La Liga Premier League

လာမယ့္ေႏြရာသီမွာ မက္ဆီကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ မန္စီးတီး

ဘာစီလိုနာအသင္းအားကစားဒါ႐ိုက္တာနဲ႔ လူသိရွင္ၾကား အျငင္းပြားခဲ့ၿပီးေနာက္မွာကာတာလန္ကလပ္ရဲ႕ အသင္းေခါင္းေဆာင္ လီယိုနယ္ မက္ဆီကို မန္ခ်က္စတာစီးတီးအသင္းက ေႏြရာသီမွာ ေခၚယူႏုိင္ဖို႔ ေစာင့္ၾကည္ေနခဲ့ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ေလ့လာေနပါတယ္။

နည္းစနစ္ဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္အေနနဲ႔ အသင္းက ထုတ္ပယ္ခဲ့တဲ့ ဗယ္လ္ဗာဒီလက္ထက္မွာ အသင္းသားေတြရဲ႕ ႀကဳိးစားမွဳမရွိတဲ့ ပုံစံကို အျပစ္တင္လုိက္တာျဖစ္ၿပီး ဒါကို မက္ဆီက နာမည္တပ္ေျပာဖို႔ ေဒါသတႀကီး တုံ႔ျပန္သြားၿပီး အသင္းကို ညစ္ညမ္းေအာင္ လုပ္ေနတဲ့ လုပ္ရပ္လို႔ စြပ္စြဲခဲ့သလို ဘာစီလိုနာဥကၠဌ ဟိုေဆး မာရီယာ ဘာတိုမီယူကိုယ္တုိင္ ၾကားဝင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီအသက္ ၃၂ အရြယ္ ကမာၻ႕အေကာင္းဆုံးတုိက္စစ္မွဴးကို ဘာစီလိုနာဘက္က ေပးအပ္ထားတဲ့ အခြင့္အေရးအေနနဲ႔ ရာသီကုန္ဆုံးခ်ိန္တုိင္းမွာ အသင္းကေန ထြက္ခြာခ်င္ရင္ စာခ်ဳပ္ဘယ္ေလာက္ပဲက်န္က်န္ ထြက္ခြာခြင့္ရွိတယ္လို႔ ဂုဏ္ျပဳထားတာလည္းျဖစ္ၿပီး ေရွ႕က ဂႏၴဝင္ေတြျဖစ္ၾကတဲ့ ပူယိုလ္၊ ဇာဗီ၊ အင္နီေယစတာတုိ႔နဲ႔လည္း ထပ္တူျဖစ္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းမွာ တစ္ပတ္လုပ္ခ ေပါင္တစ္သန္းနီးပါး ရရွိေနတဲ့ မက္ဆီအေနနဲ႔ေတာ့ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ျဖစ္ခဲ့မယ္ဆုိရင္ လစာေငြ ေလွ်ာ့ယူရဖြယ္ရွိၿပီး ဒီလိဂ္ရဲ႕ အျမင့္ဆုံးလစာျဖစ္ခဲ့ဖူးတာက အလက္ဆစ္ ဆန္းခ်က္ဇ္ရဲ႕ ေပါင္ငါးသိန္းငါးေသာင္းပဲ မွတ္တမ္းဝင္ခဲ့ဖူးတာျဖစ္ပါတယ္။

မန္စီးတီးအသင္းရဲ႕အုပ္ခ်ဳပ္ေရးပုိင္းက ထိပ္တန္းတာဝန္ရွိသူေတြျဖစ္တဲ့ ဖယ္ရန္ ဆုိရီယာႏိုနဲ႔ ဇီကီ ဘီဂီရီစတိန္းတုိ႔ဟာလည္း ဘာစီလိုနာအသင္းကေန ေျပာင္းေရႊ႕လာခဲ့သူေတြျဖစ္ၿပီး နည္းျပကလည္း မက္ဆီကို ေျမေတာင္ေျမႇာက္ေပးခဲ့သူတစ္ဦးျဖစ္တဲ့ ဂြါဒီယိုလာျဖစ္ေနတာေၾကာင့္ လာမယ့္ေႏြရာသီမွာ ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာလည္းျဖစ္တယ္လုိ႔ ခန္႔မွန္းရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအားကစားဒါရိုက်တာနဲ့ လူသိရှင်ကြား အငြင်းပွားခဲ့ပြီးနောက်မှာကာတာလန်ကလပ်ရဲ့ အသင်းခေါင်းဆောင် လီယိုနယ် မက်ဆီကို မန်ချက်စတာစီးတီးအသင်းက နွေရာသီမှာ ခေါ်ယူနိုင်ဖို့ စောင့်ကြည်နေခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို လေ့လာနေပါတယ်။

နည်းစနစ်ဒါရိုက်တာ အဲရစ် အဘီဒယ်လ်အနေနဲ့ အသင်းက ထုတ်ပယ်ခဲ့တဲ့ ဗယ်လ်ဗာဒီလက်ထက်မှာ အသင်းသားတွေရဲ့ ကြိုးစားမှုမရှိတဲ့ ပုံစံကို အပြစ်တင်လိုက်တာဖြစ်ပြီး ဒါကို မက်ဆီက နာမည်တပ်ပြောဖို့ ဒေါသတကြီး တုံ့ပြန်သွားပြီး အသင်းကို ညစ်ညမ်းအောင် လုပ်နေတဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့သလို ဘာစီလိုနာဥက္ကဌ ဟိုဆေး မာရီယာ ဘာတိုမီယူကိုယ်တိုင် ကြားဝင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီအသက် ၃၂ အရွယ် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးကို ဘာစီလိုနာဘက်က ပေးအပ်ထားတဲ့ အခွင့်အရေးအနေနဲ့ ရာသီကုန်ဆုံးချိန်တိုင်းမှာ အသင်းကနေ ထွက်ခွာချင်ရင် စာချုပ်ဘယ်လောက်ပဲကျန်ကျန် ထွက်ခွာခွင့်ရှိတယ်လို့ ဂုဏ်ပြုထားတာလည်းဖြစ်ပြီး ရှေ့က ဂန္ထဝင်တွေဖြစ်ကြတဲ့ ပူယိုလ်၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့လည်း ထပ်တူဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သန်းနီးပါး ရရှိနေတဲ့ မက်ဆီအနေနဲ့တော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် လစာငွေ လျှော့ယူရဖွယ်ရှိပြီး ဒီလိဂ်ရဲ့ အမြင့်ဆုံးလစာဖြစ်ခဲ့ဖူးတာက အလက်ဆစ် ဆန်းချက်ဇ်ရဲ့ ပေါင်ငါးသိန်းငါးသောင်းပဲ မှတ်တမ်းဝင်ခဲ့ဖူးတာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့အုပ်ချုပ်ရေးပိုင်းက ထိပ်တန်းတာဝန်ရှိသူတွေဖြစ်တဲ့ ဖယ်ရန် ဆိုရီယာနိုနဲ့ ဇီကီ ဘီဂီရီစတိန်းတို့ဟာလည်း ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူတွေဖြစ်ပြီး နည်းပြကလည်း မက်ဆီကို မြေတောင်မြှောက်ပေးခဲ့သူတစ်ဦးဖြစ်တဲ့ ဂွါဒီယိုလာဖြစ်နေတာကြောင့် လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.