Premier League

ပရိသတ္အခ်စ္ေတာ္၊ တစ္လတာအေကာင္းဆုံး၊ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေနာက္ထပ္ကံေကာင္းမွဳက…

စပုိ႔တင္းလစၥဘြန္းအသင္းကေန သူ႕တစ္သက္လုံး အားက်ခဲ့ရတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႕ႏုိင္ခဲ့ၿပီး ပရိသတ္အခ်စ္ေတာ္ျဖစ္လာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးဆုကိုလည္း သြင္းဂိုးေတြ၊ ဖန္တီးမွဳေတြနဲ႔ ရယူႏုိင္ခဲ့အၿပီးမွာ ေနာက္ထပ္ကံေကာင္းမွဳတစ္ခုကိုပါ ပုိင္ဆုိင္ႏုိင္ခဲ့ပါတယ္။

ဒါကေတာ့ သူ႕ရဲ႕ ဒုတိယေျမာက္ ရင္ေသြးကို ရရွိေတာ့မွာျဖစ္ၿပီး သူနဲ႔ အသက္ ၁၆-၁၇ အရြယ္ကတည္းက ေတြ႕ဆုံခ်စ္ႀကဳိက္ခဲ့တဲ့ အတူေနခ်စ္သူ အန္နာ ပင္ညဳိတို႔မွာ လက္ရွိ သမီးေလးအျပင္ ေနာက္ထပ္ မိသားစုဝင္တစ္ဦး တုိးလာေတာ့မွာျဖစ္ေၾကာင္း ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အင္စတာဂရမ္မွာ တင္ခဲ့တာလည္းျဖစ္ပါတယ္။

ေပါင္ ၆၈ သန္းနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိလာကတည္းက အသင္းအတြက္ ကံေကာင္းျခင္းေတြကို ယူေဆာင္လာခဲ့တဲ့ ေပၚတူဂီ လက္ေရြးစင္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဆုကို ေရာက္ေရာက္ခ်င္းလမွာပဲ ရရွိခဲ့တဲ့ ၁၂ ဦးေျမာက္ကစားသမားလည္းျဖစ္လာခဲ့ၿပီး သူ႕ရဲ႕ ေမာင္းႏွင္မွဳေတြကို ပရိသတ္ေတြက သေဘာက်ေနၾကတာလည္းျဖစ္ပါတယ္။

ဖာနန္ဒက္စ္က အင္စတာဂရမ္မွာ ကိုယ္ဝန္ေဆာင္ထားတဲ့ မိခင္ေလာင္း အန္နာ ပင္ညဳိရဲ႕ ဝမ္းဗုိက္ကို သမီးေလး မာတီလ္ဒီက နမ္းရွဳံ႕ေနတဲ့ ပုံကို တင္ခဲ့တာျဖစ္ၿပီး သားေလးတစ္ေယာက္ကို ေမွ်ာ္လင့္ေနၿပီး မာတီလ္ဒီအတြက္လည္း ကေလးတစ္ေယာက္ရတာေပါ့လို႔ ဆုိသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္လူဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ မယုံႏုိင္ေလာက္ေအာင္ပဲ လ်င္လ်င္ျမန္ျမန္နဲ႔ အထုိင္က်ခဲ့တာျဖစ္ၿပီး ၿပဳိင္ဘက္ပရိသတ္ေတြ မနာလိုေလာက္တဲ့ ေျခစြမ္းနဲ႔ ကံေကာင္းမွဳေတြကိုပါ ယူေဆာင္လာႏုိင္ခဲ့သလို သူ႕ရဲ႕ ေဘာလုံးသမားဘဝကိုပါ ေမြးလာမယ့္ သားကေလးကို လႊဲေပးႏုိင္ဦးမလားဆုိတာေတာ့ သူ႕ကို ခ်စ္တဲ့သူေတြ ေမွ်ာ္လင့္ေပးႏုိင္ဖို႔ သတင္းေကာင္းပါးလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပို့တင်းလစ္စဘွန်းအသင်းကနေ သူ့တစ်သက်လုံး အားကျခဲ့ရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ခဲ့ပြီး ပရိသတ်အချစ်တော်ဖြစ်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးဆုကိုလည်း သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ရယူနိုင်ခဲ့အပြီးမှာ နောက်ထပ်ကံကောင်းမှုတစ်ခုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါကတော့ သူ့ရဲ့ ဒုတိယမြောက် ရင်သွေးကို ရရှိတော့မှာဖြစ်ပြီး သူနဲ့ အသက် ၁၆-၁၇ အရွယ်ကတည်းက တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့ အတူနေချစ်သူ အန်နာ ပင်ညိုတို့မှာ လက်ရှိ သမီးလေးအပြင် နောက်ထပ် မိသားစုဝင်တစ်ဦး တိုးလာတော့မှာဖြစ်ကြောင်း ဘရူနို ဖာနန်ဒက်စ်ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါင် ၆၈ သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာကတည်းက အသင်းအတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုကို ရောက်ရောက်ချင်းလမှာပဲ ရရှိခဲ့တဲ့ ၁၂ ဦးမြောက်ကစားသမားလည်းဖြစ်လာခဲ့ပြီး သူ့ရဲ့ မောင်းနှင်မှုတွေကို ပရိသတ်တွေက သဘောကျနေကြတာလည်းဖြစ်ပါတယ်။

ဖာနန်ဒက်စ်က အင်စတာဂရမ်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်း အန်နာ ပင်ညိုရဲ့ ဝမ်းဗိုက်ကို သမီးလေး မာတီလ်ဒီက နမ်းရှုံ့နေတဲ့ ပုံကို တင်ခဲ့တာဖြစ်ပြီး သားလေးတစ်ယောက်ကို မျှော်လင့်နေပြီး မာတီလ်ဒီအတွက်လည်း ကလေးတစ်ယောက်ရတာပေါ့လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ မယုံနိုင်လောက်အောင်ပဲ လျင်လျင်မြန်မြန်နဲ့ အထိုင်ကျခဲ့တာဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေ မနာလိုလောက်တဲ့ ခြေစွမ်းနဲ့ ကံကောင်းမှုတွေကိုပါ ယူဆောင်လာနိုင်ခဲ့သလို သူ့ရဲ့ ဘောလုံးသမားဘဝကိုပါ မွေးလာမယ့် သားကလေးကို လွှဲပေးနိုင်ဦးမလားဆိုတာတော့ သူ့ကို ချစ်တဲ့သူတွေ မျှော်လင့်ပေးနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.