Premier League Serie A Transfer News

ကျွန်တော်တို့ ဘာလုပ်မိလို့လဲဗျာလို့ ကံကိုသာ ယိုးမယ်ဖွဲ့ရတော့မယ့် မစ်ခီနဲ့ စမောလင်း

ရိုးမားအသင်းရဲ့ နောက်ခံလူ ခရစ္စ စမောလင်းနဲ့ ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရီယန်တို့အနေနဲ့ ကျွန်တော်တို့ ဘာတွေများ အတိတ်ဘဝက အကုသိုလ်တွေ ကျူးလွန်မိလို့ ဒီဘဝမှာ “ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ”ဆိုသလို ဖြစ်နေရတာလဲလို့ ဆိုးရွားတဲ့ ကြမ္မာကို ယိုးမယ်ဖွဲ့ရတော့မလို ဖြစ်နေခဲ့ပြီလို့ ဘောလုံးပရိသတ်တွေက ရယ်ပွဲဖွဲ့နေကြပါတယ်။

ဒါကတော့ သူတို့နှစ်ဦးအနေနဲ့ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က ရိုးမားအသင်းကနေ ရာသီသစ်အတွက် ခန့်အပ်လိုက်တဲ့ နည်းပြ ဂျိုဆေး မော်ရင်ညိုနဲ့ နောက်ထပ် ထပ်မံဆုံစည်းရတော့မယ့် အနာဂတ်ကိုပဲဖြစ်ပြီး အင်္ဂလန်သားနဲ့ အာမေးနီးယားသားတို့ဟာ သူတို့နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အစေး မကပ်ခဲ့တဲ့ ပေါ်တူဂီသားနဲ့ တွေ့ဆုံ မျက်ခုံးလှုပ်နေလောက်ပြီလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၀ နွေရာသီမှာ ရောက်လာခဲ့တဲ့ စမောလင်းဟာ အသင်းအတွက် အခိုင်အမာ နေရာပေးရခံရသူ တစ်ဦးဖြစ်ခဲ့သလို မစ်ခီတာရီယန်ကတော့ ၂၀၁၆-၁၇ ရာသီမှာ အသင်းကို မော်ရင်ညိုနဲ့အတူ ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဦးစလုံးဟာ ဒီနည်းပြလက်ထက်မှာ ခြေစွမ်းတဖြည်းဖြည်း ကျဆင်းလာခဲ့သူတွေလည်းဖြစ်ပါတယ်။

ရိုးမားအသင်းက အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ကို ရင်ဆိုင်နိုင်ဖို့ ခေါ်ယူခဲ့တဲ့ မော်ရင်ညိုဆီက မကစားချင်လို့ မိုင်ပေါင်း ၁၃၀၀ ကျော်ဝေးတဲ့ မန်ချက်စတာကနေ ထွက်လာခဲ့ကြပြီးတဲ့နောက် တစ်ဖန်ပြန်ပြီး ဆုံစည်းရတော့မယ့် သူတို့နှစ်ဦးကို မကုန်ဆုံးသေးတဲ့ ရေစက်အတွက် ပြိုင်ဘက် ပရိသတ်တွေကတော့ တွစ်တာပေါ်မှာ နောက်ပြောင်နေခဲ့ကြပါတယ်။

ဒါပေမယ့် မခန့်မှန်းနိုင်တဲ့ ဘောလုံးမှာ မော်ရင်ညိုနဲ့ သူတို့နှစ်ဦး သင့်မြတ်ချစ်ကြည်သွားကြမလား၊ ယူနိုက်တက်မှာရှိတုန်းကလိုပဲ ချောင်ထိုး ခံရမလားဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာဖြစ်ပြီး မစ်ခီနဲ့ စမောလ်ဒီနီတို့ အဆင်ပြေကြပါစေလို့ အားလုံးဝိုင်းပြီး ဆုတောင်းကြရင်တော့ ပိုကောင်းမယ်လို့ ထင်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုးမားအသင္းရဲ႕ ေနာက္ခံလူ ခရစၥ စေမာလင္းနဲ႔ ကြင္းလယ္လူ ဟင္းနရစ္ မစ္ခီတာရီယန္တို႔အေနနဲ႔ ကြၽန္ေတာ္တို႔ ဘာေတြမ်ား အတိတ္ဘဝက အကုသိုလ္ေတြ က်ဴးလြန္မိလို႔ ဒီဘဝမွာ “ကံဆိုးမ သြားေလရာ မိုးလိုက္လို႔႐ြာ”ဆိုသလို ျဖစ္ေနရတာလဲလို႔ ဆိုး႐ြားတဲ့ ၾကမၼာကို ယိုးမယ္ဖြဲ႕ရေတာ့မလို ျဖစ္ေနခဲ့ၿပီလို႔ ေဘာလုံးပရိသတ္ေတြက ရယ္ပြဲဖြဲ႕ေနၾကပါတယ္။

