက္ေတာ့ ဒီကစားသမားကို ရရွိခဲ့ရင္ အက်ဳိးအျမတ္မ်ားႏုိင္ေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မူလကတည်းက ဘဏ္ဏာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အသုံးစရိတ်တွေကို ထိန်းညှိဖို့ လိုအပ်နေတဲ့ ဗလင်စီယာအသင်းရဲ့ အခြေအနေကြောင့် အာဆင်နယ်အသင်းအနေနဲ့ သူတို့အလိုရှိနေတဲ့ ကွင်းလယ်လူ ကားလို့စ် ဆိုလာကို ဈေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာရဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး နည်းပြကိုယ်တိုင်က ဆိုလာကို သဘောကျကြောင်း အတိအလင်း ဝန်ခံထားခဲ့လို့ နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ဟာ မြောက်လန်ဒန်အသင်းရဲ့ ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စတစ်ခုလည်းဖြစ်နေပြီး ကွင်းလယ်ကို အားဖြည့်သွားဖို့ ရှိနေတာပါ။

ဗလင်စီယာအသင်းကြီးကို ၂၀၁၆ ခုနှစ်မှာ ဘီအသင်းကနေ တက်ရောက်ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုထားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ ဒီနှစ်မှာတော့ ဗလင်စီယာအသင်းမှာ ဘယ်ခြမ်းတိုက်စစ်ကို တာဝန်ယူကစားနေသူလည်းဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့အမီ ပေါင် ၃၆ သန်းထက်မနည်း ရှာဖွေသွားရဖွယ်ရှိနေတဲ့ ဗလင်စီယာအသင်းအတွက် ဒီရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်မှု ခံစားခွင့်တွေပါ လျော့ကျလာခဲ့ချိန်မှာ သူတို့အနေနဲ့ ကားလို့စ် ဆိုလာနဲ့ တခြားအသင်းကြီးတွေက စိတ်ဝင်စားနေတဲ့ ဖယ်ရန် တောရက်စ်တို့ကို ရောင်းချသွားရဖို့လည်း ရှိနေပါတယ်။

လုပ်အားနှုန်းကောင်းမွန်ပြီး ကွင်းလယ်မှာ ဖြည့်ဆည်းကစားပေးနိုင်တဲ့ စပိန်ယူ-၂၃ ကွင်းလယ်လူဟောင်းကို နည်းပြ အာတီတာအနေနဲ့ ကွင်းလယ်ဗဟိုမှာ အထိုင်ချသွားဖွယ်ရှိနေပြီး လိုအပ်ရင် တောင်ပံတွေမှာလည်း အသုံးပြုနိုင်လို့ အာဆင်နယ်အသင်းအတွက်တော့ ဒီကစားသမားကို ရရှိခဲ့ရင် အကျိုးအမြတ်များနိုင်ကြောင်းလည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.