La Liga Premier League

ဗလင္စီယာလူငယ္ကို လီဗာပူးလ္ ေခၚယူဖို႔ စပိန္အင္အားႀကီးေတြနဲ႔အၿပဳိင္ စိတ္ဝင္စားလာ

ဗလင္စီယာအသင္းမွာ တစ္ရွိန္ထိုးေတာက္ပလာခဲ့တဲ့ လူငယ္ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဖယ္ရန္ ေတာရက္စ္ကို လာမယ့္ အေျပာင္းအေရႊ႕ေဈးကြက္ဖြင့္ခ်ိန္မွာ ေခၚယူသြားဖို႔ လီဗာပူးလ္အသင္းအေနနဲ႔ စိတ္ဝင္စားလာခဲ့ပါတယ္။

အသက္ ၂၀ အရြယ္ စပိန္လူငယ္ဟာ ဗလင္စီယာအသင္းရဲ႕ လူငယ္အကယ္ဒမီကေန ေပၚထြက္လာတဲ့ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးျဖစ္ၿပီး စပိန္လူငယ္အသင္းအဆင့္ဆင့္မွာ ကစားၿပီးခဲ့သလို ဗလင္စီယာမွာလည္း ၂၀၁၇ ခုႏွစ္က စလို႔ ေနရာရလာခဲ့သူျဖစ္ပါတယ္။

အရပ္ ၆ ေပ ၁ လက္မရွိတဲ့ ဒီေတာင္ပံကစားသမားဟာ ဘယ္ေျခညာေျခႏွစ္ဖက္စလုံး သန္သူျဖစ္ၿပီး ႀကဳိက္တဲ့ ေတာင္ပံမွာ ေရြးခ်ယ္အသုံးျပဳႏိုင္သလို ဗလင္စီယာအတြက္ ဒီရာသီ ၃၅ ပြဲ ကစားၿပီးခ်ိန္မွာ ၆ ဂိုးသြင္းၿပီး ၇ ဂိုး ဖန္တီးေပးထားႏိုင္သူလည္းျဖစ္ပါတယ္။

အသင္းကေန ေတာင္ပံကစားသမားေတြျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတုိ႔ကို ေရရွည္မွာ အစားထိုးႏုိင္မယ့္ လူငယ္ကစားသမားတစ္ဦးကို နည္းျပ ယာဂန္ ကေလာ့ပ္က ရွာေဖြေနၿပီး ဂ်ာမနီက လူငယ္ေတာင္ပံသမားေတြကို ေစာင့္ၾကည့္ေနခဲ့သလို လက္ရွိမွာေတာ့ ေတာရက္စ္ဘက္ကို လွည့္လာခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္ဝန္းက်င္ရွိေနၿပီျဖစ္တဲ့ လီဗာပူးလ္အသင္းရဲ႕ MSF တိုက္စစ္အတြဲကို အခ်ိန္မီ ေထာက္ကူေပးႏိုင္ဖို႔နဲ႔ ဒီကစားသမားေတြကို အရြယ္ေကာင္းတုန္းမွာ ျပန္လည္ေရာင္းခ်ၿပီး ဝင္ေငြရွာေဖြဖို႔ဟာ ေရွ႕က ေကာ္တင္ညဳိကို ေရာင္းထုတ္ခဲ့သလိုမ်ဳိး ျဖစ္ႏိုင္ေျခရွိေနၿပီး လက္ရွိမွာေတာ့ ေတာရက္စ္၊ ဆန္ခ်ဳိနဲ႔ ဘိုင္လီတို႔ သုံးဦးထဲက ဘယ္သူက အန္းဖီးလ္ကို ေရာက္လာမလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODDE: ဗလင်စီယာအသင်းမှာ တစ်ရှိန်ထိုးတောက်ပလာခဲ့တဲ့ လူငယ်တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဖယ်ရန် တောရက်စ်ကို လာမယ့် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ခေါ်ယူသွားဖို့ လီဗာပူးလ်အသင်းအနေနဲ့ စိတ်ဝင်စားလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် စပိန်လူငယ်ဟာ ဗလင်စီယာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး စပိန်လူငယ်အသင်းအဆင့်ဆင့်မှာ ကစားပြီးခဲ့သလို ဗလင်စီယာမှာလည်း ၂၀၁၇ ခုနှစ်က စလို့ နေရာရလာခဲ့သူဖြစ်ပါတယ်။

အရပ် ၆ ပေ ၁ လက်မရှိတဲ့ ဒီတောင်ပံကစားသမားဟာ ဘယ်ခြေညာခြေနှစ်ဖက်စလုံး သန်သူဖြစ်ပြီး ကြိုက်တဲ့ တောင်ပံမှာ ရွေးချယ်အသုံးပြုနိုင်သလို ဗလင်စီယာအတွက် ဒီရာသီ ၃၅ ပွဲ ကစားပြီးချိန်မှာ ၆ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။

အသင်းကနေ တောင်ပံကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ကို ရေရှည်မှာ အစားထိုးနိုင်မယ့် လူငယ်ကစားသမားတစ်ဦးကို နည်းပြ ယာဂန် ကလော့ပ်က ရှာဖွေနေပြီး ဂျာမနီက လူငယ်တောင်ပံသမားတွေကို စောင့်ကြည့်နေခဲ့သလို လက်ရှိမှာတော့ တောရက်စ်ဘက်ကို လှည့်လာခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၈ နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ MSF တိုက်စစ်အတွဲကို အချိန်မီ ထောက်ကူပေးနိုင်ဖို့နဲ့ ဒီကစားသမားတွေကို အရွယ်ကောင်းတုန်းမှာ ပြန်လည်ရောင်းချပြီး ဝင်ငွေရှာဖွေဖို့ဟာ ရှေ့က ကော်တင်ညိုကို ရောင်းထုတ်ခဲ့သလိုမျိုး ဖြစ်နိုင်ခြေရှိနေပြီး လက်ရှိမှာတော့ တောရက်စ်၊ ဆန်ချိုနဲ့ ဘိုင်လီတို့ သုံးဦးထဲက ဘယ်သူက အန်းဖီးလ်ကို ရောက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.