ဒါကေတာ့ သူတို႔ႏွစ္ဦးအေနနဲ႔ ၿပီးခဲ့တဲ့ ေမလ ၄ ရက္ေန႔က ႐ိုးမားအသင္းကေန ရာသီသစ္အတြက္ ခန႔္အပ္လိုက္တဲ့ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳနဲ႔ ေနာက္ထပ္ ထပ္မံဆုံစည္းရေတာ့မယ့္ အနာဂတ္ကိုပဲျဖစ္ၿပီး အဂၤလန္သားနဲ႔ အာေမးနီးယားသားတို႔ဟာ သူတို႔နဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ အေစး မကပ္ခဲ့တဲ့ ေပၚတူဂီသားနဲ႔ ေတြ႕ဆုံ မ်က္ခုံးလႈပ္ေနေလာက္ၿပီလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၂၀၁၀ ေႏြရာသီမွာ ေရာက္လာခဲ့တဲ့ စေမာလင္းဟာ အသင္းအတြက္ အခိုင္အမာ ေနရာေပးရခံရသူ တစ္ဦးျဖစ္ခဲ့သလို မစ္ခီတာရီယန္ကေတာ့ ၂၀၁၆-၁၇ ရာသီမွာ အသင္းကို ေမာ္ရင္ညိဳနဲ႔အတူ ေရာက္ရွိလာခဲ့သူတစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ ႏွစ္ဦးစလုံးဟာ ဒီနည္းျပလက္ထက္မွာ ေျခစြမ္းတျဖည္းျဖည္း က်ဆင္းလာခဲ့သူေတြလည္းျဖစ္ပါတယ္။

႐ိုးမားအသင္းက အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ကို ရင္ဆိုင္ႏိုင္ဖို႔ ေခၚယူခဲ့တဲ့ ေမာ္ရင္ညိဳဆီက မကစားခ်င္လို႔ မိုင္ေပါင္း ၁၃၀၀ ေက်ာ္ေဝးတဲ့ မန္ခ်က္စတာကေန ထြက္လာခဲ့ၾကၿပီးတဲ့ေနာက္ တစ္ဖန္ျပန္ၿပီး ဆုံစည္းရေတာ့မယ့္ သူတို႔ႏွစ္ဦးကို မကုန္ဆုံးေသးတဲ့ ေရစက္အတြက္ ၿပိဳင္ဘက္ ပရိသတ္ေတြကေတာ့ တြစ္တာေပၚမွာ ေနာက္ေျပာင္ေနခဲ့ၾကပါတယ္။

ဒါေပမယ့္ မခန႔္မွန္းႏိုင္တဲ့ ေဘာလုံးမွာ ေမာ္ရင္ညိဳနဲ႔ သူတို႔ႏွစ္ဦး သင့္ျမတ္ခ်စ္ၾကည္သြားၾကမလား၊ ယူႏိုက္တက္မွာရွိတုန္းကလိုပဲ ေခ်ာင္ထိုး ခံရမလားဆိုတာကေတာ့ စိတ္ဝင္တစား ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး မစ္ခီနဲ႔ စေမာလ္ဒီနီတို႔ အဆင္ေျပၾကပါေစလို႔ အားလုံးဝိုင္းၿပီး ဆုေတာင္းၾကရင္ေတာ့ ပိုေကာင္းမယ္လို႔ ထင္ေၾကာင္း တိုက္တြန္းလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.